Premier League Transfer News

19 Jun နောက်ဆုံးရ အာဆင်နယ် အပြောင်းအရွှေ့သတင်းများ

– အာဆင်နယ်အသင်းက သူတို့ရဲ့ တတိယမြောက် နွေရာသီ ခေါ်ယူမှုအတွက် အရှိန်မြှင့် ကြိုးစားနေခဲ့ပြီး မန်ချက်စတာစီးတီးအသင်းရဲ့ ဘရာဇီးလ်တိုက်စစ်မှူး ဂါဘရီယယ်လ် ဂျေဆူးစ်ကို အမြန်ဆုံး လက်မှတ်ထိုးနိုင်ဖို့အတွက် အစ်တီဟတ်ဘက်က အလိုရှိနေတဲ့ ပေါင်သန်း ၅၀ နဲ့ နီးနီးစပ်စပ် ဈေးပေးသွားဖို့ ရှိနေ။

– မြောက်လန်ဒန်ပြိုင်ဘက် တော့တင်ဟမ်ဟော့စပါးစ်အသင်းရဲ့ ချန်ပီယံလိဂ်ကစားခွင့်ကို လျစ်လျူရှုပြီး အာဆင်နယ်အသင်းကို ပြောင်းရွှေ့ဖို့ ပိုမိုလိုလားကြောင်း အိုင်းယက်စ်အသင်းရဲ့ အသက် ၂၄ နှစ်အရွယ် အာဂျင်တီးနားနောက်ခံလူ လီဆန်ဒရို မာတီနက်ဇ်က ဖွင့်ဟသွားခဲ့ကြောင်း အက်သလက်တစ် ဖော်ပြ။

– လာမယ့် ဗုဒ္ဓဟူးနေ့မှာ သူနဲ့ အာဆင်နယ်ရဲ့ ပူးပေါင်းမှုကို တရားဝင် ကြေငြာဖို့အတွက် နည်းပြ မီခယ်လ် အာတီတာနဲ့ စကားစမြည် ဆွေးနွေးထားခဲ့ပြီး အတည်ပြုနိုင်ဖို့ပဲ ကျန်ရှိတော့တယ်လို့ နယူးအင်္ဂလန် ရီဗော်လူးရှင်းဂိုးသမား မတ် တာနာက ထုတ်ဖော်သွားခဲ့ပြီး လက်ရှိနံပါတ်တစ် အာရွန် ရမ်းစ်ဒေးလ်ရဲ့ နေရာအတွက် သတိပေးမှု ပြုလုပ်သွား။

– အလက်ဇန်းဒါး လာကာဇက်နဲ့ ပျယ်-အမ်မရိခ် အူဘာမီယန်းတို့လို ဝါရင့်တိုက်စစ်မှူးတွေ ထွက်ခွာသွားတဲ့ ရှေ့တန်းကို ပြန်လည်ဖြည့်ဆည်းနိုင်ဖို့ အတွေ့အကြုံကောင်းတွေ ပိုင်ဆိုင်ထားတဲ့ စပိန်တိုက်စစ်မှူး အဲလ်ဗာရို မိုရာတာကို ကမ်းလှမ်းထားတယ်လို့ သူ့ကို ပိုင်ဆိုင်တဲ့ အက်သလက်တီကို မက်ဒရစ်အသင်း အတည်ပြုသွားပြီး ဦးစားပေး ခေါ်ယူခွင့် ပေးရမယ့် ဂျူဗင်တပ်စ်အသင်းနဲ့ အငှားကိစ္စကို ပြတ်ပြတ်သားသား သိရဖို့ လုပ်ဆောင်နေ။

