La Liga Premier League

ဟာလန်းသာ ရီးရဲလ်လာရင် အရန်ခုံပဲ ထိုင်နေရမယ်လို့ မန်စီးတီးကို နှိမ်လိုက်တဲ့ ရီးရဲလ်မက်ဒရစ်ဥက္ကဌ

ရီးရဲလ်မက်ဒရစ်အသင်းဥက္ကဌ ဖလော်ရန်တီနို ပီးရက်ဇ်က အာလင်း ဟာလန်းဟာ ကာရင် ဘင်ဇီးမားရဲ့ အရည်အသွေးကြောင့် ဘာနေဗျူးကိုလာရင် ပုံမှန်ပွဲထွက်ခွင့်ရကစားသမားဖြစ်မှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

နော်ဝေလက်ရွေးစင်တိုက်စစ်မှူးဟာ ယခုနွေရာသီမှာ အသင်းတိုင်း လိုချင်နေတဲ့ ကစားသမားဖြစ်ခဲ့ပေမယ့်လည်း မန်ချက်စတာစီးတီးအသင်းက ဟာလလန်းကို ခေါ်ယူဖို့ ဒေါ့မွန်နဲ့ သဘောတူညီမှု ရရှိခဲ့တာဖြစ်ပါတယ်။ ဟာလန်းဟာ ဒေါ့မွန်အသင်းမှာ တဟုန်ထိုး ခြေစွမ်းမြင့်တက်လာခဲ့တာဖြစ်ပြီး အဲဒီအချိန်ကတည်းက ရီးရဲလ်မက်ဒရစ်အသင်းရဲ့ စိတ်ဝင်စားခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။

ပီးရက်ဇ်ဟာ ပြီးခဲ့တဲ့နှစ်တွေမှာ အဓိကကစားသမား မခေါ်ယူနိုင်ခဲ့တဲ့အတွက် အသင်း ပရိသတ်တွေရဲ့ ဖိအားပေးခြင်း ခံနေခဲ့ရသူဖြစ်ပေမယ့် ရီးရဲလ်မက်ဒရစ်ဥက္ကဌက ဟာလန်းက ဘာနေဗျူးလာရင် နေရာရမှာမဟုတ်ဘူးလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“အမ်ဘာပေရဲ့ သဘောတူညီမှုက ဟာလန်းရဲ့ အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး ဘာ ပြဿနာမှ မဖန်တီးခဲ့ပါဘူး။ လုံးဝပါပဲ။ ကျွန်တော်တို့မှာ ဘင်ဇီးမားရှိတယ်။ အဲဒီတော့ သူ့ကို ကာရင်နဲ့တပြိုင်တည်း ခေါ်ထားဖို့ မဖြစ်နိုင်ပါဘူး။ ကျွန်တော်တို့ ဟာလန်းကို အရန်ခုံထိုင်ထားခိုင်းဖို့အတွက်တော့ မခေါ်ယူနိုင်ပါဘူး။ ဟာလန်း အံ့အားသင့်စရာကောင်းတဲ့ ကစားသမားပါ”လို့ ပြောကြားခဲ့ပါတယ်။

ဟာလန်းရဲ့ ဒေါ့မွန်အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်လျော်ကြေးကြောင့် နော်ဝေတိုက်စစ်မှူးဟာ ၎င်းရဲ့ အမှန်တကယ် ဈေးကွက်ပေါက်ဈေးထက် ပိုမိုနည်းပါးတဲ့ပမာဏနဲ့ ခေါ်ယူနိုင်တဲ့ကစားသမားဖြစ်နေခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပီးရက်ဇ်က အစ်တီဟတ်မျာ တူညီတဲ့အခြေအနေ ရှိနေလားဆိုတာ မသေချာဘူးလို့ ပြောကြားခဲ့ပါတယ်။

“ဟာလန်းရဲ့ မန်စီးတီးနဲ့ ချုပ်ထားတဲ့ စာချုပ်ထဲမှာ စာချုပ်လျော်ကြေးပါလားဆိုတာ ကျွန်တော် မသိပါဘူး”လို့ ပြောကြားခဲ့ပါတယ်။ ဘင်ဇီးမားဟာ လာလီဂါနဲ့ ချန်ပီယံလိဂ်ဖလား ရရှိခဲ့တဲ့ ရီးရဲလ်မက်ဒရစ်အသင်းအတွက် သွင်းဂိုး ၄၄ ဂိုးအထိ သွင်းယူပေးခဲ့ပြီး နောက်ထပ် ထူးခြားဆန်းကြယ်တဲ့ရာသီတစ်ခုကို ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် ဘင်ဇီးမားဟာ ဘလွန်ဒေါဆုကို ရရှိနိုင်တဲ့ကစားသမားအဖြစ် တစ်ကြိုပေးခြင်းခံနေရတာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူးအတွက် အဓိကပြိုင်ဘက်ကတော့ ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘာပေဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကာရင် ဘင်ဇီးမားဟာ ပြီးခဲ့တဲ့ရာသီမှာ ရီးရဲလ်မက်ဒရစ်နဲ့အတူ လာလီဂါ၊ ချန်ပီယံလိဂ်ဖလားတို့ကို ကိုင်မြှောက်နိုင်ခဲ့တာကြောင့် ပြင်သစ်လက်ရွေးစင်အသင်းဖော်ထက် ဆုရရှိဖို့ ရေပန်းစားနေတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ရီးရဲလ္မက္ဒရစ္အသင္းဥကၠဌ ဖေလာ္ရန္တီႏို ပီးရက္ဇ္က အာလင္း ဟာလန္းဟာ ကာရင္ ဘင္ဇီးမားရဲ႕ အရည္အေသြးေၾကာင့္ ဘာေနဗ်ဴးကိုလာရင္ ပုံမွန္ပြဲထြက္ခြင့္ရကစားသမားျဖစ္မွာမဟုတ္ဘူးလို႔ ေျပာၾကားခဲ့ပါတယ္။

