Premier League Transfer News

အင်္ဂလန်ရဲ့ဘောလုံးပေးပို့မှု ဆရာတဆူကို ခေါ်ယူဖို့ အာဆင်နယ်ကို တိုက်တွန်းခဲ့တဲ့ ပေါလ် မာဆန်

အာဆင်နယ်ကစားသမားဟောင်း ပေါလ် မာဆန်က အာဆင်နယ်နည်းပြ အာတီတာကို ယခုနွေရာသီမှာ ဆောက်သမ်တန် ကွင်းလယ်ကြယ်ပွင့် ဝါ့ဒ်-ပရောက်စ်ကို ခေါ်ယူဖို့ တောင်းဆိုခဲ့ပါတယ်။

ဝါ့ဒ်-ပရောက်စ်ဟာ ဝက်စ်ဟမ်း၊ နယူးကာဆယ်လ်နဲ့ မန်ချက်စတာယူနိုက်တက်တို့ဆီကနေ စိတ်ဝင်စားခြင်းခံနေရတယ်လို့ ကောလာဟလတွေ ထွက်ပေါ်နေချိန်မှာ ဆောက်သမ်တန်အသင်းကို စွန့်ခွာဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။

အသက် ၂၇ နှစ်အရွယ် ကွင်းလယ်ဖန်တီးရှင်ဟာ ပရီးမီးယားလိဂ်မှာ နောက်ထပ် အထင်ကြီးဖွယ်ရာသီတစ်ခုပိုင်ဆိုင်ခဲ့တာကြောင့် ဆောက်ဂိတ်ရဲ့ အင်္ဂလန်လူစာရင်းအတွက် ရွေးချယ်ခံခဲ့ရပြီးနောက် အပြောင်းအရွှေ့ဈေးကွက်မှာ အသင်းတွေရဲ့ စိတ်ဝင်စားမှုအခံရဆုံးကစားသမားတစ်ဦးဖြစ်နေတာဖြစ်ပါတယ်။

The Mirror အတွက် ရေးသားခဲ့တဲ့ ကော်လံထဲမှာ ပေါလ် မာဆန်က အာဆင်နယ်အနေနဲ့ ဝါ့ဒ်-ပရောက်စ်ကို ဝက်စ်ဟမ်းအသင်းဆီ အပါခံလို့မရဘူးလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“သူ့ကိုရတဲ့ဘယ်အသင်းအတွက်မဆို အရမ်းကောင်းတဲ့ ခေါ်ယူမှုဖြစ်လိမ့်မယ်လို့ ကျွန်တော် ထင်တယ်။ သူက အင်္ဂလန်မှာ အကောင်းဆုံးဘောလုံးပေးပို့နိုင်သူတွေထဲက တစ်ဦးလို့ ကျွန်တော် ထင်တယ်။ သူနဲ့ အာနိုးလ်က အင်္ဂလန်ကစားသမားအနည်းငယ်ပဲ လုပ်နိုင်တဲ့အရာတွေကို လုပ်နိုင်ပြီး တစ်ကွင်းလုံးကို ဖြန့်ကျက်နိုင်စွမ်းရှိပါတယ်။ ဘာလို့လဲဆိုတော့ သူတို့က အဝေးဘောပေးပို့မှု အရမ်းကောင်းလို့ပါ”

“အာဆင်နယ်က ဘာကြောင့် ဆောက်သမ်တန်ကနေ ဝ့ါဒ်-ပရောက်စ်ကို ခေါ်ယူဖို့ ကြိုးပမ်းမှုအားလုံးကို ရပ်တန့်လိုက်တာလဲဆိုတာ ကျွန်တော် နားမလည်ပါဘူး”လို့ ရေးသားခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်ဟာ နွေရာသီအပြောင်းအရွှေ့ဈေးကွက် စဖွင့်ကတည်းက ကစားသမားသစ်ခေါ်ယူဖို့ အလုပ်များနေတာဖြစ်ပြီး မတ် တန်နာ၊ မာကင်ညို့စ်နဲ့ ပေါ်တိုက ဖေဘီယို ဗီယာရာတို့ကို ခေါ်ယူထားနိုင်ခဲ့ပြီး ဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် မရရှိခဲ့ပေမယ့်လည်း ဘုတ်အဖွဲ့ဟာ အာတီတာရဲ့ လက်ရှိ လူစာရင်းကို အရည်အသွေးပိုမိုကောင်းမွန်လာအောင် ထောက်ပံ့ပေးသွားဖို့ ကြိုးပမ်းနေတာဖြစ်ပြီး တည်ကန်ဘောဆရာတဆူဖြစ်တဲ့ ဝါ့ဒ်-ပရောက်စ်ဟာ ပြီးခဲ့တဲ့ရာသီ ပြိုင်ပွဲစုံ ၁၁ ဂိုး သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:အာဆင္နယ္ကစားသမားေဟာင္း ေပါလ္ မာဆန္က အာဆင္နယ္နည္းျပ အာတီတာကို ယခုေႏြရာသီမွာ ေဆာက္သမ္တန္ ကြင္းလယ္ၾကယ္ပြင့္ ဝါ့ဒ္-ပေရာက္စ္ကို ေခၚယူဖို႔ ေတာင္းဆိုခဲ့ပါတယ္။

