La Liga Premier League Transfer News

ဘာနေဗျူးက ထွက်ချင်နေတဲ့ တိုက်စစ်ကစားသမားကို ခေါ်ယူဖို့ စီစဉ်နေတဲ့ လီဗာပူးလ်

ယာဂန် ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းဟာ ယခုနွေရာသီအပြောင်းအရွှေ့ကာလမှာ ရီးရဲလ်မက်ဒရစ်အသင်းကနေ မာကို အဆန်စီယိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ AS က ဖော်ပြခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ အဆန်စီယိုကို ယခုနွေရာသီမှာ ခေါ်ယူချင်တဲ့အကြောင်း ကစားသမားရဲ့ အေးဂျင့်ကို အသိပေးခဲ့တယ်လို့ AS က ဖော်ပြခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းဟာ အသက် ၂၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ တောင်ပံကစားသမားကို ယူရိုသန်း ၄၀ လေက် ရရင် ရောင်းချသွားဖို့ ဆန္ဒရှိနေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

အဆန်စီယိုဟာ ၎င်းအနေနဲ့ အရေးပါတဲ့ကစားသမားအဖြစ် ပုံမှန်ပွဲထွက်ပါဝင်ကစားခွင့်ရမယ့်အသင်းကို ပြောင်းရွှေ့ချင်နေတယ်လို့ AS က ဖော်ပြခဲ့ပြီး မာဆေးဆိုဒ်အသင်းအနေနဲ့ ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်ကို ခေါ်ယူနိုင်ဖွယ်ရှိနေပါတယ်။

အဆန်စီယိုဟာ အသက် ၂၆ နှစ်အရွယ်သာရှိသေးတာကြောင့် အကောင်းဆုံးနှစ်တွေက ရှေ့မှာ ရှိနေသေးပြီး စပိန်လက်ရွေးစင်တောင်ပံကစားသမားအတွက် လီဗာပူးလ်အသင်းက လက်ရှိမှာ ပြောင်းရွှေ့ချင်စရာကောင်းတဲ့ နေရာကောင်းတစ်ခု ဖြစ်နေတာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ အားကောင်းတဲ့ တိုက်စစ်အစုအဖွဲ့ပိုင်ဆိုင်ထားပေမယ့် အဆန်စီယိုဟာ ရီးရဲလ်မက်ဒရစ်အသင်းမှာ ပွဲထွက်လူစာရင်းထဲ ပါဝင်နိုင်အောင် ယှဉ်ပြိုင်နေကျဖြစ်ပါတယ်။ လီဗာပူးလ်တိုက်စစ်မှူး ဖာမီနိုဟာ ပြီးခဲ့တဲ့ရာသီမှာ ဒဏ်ရာပြဿနာတွေ ရှိနေခဲ့ပြီး ဂျိုတာနဲ့ လူးဝစ္စ ဒီယက်ဇ်တို့ဟာ အရည်အသွေးရှိတဲ့ ကစားသမားတွေဖြစ်ပေမယ့် အဆန်စီယိုက ၎င်းတို့ထက် ပိုမိုနာမည်ကြီးတဲ့ ကစားသမားဖြစ်ပါတယ်။

စပိန်တောင်ပံကစားသမားဟာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့အတူ လာလီဂါဖလား ၃ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၃ ကြိမ် ကိုင်မြှောက်နိုင်ခဲ့သူဖြစ်ပြီး ရီးရဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီက အဆန်စီယိုဟာ သာမန်ထက်ထူးခြားတဲ့ အရည်အသွေးရှိတဲ့ကစားသမားဖြစ်တယ်လို့ ချီးကျူးခဲ့ရတာဖြစ်ပါတယ်။

မာကို အဆန်စီယိုဟာ ၂၀၁၄ ခုနှစ်မှာ မာယော့ကာအသင်းကနေ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်အသင်းအတွက် စုစုပေါင်း ၂၃၅ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၄၉ ဂိုးနဲ့ ဂိုးဖန်တီးမှု ၂၄ ကြိမ်ပြုလုပ်ပေးထားနိုင်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ယာဂန္ ကေလာ့ပ္ရဲ႕ လီဗာပူးလ္အသင္းဟာ ယခုေႏြရာသီအေျပာင္းအေ႐ႊ႕ကာလမွာ ရီးရဲလ္မက္ဒရစ္အသင္းကေန မာကို အဆန္စီယိုကို ေခၚယူဖို႔ စိတ္ဝင္စားေနတယ္လို႔ AS က ေဖာ္ျပခဲ့ပါတယ္။

