Premier League Transfer News

အာဆင်နယ်ဆီကနေ ကမ်းလှမ်းမှုကို စောင့်ဆိုင်းနေတဲ့ ပရီးမီးယားလိဂ်ကြယ်ပွင့်

ဘယ်လ်ဂျီယမ်သတင်းဌာန HLN ရဲ့ ဂျာနယ်လစ် ခရစ္စတို့ဖ် တဲရူရာက ယူရီ တီလီမန်းစ်ဟာ ယခုနွေရာသီမှာ အပြောင်းအရွှေ့ ပြုလုပ်ဖို့အတွက် အာဆင်နယ်အသင်းဆီက ကမ်းလှမ်းမှုကို စောင့်ဆိုင်းနေတယ်လို့ ပြောကြားခဲ့ပါတယ်။

အသက် ၂၅ နှစ်အရွယ် လက်စတာစီးတီးကွင်းလယ်ကြယ်ပွင့်ဟာ သိပ်မကြာခင်အချိန်အတွင်း စာချုပ်သက်တမ်း နောက်ဆုံးနှစ်ထဲကို ဝင်ရောက်တော့မှာဖြစ်ပြီး တီလီမန်းစ်ဟာ အာဆင်နယ်နဲ့ထက်ပိုပြီး သတင်းထွက်နေတဲ့အသင်းမရှိတာကြောင့် အမ်းမရိတ်စ်ကို ပြောင်းရွှေ့လိမ့်မယ်လို့ အများစုရဲ့ မျှော်မှန်းခြင်းကို ခံနေရတာဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ လာမယ့်ရာသီသစ် မစတင်ခင်မှာ ၎င်းတို့ရဲ့ ကွင်းလယ်ကို အင်အားဖြည့်တင်းချင်နေတာဖြစ်ပြီး အာတီတာဟာ ကွင်းလယ်မှာ ချာကာထက်ပိုပြီး လျင်လျင်မြန်မြန်ထိုးဖောက်ကစားနိုင်တဲ့ ကစားသမားတစ်ဦးလိုချင်တာကြောင့် တီလီမန်းစ်က အဓိကပစ်မှတ်အဖြစ် ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။

တဲရူရာရဲ့ ပြောကြားချက်သာ ယုံကြည်ရမယ်ဆိုရင် လက်စတာစီးတီးကြယ်ပွင့်ဟာ ယခုနွေရာသီမှာ အမ်းမရိတ်စ်ကို ပြောင်းရွှေ့ဖို့အတွက် မီးစိမ်းပြတာကို စောင့်ဆိုင်းနေတာသာ ဖြစ်ပါတယ်။

“ကျွန်တော် ဥရောပတလွှားက ဘယ်လ်ဂျီယမ်ကစားသမားတွေအားလုံးကို စောင့်ကြည့်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က သူတို့တွေအားလုံး ပရီမးီးယားလိဂ်မှာ ရှိနေခဲ့ကြတော့ ကျွန်တော် ပွဲတွေ အများကြီး ကြည့်ခဲ့ရတယ်။ ကျွန်တော် ၂ ရက်တစ်ခါ သူတို့ရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်နေပြီး ကစားသမားတွေက ပြောင်းရွှေ့နေကြတယ်ဆိုတာ အမှန်ပါပဲ။ ဒီနွေရာသီမှာ ပြောင်းရွှေ့မယ့် ဘယ်လ်ဂျီယမ်ကစားသမား အနည်းငယ်ရှိနေပါတယ်”