– အာဆင်နယ်အသင်းအနေနဲ့ အထောင်တိုက်စစ်ပိုင်းအတွက် လူသစ်ခေါ်ယူသွားဖို့ အရန်အစီအစဉ်အဖြစ် စပိန်လာလီဂါကလပ် အက်စ်ပန်ညိုရဲ့ တိုက်စစ်မှူး ရာအူးလ် ဒီတိုမတ်စ်ကို စောင့်ကြည့်နေပြီး ကာတာလန်သားတွေအနေနဲ့ သူ့အတွက် စာချုပ်လျော်ကြေး ပေါင်သန်း ၆၀ ထည့်သွင်းထားပြီး လက်ရှိဈေးကွက်မှာ ပေါင် ၂၁.၅ သန်း ပေါက်နေ။

– အသင်းရဲ့ အပယ်ခံကစားသမား ဟက်တာ ဘယ်လာရင်အနေနဲ့ အသင်းပရိသတ်တွေ အမျက်ထွက်စေမယ့် သူ့ရဲ့ ပေါင် ၈.၅ သန်းတန် ပြောင်းရွှေ့ကြေးနဲ့ လက်ကျန် စာချုပ်ကို ဖျက်သိမ်းပြီး ရီးရဲဘက်တစ်ဆီ အလွတ်ထွက်ခွာခွင့်ကို တောင်းဆိုလိုက်ပြီး အာဆင်နယ်ဆီက ရစရာရှိတဲ့ လစာငွေ ပေါင် ၅.၇ သန်းကို လက်လွှတ်ပေးမယ်လို့ ညှိနှိုင်းခဲ့။

– မန်ချက်စတာစီးတီးအသင်းရဲ့ ဘရိုက်တန်အသင်းဆီက ဘယ်နောက်ခံလူ မာ့ခ် ကူကူရဲယားကို ဒီနွေရာသီမှာ မဖြစ်မနေ ခေါ်ယူသွားမယ့် အစီအစဉ်အရ အာဆင်နယ်တို့အနေနဲ့ သူတို့ရဲ့ တောင်ပံသမား အိုလက်ဇန်ဒါ ဇင်ချန်ကို,ကို ခေါ်ယူနိုင်ဖို့ လမ်းစပွင့်နေပြီး အဲဗာတန်အသင်းနဲ့ ပြိုင်ဆိုင်ရဖို့ ရှိနေ။

– အာဆင်နယ်အသင်းရဲ့ ကစားသမားသစ်ဖြစ်လာမယ့် ဖာဘီယို ဗီယာရာကို သဘောတူညီနိုင်ခဲ့မှုအပြီးမှာ လက်စတာစီးတီးအသင်းက ကွင်းလယ်ကစားသမား ယူရီ တီးလီးမန်းစ်ကို ခေါ်ယူဖို့ သွေးအေးလာခဲ့တယ်လို့ သတင်းထွက်နေလို့ ပရိသတ်တွေ စိတ်ပျက်နေတဲ့အပေါ် Express သတင်းဌာနရဲ့ ဂျာနယ်လစ် ရိုင်ယန် တေလာက ခေါ်ယူဖို့ ကမ်းလှမ်းပါလိမ့်မယ်လို့ ဖြေဆေးပေးသွား။

– လူငယ်အကယ်ဒမီထွက် တိုက်စစ်မှူး အက်ဒီ နကီးတီးယားကို သီယာရီ အွန်နရီရဲ့ ဂန္ထဝင် ကျောနံပါတ် ၁၄ ပေးအပ်ပြီး ငါးနှစ်စာချုပ်သစ် ပေးအပ်လိုက်ခြင်းဟာ အသင်းအတွက်တော့ ကစားသမားသစ်တစ်ဦး ခေါ်ယူနိုင်မှုနဲ့ ညီမျှတယ်လို့ ပရိသတ်တွေက ထင်ကြေးပေးခဲ့ကြပြီး နံပါတ်အသစ်နဲ့ ပိုမိုခြေစွမ်းပြနိုင်ဖို့ မျှော်လင့်နေကြ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္အသင္းက သူတို႔ရဲ႕ တတိယေျမာက္ ေႏြရာသီ ေခၚယူမႈအတြက္ အရွိန္ျမႇင့္ ႀကိဳးစားေနခဲ့ၿပီး မန္ခ်က္စတာစီးတီးအသင္းရဲ႕ ဘရာဇီးလ္တိုက္စစ္မႉး ဂါဘရီယယ္လ္ ေဂ်ဆူးစ္ကို အျမန္ဆုံး လက္မွတ္ထိုးႏိုင္ဖို႔အတြက္ အစ္တီဟတ္ဘက္က အလိုရွိေနတဲ့ ေပါင္သန္း ၅၀ နဲ႔ နီးနီးစပ္စပ္ ေဈးေပးသြားဖို႔ ရွိေန။

