La Liga Premier League

ညီအစ်ကိုရင်းတမျှ ချစ်ရတဲ့ မာဆယ်လိုကို စိတ်ထိခိုက်ဖွယ်နှုတ်ဆက်စကားပေးပို့ခဲ့တဲ့ ရော်နယ်လ်ဒို

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ၎င်းရဲ့ အသင်းဖော်ဟောင်းက ရီးရဲလ်မက်ဒရစ်အသင်းနဲ့ လမ်းခွဲလိုက်ပြီဖြစ်ကြောင်း တရားဝင်ကြေညာခဲ့ပြီးနောက် မာဆယ်လိုကို ဂုဏ်ပြုနှုတ်ဆက်စကား ပြောကြားခဲ့ပါတယ်။

ရော်နယ်လ်ဒိုနဲ့ မာဆယ်လိုတို့ဟာ ဘာနေဗျူးမှာ ၉ နှစ်ကြာ အသင်းဖော်တွေအဖြစ် အတွဲညီညီ ကစားခဲ့ကြတာဖြစ်ပြီး ချန်ပီယံလိဂ်ဖလား ၄ ကြိမ်အပါအဝင် ဆုဖလားပေါင်းများစွာ ကိုင်မြှောက်နိုင်ခဲ့ကြတာဖြစ်ပါတယ်။

မာဆယ်လိုဟာ ရီးရဲလ်မက်ဒရစ်ရဲ့ တသက်တာအကောင်းဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး ပြီးခဲ့တဲ့လက ပဲရစ်မှာ လီဗာပူးလ်ကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ နောက်ဆုံးပွဲစဉ်အဖြစ် ကစားပေးပြီး ၅ ကြိမ်မြောက် ချန်ပီယံလိဂ်ဆုတံဆိပ်ကို ရရှိခဲ့တာဖြစ်ပါတယ်။

ရော်နယ်လ်ဒိုဟာ ကွင်းထဲမှာ မာဆယ်လိုနဲ့ အလွန်ကောင်းမွန်တဲ့ အပြန်အလှန်နားလည်မှုမျိုး တည်ဆောက်နိုင်ခဲ့သလို ကွင်းပြင်ပမှာလည်း ညီအစ်ကိုတွေလို အရမ်း ခင်မင်ရင်းနှီးခဲ့ကြတာဖြစ်ပါတယ်။ ပေါ်တူဂီလက်ရွေးစင်အသင်းခေါင်းဆောင်က ဘရာဇီးလ် နောက်ခံကစားသမားဟာ အသင်းဖော်တစ်ယောက်ထက် အများကြီးပိုတဲ့သူ အမြဲတမ်း ဖြစ်နေလိမ့်မယ်လို့ ပြောကြားပြီး ဂုဏ်ပြု နှုတ်ဆက်စကား ပြောကြားခဲ့တာဖြစ်ပါတယ်။

“အသင်းဖော်တစ်ယောက်ထက် အများကြီးပိုတယ်။ ဘောလုံးက ကျွန်တော့်ကို ပေးခဲ့တဲ့ ညီအစ်ကိုတစ်ယောက်ပါ။ အဝတ်လဲခန်း အတူတူ မျှဝေသုံးစွဲခဲ့ရတာကို ကျွန်တော် ဝမ်းမြောက်ပျော်ရွှင်ခဲ့ရတဲ့ ကွင်းတွင်းနဲ့ ကွင်းပြင်ပမှာရော အကြီးမားဆုံးကြယ်ပွင့်တွေထဲက တစ်ဦးပါ။ ဒီ စွန့်စားခန်းသစ်ကို အရာအားလုံး မြှုပ်နှံပြီး ဆက်သွားပါ မာဆယ်လို”လို့ အင်စတာဂရမ်မှာ ရေးသားခဲ့ပါတယ်။

မာဆယ်လိုဟာ နှစ်ပေါင်းများစွာ ကစားခဲ့တဲ့ ရီးရဲလ်မက်ဒရစ်အသင်းကို စွန့်ခွာပြီးနောက် ကစားသမားဘဝကနေ အနားယူဦးမှာမဟုတ်သေးဘူးလို့ ပြောကြားခဲ့ပေမယ့်လည်း နောက်ထပ်ပြောင်းရွှေ့မယ့်အသင်းကိုတော့ ကြေညာခြင်းမရှိသေးတာဖြစ်ပါတယ်။

ဘရာဇီးလ်ဝါရင့်ဘယ်နောက်ခံကစားသမားဟာ စပိန်မှာပဲ ဆက်နေချင်နေပေမယ့်လည်း မေဂျာလိဂ်နဲ့ မွေးရပ်မြေ ဘရာဇီးလ်ကလပ်အသင်းတွေဆီကနေ ကမ်းလှမ်းမှုတွေ ရရှိထားတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ ၎ရဲ႕ အသင္းေဖာ္ေဟာင္းက ရီးရဲလ္မက္ဒရစ္အသင္းနဲ႔ လမ္းခြဲလိုက္ၿပီျဖစ္ေၾကာင္း တရားဝင္ေၾကညာခဲ့ၿပီးေနာက္ မာဆယ္လိုကို ဂုဏ္ျပဳႏႈတ္ဆက္စကား ေျပာၾကားခဲ့ပါတယ္။

