Premier League

မန်ယူအစား လီဗာပူးလ်ကို ဘာလို့ ရွေးချယ်ခဲ့လဲဆိုတာကို ထုတ်ပြောလိုက်တဲ့ နူးညက်ဇ်

ဒါဝင် နူးညက်ဇ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းဆီကနေ စိတ်ဝင်စားခြင်းခံနေရချိန်မှာ လီဗာပူးလ်အသင်းကို ဘာကြောင့် ပြောင်းရွှေ့ဖို့ ရွေးချယ်ခဲ့လဲဆိုတာကို ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ဥရုဂွေးလက်ရွေးစင်တိုက်စစ်မှူးဟာ အင်္ဂါနေ့မှာ လီဗာပူးလ်ကစားသမားအဖြစ် တရားဝင် ထုတ်ဖော်ကြေညာခြင်းခံခဲ့ရတာဖြစ်ပြီး မာဆေးဆိုဒ်အသင်းဟာ ယခုနွေရာသီ ပထမဆုံးကစားသမားခေါ်ယူမှုကို ပြုလုပ်နိုင်ခဲ့ပြီဖြစ်ပါတယ်။

နူးညက်ဇ်ဟာ ဘင်ဖီကာအသင်းကနေ ပြောင်းရွှေ့ကြေး ပေါင် ၈၅ သန်းအပြင် ထပ်ဆောင်းပေးချေမှုတွေ ပါဝင်တဲ့ သဘောတူညီမှုနဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်တယ်လို့ ယုံကြည်ရပြီး ဘင်ဖီကာတိုက်စစ်မှူးဟောင်းဟာ ပေါ်တူဂီမှာ အထင်ကြီးဖွယ်ရာသီကို ပိုင်ဆိုင်ပြီးနောက်ပိုင်း အိုးထရက်ဖို့ဒ်ကို ပြောင်းရွှေ့ဖို့ သတင်းတွေ ထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။

အသက် ၂၂ နှစ်အရွယ် တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ရာသီမှာ ပြိုင်ပွဲစုံ ၄၁ ပွဲမှာ ၃၄ ဂိုးအထိ သွင်းယူနိုင်ခဲ့တာကြောင့် ပရီးမီးယားလိဂ်ထိပ်သီးအသင်းကြီးတွေအတွက် အချက်ပေးသံဖြစ်လာခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ခရစ္စတီယာနို ရော်နယ်လ်ဒိုကို အထောက်အပံ့ပေးနိုင်မယ့် တိုက်စစ်မှူးသစ် လိုအပ်နေပေမယ့်လည်း ပြီးခဲ့တဲ့ရက်သတ္တပတ်ကတည်းက ခါးသီးပြိုင်ဘက်က ဒါဝင် နူးညက်ဇ်ရဲ့ အပြောင်းအရွှေ့ပြိုင်ပွဲမှာ အလဲထိုးဖို့ ပြင်ဆင်နေပြီဆိုတာ ထင်ရှားလာခဲ့တာဖြစ်ပြီး အန်းဖီးကို ပြောင်းရွှေ့လာပြီးနောက် နူးညက်ဇ်က ဘာကြောင့် လီဗာပူးလ်ကို ရွေးချယ်ခဲ့ရလဲဆိုတာကို ထုတ်ဖော်ပြောကြားလိုက်တာဖြစ်ပါတယ်။

“လီဗာပူးလ်မှာ ရှိရတာ စိတ်ပျော်ရွှင်စရာဖြစ်ပြီး ဒီလို အရမ်းကောင်းတဲ့အသင်းရဲ့ တစ်စိတ်တပိုင်းဖြစ်ရတာ အရမ်းကို ပျော်ပါတယ်။ ကျွန်တော် လီဗာပူးလ်နဲ့ တွေ့ဆုံယှဉ်ပြိုင်ခဲ့ပြီး ချန်ပီယံလိဂ်မှာ သူတို့ ကစားခဲ့တဲ့ ပွဲတော်တော်များများကိုလည်း မြင်ခဲ့ပါတယ်။ အဲဒါက ကျွန်တော် ကစားတဲ့ပုံစံမျိုးပါပဲ။ ဒီမှာ အရမ်းကောင်းတဲ့ ကစားသမားအချို့ရှိနေပြီး ကျွန်တော့် ကစားဟန်က ဒီမှာ အံဝင်မယ်လို့ ထင်ပါတယ်။ ကျွန်တော် ပြောခဲ့တဲ့အတိုင်း ကျွန်တော် သူတို့ကစားတာ တော်တော်များများ ကြည့်ပြီးပါပြီ။ လီဗာပူးလ်က အရမ်းကြီးမားတဲ့အသင်းဖြစ်ပြီး အသင်းကို ကူညီပေးနိုင်ဖို့ ကျွန်တော့်မှာရှိတဲ့အရာအားလုံးကို ပေးသွားနိုင်ဖို့ မျှော်လင့်မိပါတယ်”

