La Liga Ligue1 Transfer News

ရီးရဲလ်မက်ဒရစ်ကို အံ့အားသင့်ဖွယ် ကမ်းလှမ်းမှု ပြုလုပ်လိုက်တဲ့ ပီအက်စ်ဂျီ

ပီအက်စ်ဂျီအသင်းဟာ ရီးရဲလ်မက်ဒရစ်တောင်ပံကြယ်ပွင့် ဗင်နီးရှပ် ဂျူနီယာကို အံ့အားသင့်ဖွယ် ကမ်းလှမ်းမှု ပြုလုပ်ခဲ့တယ်လို့ စပိန်ဂျာနယ်လစ် မာရီယို ကော်တယ်ဂါနာရဲ့ပြောကြားချက်အရ သိရပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ဗင်နီးရှပ် ဂျူနီယာကို လက်ရှိလစာထက် ၁၂ ဆနဲ့ ရီးရဲလ်မက်ဒရစ်နဲ့ စာချုပ်သစ် ချုပ်ဆိုပြီးနောက် ရရှိမယ့် လစာထက် ၄ ဆ ပိုမိုရရှိမယ်လို့ ကတိပေးခဲ့ပြီး တစ်နှစ်လုပ်ခလစာ ယူရိုသန်း ၄၀ အထိ ရရှိမှာ ဖြစ်ပါတယ်။

လိဂန်းချန်ပီယံတွေဟာ ဘရာဇီးလ်တောင်ပံကစားသမားကို ကြီးမားတဲ့ လက်မှတ်ထိုးကြေးနဲ့ ကာတာမှာ စီးပွားရေး အခွင့်အလမ်းတွေပါ ကမ်းလှမ်းခဲ့ပေမယ့်လည်း ဗင်နီးရှပ် ဂျူနီယာက ရီးရဲလ်မက်ဒရစ်ရဲ့တန်ဖိုးထားခြင်းခံနေရတယ်လို့ ခံစားနေရတာကြောင့် ဘာနေဗျူးကို စွန့်ခွာလိုခြင်းမရှိဘူးလို့ သိရပါတယ်။

ကော်တယ်ဂါနာက အင်္ဂလိပ်အသင်းတွေဖြစ်တဲ့ လီဗာပူးလ်၊ ချဲလ်ဆီး၊ မန်ချက်စတာယူနိုက်တက်တို့ကလည်း ပြီးခဲ့တဲ့လတွေမှာ ဗင်နီးရှပ် ဂျူနီယာကို ခေါ်ယူဖို့အတွက် စုံစမ်း မေးမြန်းခဲ့တယ်လို့လည်း ထပ်လောင်း ပြောကြားခဲ့ပါတယ်။

ဗင်နီးရှပ် ဂျူနီယာဟာ ရီးရဲလ်မက်ဒရစ်အသင်းမှာ ၂၀၂၆ ခုနှစ်အထိ ဆက်လက်ရှိနေမယ့် စာချုပ်လျော်ကြေး ယူရို ၁ ဘီလီယံ ပါဝင်တဲ့ စာချုပ်သစ်ကို သဘောတူညီခဲ့တယ်လို့ ဖက်ဘရီဇီယို ရိုမာနိုရဲ့ ပြောကြားချက်အရ သိရပါတယ်။

အသက် ၂၁ နှစ်အရွယ် တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ရာသီ ရီးရဲလ်မက်ဒရစ်အသင်းအတွက် တောက်ပခဲ့တဲ့ ကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး လာလီဂါနဲ့ ချန်ပီယံလိဂ်ဖလား အောင်မြင်မှုတွေမှာ အဓိကကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။ ဘရာဇီးလ်တောင်ပံကစားသမားဟာ ပြီးခဲ့တဲ့ရာသီမှာ လာလီဂါသွင်းဂိုး ၁၇ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၃ ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ဗိုလ်လုပွဲက အနိုင်ဂိုးအပါအဝင် ၄ ဂိုး သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်မှာ ရီးရဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့ခဲ့ပြီးနောက် ဗင်နီးရှပ် ဂျူနီယာဟာ အဆုံးသတ်ပိုင်းမှာ လိုအပ်ချက်တွေရှိနေတာကြောင့် ရီးရဲလ်မက်ဒရစ်ကစားသမားဘဝဟာ အထနှေးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပြီးခဲ့တဲ့ရာသီမှာ ဗင်နီးရှပ် ဂျူနီယာဟာ မြင်ဖူးနေကျပုံစံနဲ့ ကွဲပြားခြားနားနေခဲ့ပြီး လက်ရှိမှာတော့ ရီးရဲလ်မက်ဒရစ် ပွဲထွက်ကစားသမား ၁၁ ဦးစာရင်းထဲမှာ အရေးအပါအဆုံး ကစားသမားတွေထဲက တစ်ဦးအဖြစ် ယူဆခြင်းခံနေရပြီ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ပီအက္စ္ဂ်ီအသင္းဟာ ရီးရဲလ္မက္ဒရစ္ေတာင္ပံၾကယ္ပြင့္ ဗင္နီးရွပ္ ဂ်ဴနီယာကို အံ့အားသင့္ဖြယ္ ကမ္းလွမ္းမႈ ျပဳလုပ္ခဲ့တယ္လို႔ စပိန္ဂ်ာနယ္လစ္ မာရီယို ေကာ္တယ္ဂါနာရဲ႕ေျပာၾကားခ်က္အရ သိရပါတယ္။

