Premier League Transfer News

ဒါဝင် နူးညက်ဇ်ကို လီဗာပူးလ် ခေါ်ယူပြီး အနီးစပ်ဆုံး ပရီးမီးယားလိဂ် အပြောင်းအရွှေ့များ

– လီဗာပူးလ်အသင်းအနေနဲ့ ဘင်ဖီကာတိုက်စစ်မှူး ဒါဝင် နူးညက်ဇ်အတွက် ပုဂ္ဂိုလ်ရေးနဲ့ ကြံ့ခိုင်မှု စစ်ဆေးခြင်းဆိုင်ရာကိစ္စတွေကို ဒီနေ့ညနေမှာ အပြီးသတ်နိုင်ခဲ့ပြီး ပြောင်းရွှေ့ကြေး ပေါင် ၈၅ သန်း၊ ၆ နှစ်စာချုပ်နဲ့ ခေါ်ယူခဲ့ပြီး ဥရုဂွေးကစားသမားတစ်ဦးအတွက် အမြင့်မားဆုံး ပေးချေခဲ့တဲ့ စံချိန်သစ်လည်းဖြစ်လာ။

– တော့တင်ဟမ်ဟော့စပါးစ်အသင်းကတော့ ဒီရာသီ ဈေးကွက်ထဲမှာ လက်သွက်သွက်နဲ့ လှုပ်ရှားနေပြီး မြို့ခံပြိုင်ဘက် အာဆင်နယ်ကို အကြိမ်ကြိမ် အလဲထိုးသွားဖို့ စိတ်ကူးနေသလို ဒီနေ့မှာလည်း ဘရိုက်တန်ကွင်းလယ်လူ အိဗ်စ် ဘီဆူးမားကို ခေါ်ယူဖို့ ကနဦး ပြောင်းရွှေ့ကြေး ပေါင် ၂၅ သန်း၊ အနာဂတ် ခံစားခွင့် ပေါင် ၅ သန်းနဲ့ သဘောတူညီပြီး ဆေးစစ်ဖို့ စီစဉ်နေ။

– မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဒီနွေရာသီ ကွင်းလယ်ဦးစားပေး ပစ်မှတ်ဟာ ဘာစီလိုနာကစားသမား ဖရင်ကီ ဒီယုံးသာဖြစ်ပြီး နည်းပြသစ် အဲရစ် တန်ဟတ်ရဲ့ အပူတပြင်း တောင်းဆိုမှုလည်း ဖြစ်နေခဲ့ချိန်မှာ အိုင်းယက်စ်ကစားသမားဟောင်းပဲဖြစ်တဲ့ ခရစ္စတီယန် အဲရစ်ဆန်ကိုတော့ အလွတ်ခေါ်ယူနိုင်ဖို့ အရန်အစီအစဉ်အဖြစ် ကမ်းလှမ်းထား။

– ဘိုင်ယန်မြူးနစ်အသင်းအနေနဲ့ သူတို့ရဲ့ အက်စ်ပန်ညိုက ခေါ်ယူထားတဲ့ စပိန်ကွင်းလယ်လူ မာ့ခ် ရိုကာကို ခေါ်ယူစဉ်ကနဲ့ တူညီတဲ့ ပြောင်းရွှေ့ကြေး ပေါင် ၁၂ သန်းနဲ့ လိဒ်စ်ယူနိုက်တက်ဆီ ရောင်းချဖို့ စီစဉ်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ ပရီးမီးယားလိဂ်ကလပ်ဘက်က ကမ်းလှမ်းတဲ့ ကနဦးပြောင်းရွှေ့ကြေး ပေါင် ၁၀ သန်းနဲ့ ဆုကြေး ပေါင် ၂ သန်းကို သဘောတူညီပေးခဲ့။

– အာဆင်နယ်အသင်းအနေနဲ့ အေစီမီလန်အသင်းရဲ့ အပြောင်းအရွှေ့မှာ အလဲထိုးခြင်းကို ခံရဦးမှာဖြစ်ပြီး သူတို့တွေ စိတ်ဝင်စားနေတဲ့ ရီးရဲလ်မက်ဒရစ် တောင်ပံကစားသမား မာကို အဆန်စီယိုကို ကမ်းလှမ်းသွားဖို့ ပြင်ဆင်နေသလို အသက် ၂၆ နှစ်သားကို ချန်ပီယံလိဂ်ကစားခွင့်နဲ့ စာချုပ် ၁၂ လသာ ကျန်တော့အချိန်မှာ အလွယ်တကူ ဆွဲဆောင်သွားနိုင်ဖိုံရှိနေ။

– မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဘရိုက်တန်အသင်းရဲ့ ကြယ်ပွင့်နောက်ခံလူ မာ့ခ် ကူကူရဲယားကို ခေါ်ယူနိုင်ဖို့ အခြေအနေ ပိုကောင်းလာခဲ့ပြီး တောင်ပိုင်းကမ်းခြေအသင်းအနေနဲ့ အသက် ၂၃ နှစ်အရွယ် စပိန်သားကို ပေါင်သန်း ၅၀ ဝန်းကျင်နဲ့ ရောင်းချနိုင်ဖို့အတွက် ပေါ်တိုနောက်ခံလူ ဇိုင်ဒူး ဆာနူဆီနဲ့ အစားထိုးခေါ်ယူနိုင်ဖို့ နီးစပ်နေ။

– အာဆင်နယ်အသင်းရဲ့ တိုက်စစ်မှူး ရှာပုံတော်ကတော့ မန်စီးတီးရဲ့ ဂါဘရီယယ်လ် ဂျေဆူးစ်နဲ့ အပြီးသတ်နိုင်ဖို့ အစွမ်းကုန် ကြိုးစားနေပြီး ကစားသမားရဲ့ အေးဂျင့်ကို လန်ဒန်မှာ တွေ့မြင်ခဲ့ရသလို ဆာဆူအိုလိုရဲ့ ဂျန်လူကာ စကာမက်ကာနဲ့ ဗီရိုနာရဲ့ ဂျိုဗန်နီ ဆီမီယွန်နီတို့ကို ခေါ်ယူနိုင်ဖို့ကတော့ ကောလဟာလအဖြစ်သာ ရှိနေခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– လီဗာပူးလ္အသင္းအေနနဲ႔ ဘင္ဖီကာတိုက္စစ္မႉး ဒါဝင္ ႏူးညက္ဇ္အတြက္ ပုဂၢိဳလ္ေရးနဲ႔ ႀကံ့ခိုင္မႈ စစ္ေဆးျခင္းဆိုင္ရာကိစၥေတြကို ဒီေန႔ညေနမွာ အၿပီးသတ္ႏိုင္ခဲ့ၿပီး ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၈၅ သန္း၊ ၆ ႏွစ္စာခ်ဳပ္နဲ႔ ေခၚယူခဲ့ၿပီး ဥ႐ုေဂြးကစားသမားတစ္ဦးအတြက္ အျမင့္မားဆုံး ေပးေခ်ခဲ့တဲ့ စံခ်ိန္သစ္လည္းျဖစ္လာ။

– ေတာ့တင္ဟမ္ေဟာ့စပါးစ္အသင္းကေတာ့ ဒီရာသီ ေဈးကြက္ထဲမွာ လက္သြက္သြက္နဲ႔ လႈပ္ရွားေနၿပီး ၿမိဳ႕ခံၿပိဳင္ဘက္ အာဆင္နယ္ကို အႀကိမ္ႀကိမ္ အလဲထိုးသြားဖို႔ စိတ္ကူးေနသလို ဒီေန႔မွာလည္း ဘ႐ိုက္တန္ကြင္းလယ္လူ အိဗ္စ္ ဘီဆူးမားကို ေခၚယူဖို႔ ကနဦး ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၂၅ သန္း၊ အနာဂတ္ ခံစားခြင့္ ေပါင္ ၅ သန္းနဲ႔ သေဘာတူညီၿပီး ေဆးစစ္ဖို႔ စီစဥ္ေန။

– မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ဒီေႏြရာသီ ကြင္းလယ္ဦးစားေပး ပစ္မွတ္ဟာ ဘာစီလိုနာကစားသမား ဖရင္ကီ ဒီယုံးသာျဖစ္ၿပီး နည္းျပသစ္ အဲရစ္ တန္ဟတ္ရဲ႕ အပူတျပင္း ေတာင္းဆိုမႈလည္း ျဖစ္ေနခဲ့ခ်ိန္မွာ အိုင္းယက္စ္ကစားသမားေဟာင္းပဲျဖစ္တဲ့ ခရစၥတီယန္ အဲရစ္ဆန္ကိုေတာ့ အလြတ္ေခၚယူႏိုင္ဖို႔ အရန္အစီအစဥ္အျဖစ္ ကမ္းလွမ္းထား။

– ဘိုင္ယန္ျမဴးနစ္အသင္းအေနနဲ႔ သူတို႔ရဲ႕ အက္စ္ပန္ညိဳက ေခၚယူထားတဲ့ စပိန္ကြင္းလယ္လူ မာ့ခ္ ႐ိုကာကို ေခၚယူစဥ္ကနဲ႔ တူညီတဲ့ ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၁၂ သန္းနဲ႔ လိဒ္စ္ယူႏိုက္တက္ဆီ ေရာင္းခ်ဖို႔ စီစဥ္ခဲ့ေပမယ့္ ေနာက္ဆုံးမွာေတာ့ ပရီးမီးယားလိဂ္ကလပ္ဘက္က ကမ္းလွမ္းတဲ့ ကနဦးေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၁၀ သန္းနဲ႔ ဆုေၾကး ေပါင္ ၂ သန္းကို သေဘာတူညီေပးခဲ့။

– အာဆင္နယ္အသင္းအေနနဲ႔ ေအစီမီလန္အသင္းရဲ႕ အေျပာင္းအေ႐ႊ႕မွာ အလဲထိုးျခင္းကို ခံရဦးမွာျဖစ္ၿပီး သူတို႔ေတြ စိတ္ဝင္စားေနတဲ့ ရီးရဲလ္မက္ဒရစ္ ေတာင္ပံကစားသမား မာကို အဆန္စီယိုကို ကမ္းလွမ္းသြားဖို႔ ျပင္ဆင္ေနသလို အသက္ ၂၆ ႏွစ္သားကို ခ်န္ပီယံလိဂ္ကစားခြင့္နဲ႔ စာခ်ဳပ္ ၁၂ လသာ က်န္ေတာ့အခ်ိန္မွာ အလြယ္တကူ ဆြဲေဆာင္သြားႏိုင္ဖိုံရွိေန။

– မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ဘ႐ိုက္တန္အသင္းရဲ႕ ၾကယ္ပြင့္ေနာက္ခံလူ မာ့ခ္ ကူကူရဲယားကို ေခၚယူႏိုင္ဖို႔ အေျခအေန ပိုေကာင္းလာခဲ့ၿပီး ေတာင္ပိုင္းကမ္းေျခအသင္းအေနနဲ႔ အသက္ ၂၃ ႏွစ္အ႐ြယ္ စပိန္သားကို ေပါင္သန္း ၅၀ ဝန္းက်င္နဲ႔ ေရာင္းခ်ႏိုင္ဖို႔အတြက္ ေပၚတိုေနာက္ခံလူ ဇိုင္ဒူး ဆာႏူဆီနဲ႔ အစားထိုးေခၚယူႏိုင္ဖို႔ နီးစပ္ေန။

– အာဆင္နယ္အသင္းရဲ႕ တိုက္စစ္မႉး ရွာပုံေတာ္ကေတာ့ မန္စီးတီးရဲ႕ ဂါဘရီယယ္လ္ ေဂ်ဆူးစ္နဲ႔ အၿပီးသတ္ႏိုင္ဖို႔ အစြမ္းကုန္ ႀကိဳးစားေနၿပီး ကစားသမားရဲ႕ ေအးဂ်င့္ကို လန္ဒန္မွာ ေတြ႕ျမင္ခဲ့ရသလို ဆာဆူအိုလိုရဲ႕ ဂ်န္လူကာ စကာမက္ကာနဲ႔ ဗီ႐ိုနာရဲ႕ ဂ်ိဳဗန္နီ ဆီမီယြန္နီတို႔ကို ေခၚယူႏိုင္ဖို႔ကေတာ့ ေကာလဟာလအျဖစ္သာ ရွိေနခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.