Article Bundesliga La Liga Ligue1 Premier League

နာမည်ကြီးနှစ်ဦး တွဲကစားဖူးတာကို သိလိုက်ရရင် ပရိသတ်တွေ ကြုံမယ့် စပရိုက်များ

ဘောလုံးလောကရဲ့ နာမည်ကြီး ကစားသမားတွေဟာ အသင်းကြီးတွေရဲ့ အပြိုင်အဆိုင် ခေါ်ယူမှုတွေမှာ အပြန်အလှန် ရင်ဆိုင်ကြရသလို ဒီလို ကစားသမားတွေအနေနဲ့ ပြိုင်ဘက်တွေဖြစ်မယ့်အစား အသင်းဖော်တွေဖြစ်ကြရင် ကောင်းမယ်လို့ ပရိသတ်တွေ တွေးကောင်းတွေးမိကြမှာပါ။ ဒီထဲကမှ ပရိသတ်တွေ သိသွားရင် အံ့အားသင့်လောက်မယ့် အတိတ်က တွဲဖက်ကစားဖူးသူ နာမည်ကြီးအတွဲ ၅ တွဲကို ရွေးချယ် ဖော်ပြလိုက်ပါတယ်။

၅။ ဒါနီ အဲလ်ဗက်စ်နဲ့ ဆာဂျီယို ရာမို့စ်
တစ်ဦးက ဘာစီလိုနာအသင်းနဲ့ ဆုဖလားပေါင်းများစွာ ရယူခဲ့ပြီး နောက်တစ်ဦးကတော့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ အမှတ်တံဆိပ်တစ်ခု ဖြစ်ခဲ့သူမို့ ဒီနှစ်ဦးသာ အသင်းဖော်တွေလို့ ဆိုခဲ့ရင် ပရိသတ်တွေ အကြောင်ရိုက်သွားကြလောက်ပါတယ်။ တကယ်တော့ ဘရာဇီးလ်သားနဲ့ စပိန်သားတို့ဟာ ဆီဗီလာအသင်းမှာ ၂၀၀၄-၀၅ ရာသီမှာ စတင်တွဲဖက်ကစားပြီး နာမည်ရခဲ့သလို ပရိသတ်တွေနဲ့ အသင်းကြီးတွေ မျက်စိကျမှုကို ဆွဲယူခဲ့ကြသူတွေပါ။

သူတို့နှစ်ဦးကြားမှာ ပွဲပေါင်း ၈၅ ပွဲအထိ အတူကစားခဲ့ကြသလို Clean Sheet ၁၅ ပွဲ ရယူဖူးခဲ့ကြပြီး နောက်တစ်ရာသီမှာတော့ ရာမို့စ်က ရီးရဲလ် မက်ဒရစ်ကို ပြောင်းသွားခဲ့သလို သုံးရာသီအကြာမှာတော့ အဲလ်ဗက်စ်က ဘာစီလိုနာအသင်းကို ပြောင်းသွားခဲ့တဲ့နောက် အသင်းဖော်ဟောင်းနှစ်ဦးက ခါးသီးတဲ့ ပြိုင်ဘက်တွေ ဖြစ်သွားခဲ့ကြပါတယ်။

၄။ မီဆွတ် အိုဇေးလ်နဲ့ အီဗန် ရာကီတစ်ချ်
တစ်ဦးက ရီးရဲလ်မက်ဒရစ်အသင်းမှာ ခရစ္စတီယာနို ရော်နယ်လ်ဒို ဂိုးတွေ များများသွင်းနိုင်ဖို့ ကူညီပေးခဲ့သူဖြစ်ပြီး နောက်တစ်ဦးကတော့ ဘာစီလိုနာအသင်းမှာ လီယွန်နယ် မက်ဆီရဲ့ လွတ်လပ်စွာ ကစားနိုင်ဖို့အတွက် ကွင်းလယ်ကနေ တိုက်စစ်ရော ခံစစ်ပါ ထောက်ပံ့ထိန်းညှိပေးခဲ့သူဖြစ်လို့ ဒီနှစ်ဦးကို အဖြူနဲ့အမည်း၊ အဝိုင်းနဲ့လေးထောင့်ပဲလို့ ထင်ချင်စရာဖြစ်ပါတယ်။

