Premier League

ပေါင် ၄၂၇ သန်းတန်ကစားသမားကို ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့ ချဲလ်ဆီး

ချဲလ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးက မန်ချက်စတာစီးတီး၊ လီဗာပူးလ်အသင်းတို့နဲ့ ကွာဟမှုကို လျှော့ချဖို့ ကြိုးပမ်းနေတာကြောင့် ယခုနွေရာသီမှာ အလုပ်အများဆုံးအသင်းတွေထဲက တစ်သင်းဖြစ်လာတော့မှာဖြစ်ပါတယ်။

သောမတ်စ် တူဟယ်ရဲ့ အသင်းဟာ ပြီးခဲ့တဲ့ရာသီမှာ အဆင့် ၃ နေရာနဲ့ ရာသီပြီးဆုံးနိုင်ခဲ့ပေမယ့်လည်း လာမယ့်ရာသီမှာ အဲဒီ ရပ်တည်မှုထက် ပိုမိုကောင်းမွန်တဲ့ ရပ်တည်မှု ရရှိဖို့ဆိုရင် တိုးတက်အောင် လုပ်ဆောင်ရမယ့်အရာတွေ အများကြီး ရှိနေတာဖြစ်ပါတယ်။ အသင်းပိုင်ရှင်သစ် တော့ဒ် ဘိုလီလုပ်ငန်းစုရဲ့ လက်အောက်မှာ ပြုလုပ်မယ့် အပြောင်းအရွှေ့တွေကို စီစဉ်ထားပြီး စတမ်းဖို့ဒ် ဘရစ်ချ်ကို ပြောင်းရွှေ့မယ့် ကစားသမားနာမည်တွေ တော်တော်များများ ထွက်ပေါ်နေခဲ့ပြီးဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းဟာ လာမယ့်ရာသီအတွက် နေရာတိုင်းမှာ အင်အားဖြည့်တင်းမှုတွေ လုပ်ဆောင်သွားချင်နေပြီး အသင်းက ကစားသမားအများအပြားကလည်း ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ဖို့ စတမ်းဖို့ဒ် ဘရစ်ချ်ကို စွန့်ခွာသွားတဲ့ ရူဒီဂါနောက်ကို လိုက်ဖို့ ရှိနေသေးတာဖြစ်ပြီး ချဲလ်ဆီးအသင်းဟာ လာမယ့်ရက်သတ္တပတ်အတွင်းမှာ ဘာစီလိုနာ ဘယ်နောက်ခံကစားသမားကို ခေါ်ယူနိုင်ဖို့ မျှော်လင့်နေတာကြောင့် အလက်ဟန်းဒရိုး ဘာဒယ်ရဲ့ ကိုယ်စားလှယ်တွေကို ဆက်သွယ်ခဲ့တယ်လို့ Mundo Deportivo က ဖော်ပြခဲ့ပါတယ်။

အသက် ၁၈ နှစ်အရွယ်သာ ရှိသေးတဲ့ ဘာစီလိုနာဘယ်နောက်ခံကစားသမားဟာ စာချုပ်လျော်ကြေး ပေါင် ၄၂၇ သန်းထည့်သွင်းချုပ်ဆိုထားတဲ့ကစားသမားလို့ သိရပြီး မကြာသေးမီကမှ ပထမအသင်းထဲ ပါဝင်ကစားခွင့်ရခဲ့တဲ့ လာမာစီယာအကယ်ဒမီထွက် ကစားသမားဖြစ်ပါတယ်။ အလက်ဟန်းဒရိုး ဘာဒယ်ဟာ ပြီးခဲ့တဲ့တစ်ရာသီလုံးမှာ ၇ ပွဲသာ ပါဝင်ကစားခွင့် ရရှိခဲ့တာဖြစ်ပြီး ၎င်းရဲ့ အချိန်အများစုကို ဘာစီလိုနာဒုတိယအသင်းနဲ့ ကုန်ဆုံးခဲ့ရတာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းဟာ ယခုနွေရာသီမှာ ဘာဒယ်ကို ခေါ်ယူနိုင်ခြေရှိ၊ မရှိ ကတ်တလန်အသင်းဆီကို စုံစမ်းမေးမြန်းမှုတွေ ပြုလုပ်ခဲ့ပြီး ဘယ်နောက်ခံလူရဲ့အေးဂျင့် ဂျော့ဂျ် မန်းဒက်စ်ကိုလည်း စိတ်ဝင်စားကြောင်း ဆက်သွယ်ပြောဆိုခဲ့တယ်လို့ ယုံကြည်ရပါတယ်။