“ကျွန်တော် လေ့ကျင့်ရေးကွင်းကို ရောက်တဲ့အချိန်မှာ ကျွန်တော် ပြင်ဆင်ထားတာတွေနဲ့ တည်ဆောက်ပုံအားလုံးကို မြင်ရတာ တကယ်ကို အံ့အားသင့်ခဲ့ပြီး ဒီမှာ ဆုဖလားအားလုံးရှိနေပါတယ်။ ခင်ဗျား ဆုဖလားတွေ ပိုပြီး ရရှိမှာကို ကိုယ့်ဘာသာ မြင်ယောင်ကြည့်နိုင်ပြီး ဒီကို ရောက်လာတဲ့အခါမှာလည်း ဆုဖလားတွေ ပြထားတာကို မြင်နိုင်ပါတယ်။ ‘ကြည့်စမ်း၊ ငါ ဒီအသင်းရဲ့အစိတ်အပိုင်း ဖြစ်ခဲ့တယ်။ အဲဒီဖလားရတုန်းက ငါ အဲဒီမှာ ရှိခဲ့တယ်’လို့ ခင်ဗျား ပြောနိုင်ပါတယ်။ အဲဒါက ကျွန်တော် လီဗာပူးလ်ကို လာခဲ့ရတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုပါ။ ဆုဖလားတွေကို ရရှိဖို့ပါ။ ကျွန်တော် လီဗာပူးလ်မှာ ဆုဖလားတွေ အများကြီး အနိုင်ရရှိချင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ဒါဝင္ ႏူးညက္ဇ္ဟာ မန္ခ်က္စတာယူႏိုက္တက္အသင္းဆီကေန စိတ္ဝင္စားျခင္းခံေနရခ်ိန္မွာ လီဗာပူးလ္အသင္းကို ဘာေၾကာင့္ ေျပာင္းေ႐ႊ႕ဖို႔ ေ႐ြးခ်ယ္ခဲ့လဲဆိုတာကို ထုတ္ေဖာ္ ေျပာၾကားသြားခဲ့ပါတယ္။

ဥ႐ုေဂြးလက္ေ႐ြးစင္တိုက္စစ္မႉးဟာ အဂၤါေန႔မွာ လီဗာပူးလ္ကစားသမားအျဖစ္ တရားဝင္ ထုတ္ေဖာ္ေၾကညာျခင္းခံခဲ့ရတာျဖစ္ၿပီး မာေဆးဆိုဒ္အသင္းဟာ ယခုေႏြရာသီ ပထမဆုံးကစားသမားေခၚယူမႈကို ျပဳလုပ္ႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

ႏူးညက္ဇ္ဟာ ဘင္ဖီကာအသင္းကေန ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၈၅ သန္းအျပင္ ထပ္ေဆာင္းေပးေခ်မႈေတြ ပါဝင္တဲ့ သေဘာတူညီမႈနဲ႔ ေျပာင္းေ႐ႊ႕ခဲ့တာျဖစ္တယ္လို႔ ယုံၾကည္ရၿပီး ဘင္ဖီကာတိုက္စစ္မႉးေဟာင္းဟာ ေပၚတူဂီမွာ အထင္ႀကီးဖြယ္ရာသီကို ပိုင္ဆိုင္ၿပီးေနာက္ပိုင္း အိုးထရက္ဖို႔ဒ္ကို ေျပာင္းေ႐ႊ႕ဖို႔ သတင္းေတြ ထြက္ေပၚေနခဲ့တာျဖစ္ပါတယ္။

