Premier League

ကြီးမားတဲ့အပြောင်းအရွှေ့ ကျရှုံးခန်းကြီး ရှိလာနိုင်တယ်လို့ သတိပေးခံခဲ့ရတဲ့ အီဒူး

အာဆင်နယ်အသင်းဟာ ယခုနွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာ ကစားသမားသစ် ခေါ်ယူမှုအများအပြား လုပ်ဆောင်သွားမယ်လို့ မျှော်မှန်းခြင်းခံနေရချိန်မှာ ဆာကာကို စာချုပ်သစ် မချုပ်ဆိုတာက အကြီးမားဆုံး ကျရှုံးကြီးဖြစ်လာနိုင်တယ်လို့ ဆိုင်မွန် ဂျော်ဒန်က သတိပေးပြောကြားခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့နွေရာသီမှာ ပေါင်သန်း ၁၅၀ ကျော် သုံးစွဲပြီး ဘန် ဝှိုက်၊ ရမ်းစ်ဒေးလ်နဲ့ မာတင် အော်ဒီဂွါဒ်တို့ကို ခေါ်ယူခဲ့တာဖြစ်ပါတယ်။ ရာသီအစပိုင်းမှာ အထနှေးခဲ့ပြီးနောက် ကစားသမားသစ်တွေဟာ လူငယ်တွေနဲ့ အသင်းကို တည်ဆောက်နေတဲ့ နည်းပြ အာတီတာရဲ့လက်အောက်မှာ ခြေစွမ်းလျင်လျင်မြန်မြန် တိုးတက်လာခဲ့ပြီး ပရီးမီးယားလိဂ်မှာ အသက်အငယ်ဆုံး လူစာရင်းဖြစ်ခဲ့တာဖြစ်ပါတယ်။

ရမ်းစ်ဒေးလ်၊ အော်ဒီဂွါဒ်နဲ့ ဘန် ဝှိုက်တို့က အထင်ကြီးဖွယ် စွမ်းဆောင်ရည်ပြသခဲ့ပေမယ့်လည်း အာဆင်နယ်အကယ်ဒမီထွက် ဆာကာဟာ တစ်ရာသီလုံး အဓိက ကစားသမား ဖြစ်ခဲ့တာဖြစ်ပါတယ်။ အသက် ၂၀ အရွယ် တောင်ပံကစားသမားဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၂ ပွဲသာ ပွဲထွက်ပါဝင်ကစားပေးခဲ့ခြင်းမရှိခဲ့တာဖြစ်ပြီး သွင်းဂိုး ၁၁ ဂိုးနဲ့ ဂိုးဖန်တီးမှု ၇ ကြိမ် ပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း လူငယ်ကြယ်ပွင့်ကစားသမားအတွက် စာချုပ်သစ် ချုပ်ဆိုဖို့ ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်နေပေမယ့်လည်း ဆာကာရဲ့ အမ်းမရိတ်စ်က အနာဂတ်ဟာ မရေရာမှုတွေ ကြီးထွားနေခဲ့တာဖြစ်ပါတယ်။ ဆာကာဟာ အာဆင်နယ်အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်း ၂ နှစ်သာ ကျန်ရှိတော့သူဖြစ်ပြီး တစ်ပတ်လုပ်ခလစာ ပေါင် ၃ သောင်းနဲ့ အသင်းမှာ လစာ အနည်းဆုံး ရရှိနေတဲ့ ကစားသမားတွေထဲက တစ်ဦးဖြစ်နေခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်အသင်းရဲ့ နောက်ထပ်တစ်ကြိမ် ချန်ပီယံလိဂ်ဝင်ခွင့် မရရှိခဲ့တာကလည်း ၎င်းတို့ရဲ့ တောင်ပံကြယ်ပွင့်ကစားသမားကို ပျော်ရွှင်အောင် ဆက်ထားနိုင်ပါ့မလားဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်စေခဲ့ပြီး ခရစ္စတယ်ပဲလေ့စ် ဥက္ကဌဟောင်း ဆိုင်မွန် ဂျော်ဒန်က အင်္ဂလန်တောင်ပံကစားသမားကိုသာ အသင်းက ထွက်ခွာခွင့်ပေးလိုက်ရင် အီဒူးနဲ့ အာတီတာတို့အတွက် ကြီးမားတဲ့ ကျရှုံးခန်းကြီး ဖြစ်လာလိမ့်မယ်လို့ သတိပေးခဲ့တာဖြစ်ပါတယ်။

