Premier League

ချစ်ညိုကီ အာတီတာအတွက် ပေါင် ၆၅ သန်းတန် အပြောင်းအရွှေ့မျှော်လင့်ချက်ပေးခဲ့တဲ့ ဂွါဒီယိုလာ

အာဆင်နယ်အသင်းပရိသတ်တွေဟာ ပြီးခဲ့တဲ့အပတ်မှာ နွေရာသီ အပြောင်းအရွှေ့ဈေးကွက် ဖွင့်လှစ်ပြီးနောက် အသင်းကို မြန်မြန် လူခေါ်စေချင်နေပြီး လက်ရှိမှာတော့ အရာအားလုံးက စတင်ပြီး စိတ်ဝင်စားဖို့ ကောင်းလာပြီဖြစ်ပါတယ်။

ယမန်နေ့က The Times ရဲ့ ဖော်ပြချက်အရ အာဆင်နယ်ဟာ ဂါဘရီယယ်လ် ဂျေဆူးကို ခေါ်ယူဖို့အတွက် သဘောတူညီမှု ရရှိဖို့ နီးစပ်နေပြီလို့ ယုံကြည်ချက် တိုးမြင့်လာတာကြောင့် ကမ်းလှမ်းမှုအသစ် ပြုလုပ်သွားဖို့ ပြင်ဆင်နေပြီဖြစ်တယ်လို့ သိရပါတယ်။ မန်ချက်စတာစီးတီးအသင်းဟာ ဘရာဇီးလ်ကြယ်ပွင့်တိုက်စစ်မှူးအတွက် ပြောင်းရွှေ့ကြေးပေါင်သန်း ၅၀ ဝန်းကျင် လိုချင်နေတယ်လို့ နားလည်ရပေမယ့်လည်း အမှန်တကယ် အပြောင်းအရွှေ့က အဲဒီထက် ပေါင် ၁၀ သန်းလျော့နည်းပြီး ဖြစ်မြောက်နိုင်ဖွယ်ရှိနေပြီဖြစ်ပါတယ်။

တစ်ဆက်တည်းမှာပဲ ပေါ်တိုလူငယ်ကြယ်ပွင့် ဖေဘီယို ဗီယာရာနဲ့ လက်စတာစီးတီးကြယ်ပွင့် ယူရီ တီလီမန်းစ်တို့ဟာ ကွင်းလယ်နေရာကို အင်အားဖြည့်တင်းချင်နေတဲ့ အာတီတာရဲ့ ပစ်မှတ်တွေအဖြစ်လည်း ရှိနေတာဖြစ်ပေမယ့် လည်း အပြောင်းအရွှေ့ကာလအတွင်း ဖြစ်လေ့ဖြစ်ထရှိတဲ့အတိုင်းပဲ အပြောင်းအရွှေ့တွေဟာ တခြား အဖြစ်အပျက်တွေ ဘယ်လိုဖြစ်ပျက်သွားလဲဆိုတဲ့အပေါ်မှာ မူတည်နေတာဖြစ်ပါတယ်။

မကြာခဏ အဲဒီလိုအဖြစ်အပျက်ကို ‘domino effect’ လို့ ရည်ညွှန်းပြောဆိုကြပြီး နည်းစနစ် ဒါရိုက်တာ အီဒူးအနေနဲ့ အသင်းရဲ့ အဓိကပစ်မှတ်တွေအားလုံးကို ခေါ်ယူချင်တယ်ဆိုရင် စိတ်ရှည်ရမှာ ဖြစ်ကောင်းဖြစ်နိုင်တဲ့အခြေအနေ ဖြစ်ဖို့များနေတာဖြစ်ပါတယ်။ The Guardian ရဲ့ သတင်းအသစ်အရ ဘရာဇီးလ်ကြယ်ပွင့်အတွက် အာဆင်နယ်အသင်းအနေနဲ့ စိတ်ရှည်ရမှာ ဖြစ်နိုင်တယ်လို့ သိရပြီး မန်ချက်စတာစီးတီးအသင်းဟာ ဘရိုက်တန်ဘယ်နောက်ခံကြယ်ပွင့် ကူကူရယ်လာကို ခေါ်ယူဖို့ စီစဉ်နေတာဖြစ်ပါတယ်။