တကယ်တော့ တူရကီနွယ်ဖွား ဂျာမန်သားနဲ့ ခရိုအေးရှားသားတို့ဟာ အသင်းဖော်ဟောင်းတွေဖြစ်ခဲ့ကြပြီး ဂျာမနီ ဘွန်ဒက်စ်လီဂါကလပ် ရှော်လ်ကာအသင်းရဲ့ ကွင်းလယ်မှာ တွဲဖက်ကစားခဲ့ကြသလို အဓိက ကစားသမားနေရာကိုလည်း လုခဲ့ကြသူတွေဖြစ်ပါတယ်။ ၂၀၀၇-၀၈ ရာသီကို အတူ ကစားခဲ့အပြီးမှာတော့ အိုဇေးလ်က ဝါဒါဘရီမင်က တစ်ဆင့် ရီးရဲလ်ဆီ ရောက်ခဲ့သလို ရာကီတစ်ချ်ကတော့ ဆီဗီလာကတစ်ဆင့် ဘာစီလိုနာဆီ ပြောင်းခဲ့တာပါ။

၃။ ဒီမီထရီ ပါယက်နဲ့ အီဒင် ဟာဇက်
လီလ်အသင်းရယ်လို့ ပြင်သစ်လိဂန်မှာ နာမည်ကျော်ကြားလာခဲ့တာက နှစ်ကာလ သိပ်မရှိသေးပေမယ့် ဒီလို ကျော်ကြားလာဖို့ တွန်းတင်ခဲ့တဲ့ ကစားသမားတွေထဲမှာ အီဒင် ဟာဇက်နဲ့ ဒီမီထရီ ပါယက်တို့က တစ်ရာသီအတွင်း သူတို့နှစ်ဦးကြား အတူကစားခဲ့တဲ့ ၄၉ ပွဲမှာ ၃၁ ဂိုးသွင်း ၂၄ ဂိုးဖန်တီးပြီး အမာခံ ထောက်တိုင်တွေ ဖြစ်ခဲ့ကြပါတယ်။

နောက်တစ်ရာသီမှာတော့ လိဂန်သွင်းဂိုး ၂၀ ရယူနိုင်ခဲ့တဲ့ ဘယ်လ်ဂျီယမ် တောင်ပံသမားက ချဲလ်ဆီးကို ပြောင်းရွှေ့လာခဲ့သလို နောက်ထပ် နှစ်ရာသီအကြာမှာတော့ ပြင်သစ်သားက မာဆေးလ်နဲ့ ဝက်စ်ဟမ်းအသင်းတွေဆီ ပြောင်းရွှေ့ကစားခဲ့ပြီး မတူညီတဲ့ ကစားသမားဘဝတွေကို ဖြတ်သန်းခဲ့ကြတာပါ။

၂။ ဒေးဗစ် ဘက်ခမ်းနဲ့ ဒေးဗစ် မွိုက်စ်
အင်္ဂလိပ်ဘောလုံးလောကရဲ့ ဆရာကြီးနှစ်ပါးဟာ တစ်ဦးက မန်ချက်စတာယူနိုက်တက်နဲ့ အင်္ဂလန်ရဲ့ အမှတ်အသားဖြစ်ခဲ့သလို တစ်ဦးကတော့ အဲဗာတန်နဲ့ စကော့တလန်ဘက်က သွေးကို ပြသခဲ့ပြီး နောင်တစ်ချိန်မှာတော့ ဆာအဲလက်စ် ဖာဂူဆန်ရဲ့ ဆက်ခံသူအဖြစ်နဲ့ အိုးလ်ထရက်ဖို့ဒ်ကို ရောက်ခဲ့ပေမယ့် အဲ့ဒီကွင်းမှာတော့ သူတို့ မဆုံလိုက်ကြဘဲ လွဲချော်ခဲ့ကြတာပါ။

