Premier League Transfer News

အာဆင္နယ္နဲ႔ သတင္းေတြကို မျငင္းဘဲ သဲလြန္စခ်ျပလုိက္တဲ့ ဇာဟာ

ခရစၥတယ္လ္ပဲေလ့စ္အသင္းကေန သူ႕ရဲ႕ ထြက္ခြာခ်င္တဲ့ ဆႏၵကို လုိက္ေလ်ာၿပီး ေပါင္သန္း ၃၀ ရရင္ ေရာင္းခ်ေတာ့မယ္လို႔ ဆိုထားခဲ့တဲ့ ေတာင္ပံတုိက္စစ္မွဴး ဝီလ္ဖရီးဒ္ ဇာဟာကေတာ့ သူနဲ႔ အာဆင္နယ္တုိ႔ရဲ႕ သတင္းေတြကို မျငင္းဆန္ဘဲ သေဘာက် ေပ်ာ္ရႊင္ေနတဲ့ပုံစံကို ေတြ႕ျမင္ခဲ့ရပါတယ္။

လန္ဒန္က ႏုိက္ကလပ္တစ္ခုမွာ ေရာက္ရွိေနခဲ့တဲ့ အိုင္ဗရီကို႔စ္တုိက္စစ္မွဴးအေနနဲ႔ ခန္းမရဲ႕ နံရံမွာ Zaha to Arsenal လို႔ ထြန္းညႇိထားတဲ့ နီယြန္မီးနဲ႔ စာတန္းကို လက္ညႇဳိးထိုးျပခဲ့ၿပီး ေပ်ာ္ရႊင္ရယ္ေမာေနခဲ့ပုံကို ႐ိုက္ကူးထားတဲ့ ဗီဒီယိုကလည္း ဆိုရွယ္မီဒီယာေတြမွာ ပ်ံ႕ႏွံ႔ေနခဲ့ၿပီး အာဆင္နယ္ ပရိသတ္ေတြအတြက္ေတာ့ သူတုိ႔ရဲ႕ ေတာင္ပံတုိက္စစ္အတြက္ ေမွ်ာ္လင့္ခ်က္ႀကီးမားခ်င္စရာလည္းျဖစ္ခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ရာသီက အာဆင္နယ္နည္းျပ အူႏုိင္း အမ္မရီရဲ႕ ဦးစားေပးပစ္မွတ္အျဖစ္ အေနာက္လန္ဒန္ကလပ္နဲ႔ ေဆြးေႏြးျဖစ္ခဲ့ေပမယ့္ ေပါင္သန္း ၈၀ ဆုိတဲ့ ေဈးႏွဳန္းကို ကိုင္စြဲထားမွဳေၾကာင့္ ဆဲလ္ဟာ့စ္ပါ့ခ္က မထြက္ခြာႏုိင္ခဲ့သလို အမ္းမရိတ္ကိုေတာ့ သူ႕အစား နီကုိလတ္စ္ ေပေပကပဲ ေရာက္ရွိလာခဲ့ၿပီး ကလပ္စံခ်ိန္တင္ေဈးႏွဳန္းနဲ႔ ကိုက္ညီေအာင္ ေျခစြမ္းမျပႏိုင္ခဲ့ဘဲ ေမွ်ာ္လင့္ခ်က္ေတြကို ျဖည့္ဆည္းမေပးႏုိင္ခဲ့တာကိုလည္း ေတြ႕ရပါတယ္။

လက္ရွိမွာေတာ့ ေဈးႏွဳန္းေလွ်ာ့ခ်သတ္မွတ္ေပးလုိက္တာဟာ အာဆင္နယ္နဲ႔ အဲဗာတန္တုိ႔အတြက္ သတိေပးေခါင္းေလာင္းသံလည္းျဖစ္ခဲ့ၿပီး ဇာဟာအေနနဲ႔ေတာ့ ယူ႐ိုပါလိဂ္ကစားႏုိင္မယ့္ လန္ဒန္ကလပ္ဆီ ေျပာင္းေရႊ႕ခ်င္ေနတယ္လို႔ သတင္းေတြ ၾကားခဲ့ရသလို ၿပီးခဲ့တဲ့ ညကေတာ့ သူနဲ႔ အတူရွိေနခဲ့တဲ့ သူငယ္ခ်င္း အန္တိုနီ ဘီလင္းက ႏိုက္ကလပ္က ဗီဒီယိုကို အင္စတာဂရမ္မွာ တင္ခဲ့တာျဖစ္ၿပီး ျပန္ရွဲၾကသူေတြေၾကာင့္ တြစ္တာမွာပါ ျပန္႔ပြားခဲ့တာလည္းျဖစ္ပါတယ္။