တကယ်လို့ ပက် ဂွါဒီယိုလာအနေနဲ့ ဘရိုက်တန် နောက်ခံလူကို ခေါ်ယူနိုင်ခဲ့မယ်ဆိုရင်တော့ ဇင်ချန်ကိုအနေနဲ့ အစ်တီဟတ်ကို စွန့်ခွာဖို့အတွက် တံခါးပွင့်သွားတော့မှာ ဖြစ်ပြီး ယူကရိန်းနောက်ခံကစားသမားဟာ အာဆင်နယ်က ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ နောက်ထပ်ပစ်မှတ်တစ်ဦးဖြစ်ပါတယ်။

ဂျေဆူးလိုပဲ ဇင်ချန်ကိုဟာ မန်စီးတီးမှာ အာတီတာ လက်ထောက်နည်းပြအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့စဉ်ကတည်းက ကောင်းကောင်းသိခဲ့တဲ့ ကစားသမားဖြစ်ပြီး အသက် ၂၅ နှစ်အရွယ် ဘယ်နောက်ခံလူရဲ့ ပြောင်းရွှေ့ကြေး ပေါင် ၁၇ သန်းကနေ ပေါင် ၂၅ သန်းကြားရှိတယ်လို့ CIES Football Observatory ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ယူကရိန်းလက်ရွေးစင်နောက်ခံလူဟာ မန်ချက်စတာစီးတီးမှာ အဓိကအားဖြင့် ဘယ်နောက်ခံကစားသမားအဖြစ် အသုံးပြုခြင်းခံခဲ့ရပေမယ့်လည်း ကွင်းလယ်ဗဟိုမှာလည်း သက်တောင့်သက်သာနဲ့ ကစားနိုင်စွမ်းရှိတဲ့ ကစားသမားဖြစ်ပါတယ်။

ယူရိုပါလိဂ်ဝင်ခွင့်ရရှိခဲ့ပြီးနောက် ပွဲချိန်ဇယားတွေ ကြပ်လာတော့မယ့် အာဆင်နယ်အတွက် လာမယ့်ရာသီမှာ အဓိကသော့ချက်က အသင်းလူအင်အားတောင့်တင်းအောင် လုပ်ထားဖို့ လိုအပ်လာပြီဖြစ်ပြီး အဲဒီအပြင် ပရီးမီးယားလိဂ်က လူစာရင်းထဲမှာ ခိုင်မာတဲ့ ယှဉ်ပြိုင်မှုတွေ ရှိလာစေဖို့ ကစားသမား ၅ ဦးအထိ လူစားလဲလှယ်ခွင့်ပေးသွားမှာဖြစ်တာကြောင့်လည်း မဖြစ်မနေ အင်အားဖြည့်တင်းရတော့မှာဖြစ်ပါတယ်။

ဇင်ချန်ကိုကို ခေါ်ယူနိုင်မယ်ဆိုရင် အာတီတာရဲ့ စိုးရိမ်စရာတွေထဲက အချို့ကို သက်သာသွားစေမယ်သေချာပေမယ့် အပြောင်းအရွှေ့ဖြစ်နိုင်ခြေမှာ ကူကူရယ်လာရဲ့ အနာဂတ်ပဲ ပါဝင်တာမဟုတ်ဘဲ နူနို တာဗာရက်စ်ကလည်း ခက်ခဲတဲ့ ပွဲဦးထွက်ရာသီကို ရင်ဆိုင်ခဲ့ရပြီးနောက် လာမယ့်ရာသီကို အငှားထွက်ကစားတော့မှာဖြစ်ပြီး အတ္တလန္တာအသင်းက စိတ်ဝင်စားနေပုံပေါ်ပါတယ်။