ေရာ္နယ္လ္ဒိုနဲ႔ မာဆယ္လိုတို႔ဟာ ဘာေနဗ်ဴးမွာ ၉ ႏွစ္ၾကာ အသင္းေဖာ္ေတြအျဖစ္ အတြဲညီညီ ကစားခဲ့ၾကတာျဖစ္ၿပီး ခ်န္ပီယံလိဂ္ဖလား ၄ ႀကိမ္အပါအဝင္ ဆုဖလားေပါင္းမ်ားစြာ ကိုင္ေျမႇာက္ႏိုင္ခဲ့ၾကတာျဖစ္ပါတယ္။

မာဆယ္လိုဟာ ရီးရဲလ္မက္ဒရစ္ရဲ႕ တသက္တာအေကာင္းဆုံးကစားသမားေတြထဲက တစ္ဦးျဖစ္ၿပီး ၿပီးခဲ့တဲ့လက ပဲရစ္မွာ လီဗာပူးလ္ကို အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္မွာ ေနာက္ဆုံးပြဲစဥ္အျဖစ္ ကစားေပးၿပီး ၅ ႀကိမ္ေျမာက္ ခ်န္ပီယံလိဂ္ဆုတံဆိပ္ကို ရရွိခဲ့တာျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုဟာ ကြင္းထဲမွာ မာဆယ္လိုနဲ႔ အလြန္ေကာင္းမြန္တဲ့ အျပန္အလွန္နားလည္မႈမ်ိဳး တည္ေဆာက္ႏိုင္ခဲ့သလို ကြင္းျပင္ပမွာလည္း ညီအစ္ကိုေတြလို အရမ္း ခင္မင္ရင္းႏွီးခဲ့ၾကတာျဖစ္ပါတယ္။ ေပၚတူဂီလက္ေ႐ြးစင္အသင္းေခါင္းေဆာင္က ဘရာဇီးလ္ ေနာက္ခံကစားသမားဟာ အသင္းေဖာ္တစ္ေယာက္ထက္ အမ်ားႀကီးပိုတဲ့သူ အၿမဲတမ္း ျဖစ္ေနလိမ့္မယ္လို႔ ေျပာၾကားၿပီး ဂုဏ္ျပဳ ႏႈတ္ဆက္စကား ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“အသင္းေဖာ္တစ္ေယာက္ထက္ အမ်ားႀကီးပိုတယ္။ ေဘာလုံးက ကြၽန္ေတာ့္ကို ေပးခဲ့တဲ့ ညီအစ္ကိုတစ္ေယာက္ပါ။ အဝတ္လဲခန္း အတူတူ မွ်ေဝသုံးစြဲခဲ့ရတာကို ကြၽန္ေတာ္ ဝမ္းေျမာက္ေပ်ာ္႐ႊင္ခဲ့ရတဲ့ ကြင္းတြင္းနဲ႔ ကြင္းျပင္ပမွာေရာ အႀကီးမားဆုံးၾကယ္ပြင့္ေတြထဲက တစ္ဦးပါ။ ဒီ စြန႔္စားခန္းသစ္ကို အရာအားလုံး ျမႇဳပ္ႏွံၿပီး ဆက္သြားပါ မာဆယ္လို”လို႔ အင္စတာဂရမ္မွာ ေရးသားခဲ့ပါတယ္။

မာဆယ္လိုဟာ ႏွစ္ေပါင္းမ်ားစြာ ကစားခဲ့တဲ့ ရီးရဲလ္မက္ဒရစ္အသင္းကို စြန႔္ခြာၿပီးေနာက္ ကစားသမားဘဝကေန အနားယူဦးမွာမဟုတ္ေသးဘူးလို႔ ေျပာၾကားခဲ့ေပမယ့္လည္း ေနာက္ထပ္ေျပာင္းေ႐ႊ႕မယ့္အသင္းကိုေတာ့ ေၾကညာျခင္းမရွိေသးတာျဖစ္ပါတယ္။

ဘရာဇီးလ္ဝါရင့္ဘယ္ေနာက္ခံကစားသမားဟာ စပိန္မွာပဲ ဆက္ေနခ်င္ေနေပမယ့္လည္း ေမဂ်ာလိဂ္နဲ႔ ေမြးရပ္ေျမ ဘရာဇီးလ္ကလပ္အသင္းေတြဆီကေန ကမ္းလွမ္းမႈေတြ ရရွိထားတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.