အသက္ ၂၂ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ ၿပီးခဲ့တဲ့ရာသီမွာ ၿပိဳင္ပြဲစုံ ၄၁ ပြဲမွာ ၃၄ ဂိုးအထိ သြင္းယူႏိုင္ခဲ့တာေၾကာင့္ ပရီးမီးယားလိဂ္ထိပ္သီးအသင္းႀကီးေတြအတြက္ အခ်က္ေပးသံျဖစ္လာခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုကို အေထာက္အပံ့ေပးႏိုင္မယ့္ တိုက္စစ္မႉးသစ္ လိုအပ္ေနေပမယ့္လည္း ၿပီးခဲ့တဲ့ရက္သတၱပတ္ကတည္းက ခါးသီးၿပိဳင္ဘက္က ဒါဝင္ ႏူးညက္ဇ္ရဲ႕ အေျပာင္းအေ႐ႊ႕ၿပိဳင္ပြဲမွာ အလဲထိုးဖို႔ ျပင္ဆင္ေနၿပီဆိုတာ ထင္ရွားလာခဲ့တာျဖစ္ၿပီး အန္းဖီးကို ေျပာင္းေ႐ႊ႕လာၿပီးေနာက္ ႏူးညက္ဇ္က ဘာေၾကာင့္ လီဗာပူးလ္ကို ေ႐ြးခ်ယ္ခဲ့ရလဲဆိုတာကို ထုတ္ေဖာ္ေျပာၾကားလိုက္တာျဖစ္ပါတယ္။

“လီဗာပူးလ္မွာ ရွိရတာ စိတ္ေပ်ာ္႐ႊင္စရာျဖစ္ၿပီး ဒီလို အရမ္းေကာင္းတဲ့အသင္းရဲ႕ တစ္စိတ္တပိုင္းျဖစ္ရတာ အရမ္းကို ေပ်ာ္ပါတယ္။ ကြၽန္ေတာ္ လီဗာပူးလ္နဲ႔ ေတြ႕ဆုံယွဥ္ၿပိဳင္ခဲ့ၿပီး ခ်န္ပီယံလိဂ္မွာ သူတို႔ ကစားခဲ့တဲ့ ပြဲေတာ္ေတာ္မ်ားမ်ားကိုလည္း ျမင္ခဲ့ပါတယ္။ အဲဒါက ကြၽန္ေတာ္ ကစားတဲ့ပုံစံမ်ိဳးပါပဲ။ ဒီမွာ အရမ္းေကာင္းတဲ့ ကစားသမားအခ်ိဳ႕ရွိေနၿပီး ကြၽန္ေတာ့္ ကစားဟန္က ဒီမွာ အံဝင္မယ္လို႔ ထင္ပါတယ္။ ကြၽန္ေတာ္ ေျပာခဲ့တဲ့အတိုင္း ကြၽန္ေတာ္ သူတို႔ကစားတာ ေတာ္ေတာ္မ်ားမ်ား ၾကည့္ၿပီးပါၿပီ။ လီဗာပူးလ္က အရမ္းႀကီးမားတဲ့အသင္းျဖစ္ၿပီး အသင္းကို ကူညီေပးႏိုင္ဖို႔ ကြၽန္ေတာ့္မွာရွိတဲ့အရာအားလုံးကို ေပးသြားႏိုင္ဖို႔ ေမွ်ာ္လင့္မိပါတယ္”

“ကြၽန္ေတာ္ ေလ့က်င့္ေရးကြင္းကို ေရာက္တဲ့အခ်ိန္မွာ ကြၽန္ေတာ္ ျပင္ဆင္ထားတာေတြနဲ႔ တည္ေဆာက္ပုံအားလုံးကို ျမင္ရတာ တကယ္ကို အံ့အားသင့္ခဲ့ၿပီး ဒီမွာ ဆုဖလားအားလုံးရွိေနပါတယ္။ ခင္ဗ်ား ဆုဖလားေတြ ပိုၿပီး ရရွိမွာကို ကိုယ့္ဘာသာ ျမင္ေယာင္ၾကည့္ႏိုင္ၿပီး ဒီကို ေရာက္လာတဲ့အခါမွာလည္း ဆုဖလားေတြ ျပထားတာကို ျမင္ႏိုင္ပါတယ္။ ‘ၾကည့္စမ္း၊ ငါ ဒီအသင္းရဲ႕အစိတ္အပိုင္း ျဖစ္ခဲ့တယ္။ အဲဒီဖလားရတုန္းက ငါ အဲဒီမွာ ရွိခဲ့တယ္’လို႔ ခင္ဗ်ား ေျပာႏိုင္ပါတယ္။ အဲဒါက ကြၽန္ေတာ္ လီဗာပူးလ္ကို လာခဲ့ရတဲ့ အေၾကာင္းအရင္းေတြထဲက တစ္ခုပါ။ ဆုဖလားေတြကို ရရွိဖို႔ပါ။ ကြၽန္ေတာ္ လီဗာပူးလ္မွာ ဆုဖလားေတြ အမ်ားႀကီး အႏိုင္ရရွိခ်င္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.