La Liga Ligue1

အသင်းဖော်ရဲ့စကားကြောင့် လူသတ်ချင်လောက်အောင် ဒေါသထွက်ခဲ့တဲ့ မက်ဆီ

ပီအက်စ်ဂျီကွင်းလယ်ကစားသမား လီအန်ဒရို ပါရီဒက်စ်က ပွဲစဉ်အတွင်း ၎င်းရဲ့ မှတ်ချက်စကားကြောင့် အသင်းဖော် လီယွန်နယ် မက်ဆီ ဘယ်လေက်ဒေါသထွက်ခဲ့လဲဆိုတာကို ရှင်းလင်းပြောကြားခဲ့ပါတယ်။

ပါရီဒက်စ်နဲ့ မက်ဆီတို့ဟာ ကလပ်အသင်းမှာရော လက်ရွေးစင်အသင်းမှာပါ အတူတူ ကစားနေကြတဲ့ အသင်းဖော်တွေဖြစ်ပေမယ့် ပီအက်စ်ဂျီကွင်းလယ်ကစားသမားက အာဂျင်တီးနားတိုက်စစ်မှူး ဘာစီလိုနာမှာ ကစားစဉ်တုန်းက အချိန်ကို ပြန်ပြောင်းပြောပြခဲ့ပြီး ပီအက်စ်ဂျီအသင်းက ၄-၁ နဲ့ ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက် ပထမအကျော့က ဘာစီလိုနာကို အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

အာဂျင်တီးနားကြယ်ပွင့်တိုက်စစ်မှူး မက်ဆီဟာ နူးကမ့်ကနေ ပဲရစ်ကို ပြောင်းရွှေ့လာပြီးနောက်ပိုင်း ထင်ထားသလို ဖြစ်မလာခဲ့ဘဲ ထိပ်တန်းခြေစွမ်း ရရှိဖို့ ရုန်းကန်နေခဲ့ရတာဖြစ်ပါတယ်။ မက်ဆီဟာ ပီအက်စ်ဂျီကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ပင်နယ်တီကနေတဆင့် အဖွင့်ဂိုး သွင်းယူနိုင်ခဲ့ပေမယ့် အမ်ဘာပေရဲ့ ဟက်ထရစ်၊ မွိုက်စ် ကီးန်တို့ရဲ့ သွင်းဂိုးတွေကြောင့် ပီအက်စ်ဂျီအသင်းက အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။

ပါရီဒက်စ်က ၎င်းရဲ့ မှတ်ချက်စကားကို မက်ဆီကြားသွားတဲ့အချိန်မှာ ဒေါသပေါက်ကွဲသွားခဲ့တာကြောင့် ကွင်းထဲကနေထွက်ပြီး အိမ်ကိုတောင် ပြန်ပြေးချင်မိခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

“သူ ဒေါသထွက်သွားခဲ့တယ်။ ဘာလို့လဲဆိုတော့ ကျွန်တော့်အသင်းဖော်တွေကို ပြောခဲ့တဲ့ မှတ်ချက်ကို သူ ကြားသွားခဲ့လို့ပါ။ သူ ဒေါသထွက်သွားတယ်။ သူ တကယ်ကို စိတ်ဆိုးမာန်ဆိုး ဖြစ်လာခဲ့တယ်။ သူ ကျွန်တော့်ကို စိတ်တိုနေပြီ။ အဲဒါက ဆိုးရွားခဲ့ပါတယ်။ သူ ကျွန်တော့်ကို သတ်ချင်နေခဲ့ပြီး ကျွန်တော်လည်း အိမ်ကို ပြန်ပြေးချင်ခဲ့တယ်”

အာဂျင်တီးနားကြယ်ပွင့် ၂ ဦးအကြား ဒီလို အဖြစ်အပျက်မျိုး ရှိခဲ့ပေမယ့်လည်း အဲဒီကိစ္စအပြီး ကွင်းတွင်းမှာရော ကွင်းပြင်ပမှာပါ ဆက်လက်ပြီး ရင်းရင်းနှီးနှီး ဆက်ဆံခဲ့ကြပြီး ဘာပြဿနာမှ မရှိခဲ့ဘူးလို့ ပါရီဒက်စ်က ပြောကြားခဲ့ပါတယ်။

“အဲဒီကိစ္စအပြီးမှာ ကျွန်တော် သူ့ကို လက်ရွေးစင်အသင်းမှာ ပြန်တွေ့ခဲ့ပြီး သူက ဘာမှမဖြစ်ခဲ့သလိုပဲ ဆက်ဆံပါတယ်။ သူက ဘယ်လိုလူမျိုးလဲဆိုတာ ကျွန်တော့်ကို ပြသခဲ့တယ်။ ကျွန်တော်တို့ ဆက်ဆံရေးကလည်း ဆက်ပြီးရှိနေခဲ့တယ်။ အခု ဒီအကြောင်းတွေပြောနေတာကလည်း ရယ်မောဖို့ပါ။ ဒါပေမယ့် သူ အဲဒီတုန်းကတော့ ကျွန်တော့်ကို တကယ် စိတ်တိုနေတာ။ သူ ကျွန်တော့်ကို သတ်တောင်သတ်ပစ်ချင်နေခဲ့တာပါ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ပီအက္စ္ဂ်ီကြင္းလယ္ကစားသမား လီအန္ဒ႐ို ပါရီဒက္စ္က ပြဲစဥ္အတြင္း ၎ရဲ႕ မွတ္ခ်က္စကားေၾကာင့္ အသင္းေဖာ္ လီယြန္နယ္ မက္ဆီ ဘယ္ေလက္ေဒါသထြက္ခဲ့လဲဆိုတာကို ရွင္းလင္းေျပာၾကားခဲ့ပါတယ္။

