Premier League

၄ ရာသီဆက်တိုက် ချန်ပီယံရှစ်ချန်ပီယံနဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲကစားမယ့် လီဗာပူးလ်

လီဗာပူးလ်အသင်းဟာ ၎င်းတို့ရဲ့ ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲစဉ်မှာ ချန်ပီယံရှစ် ချန်ပီယံတွေနဲ့ ၄ ရာသီဆက်တိုက် ကစားသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ယနေ့နံနက်အစောပိုင်းမှာ ယာဂန် ကလော့ပ်ရဲ့အသင်းဟာ သြဂုတ်လ ၆ ရက်နေ့မှာ တန်းတက်လာတဲ့ ဖူလ်ဟမ်အသင်းရဲ့ ခရာဗင် ကော့တေ့ချ်ကို သွားရောက်ယှဉ်ပြိုင်ရမယ်လို့ အတည်ပြုခြင်းခံခဲ့ရတာဖြစ်ပါတယ်။

ပရီးမီးယားလိဂ် အမှတ်ပေးဇယား ဒုတိယနေရာမှာ ရပ်တည်နိုင်ခဲ့တဲ့ လီဗာပူးလ်အသင်းဟာ ခရစ္စတယ် ပဲလေ့စ်၊ မန်ချက်စတာယူနိုက်တက်၊ ဘုန်းမောက်၊ နယူးကာဆယ်လ်တို့နဲ့ ၂၀၂၂-၂၀၂၃ ရာသီရဲ့ အဖွင့်လမှာ တွေ့ဆုံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ဖူလ်ဟမ်အသင်းကတော့ ဝုလ်ဗ်စ်၊ ဘရန့်တ်ဖို့ဒ်၊ အာဆင်နယ်တို့နဲ့ ကစားသွားရမှာဖြစ်ပါတယ်။

အစောပိုင်းက ပြောခဲ့တဲ့အတိုင်းပဲ ဒီတစ်ကြိမ်ဟာ လီဗာပူးလ်အသင်းအနေနဲ့ ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲစဉ်မှာ ချန်ပီယံရှစ် ချန်ပီယံတွေနဲ့ ၄ ကြိမ်မြောက် တွေ့ဆုံရမှာဖြစ်ပြီး လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့ရာသီအဖွင့်ပွဲစဉ်မှာ ဂျိုတာ၊ ဖာမီနို၊ မိုဟာမက် ဆာလားတို့ရဲ့ သွင်းဂိုးတွေကြောင့် တန်းတက်လာတဲ့ နောဝစ်ချ်စီးတီးကို အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ ၂၀၂၀-၂၀၂၁ ရာသီကိုလည်း လိဒ်စ်ယူနိုက်တက်ကို ၄-၃ နဲ့ အမှတ်ရဖွယ် နိုင်ပွဲနဲ့ စတင်နိုင်ခဲ့တာဖြစ်ပြီး ၂၀၁၉-၂၀၂၀ ရာသီအစမှာလည်း ကလော့ပ်ရဲ့ အသင်းဟာ အန်းဖီးမှာ တန်းတက်လာတဲ့ နောဝစ်ချ်စီးတီးကို ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

ယာဂန် ကလော့ပ်ဟာ တစ်ဆက်တည်းမှာပဲ ၎င်းရဲ့ နောက်ဆုံး ၆ ရာသီ အဖွင့်ပွဲစဉ်တွေမှာ ရှုံးပွဲမရှိခဲ့ဘဲ လာမယ့်သြဂုတ်လအစ ဖူလ်ဟမ်နဲ့ ရင်ဆိုင်ရမယ့်ပွဲစဉ်မှာ အဲဒီစံချိန်မှတ်တမ်းကောင်းကို တိုးမြှင့်သွားဖို့ မျှော်လင့်နေမှာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ဟာ ပုံမှန်အားဖြင့် ဒီဇင်ဘာ ၂၈ နဲ့ ၂၉ တို့မှာ ကျင်းပလေ့ရှိတဲ့ ပွဲစဉ်ကို ဖျက်သိမ်းခဲ့တာကြောင့် လီဗာပူးလ်နည်းပြ ကလော့ပ်အနေနဲ့ စိတ်ကျေနပ်ခဲ့မှာ ဖြစ်ပါတယ်။

ရာသီနားချိန်ဟာ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီး ကစားသမားတွေအတွက် အနားရစေမှာဖြစ်ပြီး ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာတုန်းက လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ်ဟာ ဆောင်းရာသီကာလအတွင်း ပွဲတွေ ပြွတ်သိပ်နေတာကို ပြစ်တင်ဝေဖန်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:လီဗာပူးလ္အသင္းဟာ ၎တို႔ရဲ႕ ပရီးမီးယားလိဂ္ရာသီအဖြင့္ပြဲစဥ္မွာ ခ်န္ပီယံရွစ္ ခ်န္ပီယံေတြနဲ႔ ၄ ရာသီဆက္တိုက္ ကစားသြားမွာျဖစ္တယ္လို႔ သိရပါတယ္။

