La Liga Ligue1 Premier League Serie A

တသက်တာအကောင်းဆုံးကစားသမား ၇ ဦးကို သတ်မှတ်ခဲ့တဲ့ ဗန် ဘက်စတန်

ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ လီယွန်နယ် မက်ဆီ ဘယ်သူပိုကောင်းတဲ့ ကစားသမားလဲဆိုတဲ့ အငြင်းအခုန်ဟာ အချိန်အတော်ကြာ အကြီးအကျယ်အငြင်းပွားခဲ့ရတဲ့ ပြဿနာတစ်ခုဖြစ်ပြီး နောက်ထပ်နှစ်ပေါင်းများစွာလည်း ဆက်လက် တည်ရှိနေမယ့် ပြဿနာလည်းဖြစ်ပါတယ်။

မက်ဆီနဲ့ ရော်နယ်လ်ဒိုတို့ ၂ ဦးစလုံးဟာ ၎င်းတို့ရဲ့ ကစားသမားဘဝတလျှောက် စံချိန်တွေ တစ်ခုပြီး တစ်ခု ရေးထိုးခဲ့ကြတဲ့ ကစားသမားတွေ ဖြစ်ပြီး အသက်အရွယ်အားဖြင့် ကစားသမားဘဝ နေဝင်ချိန်ရောက်ရှိနေပြီဖြစ်ပေမယ့်လည်း ကမ္ဘာ့အဆင့် ခြေစွမ်း ပြသနေကြဆဲဖြစ်ပါတယ်။ မာကို ဗန် ဘက်စတန်ဟာ ဘောလုံးအားကစားသမိုင်းထဲမှာ အကောင်းဆုံးတိုက်စစ်မှူးတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခြင်းခံခဲ့ရသူဖြစ်ပြီး ကစားသမားဘဝတလျှောက် ဘလွန်ဒေါဆုကို ၃ ကြိမ်(၁၉၈၈၊ ၁၉၈၉၊ ၁၉၉၂)ရရှိခဲ့တာဖြစ်ပါတယ်။

ဒတ်ချ်တိုက်စစ်မှူးဟာ အေစီမီလန်အသင်းနဲ့အတူ ဥရောပဖလား ၃ ကြိမ် ရရှိခဲ့ပြီး ယူရို ၁၉၈၈ ပြိုင်ပွဲမှာ ဟော်လန်လက်ရွေးစင်အသင်းနဲ့အတူ ချန်ပီယံဖြစ်ခဲ့သူ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဗန် ဘက်စတန်ဟာ ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ မက်ဆီ ဘယ်သူပိုကောင်းလဲဆိုတဲ့ အငြင်းအခုံအတွက် အဖြေပေးခဲ့ပြီဖြစ်ပြီး တကယ်တော့ ဒီလို ငြင်းခုံမှုမျိုး ရှိကို မရှိသင့်တာလို့ ယုံကြည်နေတာဖြစ်ပါတယ်။

“ခရစ္စတီယာနို ရော်နယ်လ်ဒိုက အရမ်းကောင်းတဲ့ ကစားသမားဖြစ်ပေမယ့် သူက မက်ဆီထက် ပိုကောင်းတယ်လို့ ပြောတဲ့သူတွေက ဘောလုံးအကြောင်း ဘာမှမသိလို့ ဒါမှမဟုတ် တစ်ဖက်ပိတ်ပြီး ပြောနေတာဖြစ်ပါလိမ့်မယ်။ မက်ဆီက ရှာမှရှားတဲ့ ကစားသမားပါ။ သူ့ကို လိုက်တုလို့ မဖြစ်နိုင်သလို သူ့လိုမျိုးလူ ထပ်ရှိလာဖို့လည်း မဖြစ်နိုင်ပါဘူး။ သူ့လိုမျိုး ကစားသမားတွေက အနည်းဆုံး နှစ် ၅၀ ကနေ ၁၀၀ အကြာလောက်မှ တွေ့ရတတ်တာပါ။ ကလေးဘဝတုန်းက ဘောလုံးဉာဏ်ကြီးရှင်အိုးထဲ ပြုတ်ကျခဲ့တာပါ(တင်စားပြောဆိုခြင်း)”