ဒါပေမယ့် ဒီနှစ်ဦးဟာ ဘက်ခမ်းရဲ့ ငယ်စဉ်ဘဝ ယူနိုက်တက်ကနေ အငှားထွက်ကစားခဲ့ချိန်မှာ ပူးပေါင်းလက်တွဲခဲ့ကြဖူးပြီး ပရက်စ်တန် နော့သ်အန်းအသင်းမှာ အသင်းဖော်တွေ ဖြစ်ခဲ့ကြဖူးပါတယ်။ အင်တာမိုင်ယာမီပိုင်ရှင်အနေနဲ့ အဲ့ဒီတုန်းက ဒဏ်ရာများနေခဲ့လို့ ၅ ပွဲကစားပြီး ၂ ဂိုးသာ ရခဲ့ပေမယ့် လက်ရှိ ဝက်စ်ဟမ်းနည်းပြကတော့ အမာခံကစားသမားအဖြစ် အသုံးတော်ခံခဲ့တာဖြစ်ပါတယ်။

၁။ ရော်နယ်လ်ဒင်ညိုနဲ့ ပိုချက်တီနို
ရော်နယ်လ်ဒင်ညို ဘယ်အသင်းကလဲဆိုရင် ဘာစီလိုနာလို့ ဖြေမယ့်သူတွေ တစ်ဝက်လောက်တော့ ရှိနိုင်ပါတယ်။ ဒီအချိန်မှာ သူ့ရဲ့ နူးကမ့်က နေ့ရက်တွေကို လိုက်လံပြိုင်ဆိုင်ခဲ့သူက ဘာစီလိုနာဒါဘီပြိုင်ဘက်နောက်ခံလူ မော်ရီစီယို ပိုချက်တီနိုဖြစ်ပြီး မြို့ခံ ကာတာလန်ကလပ်တစ်သင်းဖြစ်တဲ့ အက်စ်ပန်ညိုမှာ အဓိက ဖြတ်သန်းခဲ့တာပါ။

တကယ်တမ်းတော့ သူတို့နှစ်ဦးဟာ ပြင်သစ်မြေမှာ ဆုံစည်းခဲ့ကြဖူးပြီး ပိုချက်တီနိုရဲ့ အက်စ်ပန်ညိုက နှစ်နှစ်တာ လစ်ဟာချိန်ဖြစ်တဲ့ ၂၀၀၁ ခုနှစ်ကနေ ၂၀၀၃ ခုနှစ်အတွင်းမှာ ရော်နယ်လ်ဒင်ညိုနဲ့ ပီအက်စ်ဂျီအသင်းမှာ အတူကစားခဲ့ကြသလို သူတို့နှစ်ဦးရဲ့ အသင်းဖော်ဖြစ်မှုကို သက်သေအဖြစ် မှန်ကန်ကြောင်း အတည်ပြုပေးနိုင်သူကတော့ အငှားနဲ့ တစ်ရာသီ ရောက်ရှိနေခဲ့တဲ့ လက်ရှိ အာဆင်နယ်မန်နေဂျာ မီခယ်လ် အာတီတာပဲဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေဘာလုံးေလာကရဲ႕ နာမည္ႀကီး ကစားသမားေတြဟာ အသင္းႀကီးေတြရဲ႕ အၿပိဳင္အဆိုင္ ေခၚယူမႈေတြမွာ အျပန္အလွန္ ရင္ဆိုင္ၾကရသလို ဒီလို ကစားသမားေတြအေနနဲ႔ ၿပိဳင္ဘက္ေတြျဖစ္မယ့္အစား အသင္းေဖာ္ေတြျဖစ္ၾကရင္ ေကာင္းမယ္လို႔ ပရိသတ္ေတြ ေတြးေကာင္းေတြးမိၾကမွာပါ။ ဒီထဲကမွ ပရိသတ္ေတြ သိသြားရင္ အံ့အားသင့္ေလာက္မယ့္ အတိတ္က တြဲဖက္ကစားဖူးသူ နာမည္ႀကီးအတြဲ ၅ တြဲကို ေ႐ြးခ်ယ္ ေဖာ္ျပလိုက္ပါတယ္။