ဂျူးစ် ကွန်ဒေးဟာ ချဲလ်ဆီးအသင်းကို ပြောင်းရွှေ့ဖို့ သတင်းတွေ အခိုင်အမာ ထွက်ပေါ်နေခဲ့ပေမယ့်လည်း ဘာစီလိုနာအသင်းနဲ့ နောက်တဆင့် ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်နေခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ ချဲလ်ဆီးအသင်းဟာ အချိန်အတော်ကြာ စောင့်ကြည့်ခဲ့တဲ့ ဂျူးစ် ကွန်ဒေးကို ယခုနွေရာသီမှာ ခေါ်ယူနိုင်လိမ့်မယ်လို့ မျှော်လင့်ချက်ရှိနေဆဲဖြစ်တယ်လို့ သိရပါတယ်။

ဆီဗီလာနောက်ခံကစားသမားနဲ့ ပုဂ္ဂိုလ်ရေးအချက်တွေ သဘောတူညီမှု ရရှိခဲ့ပြီးဖြစ်ပေမယ့် စပိန်လာလီဂါအသင်းက ပြင်သစ်နောက်ခံလူကို ရောင်းထုတ်ဖို့ ခွင့်ပြုသွားချင်နေတာကြောင့် သဘောတူညီမှုရရှိအောင် လုပ်ဖို့ လိုအပ်နေသေးတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ခ်ဲလ္ဆီးအသင္းဟာ ပရီးမီးယားလိဂ္အမွတ္ေပးဇယားထိပ္ဆုံးက မန္ခ်က္စတာစီးတီး၊ လီဗာပူးလ္အသင္းတို႔နဲ႔ ကြာဟမႈကို ေလွ်ာ့ခ်ဖို႔ ႀကိဳးပမ္းေနတာေၾကာင့္ ယခုေႏြရာသီမွာ အလုပ္အမ်ားဆုံးအသင္းေတြထဲက တစ္သင္းျဖစ္လာေတာ့မွာျဖစ္ပါတယ္။

ေသာမတ္စ္ တူဟယ္ရဲ႕ အသင္းဟာ ၿပီးခဲ့တဲ့ရာသီမွာ အဆင့္ ၃ ေနရာနဲ႔ ရာသီၿပီးဆုံးႏိုင္ခဲ့ေပမယ့္လည္း လာမယ့္ရာသီမွာ အဲဒီ ရပ္တည္မႈထက္ ပိုမိုေကာင္းမြန္တဲ့ ရပ္တည္မႈ ရရွိဖို႔ဆိုရင္ တိုးတက္ေအာင္ လုပ္ေဆာင္ရမယ့္အရာေတြ အမ်ားႀကီး ရွိေနတာျဖစ္ပါတယ္။ အသင္းပိုင္ရွင္သစ္ ေတာ့ဒ္ ဘိုလီလုပ္ငန္းစုရဲ႕ လက္ေအာက္မွာ ျပဳလုပ္မယ့္ အေျပာင္းအေ႐ႊ႕ေတြကို စီစဥ္ထားၿပီး စတမ္းဖို႔ဒ္ ဘရစ္ခ်္ကို ေျပာင္းေ႐ႊ႕မယ့္ ကစားသမားနာမည္ေတြ ေတာ္ေတာ္မ်ားမ်ား ထြက္ေပၚေနခဲ့ၿပီးျဖစ္ပါတယ္။