မာကို ဗန် ဘက်စတန်က လီယွန်နယ် မက်ဆီကို ချီးကျူးပြောဆိုမှုတွေ ပြုလုပ်ခဲ့ပေမယ့်လည်း အာဂျင်တီးနားကြယ်ပွင့် ၎င်းရဲ့အကောင်းဆုံး ကစားသမား ၃ ဦးထဲမှာ ပါဝင်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။ “ပီလီ၊ မာရာဒိုနာ၊ ယိုဟန် ခရိုက်ဖ်တို့က ကျွန်တော့်အတွက်တော့ ဘောလုံးသမိုင်းမှာ အကြီးကျယ်ဆုံးကစားသမား ၃ ဦးပါ။ ကလေးဘဝတုန်းက ကျွန်တော် ခရိုက်ဖ်လိုမျိုး ဖြစ်ချင်ခဲ့တယ်။ သူက ကျွန်တော့်မိတ်ဆွေပါ။ သူ့ကို ကျွန်တော် လွမ်းတယ်။ ပီလီနဲ့ မာရာဒိုနာတို့ကလည်း မယုံနိုင်စရာကောင်းခဲ့ပါတယ်”

“မက်ဆီကလည်း အရမ်းကောင်းတဲ့ ကစားသမားပါ။ ဒါပေမယ့် မာရာဒိုနာက အသင်းတစ်သင်းထဲမှာ အမြဲတမ်း ပိုပြီး ကိုယ်ရည်ကိုယ်သွေးကောင်းမွန်ခဲ့ပါတယ်။ မက်ဆီက စစ်ပွဲတစ်ပွဲနွှဲတဲ့အခါကျရင် သူ့ကိုယ်သူ ရှေ့ဆုံးကို တွန်းပို့တတ်တဲ့ ကစားသမားတစ်ယောက် မဟုတ်ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။ မာကို ဗန် ဘက်စတန်က တသက်တာအကောင်းဆုံး ကစားသမား ၇ ဦးစာရင်းမှာ ပီလီ၊ မာရာဒိုနာ၊ ခရိုက်ဖ်၊ မက်ဆီ။ ရော်နယ်လ်ဒို၊ ပါလာတီနီ၊ ဇီဒန်းတို့ကို သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ခရစၥတီယာႏို ေရာ္နယ္လ္ဒိုနဲ႔ လီယြန္နယ္ မက္ဆီ ဘယ္သူပိုေကာင္းတဲ့ ကစားသမားလဲဆိုတဲ့ အျငင္းအခုန္ဟာ အခ်ိန္အေတာ္ၾကာ အႀကီးအက်ယ္အျငင္းပြားခဲ့ရတဲ့ ျပႆနာတစ္ခုျဖစ္ၿပီး ေနာက္ထပ္ႏွစ္ေပါင္းမ်ားစြာလည္း ဆက္လက္ တည္ရွိေနမယ့္ ျပႆနာလည္းျဖစ္ပါတယ္။

မက္ဆီနဲ႔ ေရာ္နယ္လ္ဒိုတို႔ ၂ ဦးစလုံးဟာ ၎တို႔ရဲ႕ ကစားသမားဘဝတေလွ်ာက္ စံခ်ိန္ေတြ တစ္ခုၿပီး တစ္ခု ေရးထိုးခဲ့ၾကတဲ့ ကစားသမားေတြ ျဖစ္ၿပီး အသက္အ႐ြယ္အားျဖင့္ ကစားသမားဘဝ ေနဝင္ခ်ိန္ေရာက္ရွိေနၿပီျဖစ္ေပမယ့္လည္း ကမာၻ႔အဆင့္ ေျခစြမ္း ျပသေနၾကဆဲျဖစ္ပါတယ္။ မာကို ဗန္ ဘက္စတန္ဟာ ေဘာလုံးအားကစားသမိုင္းထဲမွာ အေကာင္းဆုံးတိုက္စစ္မႉးေတြထဲက တစ္ဦးအျဖစ္ သတ္မွတ္ျခင္းခံခဲ့ရသူျဖစ္ၿပီး ကစားသမားဘဝတေလွ်ာက္ ဘလြန္ေဒါဆုကို ၃ ႀကိမ္(၁၉၈၈၊ ၁၉၈၉၊ ၁၉၉၂)ရရွိခဲ့တာျဖစ္ပါတယ္။