“ချဲလ်ဆီးကို စွန့်ခွာပြီး အင်တာမီလန်ကို ပြန်သွားချင်နေတဲ့ လူကာကူကိုတော့ ထည့်မပြောတော့ဘူး။ ယူရီ တီလီမန်းစ်ဆိုရင် သူက အာဆင်နယ်ဆီကနေ ကမ်းလှမ်းမှုကို စောင့်ဆိုင်နေတာလို့ ကျွန်တော် ထင်တယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ ဘယ်လ်ဂျီယမ်ကွင်းလယ်ကစားသမားဟာ အသက်အရွယ်အားဖြင့် ငယ်ရွယ်သေးပေမယ့် ပရီးမီးယားလိဂ်အတွေ့အကြုံများစွာ ရှိပြီး ကွင်းလယ်ကနေ ပုံမှန်ဆိုသလို သွင်းဂိုးတွေနဲ့ ဂိုးဖန်တီးမှုတွေ ပြုလုပ်ပေးနိုင်တာကြောင့် အာဆင်နယ်လိုအပ်နေတာနဲ့ ကွက်တိလို့ ဆိုရမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၃ ရာသီကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ချာကာက အာဆင်နယ်အတွက် ၈၉ ပွဲ ကစားပေးခဲ့ပြီး ဂိုးပါဝင်ပတ်သက်မှု ၉ ကြိမ်(သွင်းဂိုး ၃ ဂိုး၊ ဂိုးဖန်တီးမှု ၆ ကြိမ်)ရှိခဲ့ပါတယ်။ ယူရီ တီလီမန်းစ်ကတော့ တူညီတဲ့ကာလအတွင်းမှာ သွင်းဂိုး ၁၅ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၄ ကြိမ် ပြုလုပ်ထားပြီး အဲဒါက သူ ဘယ်လောက်တောင် ကောင်းမွန်လဲဆိုတာကို ပြသနေတာဖြစ်ပါတယ်။

လက်စတာစီးတီးနည်းပြ ဘရန်ဒန် ရော့ဂျားစ်က တီလီမန်းစ်ဟာ ထူးချွန်တဲ့ကစားသမားလို့ ချီးကျူးခဲ့ပြီး အာဆင်နယ်တို့အတွက် ထူးခြားဆန်းကြယ်တဲ့ ခေါ်ယူမှုဖြစ်လာနိုင်တာကြောင့် အီဒူးအနေနဲ့ လျင်လျင်မြန်မြန် သဘောတူညီမှု ရရှိအောင် လှုပ်ရှားနိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ဘယ္လ္ဂ်ီယမ္သတင္းဌာန HLN ရဲ႕ ဂ်ာနယ္လစ္ ခရစၥတို႔ဖ္ တဲ႐ူရာက ယူရီ တီလီမန္းစ္ဟာ ယခုေႏြရာသီမွာ အေျပာင္းအေ႐ႊ႕ ျပဳလုပ္ဖို႔အတြက္ အာဆင္နယ္အသင္းဆီက ကမ္းလွမ္းမႈကို ေစာင့္ဆိုင္းေနတယ္လို႔ ေျပာၾကားခဲ့ပါတယ္။

အသက္ ၂၅ ႏွစ္အ႐ြယ္ လက္စတာစီးတီးကြင္းလယ္ၾကယ္ပြင့္ဟာ သိပ္မၾကာခင္အခ်ိန္အတြင္း စာခ်ဳပ္သက္တမ္း ေနာက္ဆုံးႏွစ္ထဲကို ဝင္ေရာက္ေတာ့မွာျဖစ္ၿပီး တီလီမန္းစ္ဟာ အာဆင္နယ္နဲ႔ထက္ပိုၿပီး သတင္းထြက္ေနတဲ့အသင္းမရွိတာေၾကာင့္ အမ္းမရိတ္စ္ကို ေျပာင္းေ႐ႊ႕လိမ့္မယ္လို႔ အမ်ားစုရဲ႕ ေမွ်ာ္မွန္းျခင္းကို ခံေနရတာျဖစ္ပါတယ္။

အာဆင္နယ္အသင္းဟာ လာမယ့္ရာသီသစ္ မစတင္ခင္မွာ ၎တို႔ရဲ႕ ကြင္းလယ္ကို အင္အားျဖည့္တင္းခ်င္ေနတာျဖစ္ၿပီး အာတီတာဟာ ကြင္းလယ္မွာ ခ်ာကာထက္ပိုၿပီး လ်င္လ်င္ျမန္ျမန္ထိုးေဖာက္ကစားႏိုင္တဲ့ ကစားသမားတစ္ဦးလိုခ်င္တာေၾကာင့္ တီလီမန္းစ္က အဓိကပစ္မွတ္အျဖစ္ ေပၚထြက္လာခဲ့တာျဖစ္ပါတယ္။

တဲ႐ူရာရဲ႕ ေျပာၾကားခ်က္သာ ယုံၾကည္ရမယ္ဆိုရင္ လက္စတာစီးတီးၾကယ္ပြင့္ဟာ ယခုေႏြရာသီမွာ အမ္းမရိတ္စ္ကို ေျပာင္းေ႐ႊ႕ဖို႔အတြက္ မီးစိမ္းျပတာကို ေစာင့္ဆိုင္းေနတာသာ ျဖစ္ပါတယ္။