၅။ ဒါနီ အဲလ္ဗက္စ္နဲ႔ ဆာဂ်ီယို ရာမို႔စ္
တစ္ဦးက ဘာစီလိုနာအသင္းနဲ႔ ဆုဖလားေပါင္းမ်ားစြာ ရယူခဲ့ၿပီး ေနာက္တစ္ဦးကေတာ့ ရီးရဲလ္မက္ဒရစ္အသင္းရဲ႕ အမွတ္တံဆိပ္တစ္ခု ျဖစ္ခဲ့သူမို႔ ဒီႏွစ္ဦးသာ အသင္းေဖာ္ေတြလို႔ ဆိုခဲ့ရင္ ပရိသတ္ေတြ အေၾကာင္႐ိုက္သြားၾကေလာက္ပါတယ္။ တကယ္ေတာ့ ဘရာဇီးလ္သားနဲ႔ စပိန္သားတို႔ဟာ ဆီဗီလာအသင္းမွာ ၂၀၀၄-၀၅ ရာသီမွာ စတင္တြဲဖက္ကစားၿပီး နာမည္ရခဲ့သလို ပရိသတ္ေတြနဲ႔ အသင္းႀကီးေတြ မ်က္စိက်မႈကို ဆြဲယူခဲ့ၾကသူေတြပါ။

သူတို႔ႏွစ္ဦးၾကားမွာ ပြဲေပါင္း ၈၅ ပြဲအထိ အတူကစားခဲ့ၾကသလို Clean Sheet ၁၅ ပြဲ ရယူဖူးခဲ့ၾကၿပီး ေနာက္တစ္ရာသီမွာေတာ့ ရာမို႔စ္က ရီးရဲလ္ မက္ဒရစ္ကို ေျပာင္းသြားခဲ့သလို သုံးရာသီအၾကာမွာေတာ့ အဲလ္ဗက္စ္က ဘာစီလိုနာအသင္းကို ေျပာင္းသြားခဲ့တဲ့ေနာက္ အသင္းေဖာ္ေဟာင္းႏွစ္ဦးက ခါးသီးတဲ့ ၿပိဳင္ဘက္ေတြ ျဖစ္သြားခဲ့ၾကပါတယ္။

၄။ မီဆြတ္ အိုေဇးလ္နဲ႔ အီဗန္ ရာကီတစ္ခ်္
တစ္ဦးက ရီးရဲလ္မက္ဒရစ္အသင္းမွာ ခရစၥတီယာႏို ေရာ္နယ္လ္ဒို ဂိုးေတြ မ်ားမ်ားသြင္းႏိုင္ဖို႔ ကူညီေပးခဲ့သူျဖစ္ၿပီး ေနာက္တစ္ဦးကေတာ့ ဘာစီလိုနာအသင္းမွာ လီယြန္နယ္ မက္ဆီရဲ႕ လြတ္လပ္စြာ ကစားႏိုင္ဖို႔အတြက္ ကြင္းလယ္ကေန တိုက္စစ္ေရာ ခံစစ္ပါ ေထာက္ပံ့ထိန္းညႇိေပးခဲ့သူျဖစ္လို႔ ဒီႏွစ္ဦးကို အျဖဴနဲ႔အမည္း၊ အဝိုင္းနဲ႔ေလးေထာင့္ပဲလို႔ ထင္ခ်င္စရာျဖစ္ပါတယ္။