ပါရီဒက္စ္နဲ႔ မက္ဆီတို႔ဟာ ကလပ္အသင္းမွာေရာ လက္ေ႐ြးစင္အသင္းမွာပါ အတူတူ ကစားေနၾကတဲ့ အသင္းေဖာ္ေတြျဖစ္ေပမယ့္ ပီအက္စ္ဂ်ီကြင္းလယ္ကစားသမားက အာဂ်င္တီးနားတိုက္စစ္မႉး ဘာစီလိုနာမွာ ကစားစဥ္တုန္းက အခ်ိန္ကို ျပန္ေျပာင္းေျပာျပခဲ့ၿပီး ပီအက္စ္ဂ်ီအသင္းက ၄-၁ နဲ႔ ခ်န္ပီယံလိဂ္ ၁၆ သင္းရႈံးထြက္ ပထမအေက်ာ့က ဘာစီလိုနာကို အႏိုင္ရရွိခဲ့တာျဖစ္ပါတယ္။

အာဂ်င္တီးနားၾကယ္ပြင့္တိုက္စစ္မႉး မက္ဆီဟာ ႏူးကမ့္ကေန ပဲရစ္ကို ေျပာင္းေ႐ႊ႕လာၿပီးေနာက္ပိုင္း ထင္ထားသလို ျဖစ္မလာခဲ့ဘဲ ထိပ္တန္းေျခစြမ္း ရရွိဖို႔ ႐ုန္းကန္ေနခဲ့ရတာျဖစ္ပါတယ္။ မက္ဆီဟာ ပီအက္စ္ဂ်ီကို ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္မွာ ပင္နယ္တီကေနတဆင့္ အဖြင့္ဂိုး သြင္းယူႏိုင္ခဲ့ေပမယ့္ အမ္ဘာေပရဲ႕ ဟက္ထရစ္၊ မြိဳက္စ္ ကီးန္တို႔ရဲ႕ သြင္းဂိုးေတြေၾကာင့္ ပီအက္စ္ဂ်ီအသင္းက အႏိုင္ရရွိသြားခဲ့တာျဖစ္ပါတယ္။

ပါရီဒက္စ္က ၎ရဲ႕ မွတ္ခ်က္စကားကို မက္ဆီၾကားသြားတဲ့အခ်ိန္မွာ ေဒါသေပါက္ကြဲသြားခဲ့တာေၾကာင့္ ကြင္းထဲကေနထြက္ၿပီး အိမ္ကိုေတာင္ ျပန္ေျပးခ်င္မိခဲ့တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

“သူ ေဒါသထြက္သြားခဲ့တယ္။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ့္အသင္းေဖာ္ေတြကို ေျပာခဲ့တဲ့ မွတ္ခ်က္ကို သူ ၾကားသြားခဲ့လို႔ပါ။ သူ ေဒါသထြက္သြားတယ္။ သူ တကယ္ကို စိတ္ဆိုးမာန္ဆိုး ျဖစ္လာခဲ့တယ္။ သူ ကြၽန္ေတာ့္ကို စိတ္တိုေနၿပီ။ အဲဒါက ဆိုး႐ြားခဲ့ပါတယ္။ သူ ကြၽန္ေတာ့္ကို သတ္ခ်င္ေနခဲ့ၿပီး ကြၽန္ေတာ္လည္း အိမ္ကို ျပန္ေျပးခ်င္ခဲ့တယ္”

အာဂ်င္တီးနားၾကယ္ပြင့္ ၂ ဦးအၾကား ဒီလို အျဖစ္အပ်က္မ်ိဳး ရွိခဲ့ေပမယ့္လည္း အဲဒီကိစၥအၿပီး ကြင္းတြင္းမွာေရာ ကြင္းျပင္ပမွာပါ ဆက္လက္ၿပီး ရင္းရင္းႏွီးႏွီး ဆက္ဆံခဲ့ၾကၿပီး ဘာျပႆနာမွ မရွိခဲ့ဘူးလို႔ ပါရီဒက္စ္က ေျပာၾကားခဲ့ပါတယ္။

“အဲဒီကိစၥအၿပီးမွာ ကြၽန္ေတာ္ သူ႔ကို လက္ေ႐ြးစင္အသင္းမွာ ျပန္ေတြ႕ခဲ့ၿပီး သူက ဘာမွမျဖစ္ခဲ့သလိုပဲ ဆက္ဆံပါတယ္။ သူက ဘယ္လိုလူမ်ိဳးလဲဆိုတာ ကြၽန္ေတာ့္ကို ျပသခဲ့တယ္။ ကြၽန္ေတာ္တို႔ ဆက္ဆံေရးကလည္း ဆက္ၿပီးရွိေနခဲ့တယ္။ အခု ဒီအေၾကာင္းေတြေျပာေနတာကလည္း ရယ္ေမာဖို႔ပါ။ ဒါေပမယ့္ သူ အဲဒီတုန္းကေတာ့ ကြၽန္ေတာ့္ကို တကယ္ စိတ္တိုေနတာ။ သူ ကြၽန္ေတာ့္ကို သတ္ေတာင္သတ္ပစ္ခ်င္ေနခဲ့တာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.