ယေန႔နံနက္အေစာပိုင္းမွာ ယာဂန္ ကေလာ့ပ္ရဲ႕အသင္းဟာ ၾသဂုတ္လ ၆ ရက္ေန႔မွာ တန္းတက္လာတဲ့ ဖူလ္ဟမ္အသင္းရဲ႕ ခရာဗင္ ေကာ့ေတ့ခ်္ကို သြားေရာက္ယွဥ္ၿပိဳင္ရမယ္လို႔ အတည္ျပဳျခင္းခံခဲ့ရတာျဖစ္ပါတယ္။

ပရီးမီးယားလိဂ္ အမွတ္ေပးဇယား ဒုတိယေနရာမွာ ရပ္တည္ႏိုင္ခဲ့တဲ့ လီဗာပူးလ္အသင္းဟာ ခရစၥတယ္ ပဲေလ့စ္၊ မန္ခ်က္စတာယူႏိုက္တက္၊ ဘုန္းေမာက္၊ နယူးကာဆယ္လ္တို႔နဲ႔ ၂၀၂၂-၂၀၂၃ ရာသီရဲ႕ အဖြင့္လမွာ ေတြ႕ဆုံယွဥ္ၿပိဳင္သြားရမွာျဖစ္ၿပီး ဖူလ္ဟမ္အသင္းကေတာ့ ဝုလ္ဗ္စ္၊ ဘရန႔္တ္ဖို႔ဒ္၊ အာဆင္နယ္တို႔နဲ႔ ကစားသြားရမွာျဖစ္ပါတယ္။

အေစာပိုင္းက ေျပာခဲ့တဲ့အတိုင္းပဲ ဒီတစ္ႀကိမ္ဟာ လီဗာပူးလ္အသင္းအေနနဲ႔ ပရီးမီးယားလိဂ္ရာသီအဖြင့္ပြဲစဥ္မွာ ခ်န္ပီယံရွစ္ ခ်န္ပီယံေတြနဲ႔ ၄ ႀကိမ္ေျမာက္ ေတြ႕ဆုံရမွာျဖစ္ၿပီး လီဗာပူးလ္အသင္းဟာ ၿပီးခဲ့တဲ့ရာသီအဖြင့္ပြဲစဥ္မွာ ဂ်ိဳတာ၊ ဖာမီႏို၊ မိုဟာမက္ ဆာလားတို႔ရဲ႕ သြင္းဂိုးေတြေၾကာင့္ တန္းတက္လာတဲ့ ေနာဝစ္ခ်္စီးတီးကို အႏိုင္ရရွိခဲ့တာ ျဖစ္ပါတယ္။

လီဗာပူးလ္အသင္းဟာ ၂၀၂၀-၂၀၂၁ ရာသီကိုလည္း လိဒ္စ္ယူႏိုက္တက္ကို ၄-၃ နဲ႔ အမွတ္ရဖြယ္ ႏိုင္ပြဲနဲ႔ စတင္ႏိုင္ခဲ့တာျဖစ္ၿပီး ၂၀၁၉-၂၀၂၀ ရာသီအစမွာလည္း ကေလာ့ပ္ရဲ႕ အသင္းဟာ အန္းဖီးမွာ တန္းတက္လာတဲ့ ေနာဝစ္ခ်္စီးတီးကို ၄ ဂိုး ဂိုးမရွိနဲ႔ အႏိုင္ရရွိခဲ့တာျဖစ္ပါတယ္။

ယာဂန္ ကေလာ့ပ္ဟာ တစ္ဆက္တည္းမွာပဲ ၎ရဲ႕ ေနာက္ဆုံး ၆ ရာသီ အဖြင့္ပြဲစဥ္ေတြမွာ ရႈံးပြဲမရွိခဲ့ဘဲ လာမယ့္ၾသဂုတ္လအစ ဖူလ္ဟမ္နဲ႔ ရင္ဆိုင္ရမယ့္ပြဲစဥ္မွာ အဲဒီစံခ်ိန္မွတ္တမ္းေကာင္းကို တိုးျမႇင့္သြားဖို႔ ေမွ်ာ္လင့္ေနမွာ ျဖစ္ပါတယ္။ ပရီးမီးယားလိဂ္ဟာ ပုံမွန္အားျဖင့္ ဒီဇင္ဘာ ၂၈ နဲ႔ ၂၉ တို႔မွာ က်င္းပေလ့ရွိတဲ့ ပြဲစဥ္ကို ဖ်က္သိမ္းခဲ့တာေၾကာင့္ လီဗာပူးလ္နည္းျပ ကေလာ့ပ္အေနနဲ႔ စိတ္ေက်နပ္ခဲ့မွာ ျဖစ္ပါတယ္။

ရာသီနားခ်ိန္ဟာ ကာတာ ကမာၻ႔ဖလားၿပိဳင္ပြဲအၿပီး ကစားသမားေတြအတြက္ အနားရေစမွာျဖစ္ၿပီး ၿပီးခဲ့တဲ့ႏွစ္ ဒီဇင္ဘာတုန္းက လီဗာပူးလ္နည္းျပ ယာဂန္ ကေလာ့ပ္ဟာ ေဆာင္းရာသီကာလအတြင္း ပြဲေတြ ႁပြတ္သိပ္ေနတာကို ျပစ္တင္ေဝဖန္ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.