တကယ္ေတာ့ တူရကီႏြယ္ဖြား ဂ်ာမန္သားနဲ႔ ခ႐ိုေအးရွားသားတို႔ဟာ အသင္းေဖာ္ေဟာင္းေတြျဖစ္ခဲ့ၾကၿပီး ဂ်ာမနီ ဘြန္ဒက္စ္လီဂါကလပ္ ေရွာ္လ္ကာအသင္းရဲ႕ ကြင္းလယ္မွာ တြဲဖက္ကစားခဲ့ၾကသလို အဓိက ကစားသမားေနရာကိုလည္း လုခဲ့ၾကသူေတြျဖစ္ပါတယ္။ ၂၀၀၇-၀၈ ရာသီကို အတူ ကစားခဲ့အၿပီးမွာေတာ့ အိုေဇးလ္က ဝါဒါဘရီမင္က တစ္ဆင့္ ရီးရဲလ္ဆီ ေရာက္ခဲ့သလို ရာကီတစ္ခ်္ကေတာ့ ဆီဗီလာကတစ္ဆင့္ ဘာစီလိုနာဆီ ေျပာင္းခဲ့တာပါ။

၃။ ဒီမီထရီ ပါယက္နဲ႔ အီဒင္ ဟာဇက္
လီလ္အသင္းရယ္လို႔ ျပင္သစ္လိဂန္မွာ နာမည္ေက်ာ္ၾကားလာခဲ့တာက ႏွစ္ကာလ သိပ္မရွိေသးေပမယ့္ ဒီလို ေက်ာ္ၾကားလာဖို႔ တြန္းတင္ခဲ့တဲ့ ကစားသမားေတြထဲမွာ အီဒင္ ဟာဇက္နဲ႔ ဒီမီထရီ ပါယက္တို႔က တစ္ရာသီအတြင္း သူတို႔ႏွစ္ဦးၾကား အတူကစားခဲ့တဲ့ ၄၉ ပြဲမွာ ၃၁ ဂိုးသြင္း ၂၄ ဂိုးဖန္တီးၿပီး အမာခံ ေထာက္တိုင္ေတြ ျဖစ္ခဲ့ၾကပါတယ္။

ေနာက္တစ္ရာသီမွာေတာ့ လိဂန္သြင္းဂိုး ၂၀ ရယူႏိုင္ခဲ့တဲ့ ဘယ္လ္ဂ်ီယမ္ ေတာင္ပံသမားက ခ်ဲလ္ဆီးကို ေျပာင္းေ႐ႊ႕လာခဲ့သလို ေနာက္ထပ္ ႏွစ္ရာသီအၾကာမွာေတာ့ ျပင္သစ္သားက မာေဆးလ္နဲ႔ ဝက္စ္ဟမ္းအသင္းေတြဆီ ေျပာင္းေ႐ႊ႕ကစားခဲ့ၿပီး မတူညီတဲ့ ကစားသမားဘဝေတြကို ျဖတ္သန္းခဲ့ၾကတာပါ။

၂။ ေဒးဗစ္ ဘက္ခမ္းနဲ႔ ေဒးဗစ္ မြိဳက္စ္
အဂၤလိပ္ေဘာလုံးေလာကရဲ႕ ဆရာႀကီးႏွစ္ပါးဟာ တစ္ဦးက မန္ခ်က္စတာယူႏိုက္တက္နဲ႔ အဂၤလန္ရဲ႕ အမွတ္အသားျဖစ္ခဲ့သလို တစ္ဦးကေတာ့ အဲဗာတန္နဲ႔ စေကာ့တလန္ဘက္က ေသြးကို ျပသခဲ့ၿပီး ေနာင္တစ္ခ်ိန္မွာေတာ့ ဆာအဲလက္စ္ ဖာဂူဆန္ရဲ႕ ဆက္ခံသူအျဖစ္နဲ႔ အိုးလ္ထရက္ဖို႔ဒ္ကို ေရာက္ခဲ့ေပမယ့္ အဲ့ဒီကြင္းမွာေတာ့ သူတို႔ မဆုံလိုက္ၾကဘဲ လြဲေခ်ာ္ခဲ့ၾကတာပါ။