ဝါ့ဒ္-ပေရာက္စ္ဟာ ဝက္စ္ဟမ္း၊ နယူးကာဆယ္လ္နဲ႔ မန္ခ်က္စတာယူႏိုက္တက္တို႔ဆီကေန စိတ္ဝင္စားျခင္းခံေနရတယ္လို႔ ေကာလာဟလေတြ ထြက္ေပၚေနခ်ိန္မွာ ေဆာက္သမ္တန္အသင္းကို စြန႔္ခြာဖို႔ ျပင္ဆင္ေနတာျဖစ္ပါတယ္။

အသက္ ၂၇ ႏွစ္အ႐ြယ္ ကြင္းလယ္ဖန္တီးရွင္ဟာ ပရီးမီးယားလိဂ္မွာ ေနာက္ထပ္ အထင္ႀကီးဖြယ္ရာသီတစ္ခုပိုင္ဆိုင္ခဲ့တာေၾကာင့္ ေဆာက္ဂိတ္ရဲ႕ အဂၤလန္လူစာရင္းအတြက္ ေ႐ြးခ်ယ္ခံခဲ့ရၿပီးေနာက္ အေျပာင္းအေ႐ႊ႕ေဈးကြက္မွာ အသင္းေတြရဲ႕ စိတ္ဝင္စားမႈအခံရဆုံးကစားသမားတစ္ဦးျဖစ္ေနတာျဖစ္ပါတယ္။

The Mirror အတြက္ ေရးသားခဲ့တဲ့ ေကာ္လံထဲမွာ ေပါလ္ မာဆန္က အာဆင္နယ္အေနနဲ႔ ဝါ့ဒ္-ပေရာက္စ္ကို ဝက္စ္ဟမ္းအသင္းဆီ အပါခံလို႔မရဘူးလို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“သူ႔ကိုရတဲ့ဘယ္အသင္းအတြက္မဆို အရမ္းေကာင္းတဲ့ ေခၚယူမႈျဖစ္လိမ့္မယ္လို႔ ကြၽန္ေတာ္ ထင္တယ္။ သူက အဂၤလန္မွာ အေကာင္းဆုံးေဘာလုံးေပးပို႔ႏိုင္သူေတြထဲက တစ္ဦးလို႔ ကြၽန္ေတာ္ ထင္တယ္။ သူနဲ႔ အာႏိုးလ္က အဂၤလန္ကစားသမားအနည္းငယ္ပဲ လုပ္ႏိုင္တဲ့အရာေတြကို လုပ္ႏိုင္ၿပီး တစ္ကြင္းလုံးကို ျဖန႔္က်က္ႏိုင္စြမ္းရွိပါတယ္။ ဘာလို႔လဲဆိုေတာ့ သူတို႔က အေဝးေဘာေပးပို႔မႈ အရမ္းေကာင္းလို႔ပါ”

“အာဆင္နယ္က ဘာေၾကာင့္ ေဆာက္သမ္တန္ကေန ဝ့ါဒ္-ပေရာက္စ္ကို ေခၚယူဖို႔ ႀကိဳးပမ္းမႈအားလုံးကို ရပ္တန႔္လိုက္တာလဲဆိုတာ ကြၽန္ေတာ္ နားမလည္ပါဘူး”လို႔ ေရးသားခဲ့တာျဖစ္ပါတယ္။ အာဆင္နယ္ဟာ ေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္ စဖြင့္ကတည္းက ကစားသမားသစ္ေခၚယူဖို႔ အလုပ္မ်ားေနတာျဖစ္ၿပီး မတ္ တန္နာ၊ မာကင္ညိဳ႕စ္နဲ႔ ေပၚတိုက ေဖဘီယို ဗီယာရာတို႔ကို ေခၚယူထားႏိုင္ခဲ့ၿပီး ျဖစ္ပါတယ္။

အာဆင္နယ္အသင္းဟာ လာမယ့္ရာသီ ခ်န္ပီယံလိဂ္ဝင္ခြင့္ မရရွိခဲ့ေပမယ့္လည္း ဘုတ္အဖြဲ႕ဟာ အာတီတာရဲ႕ လက္ရွိ လူစာရင္းကို အရည္အေသြးပိုမိုေကာင္းမြန္လာေအာင္ ေထာက္ပံ့ေပးသြားဖို႔ ႀကိဳးပမ္းေနတာျဖစ္ၿပီး တည္ကန္ေဘာဆရာတဆူျဖစ္တဲ့ ဝါ့ဒ္-ပေရာက္စ္ဟာ ၿပီးခဲ့တဲ့ရာသီ ၿပိဳင္ပြဲစုံ ၁၁ ဂိုး သြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.