Premier League Transfer News

16 Jun နံနက်ခင်း နောက်ဆုံးရ ပရီးမီးယားလိဂ် အပြောင်းအရွှေ့သတင်းများ စုစည်းမှု

– လီဗာပူးလ်အသင်းရဲ့ တိုက်စစ်မှူး ဆာဒီယို မာနေးနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ကြားမှာ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီချက်တွေ ညှိနှိုင်း အဆင်ပြေခဲ့ပြီဖြစ်ပြီး အသက် ၃၀ အရွယ် ဆီနီဂေါကစားသမားအတွက် ပြောင်းရွှေ့ကြေး ပေါင် ၃၄.၆ သန်းနဲ့ ထပ်မံကမ်းလှမ်းဖို့ ရှိနေသလို သုံးနှစ်စာချုပ်ချုပ်ဆိုဖို့ ပြင်ဆင်နေ။

– မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ချောင်ထိုးခြင်းကို ခံခဲ့ရတဲ့ အင်္ဂလန်လက်ရွေးစင်ဂိုးသမား ဒင်းန် ဟန်ဒါဆန်ကို ခေါ်ယူဖို့ ပရီးမီးယားလိဂ်တန်းတက် နော့တင်ဟမ်ဖောရက်စ်အသင်းနဲ့ သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ပြီး ပုဂ္ဂိုလ်ရေး ဆွေးနွေးမှုတွေပါ အပြီးသတ်ခဲ့သလို တစ်နှစ်အငှား၊ ရာသီကုန်မှာ ပေါင်သန်း ၂၀ ခေါ်ယူခွင့် ပါဝင်။

– ချဲလ်ဆီးအသင်းအနေနဲ့ သူတို့ရဲ့ အလှောင်ပြောင်ခံနေရတဲ့ တိုက်စစ်မှူး ရိုမီလူ လူကာကူးကို ပြန်ထုတ်ပြီး တိုက်စစ်ပိုင်းကို အားဖြည့်ဖို့ အတွက် အဲဗာတန်အသင်းရဲ့ တိုက်စစ်မှူး ရစ်ချာလစ်ဆန်ကို လန်ဒန်ပြိုင်ဘက် တော့တင်ဟမ်ဟော့စပါးစ်အသင်းနဲ့ အပြိုင်ခေါ်ယူသွားဖို့ စီစဉ်နေပြီး မာဆေးဆိုက်ဘက်က ပေါင်သန်း ၅၀ အနည်းဆုံး ရမှ ရောင်းချဖို့ ရှိနေ။

– မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ နည်းပြသစ် အဲရစ် တန်ဟတ်ရဲ့ တိုက်တွန်းမှုနဲ့ ဒတ်ချ်ကစားသမားတွေကို ခေါ်ယူဖို့ စီစဉ်နေရာမှာ အင်တာမီလန်အသင်းရဲ့ ညာနောက်ခံလူ ဒင်ဇယ်လ် ဒမ်းဖရီးစ်ကို ခေါ်ယူဖို့ ပေါင် ၂၁ သန်းနဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေတဲ့ ချဲလ်ဆီးအသင်းနဲ့ အပြိုင်လုဖို့ ရှိနေ။

– ချဲလ်ဆီးအသင်းအနေနဲ့ သူတို့ရဲ့ တိုက်စစ်မှူး ရိုမီလူ လူကာကူးကို အငှားနဲ့ ပြန်လည်ခေါ်ယူမယ့် အင်တာမီလန်အသင်းရဲ့ ယူရို ၅ သန်းတန် ကမ်းလှမ်းမှုကို ပယ်ချလိုက်ပြီး အနောက်လန်ဒန်အသင်းအနေနဲ့ ဘယ်လ်ဂျီယမ်သားရဲ့ တစ်နှစ်စာ Service အတွက် စီးရီးအေကလပ်ဆီက ပိုမိုများပြားတဲ့ ငွေကြေးပမာဏကို အလိုရှိနေ။