လီဗာပူးလ္အသင္းဟာ အဆန္စီယိုကို ယခုေႏြရာသီမွာ ေခၚယူခ်င္တဲ့အေၾကာင္း ကစားသမားရဲ႕ ေအးဂ်င့္ကို အသိေပးခဲ့တယ္လို႔ AS က ေဖာ္ျပခဲ့ပါတယ္။ ရီးရဲလ္မက္ဒရစ္အသင္းဟာ အသက္ ၂၆ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ေတာင္ပံကစားသမားကို ယူ႐ိုသန္း ၄၀ ေလက္ ရရင္ ေရာင္းခ်သြားဖို႔ ဆႏၵရွိေနတယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

အဆန္စီယိုဟာ ၎အေနနဲ႔ အေရးပါတဲ့ကစားသမားအျဖစ္ ပုံမွန္ပြဲထြက္ပါဝင္ကစားခြင့္ရမယ့္အသင္းကို ေျပာင္းေ႐ႊ႕ခ်င္ေနတယ္လို႔ AS က ေဖာ္ျပခဲ့ၿပီး မာေဆးဆိုဒ္အသင္းအေနနဲ႔ ရီးရဲလ္မက္ဒရစ္ၾကယ္ပြင့္ကို ေခၚယူႏိုင္ဖြယ္ရွိေနပါတယ္။

အဆန္စီယိုဟာ အသက္ ၂၆ ႏွစ္အ႐ြယ္သာရွိေသးတာေၾကာင့္ အေကာင္းဆုံးႏွစ္ေတြက ေရွ႕မွာ ရွိေနေသးၿပီး စပိန္လက္ေ႐ြးစင္ေတာင္ပံကစားသမားအတြက္ လီဗာပူးလ္အသင္းက လက္ရွိမွာ ေျပာင္းေ႐ႊ႕ခ်င္စရာေကာင္းတဲ့ ေနရာေကာင္းတစ္ခု ျဖစ္ေနတာျဖစ္ပါတယ္။

လီဗာပူးလ္အသင္းဟာ အားေကာင္းတဲ့ တိုက္စစ္အစုအဖြဲ႕ပိုင္ဆိုင္ထားေပမယ့္ အဆန္စီယိုဟာ ရီးရဲလ္မက္ဒရစ္အသင္းမွာ ပြဲထြက္လူစာရင္းထဲ ပါဝင္ႏိုင္ေအာင္ ယွဥ္ၿပိဳင္ေနက်ျဖစ္ပါတယ္။ လီဗာပူးလ္တိုက္စစ္မႉး ဖာမီႏိုဟာ ၿပီးခဲ့တဲ့ရာသီမွာ ဒဏ္ရာျပႆနာေတြ ရွိေနခဲ့ၿပီး ဂ်ိဳတာနဲ႔ လူးဝစၥ ဒီယက္ဇ္တို႔ဟာ အရည္အေသြးရွိတဲ့ ကစားသမားေတြျဖစ္ေပမယ့္ အဆန္စီယိုက ၎တို႔ထက္ ပိုမိုနာမည္ႀကီးတဲ့ ကစားသမားျဖစ္ပါတယ္။

စပိန္ေတာင္ပံကစားသမားဟာ ရီးရဲလ္မက္ဒရစ္အသင္းနဲ႔အတူ လာလီဂါဖလား ၃ ႀကိမ္၊ ခ်န္ပီယံလိဂ္ဖလား ၃ ႀကိမ္ ကိုင္ေျမႇာက္ႏိုင္ခဲ့သူျဖစ္ၿပီး ရီးရဲလ္မက္ဒရစ္နည္းျပ အန္ဆယ္ေလာ့တီက အဆန္စီယိုဟာ သာမန္ထက္ထူးျခားတဲ့ အရည္အေသြးရွိတဲ့ကစားသမားျဖစ္တယ္လို႔ ခ်ီးက်ဴးခဲ့ရတာျဖစ္ပါတယ္။

မာကို အဆန္စီယိုဟာ ၂၀၁၄ ခုႏွစ္မွာ မာေယာ့ကာအသင္းကေန ေျပာင္းေ႐ႊ႕လာခဲ့တာျဖစ္ၿပီး ရီးရဲလ္မက္ဒရစ္အသင္းအတြက္ စုစုေပါင္း ၂၃၅ ပြဲ ပါဝင္ကစားေပးခဲ့ရာမွာ သြင္းဂိုး ၄၉ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၂၄ ႀကိမ္ျပဳလုပ္ေပးထားႏိုင္ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.