ဒတ္ခ်္တိုက္စစ္မႉးဟာ ေအစီမီလန္အသင္းနဲ႔အတူ ဥေရာပဖလား ၃ ႀကိမ္ ရရွိခဲ့ၿပီး ယူ႐ို ၁၉၈၈ ၿပိဳင္ပြဲမွာ ေဟာ္လန္လက္ေ႐ြးစင္အသင္းနဲ႔အတူ ခ်န္ပီယံျဖစ္ခဲ့သူ ျဖစ္ပါတယ္။ လက္ရွိမွာေတာ့ ဗန္ ဘက္စတန္ဟာ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုနဲ႔ မက္ဆီ ဘယ္သူပိုေကာင္းလဲဆိုတဲ့ အျငင္းအခုံအတြက္ အေျဖေပးခဲ့ၿပီျဖစ္ၿပီး တကယ္ေတာ့ ဒီလို ျငင္းခုံမႈမ်ိဳး ရွိကို မရွိသင့္တာလို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

“ခရစၥတီယာႏို ေရာ္နယ္လ္ဒိုက အရမ္းေကာင္းတဲ့ ကစားသမားျဖစ္ေပမယ့္ သူက မက္ဆီထက္ ပိုေကာင္းတယ္လို႔ ေျပာတဲ့သူေတြက ေဘာလုံးအေၾကာင္း ဘာမွမသိလို႔ ဒါမွမဟုတ္ တစ္ဖက္ပိတ္ၿပီး ေျပာေနတာျဖစ္ပါလိမ့္မယ္။ မက္ဆီက ရွာမွရွားတဲ့ ကစားသမားပါ။ သူ႔ကို လိုက္တုလို႔ မျဖစ္ႏိုင္သလို သူ႔လိုမ်ိဳးလူ ထပ္ရွိလာဖို႔လည္း မျဖစ္ႏိုင္ပါဘူး။ သူ႔လိုမ်ိဳး ကစားသမားေတြက အနည္းဆုံး ႏွစ္ ၅၀ ကေန ၁၀၀ အၾကာေလာက္မွ ေတြ႕ရတတ္တာပါ။ ကေလးဘဝတုန္းက ေဘာလုံးဉာဏ္ႀကီးရွင္အိုးထဲ ျပဳတ္က်ခဲ့တာပါ(တင္စားေျပာဆိုျခင္း)”

မာကို ဗန္ ဘက္စတန္က လီယြန္နယ္ မက္ဆီကို ခ်ီးက်ဴးေျပာဆိုမႈေတြ ျပဳလုပ္ခဲ့ေပမယ့္လည္း အာဂ်င္တီးနားၾကယ္ပြင့္ ၎ရဲ႕အေကာင္းဆုံး ကစားသမား ၃ ဦးထဲမွာ ပါဝင္ျခင္းမရွိခဲ့တာျဖစ္ပါတယ္။ “ပီလီ၊ မာရာဒိုနာ၊ ယိုဟန္ ခ႐ိုက္ဖ္တို႔က ကြၽန္ေတာ့္အတြက္ေတာ့ ေဘာလုံးသမိုင္းမွာ အႀကီးက်ယ္ဆုံးကစားသမား ၃ ဦးပါ။ ကေလးဘဝတုန္းက ကြၽန္ေတာ္ ခ႐ိုက္ဖ္လိုမ်ိဳး ျဖစ္ခ်င္ခဲ့တယ္။ သူက ကြၽန္ေတာ့္မိတ္ေဆြပါ။ သူ႔ကို ကြၽန္ေတာ္ လြမ္းတယ္။ ပီလီနဲ႔ မာရာဒိုနာတို႔ကလည္း မယုံႏိုင္စရာေကာင္းခဲ့ပါတယ္”

“မက္ဆီကလည္း အရမ္းေကာင္းတဲ့ ကစားသမားပါ။ ဒါေပမယ့္ မာရာဒိုနာက အသင္းတစ္သင္းထဲမွာ အၿမဲတမ္း ပိုၿပီး ကိုယ္ရည္ကိုယ္ေသြးေကာင္းမြန္ခဲ့ပါတယ္။ မက္ဆီက စစ္ပြဲတစ္ပြဲႏႊဲတဲ့အခါက်ရင္ သူ႔ကိုယ္သူ ေရွ႕ဆုံးကို တြန္းပို႔တတ္တဲ့ ကစားသမားတစ္ေယာက္ မဟုတ္ပါဘူး”လို႔ ေျပာၾကားခဲ့ပါတယ္။ မာကို ဗန္ ဘက္စတန္က တသက္တာအေကာင္းဆုံး ကစားသမား ၇ ဦးစာရင္းမွာ ပီလီ၊ မာရာဒိုနာ၊ ခ႐ိုက္ဖ္၊ မက္ဆီ။ ေရာ္နယ္လ္ဒို၊ ပါလာတီနီ၊ ဇီဒန္းတို႔ကို သတ္မွတ္ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.