“အာဆင်နယ်အနေနဲ့ လူငယ်မူဝါဒအတိုင်း အာဆင်နယ်စိတ်ဓာတ်အောက်မှာ တိုးတက်လာခဲ့ပြီး အကယ်ဒမီကနေ ခက်ခက်ခဲခဲ ကြိုးစားခဲ့ပြီးနောက် ပထမအသင်းထဲကို ရောက်ရှိလာတဲ့ ကစားသမားတွေကို စာချုပ်သစ် ချုပ်ဆိုဖို့ ဖြေရှင်းနည်း ရှာမတွေ့နိုင်တာနဲ့ပဲ ရောင်းမထုတ်သင့်ပါဘူး။ ကစားသမားက အသင်းထဲက သူ့ရဲ့နေရာမှာ အောင်မြင်မှုရရှိအောင် ကြိုးပမ်းရလိမ့်မှာဖြစ်ပြီး သူတို့တွေ ဘာလုပ်ရမယ်ဆိုတာထက် သူတို့တွေ ဘာလုပ်ရမယ်ဆိုတာကို အသင်းက သတ်မှတ်ပေးရမှာဆိုတဲ့ ငြင်းခုံမှုတွေ ရှိနေတယ်ဆိုတာ ကျွန်တော် သိပါတယ်”

“သူတို့တွေ ဒီကလေးတွေကို စာချုပ်သစ် ချုပ်ဆိုဖို့အတွက် ပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းရှာမတွေ့ခဲ့ဘူးဆိုရင် အာဆင်နယ်မှာ စိတ်ပျက်စရာ နေ့ဖြစ်လာမှာဖြစ်ပါတယ်။ ဒီကိစ္စက ကောင်လေးတွေရဲ့ ကစားသမားဘဝ လားရာကို ထိန်းချုပ်ထားတဲ့ အီဒူး၊ အာတီတာနဲ့ အာဆင်နယ်က လူတွေ အားလုံးအတွက် ကြီးမားတဲ့ ကျရှုံးခန်းဖြစ်လာမှာပါ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:အာဆင္နယ္အသင္းဟာ ယခုေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္မွာ ကစားသမားသစ္ ေခၚယူမႈအမ်ားအျပား လုပ္ေဆာင္သြားမယ္လို႔ ေမွ်ာ္မွန္းျခင္းခံေနရခ်ိန္မွာ ဆာကာကို စာခ်ဳပ္သစ္ မခ်ဳပ္ဆိုတာက အႀကီးမားဆုံး က်ရႈံးႀကီးျဖစ္လာႏိုင္တယ္လို႔ ဆိုင္မြန္ ေဂ်ာ္ဒန္က သတိေပးေျပာၾကားခဲ့ပါတယ္။

အာဆင္နယ္အသင္းဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ ေပါင္သန္း ၁၅၀ ေက်ာ္ သုံးစြဲၿပီး ဘန္ ဝႈိက္၊ ရမ္းစ္ေဒးလ္နဲ႔ မာတင္ ေအာ္ဒီဂြါဒ္တို႔ကို ေခၚယူခဲ့တာျဖစ္ပါတယ္။ ရာသီအစပိုင္းမွာ အထေႏွးခဲ့ၿပီးေနာက္ ကစားသမားသစ္ေတြဟာ လူငယ္ေတြနဲ႔ အသင္းကို တည္ေဆာက္ေနတဲ့ နည္းျပ အာတီတာရဲ႕လက္ေအာက္မွာ ေျခစြမ္းလ်င္လ်င္ျမန္ျမန္ တိုးတက္လာခဲ့ၿပီး ပရီးမီးယားလိဂ္မွာ အသက္အငယ္ဆုံး လူစာရင္းျဖစ္ခဲ့တာျဖစ္ပါတယ္။