– အသင်းကို တိုက်စစ်မှူး ဒါဝင် နူးညက်ဇ်ရဲ့ စံချိန်တင် ခေါ်ယူမှုနဲ့ ရောက်ရှိလာခဲ့အပြီးမှာ လီဗာပူးလ်ကနေ ထွက်ခွာသွားဖွယ်ရှိနေတဲ့ တိုက်စစ်မှူး ရောဘတ်တို ဖာမီနိုကို အာဆင်နယ်တို့ ကမ်းလှမ်းသွားဖွယ်ရှိနေပြီး အောက်တိုဘာမှာ ၃၁ နှစ်ပြည့်မယ့် ဘရာဇီးလ်သားအတွက် ပေါင်သန်း ၃၀ ဝန်းကျင် ကျသင့်နိုင်။

– ကစားသမားဟောင်း မီဆွတ် အိုဇေးလ်ရဲ့ ချီးကျူးခြင်းကို ခံထားရတဲ့ ဖီနာဘာချီ လူငယ်ကွင်းလယ်လူ အာဒါ ဂူလာကို အာဆင်နယ်တို့ စိတ်ဝင်စားနေပြီး ပေါင် ၂၅ သန်းနဲ့ ကမ်းလှမ်းသွားဖို့ သတင်းတွေ ထွက်နေသလို အသက် ၁၇ နှစ်အရွယ်သာ ရှိသေးတဲ့ တူရကီသားလေး အနေနဲ့ အနာဂတ်မှာ ပိုမိုကောင်းမွန်လာဦးမယ်လို့ မီဒီယာတွေရဲ့ ချီးကျူးမှုကို ရရှိထား။

– ဘရိုက်တန်ကွင်းလယ်လူ အိဗ်စ် ဘီဆူးမားအနေနဲ့ ဒီနေ့မှာ မြောက်လန်ဒန်ကို ရောက်ရှိနေပြီး တော့တင်ဟမ်ဟော့စပါးစ်အသင်းရဲ့ ကစားသမားသစ်ဖြစ်လာဖို့ ဆေးစစ်မှု ခံယူပြီး အပြောင်းအရွှေ့ကို အပြီးသတ်ဖို့ ရှိနေသလို မာလီလက်ရွေးစင်အတွက် ကနဦး ပေးချေမှု ပေါင် ၂၅ သန်းအပြင် ဆုကြေး ပေါင် ၅ သန်းနဲ့ သဘောတူညီခဲ့။

– ဝက်စ်ဟမ်းယူနိုက်တက်အသင်းနဲ့ ဆေးစစ်ခံဖို့ လုပ်ဆောင်နေတဲ့ ရင်းနေးကွင်းလယ်လူ နာယက်ဖ် အာဂွါဒ်ကို ခေါ်ယူဖို့ နယူးကာဆယ်လ် ယူနိုက်တက်အသင်းရဲ့ နှောင့်ယှက်မှုအသွင်ဆောင်တဲ့ နောက်ကျ စိတ်ဝင်စားမှုက ပြောင်းရွှေ့ကြေး ပေါင်သန်း ၂၀ နဲ့ လန်ဒန်ကို ရောက်လာမယ့် မော်ရိုကိုသားအတွက် စိတ်ပြောင်းစရာဖြစ်နိုင်ဦးမလား စောင့်ကြည့်ရမည်။

– မန်ချက်စတာစီးတီးအသင်းရဲ့ လူငယ်စီမံကိန်းက ပေါ်ထွက်လာတဲ့ ဂိုးသမားတစ်ဦးဖြစ်တဲ့ နိုင်ဂျီးရီးယားနွယ်ဖွား အိုင်ယာလန် လက်ရွေးစင် ဂေဗင် ဘာဇူးနူးအတွက် ဆောက်သမ်တန် အသင်းအနေနဲ့ ပြောင်းရွှေ့ကြေး ပေါင် ၁၂ သန်းနဲ့ အနာဂတ် ခံစားခွင့် ပေါင် ၃ သန်း ပေးချေကမ်းလှမ်းထားပြီး ဆေးစစ်မှုခံယူနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– လီဗာပူးလ္အသင္းရဲ႕ တိုက္စစ္မႉး ဆာဒီယို မာေနးနဲ႔ ဘိုင္ယန္ျမဴးနစ္အသင္းတို႔ၾကားမွာ ပုဂၢိဳလ္ေရးဆိုင္ရာ သေဘာတူညီခ်က္ေတြ ညႇိႏႈိင္း အဆင္ေျပခဲ့ၿပီျဖစ္ၿပီး အသက္ ၃၀ အ႐ြယ္ ဆီနီေဂါကစားသမားအတြက္ ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၃၄.၆ သန္းနဲ႔ ထပ္မံကမ္းလွမ္းဖို႔ ရွိေနသလို သုံးႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုဖို႔ ျပင္ဆင္ေန။

– မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ေခ်ာင္ထိုးျခင္းကို ခံခဲ့ရတဲ့ အဂၤလန္လက္ေ႐ြးစင္ဂိုးသမား ဒင္းန္ ဟန္ဒါဆန္ကို ေခၚယူဖို႔ ပရီးမီးယားလိဂ္တန္းတက္ ေနာ့တင္ဟမ္ေဖာရက္စ္အသင္းနဲ႔ သေဘာတူညီမႈ ရရွိခဲ့ၿပီျဖစ္ၿပီး ပုဂၢိဳလ္ေရး ေဆြးေႏြးမႈေတြပါ အၿပီးသတ္ခဲ့သလို တစ္ႏွစ္အငွား၊ ရာသီကုန္မွာ ေပါင္သန္း ၂၀ ေခၚယူခြင့္ ပါဝင္။

– ခ်ဲလ္ဆီးအသင္းအေနနဲ႔ သူတို႔ရဲ႕ အေလွာင္ေျပာင္ခံေနရတဲ့ တိုက္စစ္မႉး ႐ိုမီလူ လူကာကူးကို ျပန္ထုတ္ၿပီး တိုက္စစ္ပိုင္းကို အားျဖည့္ဖို႔ အတြက္ အဲဗာတန္အသင္းရဲ႕ တိုက္စစ္မႉး ရစ္ခ်ာလစ္ဆန္ကို လန္ဒန္ၿပိဳင္ဘက္ ေတာ့တင္ဟမ္ေဟာ့စပါးစ္အသင္းနဲ႔ အၿပိဳင္ေခၚယူသြားဖို႔ စီစဥ္ေနၿပီး မာေဆးဆိုက္ဘက္က ေပါင္သန္း ၅၀ အနည္းဆုံး ရမွ ေရာင္းခ်ဖို႔ ရွိေန။

– မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ နည္းျပသစ္ အဲရစ္ တန္ဟတ္ရဲ႕ တိုက္တြန္းမႈနဲ႔ ဒတ္ခ်္ကစားသမားေတြကို ေခၚယူဖို႔ စီစဥ္ေနရာမွာ အင္တာမီလန္အသင္းရဲ႕ ညာေနာက္ခံလူ ဒင္ဇယ္လ္ ဒမ္းဖရီးစ္ကို ေခၚယူဖို႔ ေပါင္ ၂၁ သန္းနဲ႔ ကမ္းလွမ္းဖို႔ ျပင္ဆင္ေနတဲ့ ခ်ဲလ္ဆီးအသင္းနဲ႔ အၿပိဳင္လုဖို႔ ရွိေန။

– ခ်ဲလ္ဆီးအသင္းအေနနဲ႔ သူတို႔ရဲ႕ တိုက္စစ္မႉး ႐ိုမီလူ လူကာကူးကို အငွားနဲ႔ ျပန္လည္ေခၚယူမယ့္ အင္တာမီလန္အသင္းရဲ႕ ယူ႐ို ၅ သန္းတန္ ကမ္းလွမ္းမႈကို ပယ္ခ်လိုက္ၿပီး အေနာက္လန္ဒန္အသင္းအေနနဲ႔ ဘယ္လ္ဂ်ီယမ္သားရဲ႕ တစ္ႏွစ္စာ Service အတြက္ စီးရီးေအကလပ္ဆီက ပိုမိုမ်ားျပားတဲ့ ေငြေၾကးပမာဏကို အလိုရွိေန။