ဒါ့အျပင္ ဘီလင္းဟာ သူ႕ရဲ႕ သူငယ္ခ်င္း ဇာဟာအတြက္ ပ႐ိုမိုးရွင္းလုပ္ပုံရၿပီး အင္စတာဂရမ္မွာလည္း “အာဆင္နယ္… ခင္ဗ်ားတုိ႔အေနနဲ႔ ဒီလူ႕ကို မေခၚဘူးဆိုရင္ေတာ့ ေတာ္ေတာ့္ကို ေသာက္သုံးမက်တာပဲ။ ဒီေန႔ ေဈးကြက္ထဲမွာ သူဘယ္ေလာက္တန္တယ္ဆုိတာကို ခင္ဗ်ားတုိ႔ သိပါတယ္”လို႔ တင္သြားခဲ့လို႔ အာဆင္နယ္နဲ႔ တကယ္ပဲ နီးစပ္ႏုိင္ေတာ့မွာလား ေစာင့္ၾကည့္ရဖို႔ ေဖာ္ျပလုိက္ပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ခရစ္စတယ်လ်ပဲလေ့စ်အသင်းကနေ သူ့ရဲ့ ထွက်ခွာချင်တဲ့ ဆန္ဒကို လိုက်လျောပြီး ပေါင်သန်း ၃၀ ရရင် ရောင်းချတော့မယ်လို့ ဆိုထားခဲ့တဲ့ တောင်ပံတိုက်စစ်မှူး ဝီလ်ဖရီးဒ် ဇာဟာကတော့ သူနဲ့ အာဆင်နယ်တို့ရဲ့ သတင်းတွေကို မငြင်းဆန်ဘဲ သဘောကျ ပျော်ရွှင်နေတဲ့ပုံစံကို တွေ့မြင်ခဲ့ရပါတယ်။

လန်ဒန်က နိုက်ကလပ်တစ်ခုမှာ ရောက်ရှိနေခဲ့တဲ့ အိုင်ဗရီကို့စ်တိုက်စစ်မှူးအနေနဲ့ ခန်းမရဲ့ နံရံမှာ Zaha to Arsenal လို့ ထွန်းညှိထားတဲ့ နီယွန်မီးနဲ့ စာတန်းကို လက်ညှိုးထိုးပြခဲ့ပြီး ပျော်ရွှင်ရယ်မောနေခဲ့ပုံကို ရိုက်ကူးထားတဲ့ ဗီဒီယိုကလည်း ဆိုရှယ်မီဒီယာတွေမှာ ပျံ့နှံ့နေခဲ့ပြီး အာဆင်နယ် ပရိသတ်တွေအတွက်တော့ သူတို့ရဲ့ တောင်ပံတိုက်စစ်အတွက် မျှော်လင့်ချက်ကြီးမားချင်စရာလည်းဖြစ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရာသီက အာဆင်နယ်နည်းပြ အူနိုင်း အမ်မရီရဲ့ ဦးစားပေးပစ်မှတ်အဖြစ် အနောက်လန်ဒန်ကလပ်နဲ့ ဆွေးနွေးဖြစ်ခဲ့ပေမယ့် ပေါင်သန်း ၈၀ ဆိုတဲ့ ဈေးနှုန်းကို ကိုင်စွဲထားမှုကြောင့် ဆဲလ်ဟာ့စ်ပါ့ခ်က မထွက်ခွာနိုင်ခဲ့သလို အမ်းမရိတ်ကိုတော့ သူ့အစား နီကိုလတ်စ် ပေပေကပဲ ရောက်ရှိလာခဲ့ပြီး ကလပ်စံချိန်တင်ဈေးနှုန်းနဲ့ ကိုက်ညီအောင် ခြေစွမ်းမပြနိုင်ခဲ့ဘဲ မျှော်လင့်ချက်တွေကို ဖြည့်ဆည်းမပေးနိုင်ခဲ့တာကိုလည်း တွေ့ရပါတယ်။

လက်ရှိမှာတော့ ဈေးနှုန်းလျှော့ချသတ်မှတ်ပေးလိုက်တာဟာ အာဆင်နယ်နဲ့ အဲဗာတန်တို့အတွက် သတိပေးခေါင်းလောင်းသံလည်းဖြစ်ခဲ့ပြီး ဇာဟာအနေနဲ့တော့ ယူရိုပါလိဂ်ကစားနိုင်မယ့် လန်ဒန်ကလပ်ဆီ ပြောင်းရွှေ့ချင်နေတယ်လို့ သတင်းတွေ ကြားခဲ့ရသလို ပြီးခဲ့တဲ့ ညကတော့ သူနဲ့ အတူရှိနေခဲ့တဲ့ သူငယ်ချင်း အန်တိုနီ ဘီလင်းက နိုက်ကလပ်က ဗီဒီယိုကို အင်စတာဂရမ်မှာ တင်ခဲ့တာဖြစ်ပြီး ပြန်ရှဲကြသူတွေကြောင့် တွစ်တာမှာပါ ပြန့်ပွားခဲ့တာလည်းဖြစ်ပါတယ်။

ဒါ့အပြင် ဘီလင်းဟာ သူ့ရဲ့ သူငယ်ချင်း ဇာဟာအတွက် ပရိုမိုးရှင်းလုပ်ပုံရပြီး အင်စတာဂရမ်မှာလည်း “အာဆင်နယ်… ခင်ဗျားတို့အနေနဲ့ ဒီလူ့ကို မခေါ်ဘူးဆိုရင်တော့ တော်တော့်ကို သောက်သုံးမကျတာပဲ။ ဒီနေ့ ဈေးကွက်ထဲမှာ သူဘယ်လောက်တန်တယ်ဆိုတာကို ခင်ဗျားတို့ သိပါတယ်”လို့ တင်သွားခဲ့လို့ အာဆင်နယ်နဲ့ တကယ်ပဲ နီးစပ်နိုင်တော့မှာလား စောင့်ကြည့်ရဖို့ ဖော်ပြလိုက်ပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.