Premier League

အိုလံပစ္ၿပိဳင္ပြဲေၾကာင့္ ဆာလာကို လီဗာပူး လက္လႊတ္ရဦးမွာလား

၂၀၂၀ တိုက်ိဳအိုလံပစ္ၿပိဳင္ပြဲမွာ အီဂ်စ္အသင္းအတြက္ ကိုယ္စားျပဳကစားေပးဖို႔ ဆာလာ မဆံုးျဖတ္ရေသးဘူးလို႔ သူ႔ေအးဂ်င့္က ေျပာၾကားထားတဲ့အတြက္ အီဂ်စ္ေဘာလံုးအဖြဲ႔ခ်ဳပ္နဲ႔ လီဗာပူးလ္ၾကယ္ပြင့္တို႔အၾကား ဆက္ဆံေရးတင္းမာဖို႔ ထပ္မံအေၾကာင္းဖန္လာဖြယ္ရွိပါတယ္။

ဗုဒၶဟူးေန႔ အေစာပိုင္းကပဲ အိုလံပစ္အသင္းမွာ ဆာလာကိုထည့္သြင္းမယ့္ အစီအစဥ္ကို အီဂ်စ္ေဘာလံုးအဖြဲ႔ခ်ဳပ္က ထုတ္ျပန္ခဲ့တာျဖစ္ၿပီး အီဂ်စ္ယူ-၂၃အသင္းနည္းျပ ေရွာ္ကီ ဂါရစ္ဘ္ကလည္း လာမယ့္အိုလံပစ္ၿပိဳင္ပြဲ၀င္ ႏိုင္ငံ့လက္ေရြးစင္အသင္းမွာ ထည့္သြင္းအသံုးျပဳမယ့္ စီနီယာကစားသမား ေတြထဲ ဆာလာလည္း တစ္ဦးအပါအ၀င္ျဖစ္တယ္လို႔ ေျပာခဲ့ပါတယ္။

အိုလံပစ္ၿပိဳင္ပြဲစည္းမ်ဥ္းအရ အသက္ ၂၃ ႏွစ္ အထက္ စီနီယာကစားသမား ၃ ေယာက္ကို ထည့္သြင္းအသံုးျပဳခြင့္ရွိတာလည္းျဖစ္ၿပီး ဆာလာရဲ႕ေအးဂ်င့္ ရမ္မီ အဘက္စ္ကေတာ့ အိုလံပစ္ၿပိဳင္ပဲြအတြက္ဘာမွမဆံုးျဖတ္ရေသးပါဘူးလို႔ သူ႔ရဲ႕လူမႈကြန္ယက္၀က္ဘ္ ဆိုက္မွာ ပို႔စ္တင္ခဲ့ပါတယ္။ ဒီပို႔စ္ဟာ အီဂ်စ္ေဘာလံုးအဖြဲ႔ခ်ဳပ္ကို ေဒါသထြက္ေစခဲ့မွာေတာ့ အမွန္ပါပဲ။

တကယ္လို႔ အိုလံပစ္ၿပိဳင္ပြဲကို ဝင္ၿပိဳင္ခဲ့ရင္ ဆာလာကိုယ္တုိင္လည္း လီဗာပူးအသင္းရဲ႕ရာသီႀကိဳျပင္ဆင္မႈတြမွာ ပါဝင္ႏိုင္ေတာ့မွာ မဟုတ္ပါဘူး။ လီဗာပူးနည္းျပ ကေလာ့ပ္ကေတာ့ သူ႔ၾကယ္ပြင့္ကစားသမားတစ္ဦးကို ရာသီႀကိဳေလ့က်င့္ေရးအစီအစဥ္မွာ ပါ၀င္ေစခ်င္ၿပီး ၿပီးခဲ့တဲ့ႏွစ္ကလည္း ဆာလာနဲ႔အတူ မာေနးတို႔ဟာ အာဖရိကႏိုင္ငံမ်ားဖလားပြဲကို ကစားေနရတာေၾကာင့္ ရာသီႀကိဳျပင္ဆင္မႈမွာေနာက္က်ၿပီးမွ ပူးေပါင္းခဲ့ရတာပါ။

၂၀၂၀အိုလံပစ္ၿပိဳင္ပြဲ၊ အမ်ိဳးသားေဘာလံုးပြဲစဥ္ေတြကို ဇူလိုင္လ(၂၂)ရက္ေန႔ကေန ၾသဂုတ္လ(၈)ရက္ေန႔အထိ က်င္းပသြားမွာျဖစ္လို႔ လီဗာပူးအသင္းရဲ႕ ရာသီအစ ပရီးမီးယားလိဂ္ပြဲစဥ္ေတြကိုေတာင္လႊဲေခ်ာ္ဖို႔ရွိပါတယ္။ ဒါ့အျပင္ ၂၀၂၁ အာဖရိကႏိုင္ငံမ်ားဖလားပြဲကို ေႏြရာသီအစား ေဆာင္းရာသီမွာ က်င္းပမွာေၾကာင့္ ေရွ႕ႏွစ္ ဇန္န၀ါရီလက်ရင္လည္း ဆာလာကို ႏိုင္ငံအသင္းအတြက္ လႊတ္ေပးရဖို႔ရွိေနေသးလို႔ ကေလာ့ပ္ကေတာ့ အီဂ်စ္ေဘာလံုးအဖြဲ႔ခ်ဳပ္နဲ႔ ေဆြးေႏြးခ်င္ေနေၾကာင္း သိရွိရပါတယ္။

REF: METRO
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.