“ကြၽန္ေတာ္ ဥေရာပတလႊားက ဘယ္လ္ဂ်ီယမ္ကစားသမားေတြအားလုံးကို ေစာင့္ၾကည့္ခဲ့ပါတယ္။ လြန္ခဲ့တဲ့ ႏွစ္အနည္းငယ္က သူတို႔ေတြအားလုံး ပရီမးီးယားလိဂ္မွာ ရွိေနခဲ့ၾကေတာ့ ကြၽန္ေတာ္ ပြဲေတြ အမ်ားႀကီး ၾကည့္ခဲ့ရတယ္။ ကြၽန္ေတာ္ ၂ ရက္တစ္ခါ သူတို႔ရဲ႕ လႈပ္ရွားမႈေတြကို ေစာင့္ၾကည့္ေနၿပီး ကစားသမားေတြက ေျပာင္းေ႐ႊ႕ေနၾကတယ္ဆိုတာ အမွန္ပါပဲ။ ဒီေႏြရာသီမွာ ေျပာင္းေ႐ႊ႕မယ့္ ဘယ္လ္ဂ်ီယမ္ကစားသမား အနည္းငယ္ရွိေနပါတယ္”

“ခ်ဲလ္ဆီးကို စြန႔္ခြာၿပီး အင္တာမီလန္ကို ျပန္သြားခ်င္ေနတဲ့ လူကာကူကိုေတာ့ ထည့္မေျပာေတာ့ဘူး။ ယူရီ တီလီမန္းစ္ဆိုရင္ သူက အာဆင္နယ္ဆီကေန ကမ္းလွမ္းမႈကို ေစာင့္ဆိုင္ေနတာလို႔ ကြၽန္ေတာ္ ထင္တယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။ ဘယ္လ္ဂ်ီယမ္ကြင္းလယ္ကစားသမားဟာ အသက္အ႐ြယ္အားျဖင့္ ငယ္႐ြယ္ေသးေပမယ့္ ပရီးမီးယားလိဂ္အေတြ႕အႀကဳံမ်ားစြာ ရွိၿပီး ကြင္းလယ္ကေန ပုံမွန္ဆိုသလို သြင္းဂိုးေတြနဲ႔ ဂိုးဖန္တီးမႈေတြ ျပဳလုပ္ေပးႏိုင္တာေၾကာင့္ အာဆင္နယ္လိုအပ္ေနတာနဲ႔ ကြက္တိလို႔ ဆိုရမွာ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ၃ ရာသီကို ႏႈိင္းယွဥ္ၾကည့္မယ္ဆိုရင္ ခ်ာကာက အာဆင္နယ္အတြက္ ၈၉ ပြဲ ကစားေပးခဲ့ၿပီး ဂိုးပါဝင္ပတ္သက္မႈ ၉ ႀကိမ္(သြင္းဂိုး ၃ ဂိုး၊ ဂိုးဖန္တီးမႈ ၆ ႀကိမ္)ရွိခဲ့ပါတယ္။ ယူရီ တီလီမန္းစ္ကေတာ့ တူညီတဲ့ကာလအတြင္းမွာ သြင္းဂိုး ၁၅ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၁၄ ႀကိမ္ ျပဳလုပ္ထားၿပီး အဲဒါက သူ ဘယ္ေလာက္ေတာင္ ေကာင္းမြန္လဲဆိုတာကို ျပသေနတာျဖစ္ပါတယ္။

လက္စတာစီးတီးနည္းျပ ဘရန္ဒန္ ေရာ့ဂ်ားစ္က တီလီမန္းစ္ဟာ ထူးခြၽန္တဲ့ကစားသမားလို႔ ခ်ီးက်ဴးခဲ့ၿပီး အာဆင္နယ္တို႔အတြက္ ထူးျခားဆန္းၾကယ္တဲ့ ေခၚယူမႈျဖစ္လာႏိုင္တာေၾကာင့္ အီဒူးအေနနဲ႔ လ်င္လ်င္ျမန္ျမန္ သေဘာတူညီမႈ ရရွိေအာင္ လႈပ္ရွားႏိုင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.