Gazzetta Dello Sport ရဲ့သတင်းအရ စီးရီးအေအသင်းဟာ အာဆင်နယ်က တာဗာရက်စ်ရဲ့အခြေအနေကို အခွင့်ကောင်းယူချင်နေတယ်လို့ သိရပြီး ဘယ်နောက်ခံကစားသမားဟာ ရော်ဘင် ဂိုဆင်လိုမျိုး ဖြစ်လာနိုင်တဲ့ ကစားသမားအဖြစ် ရှုမြင်ခြင်းခံနေရတာဖြစ်ပါတယ်။ ဆွေးနွေးညှိနှိုင်းမှုတွေဟာ ပြုလုပ်ခဲ့ပြီးဖြစ်ပေမယ့်လည်း သဘောတူညီမှု ရရှိဖို့ ခက်ခဲနေတာဖြစ်တယ်လို့ ယင်းသတင်းကပဲ ထပ်လောင်း ဖော်ပြခဲ့ပြီး လက်ရှိအချိန်အထိတော့ နီးစပ်နေတဲ့ပုံ မပေါ်သေးတာဖြစ်ပါတယ်။

အာဆင်နယ်အသင်းအတွက် အခြား ဦးစားပေးကိစ္စတွေ ရှိလိမ့်မယ်လို့ နားလည်ရပေမယ့်လည်း ဇင်ချန်ကိုနဲ့ တာဗာရက်စ်တို့ရဲ့ အခြေအနေကတော့ စိတ်ဝင်စားစရာကောင်းနေတာကြောင့် အပြောင်းအရွှေ့ကာလကြာလာတာနဲ့အမျှ စောင့်ကြည့်ရမယ့် အပြောင်းအရွှေ့တစ်ခု ဖြစ်လာကောင်း ဖြစ်နိုင်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:အာဆင္နယ္အသင္းပရိသတ္ေတြဟာ ၿပီးခဲ့တဲ့အပတ္မွာ ေႏြရာသီ အေျပာင္းအေ႐ႊ႕ေဈးကြက္ ဖြင့္လွစ္ၿပီးေနာက္ အသင္းကို ျမန္ျမန္ လူေခၚေစခ်င္ေနၿပီး လက္ရွိမွာေတာ့ အရာအားလုံးက စတင္ၿပီး စိတ္ဝင္စားဖို႔ ေကာင္းလာၿပီျဖစ္ပါတယ္။

ယမန္ေန႔က The Times ရဲ႕ ေဖာ္ျပခ်က္အရ အာဆင္နယ္ဟာ ဂါဘရီယယ္လ္ ေဂ်ဆူးကို ေခၚယူဖို႔အတြက္ သေဘာတူညီမႈ ရရွိဖို႔ နီးစပ္ေနၿပီလို႔ ယုံၾကည္ခ်က္ တိုးျမင့္လာတာေၾကာင့္ ကမ္းလွမ္းမႈအသစ္ ျပဳလုပ္သြားဖို႔ ျပင္ဆင္ေနၿပီျဖစ္တယ္လို႔ သိရပါတယ္။ မန္ခ်က္စတာစီးတီးအသင္းဟာ ဘရာဇီးလ္ၾကယ္ပြင့္တိုက္စစ္မႉးအတြက္ ေျပာင္းေ႐ႊ႕ေၾကးေပါင္သန္း ၅၀ ဝန္းက်င္ လိုခ်င္ေနတယ္လို႔ နားလည္ရေပမယ့္လည္း အမွန္တကယ္ အေျပာင္းအေ႐ႊ႕က အဲဒီထက္ ေပါင္ ၁၀ သန္းေလ်ာ့နည္းၿပီး ျဖစ္ေျမာက္ႏိုင္ဖြယ္ရွိေနၿပီျဖစ္ပါတယ္။