ေနာ္ေဝလက္ေ႐ြးစင္တိုက္စစ္မႉးဟာ ယခုေႏြရာသီမွာ အသင္းတိုင္း လိုခ်င္ေနတဲ့ ကစားသမားျဖစ္ခဲ့ေပမယ့္လည္း မန္ခ်က္စတာစီးတီးအသင္းက ဟာလလန္းကို ေခၚယူဖို႔ ေဒါ့မြန္နဲ႔ သေဘာတူညီမႈ ရရွိခဲ့တာျဖစ္ပါတယ္။ ဟာလန္းဟာ ေဒါ့မြန္အသင္းမွာ တဟုန္ထိုး ေျခစြမ္းျမင့္တက္လာခဲ့တာျဖစ္ၿပီး အဲဒီအခ်ိန္ကတည္းက ရီးရဲလ္မက္ဒရစ္အသင္းရဲ႕ စိတ္ဝင္စားျခင္းကို ခံခဲ့ရတာျဖစ္ပါတယ္။

ပီးရက္ဇ္ဟာ ၿပီးခဲ့တဲ့ႏွစ္ေတြမွာ အဓိကကစားသမား မေခၚယူႏိုင္ခဲ့တဲ့အတြက္ အသင္း ပရိသတ္ေတြရဲ႕ ဖိအားေပးျခင္း ခံေနခဲ့ရသူျဖစ္ေပမယ့္ ရီးရဲလ္မက္ဒရစ္ဥကၠဌက ဟာလန္းက ဘာေနဗ်ဴးလာရင္ ေနရာရမွာမဟုတ္ဘူးလို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“အမ္ဘာေပရဲ႕ သေဘာတူညီမႈက ဟာလန္းရဲ႕ အေျပာင္းအေ႐ႊ႕နဲ႔ပတ္သက္ၿပီး ဘာ ျပႆနာမွ မဖန္တီးခဲ့ပါဘူး။ လုံးဝပါပဲ။ ကြၽန္ေတာ္တို႔မွာ ဘင္ဇီးမားရွိတယ္။ အဲဒီေတာ့ သူ႔ကို ကာရင္နဲ႔တၿပိဳင္တည္း ေခၚထားဖို႔ မျဖစ္ႏိုင္ပါဘူး။ ကြၽန္ေတာ္တို႔ ဟာလန္းကို အရန္ခုံထိုင္ထားခိုင္းဖို႔အတြက္ေတာ့ မေခၚယူႏိုင္ပါဘူး။ ဟာလန္း အံ့အားသင့္စရာေကာင္းတဲ့ ကစားသမားပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

ဟာလန္းရဲ႕ ေဒါ့မြန္အသင္းနဲ႔ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္ေလ်ာ္ေၾကးေၾကာင့္ ေနာ္ေဝတိုက္စစ္မႉးဟာ ၎ရဲ႕ အမွန္တကယ္ ေဈးကြက္ေပါက္ေဈးထက္ ပိုမိုနည္းပါးတဲ့ပမာဏနဲ႔ ေခၚယူႏိုင္တဲ့ကစားသမားျဖစ္ေနခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ပီးရက္ဇ္က အစ္တီဟတ္မ်ာ တူညီတဲ့အေျခအေန ရွိေနလားဆိုတာ မေသခ်ာဘူးလို႔ ေျပာၾကားခဲ့ပါတယ္။

“ဟာလန္းရဲ႕ မန္စီးတီးနဲ႔ ခ်ဳပ္ထားတဲ့ စာခ်ဳပ္ထဲမွာ စာခ်ဳပ္ေလ်ာ္ေၾကးပါလားဆိုတာ ကြၽန္ေတာ္ မသိပါဘူး”လို႔ ေျပာၾကားခဲ့ပါတယ္။ ဘင္ဇီးမားဟာ လာလီဂါနဲ႔ ခ်န္ပီယံလိဂ္ဖလား ရရွိခဲ့တဲ့ ရီးရဲလ္မက္ဒရစ္အသင္းအတြက္ သြင္းဂိုး ၄၄ ဂိုးအထိ သြင္းယူေပးခဲ့ၿပီး ေနာက္ထပ္ ထူးျခားဆန္းၾကယ္တဲ့ရာသီတစ္ခုကို ပိုင္ဆိုင္ခဲ့တာျဖစ္ပါတယ္။

ဒါေၾကာင့္ ဘင္ဇီးမားဟာ ဘလြန္ေဒါဆုကို ရရွိႏိုင္တဲ့ကစားသမားအျဖစ္ တစ္ႀကိဳေပးျခင္းခံေနရတာျဖစ္ၿပီး ရီးရဲလ္မက္ဒရစ္တိုက္စစ္မႉးအတြက္ အဓိကၿပိဳင္ဘက္ကေတာ့ ပီအက္စ္ဂ်ီတိုက္စစ္မႉး အမ္ဘာေပျဖစ္ပါတယ္။ ဒါေပမယ့္လည္း ကာရင္ ဘင္ဇီးမားဟာ ၿပီးခဲ့တဲ့ရာသီမွာ ရီးရဲလ္မက္ဒရစ္နဲ႔အတူ လာလီဂါ၊ ခ်န္ပီယံလိဂ္ဖလားတို႔ကို ကိုင္ေျမႇာက္ႏိုင္ခဲ့တာေၾကာင့္ ျပင္သစ္လက္ေ႐ြးစင္အသင္းေဖာ္ထက္ ဆုရရွိဖို႔ ေရပန္းစားေနတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.