ဒါေပမယ့္ ဒီႏွစ္ဦးဟာ ဘက္ခမ္းရဲ႕ ငယ္စဥ္ဘဝ ယူႏိုက္တက္ကေန အငွားထြက္ကစားခဲ့ခ်ိန္မွာ ပူးေပါင္းလက္တြဲခဲ့ၾကဖူးၿပီး ပရက္စ္တန္ ေနာ့သ္အန္းအသင္းမွာ အသင္းေဖာ္ေတြ ျဖစ္ခဲ့ၾကဖူးပါတယ္။ အင္တာမိုင္ယာမီပိုင္ရွင္အေနနဲ႔ အဲ့ဒီတုန္းက ဒဏ္ရာမ်ားေနခဲ့လို႔ ၅ ပြဲကစားၿပီး ၂ ဂိုးသာ ရခဲ့ေပမယ့္ လက္ရွိ ဝက္စ္ဟမ္းနည္းျပကေတာ့ အမာခံကစားသမားအျဖစ္ အသုံးေတာ္ခံခဲ့တာျဖစ္ပါတယ္။

၁။ ေရာ္နယ္လ္ဒင္ညိဳနဲ႔ ပိုခ်က္တီႏို
ေရာ္နယ္လ္ဒင္ညိဳ ဘယ္အသင္းကလဲဆိုရင္ ဘာစီလိုနာလို႔ ေျဖမယ့္သူေတြ တစ္ဝက္ေလာက္ေတာ့ ရွိႏိုင္ပါတယ္။ ဒီအခ်ိန္မွာ သူ႔ရဲ႕ ႏူးကမ့္က ေန႔ရက္ေတြကို လိုက္လံၿပိဳင္ဆိုင္ခဲ့သူက ဘာစီလိုနာဒါဘီၿပိဳင္ဘက္ေနာက္ခံလူ ေမာ္ရီစီယို ပိုခ်က္တီႏိုျဖစ္ၿပီး ၿမိဳ႕ခံ ကာတာလန္ကလပ္တစ္သင္းျဖစ္တဲ့ အက္စ္ပန္ညိဳမွာ အဓိက ျဖတ္သန္းခဲ့တာပါ။

တကယ္တမ္းေတာ့ သူတို႔ႏွစ္ဦးဟာ ျပင္သစ္ေျမမွာ ဆုံစည္းခဲ့ၾကဖူးၿပီး ပိုခ်က္တီႏိုရဲ႕ အက္စ္ပန္ညိဳက ႏွစ္ႏွစ္တာ လစ္ဟာခ်ိန္ျဖစ္တဲ့ ၂၀၀၁ ခုႏွစ္ကေန ၂၀၀၃ ခုႏွစ္အတြင္းမွာ ေရာ္နယ္လ္ဒင္ညိဳနဲ႔ ပီအက္စ္ဂ်ီအသင္းမွာ အတူကစားခဲ့ၾကသလို သူတို႔ႏွစ္ဦးရဲ႕ အသင္းေဖာ္ျဖစ္မႈကို သက္ေသအျဖစ္ မွန္ကန္ေၾကာင္း အတည္ျပဳေပးႏိုင္သူကေတာ့ အငွားနဲ႔ တစ္ရာသီ ေရာက္ရွိေနခဲ့တဲ့ လက္ရွိ အာဆင္နယ္မန္ေနဂ်ာ မီခယ္လ္ အာတီတာပဲျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.