UNICODE: ၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲမှာ အီဂျစ်အသင်းအတွက် ကိုယ်စားပြုကစားပေးဖို့ ဆာလာ မဆုံးဖြတ်ရသေးဘူးလို့ သူ့အေးဂျင့်က ပြောကြားထားတဲ့အတွက် အီဂျစ်ဘောလုံးအဖွဲ့ချုပ်နဲ့ လီဗာပူးလ်ကြယ်ပွင့်တို့အကြား ဆက်ဆံရေးတင်းမာဖို့ ထပ်မံအကြောင်းဖန်လာဖွယ်ရှိပါတယ်။

ဗုဒ္ဓဟူးနေ့ အစောပိုင်းကပဲ အိုလံပစ်အသင်းမှာ ဆာလာကိုထည့်သွင်းမယ့် အစီအစဉ်ကို အီဂျစ်ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ခဲ့တာဖြစ်ပြီး အီဂျစ်ယူ-၂၃အသင်းနည်းပြ ရှော်ကီ ဂါရစ်ဘ်ကလည်း လာမယ့်အိုလံပစ်ပြိုင်ပွဲဝင် နိုင်ငံ့လက်ရွေးစင်အသင်းမှာ ထည့်သွင်းအသုံးပြုမယ့် စီနီယာကစားသမား တွေထဲ ဆာလာလည်း တစ်ဦးအပါအဝင်ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

အိုလံပစ်ပြိုင်ပွဲစည်းမျဉ်းအရ အသက် ၂၃ နှစ် အထက် စီနီယာကစားသမား ၃ ယောက်ကို ထည့်သွင်းအသုံးပြုခွင့်ရှိတာလည်းဖြစ်ပြီး ဆာလာရဲ့အေးဂျင့် ရမ်မီ အဘက်စ်ကတော့ အိုလံပစ်ပြိုင်ပွဲအတွက်ဘာမှမဆုံးဖြတ်ရသေးပါဘူးလို့ သူ့ရဲ့လူမှုကွန်ယက်ဝက်ဘ် ဆိုက်မှာ ပို့စ်တင်ခဲ့ပါတယ်။ ဒီပို့စ်ဟာ အီဂျစ်ဘောလုံးအဖွဲ့ချုပ်ကို ဒေါသထွက်စေခဲ့မှာတော့ အမှန်ပါပဲ။

တကယ်လို့ အိုလံပစ်ပြိုင်ပွဲကို ဝင်ပြိုင်ခဲ့ရင် ဆာလာကိုယ်တိုင်လည်း လီဗာပူးအသင်းရဲ့ရာသီကြိုပြင်ဆင်မှုတွမှာ ပါဝင်နိုင်တော့မှာ မဟုတ်ပါဘူး။ လီဗာပူးနည်းပြ ကလော့ပ်ကတော့ သူ့ကြယ်ပွင့်ကစားသမားတစ်ဦးကို ရာသီကြိုလေ့ကျင့်ရေးအစီအစဉ်မှာ ပါဝင်စေချင်ပြီး ပြီးခဲ့တဲ့နှစ်ကလည်း ဆာလာနဲ့အတူ မာနေးတို့ဟာ အာဖရိကနိုင်ငံများဖလားပွဲကို ကစားနေရတာကြောင့် ရာသီကြိုပြင်ဆင်မှုမှာနောက်ကျပြီးမှ ပူးပေါင်းခဲ့ရတာပါ။

၂၀၂၀အိုလံပစ်ပြိုင်ပွဲ၊ အမျိုးသားဘောလုံးပွဲစဉ်တွေကို ဇူလိုင်လ(၂၂)ရက်နေ့ကနေ သြဂုတ်လ(၈)ရက်နေ့အထိ ကျင်းပသွားမှာဖြစ်လို့ လီဗာပူးအသင်းရဲ့ ရာသီအစ ပရီးမီးယားလိဂ်ပွဲစဉ်တွေကိုတောင်လွှဲချော်ဖို့ရှိပါတယ်။ ဒါ့အပြင် ၂၀၂၁ အာဖရိကနိုင်ငံများဖလားပွဲကို နွေရာသီအစား ဆောင်းရာသီမှာ ကျင်းပမှာကြောင့် ရှေ့နှစ် ဇန်နဝါရီလကျရင်လည်း ဆာလာကို နိုင်ငံအသင်းအတွက် လွှတ်ပေးရဖို့ရှိနေသေးလို့ ကလော့ပ်ကတော့ အီဂျစ်ဘောလုံးအဖွဲ့ချုပ်နဲ့ ဆွေးနွေးချင်နေကြောင်း သိရှိရပါတယ်။

REF: METRO
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.