– အသင္းကို တိုက္စစ္မႉး ဒါဝင္ ႏူးညက္ဇ္ရဲ႕ စံခ်ိန္တင္ ေခၚယူမႈနဲ႔ ေရာက္ရွိလာခဲ့အၿပီးမွာ လီဗာပူးလ္ကေန ထြက္ခြာသြားဖြယ္ရွိေနတဲ့ တိုက္စစ္မႉး ေရာဘတ္တို ဖာမီႏိုကို အာဆင္နယ္တို႔ ကမ္းလွမ္းသြားဖြယ္ရွိေနၿပီး ေအာက္တိုဘာမွာ ၃၁ ႏွစ္ျပည့္မယ့္ ဘရာဇီးလ္သားအတြက္ ေပါင္သန္း ၃၀ ဝန္းက်င္ က်သင့္ႏိုင္။

– ကစားသမားေဟာင္း မီဆြတ္ အိုေဇးလ္ရဲ႕ ခ်ီးက်ဴးျခင္းကို ခံထားရတဲ့ ဖီနာဘာခ်ီ လူငယ္ကြင္းလယ္လူ အာဒါ ဂူလာကို အာဆင္နယ္တို႔ စိတ္ဝင္စားေနၿပီး ေပါင္ ၂၅ သန္းနဲ႔ ကမ္းလွမ္းသြားဖို႔ သတင္းေတြ ထြက္ေနသလို အသက္ ၁၇ ႏွစ္အ႐ြယ္သာ ရွိေသးတဲ့ တူရကီသားေလး အေနနဲ႔ အနာဂတ္မွာ ပိုမိုေကာင္းမြန္လာဦးမယ္လို႔ မီဒီယာေတြရဲ႕ ခ်ီးက်ဴးမႈကို ရရွိထား။

– ဘ႐ိုက္တန္ကြင္းလယ္လူ အိဗ္စ္ ဘီဆူးမားအေနနဲ႔ ဒီေန႔မွာ ေျမာက္လန္ဒန္ကို ေရာက္ရွိေနၿပီး ေတာ့တင္ဟမ္ေဟာ့စပါးစ္အသင္းရဲ႕ ကစားသမားသစ္ျဖစ္လာဖို႔ ေဆးစစ္မႈ ခံယူၿပီး အေျပာင္းအေ႐ႊ႕ကို အၿပီးသတ္ဖို႔ ရွိေနသလို မာလီလက္ေ႐ြးစင္အတြက္ ကနဦး ေပးေခ်မႈ ေပါင္ ၂၅ သန္းအျပင္ ဆုေၾကး ေပါင္ ၅ သန္းနဲ႔ သေဘာတူညီခဲ့။

– ဝက္စ္ဟမ္းယူႏိုက္တက္အသင္းနဲ႔ ေဆးစစ္ခံဖို႔ လုပ္ေဆာင္ေနတဲ့ ရင္းေနးကြင္းလယ္လူ နာယက္ဖ္ အာဂြါဒ္ကို ေခၚယူဖို႔ နယူးကာဆယ္လ္ ယူႏိုက္တက္အသင္းရဲ႕ ေႏွာင့္ယွက္မႈအသြင္ေဆာင္တဲ့ ေနာက္က် စိတ္ဝင္စားမႈက ေျပာင္းေ႐ႊ႕ေၾကး ေပါင္သန္း ၂၀ နဲ႔ လန္ဒန္ကို ေရာက္လာမယ့္ ေမာ္႐ိုကိုသားအတြက္ စိတ္ေျပာင္းစရာျဖစ္ႏိုင္ဦးမလား ေစာင့္ၾကည့္ရမည္။

– မန္ခ်က္စတာစီးတီးအသင္းရဲ႕ လူငယ္စီမံကိန္းက ေပၚထြက္လာတဲ့ ဂိုးသမားတစ္ဦးျဖစ္တဲ့ ႏိုင္ဂ်ီးရီးယားႏြယ္ဖြား အိုင္ယာလန္ လက္ေ႐ြးစင္ ေဂဗင္ ဘာဇူးႏူးအတြက္ ေဆာက္သမ္တန္ အသင္းအေနနဲ႔ ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၁၂ သန္းနဲ႔ အနာဂတ္ ခံစားခြင့္ ေပါင္ ၃ သန္း ေပးေခ်ကမ္းလွမ္းထားၿပီး ေဆးစစ္မႈခံယူေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.