တစ္ဆက္တည္းမွာပဲ ေပၚတိုလူငယ္ၾကယ္ပြင့္ ေဖဘီယို ဗီယာရာနဲ႔ လက္စတာစီးတီးၾကယ္ပြင့္ ယူရီ တီလီမန္းစ္တို႔ဟာ ကြင္းလယ္ေနရာကို အင္အားျဖည့္တင္းခ်င္ေနတဲ့ အာတီတာရဲ႕ ပစ္မွတ္ေတြအျဖစ္လည္း ရွိေနတာျဖစ္ေပမယ့္ လည္း အေျပာင္းအေ႐ႊ႕ကာလအတြင္း ျဖစ္ေလ့ျဖစ္ထရွိတဲ့အတိုင္းပဲ အေျပာင္းအေ႐ႊ႕ေတြဟာ တျခား အျဖစ္အပ်က္ေတြ ဘယ္လိုျဖစ္ပ်က္သြားလဲဆိုတဲ့အေပၚမွာ မူတည္ေနတာျဖစ္ပါတယ္။

မၾကာခဏ အဲဒီလိုအျဖစ္အပ်က္ကို ‘domino effect’ လို႔ ရည္ၫႊန္းေျပာဆိုၾကၿပီး နည္းစနစ္ ဒါ႐ိုက္တာ အီဒူးအေနနဲ႔ အသင္းရဲ႕ အဓိကပစ္မွတ္ေတြအားလုံးကို ေခၚယူခ်င္တယ္ဆိုရင္ စိတ္ရွည္ရမွာ ျဖစ္ေကာင္းျဖစ္ႏိုင္တဲ့အေျခအေန ျဖစ္ဖို႔မ်ားေနတာျဖစ္ပါတယ္။ The Guardian ရဲ႕ သတင္းအသစ္အရ ဘရာဇီးလ္ၾကယ္ပြင့္အတြက္ အာဆင္နယ္အသင္းအေနနဲ႔ စိတ္ရွည္ရမွာ ျဖစ္ႏိုင္တယ္လို႔ သိရၿပီး မန္ခ်က္စတာစီးတီးအသင္းဟာ ဘ႐ိုက္တန္ဘယ္ေနာက္ခံၾကယ္ပြင့္ ကူကူရယ္လာကို ေခၚယူဖို႔ စီစဥ္ေနတာျဖစ္ပါတယ္။

တကယ္လို႔ ပက္ ဂြါဒီယိုလာအေနနဲ႔ ဘ႐ိုက္တန္ ေနာက္ခံလူကို ေခၚယူႏိုင္ခဲ့မယ္ဆိုရင္ေတာ့ ဇင္ခ်န္ကိုအေနနဲ႔ အစ္တီဟတ္ကို စြန႔္ခြာဖို႔အတြက္ တံခါးပြင့္သြားေတာ့မွာ ျဖစ္ၿပီး ယူကရိန္းေနာက္ခံကစားသမားဟာ အာဆင္နယ္က ေခၚယူဖို႔ စိတ္ဝင္စားေနတဲ့ ေနာက္ထပ္ပစ္မွတ္တစ္ဦးျဖစ္ပါတယ္။

ေဂ်ဆူးလိုပဲ ဇင္ခ်န္ကိုဟာ မန္စီးတီးမွာ အာတီတာ လက္ေထာက္နည္းျပအျဖစ္ တာဝန္ယူေဆာင္႐ြက္ခဲ့စဥ္ကတည္းက ေကာင္းေကာင္းသိခဲ့တဲ့ ကစားသမားျဖစ္ၿပီး အသက္ ၂၅ ႏွစ္အ႐ြယ္ ဘယ္ေနာက္ခံလူရဲ႕ ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၁၇ သန္းကေန ေပါင္ ၂၅ သန္းၾကားရွိတယ္လို႔ CIES Football Observatory ရဲ႕ ေဖာ္ျပခ်က္အရ သိရပါတယ္။

ယူကရိန္းလက္ေ႐ြးစင္ေနာက္ခံလူဟာ မန္ခ်က္စတာစီးတီးမွာ အဓိကအားျဖင့္ ဘယ္ေနာက္ခံကစားသမားအျဖစ္ အသုံးျပဳျခင္းခံခဲ့ရေပမယ့္လည္း ကြင္းလယ္ဗဟိုမွာလည္း သက္ေတာင့္သက္သာနဲ႔ ကစားႏိုင္စြမ္းရွိတဲ့ ကစားသမားျဖစ္ပါတယ္။