ပီအက္စ္ဂ်ီအသင္းဟာ ဗင္နီးရွပ္ ဂ်ဴနီယာကို လက္ရွိလစာထက္ ၁၂ ဆနဲ႔ ရီးရဲလ္မက္ဒရစ္နဲ႔ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုၿပီးေနာက္ ရရွိမယ့္ လစာထက္ ၄ ဆ ပိုမိုရရွိမယ္လို႔ ကတိေပးခဲ့ၿပီး တစ္ႏွစ္လုပ္ခလစာ ယူ႐ိုသန္း ၄၀ အထိ ရရွိမွာ ျဖစ္ပါတယ္။

လိဂန္းခ်န္ပီယံေတြဟာ ဘရာဇီးလ္ေတာင္ပံကစားသမားကို ႀကီးမားတဲ့ လက္မွတ္ထိုးေၾကးနဲ႔ ကာတာမွာ စီးပြားေရး အခြင့္အလမ္းေတြပါ ကမ္းလွမ္းခဲ့ေပမယ့္လည္း ဗင္နီးရွပ္ ဂ်ဴနီယာက ရီးရဲလ္မက္ဒရစ္ရဲ႕တန္ဖိုးထားျခင္းခံေနရတယ္လို႔ ခံစားေနရတာေၾကာင့္ ဘာေနဗ်ဴးကို စြန႔္ခြာလိုျခင္းမရွိဘူးလို႔ သိရပါတယ္။

ေကာ္တယ္ဂါနာက အဂၤလိပ္အသင္းေတြျဖစ္တဲ့ လီဗာပူးလ္၊ ခ်ဲလ္ဆီး၊ မန္ခ်က္စတာယူႏိုက္တက္တို႔ကလည္း ၿပီးခဲ့တဲ့လေတြမွာ ဗင္နီးရွပ္ ဂ်ဴနီယာကို ေခၚယူဖို႔အတြက္ စုံစမ္း ေမးျမန္းခဲ့တယ္လို႔လည္း ထပ္ေလာင္း ေျပာၾကားခဲ့ပါတယ္။

ဗင္နီးရွပ္ ဂ်ဴနီယာဟာ ရီးရဲလ္မက္ဒရစ္အသင္းမွာ ၂၀၂၆ ခုႏွစ္အထိ ဆက္လက္ရွိေနမယ့္ စာခ်ဳပ္ေလ်ာ္ေၾကး ယူ႐ို ၁ ဘီလီယံ ပါဝင္တဲ့ စာခ်ဳပ္သစ္ကို သေဘာတူညီခဲ့တယ္လို႔ ဖက္ဘရီဇီယို ႐ိုမာႏိုရဲ႕ ေျပာၾကားခ်က္အရ သိရပါတယ္။

အသက္ ၂၁ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ ၿပီးခဲ့တဲ့ရာသီ ရီးရဲလ္မက္ဒရစ္အသင္းအတြက္ ေတာက္ပခဲ့တဲ့ ကစားသမားေတြထဲက တစ္ဦးျဖစ္ၿပီး လာလီဂါနဲ႔ ခ်န္ပီယံလိဂ္ဖလား ေအာင္ျမင္မႈေတြမွာ အဓိကက်တဲ့ အခန္းက႑ကေန ပါဝင္ကစားေပးခဲ့တာျဖစ္ပါတယ္။ ဘရာဇီးလ္ေတာင္ပံကစားသမားဟာ ၿပီးခဲ့တဲ့ရာသီမွာ လာလီဂါသြင္းဂိုး ၁၇ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၁၃ ႀကိမ္ ျပဳလုပ္ႏိုင္ခဲ့ၿပီး ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာလည္း ဗိုလ္လုပြဲက အႏိုင္ဂိုးအပါအဝင္ ၄ ဂိုး သြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

၂၀၁၈ ခုႏွစ္မွာ ရီးရဲလ္မက္ဒရစ္အသင္းကို ေျပာင္းေ႐ႊ႕ခဲ့ၿပီးေနာက္ ဗင္နီးရွပ္ ဂ်ဴနီယာဟာ အဆုံးသတ္ပိုင္းမွာ လိုအပ္ခ်က္ေတြရွိေနတာေၾကာင့္ ရီးရဲလ္မက္ဒရစ္ကစားသမားဘဝဟာ အထေႏွးခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ၿပီးခဲ့တဲ့ရာသီမွာ ဗင္နီးရွပ္ ဂ်ဴနီယာဟာ ျမင္ဖူးေနက်ပုံစံနဲ႔ ကြဲျပားျခားနားေနခဲ့ၿပီး လက္ရွိမွာေတာ့ ရီးရဲလ္မက္ဒရစ္ ပြဲထြက္ကစားသမား ၁၁ ဦးစာရင္းထဲမွာ အေရးအပါအဆုံး ကစားသမားေတြထဲက တစ္ဦးအျဖစ္ ယူဆျခင္းခံေနရၿပီ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.