– ေျမာက္လန္ဒန္ၿပိဳင္ဘက္ ေတာ့တင္ဟမ္ေဟာ့စပါးစ္အသင္းရဲ႕ ခ်န္ပီယံလိဂ္ကစားခြင့္ကို လ်စ္လ်ဴရႈၿပီး အာဆင္နယ္အသင္းကို ေျပာင္းေ႐ႊ႕ဖို႔ ပိုမိုလိုလားေၾကာင္း အိုင္းယက္စ္အသင္းရဲ႕ အသက္ ၂၄ ႏွစ္အ႐ြယ္ အာဂ်င္တီးနားေနာက္ခံလူ လီဆန္ဒ႐ို မာတီနက္ဇ္က ဖြင့္ဟသြားခဲ့ေၾကာင္း အက္သလက္တစ္ ေဖာ္ျပ။

– လာမယ့္ ဗုဒၶဟူးေန႔မွာ သူနဲ႔ အာဆင္နယ္ရဲ႕ ပူးေပါင္းမႈကို တရားဝင္ ေၾကျငာဖို႔အတြက္ နည္းျပ မီခယ္လ္ အာတီတာနဲ႔ စကားစျမည္ ေဆြးေႏြးထားခဲ့ၿပီး အတည္ျပဳႏိုင္ဖို႔ပဲ က်န္ရွိေတာ့တယ္လို႔ နယူးအဂၤလန္ ရီေဗာ္လူးရွင္းဂိုးသမား မတ္ တာနာက ထုတ္ေဖာ္သြားခဲ့ၿပီး လက္ရွိနံပါတ္တစ္ အာ႐ြန္ ရမ္းစ္ေဒးလ္ရဲ႕ ေနရာအတြက္ သတိေပးမႈ ျပဳလုပ္သြား။

– အလက္ဇန္းဒါး လာကာဇက္နဲ႔ ပ်ယ္-အမ္မရိခ္ အူဘာမီယန္းတို႔လို ဝါရင့္တိုက္စစ္မႉးေတြ ထြက္ခြာသြားတဲ့ ေရွ႕တန္းကို ျပန္လည္ျဖည့္ဆည္းႏိုင္ဖို႔ အေတြ႕အႀကဳံေကာင္းေတြ ပိုင္ဆိုင္ထားတဲ့ စပိန္တိုက္စစ္မႉး အဲလ္ဗာ႐ို မိုရာတာကို ကမ္းလွမ္းထားတယ္လို႔ သူ႔ကို ပိုင္ဆိုင္တဲ့ အက္သလက္တီကို မက္ဒရစ္အသင္း အတည္ျပဳသြားၿပီး ဦးစားေပး ေခၚယူခြင့္ ေပးရမယ့္ ဂ်ဴဗင္တပ္စ္အသင္းနဲ႔ အငွားကိစၥကို ျပတ္ျပတ္သားသား သိရဖို႔ လုပ္ေဆာင္ေန။

– အာဆင္နယ္အသင္းအေနနဲ႔ အေထာင္တိုက္စစ္ပိုင္းအတြက္ လူသစ္ေခၚယူသြားဖို႔ အရန္အစီအစဥ္အျဖစ္ စပိန္လာလီဂါကလပ္ အက္စ္ပန္ညိဳရဲ႕ တိုက္စစ္မႉး ရာအူးလ္ ဒီတိုမတ္စ္ကို ေစာင့္ၾကည့္ေနၿပီး ကာတာလန္သားေတြအေနနဲ႔ သူ႔အတြက္ စာခ်ဳပ္ေလ်ာ္ေၾကး ေပါင္သန္း ၆၀ ထည့္သြင္းထားၿပီး လက္ရွိေဈးကြက္မွာ ေပါင္ ၂၁.၅ သန္း ေပါက္ေန။