ယူ႐ိုပါလိဂ္ဝင္ခြင့္ရရွိခဲ့ၿပီးေနာက္ ပြဲခ်ိန္ဇယားေတြ ၾကပ္လာေတာ့မယ့္ အာဆင္နယ္အတြက္ လာမယ့္ရာသီမွာ အဓိကေသာ့ခ်က္က အသင္းလူအင္အားေတာင့္တင္းေအာင္ လုပ္ထားဖို႔ လိုအပ္လာၿပီျဖစ္ၿပီး အဲဒီအျပင္ ပရီးမီးယားလိဂ္က လူစာရင္းထဲမွာ ခိုင္မာတဲ့ ယွဥ္ၿပိဳင္မႈေတြ ရွိလာေစဖို႔ ကစားသမား ၅ ဦးအထိ လူစားလဲလွယ္ခြင့္ေပးသြားမွာျဖစ္တာေၾကာင့္လည္း မျဖစ္မေန အင္အားျဖည့္တင္းရေတာ့မွာျဖစ္ပါတယ္။

ဇင္ခ်န္ကိုကို ေခၚယူႏိုင္မယ္ဆိုရင္ အာတီတာရဲ႕ စိုးရိမ္စရာေတြထဲက အခ်ိဳ႕ကို သက္သာသြားေစမယ္ေသခ်ာေပမယ့္ အေျပာင္းအေ႐ႊ႕ျဖစ္ႏိုင္ေျခမွာ ကူကူရယ္လာရဲ႕ အနာဂတ္ပဲ ပါဝင္တာမဟုတ္ဘဲ ႏူႏို တာဗာရက္စ္ကလည္း ခက္ခဲတဲ့ ပြဲဦးထြက္ရာသီကို ရင္ဆိုင္ခဲ့ရၿပီးေနာက္ လာမယ့္ရာသီကို အငွားထြက္ကစားေတာ့မွာျဖစ္ၿပီး အတၱလႏၲာအသင္းက စိတ္ဝင္စားေနပုံေပၚပါတယ္။

Gazzetta Dello Sport ရဲ႕သတင္းအရ စီးရီးေအအသင္းဟာ အာဆင္နယ္က တာဗာရက္စ္ရဲ႕အေျခအေနကို အခြင့္ေကာင္းယူခ်င္ေနတယ္လို႔ သိရၿပီး ဘယ္ေနာက္ခံကစားသမားဟာ ေရာ္ဘင္ ဂိုဆင္လိုမ်ိဳး ျဖစ္လာႏိုင္တဲ့ ကစားသမားအျဖစ္ ရႈျမင္ျခင္းခံေနရတာျဖစ္ပါတယ္။ ေဆြးေႏြးညႇိႏႈိင္းမႈေတြဟာ ျပဳလုပ္ခဲ့ၿပီးျဖစ္ေပမယ့္လည္း သေဘာတူညီမႈ ရရွိဖို႔ ခက္ခဲေနတာျဖစ္တယ္လို႔ ယင္းသတင္းကပဲ ထပ္ေလာင္း ေဖာ္ျပခဲ့ၿပီး လက္ရွိအခ်ိန္အထိေတာ့ နီးစပ္ေနတဲ့ပုံ မေပၚေသးတာျဖစ္ပါတယ္။

အာဆင္နယ္အသင္းအတြက္ အျခား ဦးစားေပးကိစၥေတြ ရွိလိမ့္မယ္လို႔ နားလည္ရေပမယ့္လည္း ဇင္ခ်န္ကိုနဲ႔ တာဗာရက္စ္တို႔ရဲ႕ အေျခအေနကေတာ့ စိတ္ဝင္စားစရာေကာင္းေနတာေၾကာင့္ အေျပာင္းအေ႐ႊ႕ကာလၾကာလာတာနဲ႔အမွ် ေစာင့္ၾကည့္ရမယ့္ အေျပာင္းအေ႐ႊ႕တစ္ခု ျဖစ္လာေကာင္း ျဖစ္ႏိုင္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.