ခ်ဲလ္ဆီးအသင္းဟာ လာမယ့္ရာသီအတြက္ ေနရာတိုင္းမွာ အင္အားျဖည့္တင္းမႈေတြ လုပ္ေဆာင္သြားခ်င္ေနၿပီး အသင္းက ကစားသမားအမ်ားအျပားကလည္း ရီးရဲလ္မက္ဒရစ္ကို ေျပာင္းေ႐ႊ႕ဖို႔ စတမ္းဖို႔ဒ္ ဘရစ္ခ်္ကို စြန႔္ခြာသြားတဲ့ ႐ူဒီဂါေနာက္ကို လိုက္ဖို႔ ရွိေနေသးတာျဖစ္ၿပီး ခ်ဲလ္ဆီးအသင္းဟာ လာမယ့္ရက္သတၱပတ္အတြင္းမွာ ဘာစီလိုနာ ဘယ္ေနာက္ခံကစားသမားကို ေခၚယူႏိုင္ဖို႔ ေမွ်ာ္လင့္ေနတာေၾကာင့္ အလက္ဟန္းဒ႐ိုး ဘာဒယ္ရဲ႕ ကိုယ္စားလွယ္ေတြကို ဆက္သြယ္ခဲ့တယ္လို႔ Mundo Deportivo က ေဖာ္ျပခဲ့ပါတယ္။

အသက္ ၁၈ ႏွစ္အ႐ြယ္သာ ရွိေသးတဲ့ ဘာစီလိုနာဘယ္ေနာက္ခံကစားသမားဟာ စာခ်ဳပ္ေလ်ာ္ေၾကး ေပါင္ ၄၂၇ သန္းထည့္သြင္းခ်ဳပ္ဆိုထားတဲ့ကစားသမားလို႔ သိရၿပီး မၾကာေသးမီကမွ ပထမအသင္းထဲ ပါဝင္ကစားခြင့္ရခဲ့တဲ့ လာမာစီယာအကယ္ဒမီထြက္ ကစားသမားျဖစ္ပါတယ္။ အလက္ဟန္းဒ႐ိုး ဘာဒယ္ဟာ ၿပီးခဲ့တဲ့တစ္ရာသီလုံးမွာ ၇ ပြဲသာ ပါဝင္ကစားခြင့္ ရရွိခဲ့တာျဖစ္ၿပီး ၎ရဲ႕ အခ်ိန္အမ်ားစုကို ဘာစီလိုနာဒုတိယအသင္းနဲ႔ ကုန္ဆုံးခဲ့ရတာျဖစ္ပါတယ္။

ခ်ဲလ္ဆီးအသင္းဟာ ယခုေႏြရာသီမွာ ဘာဒယ္ကို ေခၚယူႏိုင္ေျခရွိ၊ မရွိ ကတ္တလန္အသင္းဆီကို စုံစမ္းေမးျမန္းမႈေတြ ျပဳလုပ္ခဲ့ၿပီး ဘယ္ေနာက္ခံလူရဲ႕ေအးဂ်င့္ ေဂ်ာ့ဂ်္ မန္းဒက္စ္ကိုလည္း စိတ္ဝင္စားေၾကာင္း ဆက္သြယ္ေျပာဆိုခဲ့တယ္လို႔ ယုံၾကည္ရပါတယ္။

ဂ်ဴးစ္ ကြန္ေဒးဟာ ခ်ဲလ္ဆီးအသင္းကို ေျပာင္းေ႐ႊ႕ဖို႔ သတင္းေတြ အခိုင္အမာ ထြက္ေပၚေနခဲ့ေပမယ့္လည္း ဘာစီလိုနာအသင္းနဲ႔ ေနာက္တဆင့္ ေျပာဆိုေဆြးေႏြးမႈေတြ ျပဳလုပ္ေနခဲ့တယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။ ခ်ဲလ္ဆီးအသင္းဟာ အခ်ိန္အေတာ္ၾကာ ေစာင့္ၾကည့္ခဲ့တဲ့ ဂ်ဴးစ္ ကြန္ေဒးကို ယခုေႏြရာသီမွာ ေခၚယူႏိုင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ခ်က္ရွိေနဆဲျဖစ္တယ္လို႔ သိရပါတယ္။

ဆီဗီလာေနာက္ခံကစားသမားနဲ႔ ပုဂၢိဳလ္ေရးအခ်က္ေတြ သေဘာတူညီမႈ ရရွိခဲ့ၿပီးျဖစ္ေပမယ့္ စပိန္လာလီဂါအသင္းက ျပင္သစ္ေနာက္ခံလူကို ေရာင္းထုတ္ဖို႔ ခြင့္ျပဳသြားခ်င္ေနတာေၾကာင့္ သေဘာတူညီမႈရရွိေအာင္ လုပ္ဖို႔ လိုအပ္ေနေသးတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.