ရမ္းစ္ေဒးလ္၊ ေအာ္ဒီဂြါဒ္နဲ႔ ဘန္ ဝႈိက္တို႔က အထင္ႀကီးဖြယ္ စြမ္းေဆာင္ရည္ျပသခဲ့ေပမယ့္လည္း အာဆင္နယ္အကယ္ဒမီထြက္ ဆာကာဟာ တစ္ရာသီလုံး အဓိက ကစားသမား ျဖစ္ခဲ့တာျဖစ္ပါတယ္။ အသက္ ၂၀ အ႐ြယ္ ေတာင္ပံကစားသမားဟာ ပရီးမီးယားလိဂ္ပြဲစဥ္ ၂ ပြဲသာ ပြဲထြက္ပါဝင္ကစားေပးခဲ့ျခင္းမရွိခဲ့တာျဖစ္ၿပီး သြင္းဂိုး ၁၁ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၇ ႀကိမ္ ျပဳလုပ္ေပးခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း လူငယ္ၾကယ္ပြင့္ကစားသမားအတြက္ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ ေျပာဆိုေဆြးေႏြးမႈေတြ ျပဳလုပ္ေနေပမယ့္လည္း ဆာကာရဲ႕ အမ္းမရိတ္စ္က အနာဂတ္ဟာ မေရရာမႈေတြ ႀကီးထြားေနခဲ့တာျဖစ္ပါတယ္။ ဆာကာဟာ အာဆင္နယ္အသင္းနဲ႔ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္သက္တမ္း ၂ ႏွစ္သာ က်န္ရွိေတာ့သူျဖစ္ၿပီး တစ္ပတ္လုပ္ခလစာ ေပါင္ ၃ ေသာင္းနဲ႔ အသင္းမွာ လစာ အနည္းဆုံး ရရွိေနတဲ့ ကစားသမားေတြထဲက တစ္ဦးျဖစ္ေနခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္အသင္းရဲ႕ ေနာက္ထပ္တစ္ႀကိမ္ ခ်န္ပီယံလိဂ္ဝင္ခြင့္ မရရွိခဲ့တာကလည္း ၎တို႔ရဲ႕ ေတာင္ပံၾကယ္ပြင့္ကစားသမားကို ေပ်ာ္႐ႊင္ေအာင္ ဆက္ထားႏိုင္ပါ့မလားဆိုတဲ့ ေမးခြန္းေတြ ထြက္ေပၚေစခဲ့ၿပီး ခရစၥတယ္ပဲေလ့စ္ ဥကၠဌေဟာင္း ဆိုင္မြန္ ေဂ်ာ္ဒန္က အဂၤလန္ေတာင္ပံကစားသမားကိုသာ အသင္းက ထြက္ခြာခြင့္ေပးလိုက္ရင္ အီဒူးနဲ႔ အာတီတာတို႔အတြက္ ႀကီးမားတဲ့ က်ရႈံးခန္းႀကီး ျဖစ္လာလိမ့္မယ္လို႔ သတိေပးခဲ့တာျဖစ္ပါတယ္။

“အာဆင္နယ္အေနနဲ႔ လူငယ္မူဝါဒအတိုင္း အာဆင္နယ္စိတ္ဓာတ္ေအာက္မွာ တိုးတက္လာခဲ့ၿပီး အကယ္ဒမီကေန ခက္ခက္ခဲခဲ ႀကိဳးစားခဲ့ၿပီးေနာက္ ပထမအသင္းထဲကို ေရာက္ရွိလာတဲ့ ကစားသမားေတြကို စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ ေျဖရွင္းနည္း ရွာမေတြ႕ႏိုင္တာနဲ႔ပဲ ေရာင္းမထုတ္သင့္ပါဘူး။ ကစားသမားက အသင္းထဲက သူ႔ရဲ႕ေနရာမွာ ေအာင္ျမင္မႈရရွိေအာင္ ႀကိဳးပမ္းရလိမ့္မွာျဖစ္ၿပီး သူတို႔ေတြ ဘာလုပ္ရမယ္ဆိုတာထက္ သူတို႔ေတြ ဘာလုပ္ရမယ္ဆိုတာကို အသင္းက သတ္မွတ္ေပးရမွာဆိုတဲ့ ျငင္းခုံမႈေတြ ရွိေနတယ္ဆိုတာ ကြၽန္ေတာ္ သိပါတယ္”

“သူတို႔ေတြ ဒီကေလးေတြကို စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔အတြက္ ျပႆနာကို ေျဖရွင္းဖို႔ နည္းလမ္းရွာမေတြ႕ခဲ့ဘူးဆိုရင္ အာဆင္နယ္မွာ စိတ္ပ်က္စရာ ေန႔ျဖစ္လာမွာျဖစ္ပါတယ္။ ဒီကိစၥက ေကာင္ေလးေတြရဲ႕ ကစားသမားဘဝ လားရာကို ထိန္းခ်ဳပ္ထားတဲ့ အီဒူး၊ အာတီတာနဲ႔ အာဆင္နယ္က လူေတြ အားလုံးအတြက္ ႀကီးမားတဲ့ က်ရႈံးခန္းျဖစ္လာမွာပါ”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.