– အသင္းရဲ႕ အပယ္ခံကစားသမား ဟက္တာ ဘယ္လာရင္အေနနဲ႔ အသင္းပရိသတ္ေတြ အမ်က္ထြက္ေစမယ့္ သူ႔ရဲ႕ ေပါင္ ၈.၅ သန္းတန္ ေျပာင္းေ႐ႊ႕ေၾကးနဲ႔ လက္က်န္ စာခ်ဳပ္ကို ဖ်က္သိမ္းၿပီး ရီးရဲဘက္တစ္ဆီ အလြတ္ထြက္ခြာခြင့္ကို ေတာင္းဆိုလိုက္ၿပီး အာဆင္နယ္ဆီက ရစရာရွိတဲ့ လစာေငြ ေပါင္ ၅.၇ သန္းကို လက္လႊတ္ေပးမယ္လို႔ ညႇိႏႈိင္းခဲ့။

– မန္ခ်က္စတာစီးတီးအသင္းရဲ႕ ဘ႐ိုက္တန္အသင္းဆီက ဘယ္ေနာက္ခံလူ မာ့ခ္ ကူကူရဲယားကို ဒီေႏြရာသီမွာ မျဖစ္မေန ေခၚယူသြားမယ့္ အစီအစဥ္အရ အာဆင္နယ္တို႔အေနနဲ႔ သူတို႔ရဲ႕ ေတာင္ပံသမား အိုလက္ဇန္ဒါ ဇင္ခ်န္ကို,ကို ေခၚယူႏိုင္ဖို႔ လမ္းစပြင့္ေနၿပီး အဲဗာတန္အသင္းနဲ႔ ၿပိဳင္ဆိုင္ရဖို႔ ရွိေန။

– အာဆင္နယ္အသင္းရဲ႕ ကစားသမားသစ္ျဖစ္လာမယ့္ ဖာဘီယို ဗီယာရာကို သေဘာတူညီႏိုင္ခဲ့မႈအၿပီးမွာ လက္စတာစီးတီးအသင္းက ကြင္းလယ္ကစားသမား ယူရီ တီးလီးမန္းစ္ကို ေခၚယူဖို႔ ေသြးေအးလာခဲ့တယ္လို႔ သတင္းထြက္ေနလို႔ ပရိသတ္ေတြ စိတ္ပ်က္ေနတဲ့အေပၚ Express သတင္းဌာနရဲ႕ ဂ်ာနယ္လစ္ ႐ိုင္ယန္ ေတလာက ေခၚယူဖို႔ ကမ္းလွမ္းပါလိမ့္မယ္လို႔ ေျဖေဆးေပးသြား။

– လူငယ္အကယ္ဒမီထြက္ တိုက္စစ္မႉး အက္ဒီ နကီးတီးယားကို သီယာရီ အြန္နရီရဲ႕ ဂႏၴဝင္ ေက်ာနံပါတ္ ၁၄ ေပးအပ္ၿပီး ငါးႏွစ္စာခ်ဳပ္သစ္ ေပးအပ္လိုက္ျခင္းဟာ အသင္းအတြက္ေတာ့ ကစားသမားသစ္တစ္ဦး ေခၚယူႏိုင္မႈနဲ႔ ညီမွ်တယ္လို႔ ပရိသတ္ေတြက ထင္ေၾကးေပးခဲ့ၾကၿပီး နံပါတ္အသစ္နဲ႔ ပိုမိုေျခစြမ္းျပႏိုင္ဖို႔ ေမွ်ာ္လင့္ေနၾက။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.