La Liga Premier League Transfer News

တူဟယ်လိုချင်နေတဲ့ ဂိုးဖန်တီးမှုဘုရင်ကို ခေါ်ယူမယ့် ချဲလ်ဆီး

ချဲလ်ဆီးအသင်းဟာ ယခုနွေရာသီမှာ ဘာစီလိုနာအသင်းကနေ အူ့စ်မန် ဒမ်ဘီလီကို ခေါ်ယူနိုင်ဖို့ အလွန်ကောင်းမွန်တဲ့ အခွင့်အရေးရှိနေတယ်လို့ အပြောင်းအရွှေ့လေ့လာသူ ဒင်း ဂျုံးစ်ရဲ့ ပြောကြားချက်အရ သိရပါတယ်။

ပြင်သစ်တောင်ပံကစားသမားရဲ့ နူးကမ့်က အနာဂတ်ဟာ လက်ရှိမှာ မရေမရာဖြစ်နေတာဖြစ်ပြီး ဂျုံးစ်က ချဲလ်ဆီးအသင်းအနေနဲ့ ဘာစီလိုနာတောင်ပံကစားသမားကို ခေါ်ယူနိုင်လိမ့်မယ်လို့ ထင်မြင်နေတာ ဖြစ်ပါတယ်။ ဒမ်ဘီလီဟာ ဘာစီလိုနာအသင်းနဲ့ ချုပ်ဆိုထားတဲ့ တစ်ပတ်လုပ်ခလစာ ပေါင် ၂၈၇၀၀၀ တန်ကြေးရှိတဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး ကတ်တလန် ထိပ်သီးအသင်းကြီးကို စွန့်ခွာနိုင်ခြေ ပိုမို မြင့်တက်လာနေတာ ဖြစ်ပါတယ်။

အသက် ၂၅ နှစ်အရွယ် ပြင်သစ်လက်ရွေးစင်ကြယ်ပွင့်ဟာ ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့ဖို့ နူးကမ့်ကို စွန့်ခွာနိုင်တဲ့ပုံပေါ်ခဲ့ပေမယ့်လည်း လိဂန်းအသင်းကြီးဟာ ၎င်းတို့ရဲ့ ကွင်းလယ်ကိုပဲ အားကောင်းအောင် အာရုံစိုက်ချင်တာကြောင့် ဒမ်ဘီလီကို ခေါ်ယူမယ့် ပြိုင်ပွဲကနေ နုတ်ထွက်သွားခဲ့ပြီဖြစ်တယ်လို့ Sport က ဖော်ပြခဲ့ပါတယ်။ အဲဒါက ဘာစီလိုနာတောင်ပံကစားသမားကို ခေါ်ယူချင်နေတဲ့ ချဲလ်ဆီးအသင်းအတွက် လမ်းပွင့်သွားခဲ့တာဖြစ်ပြီး talkSPORT ရဲ့ဖော်ပြချက်အရ လန်ဒန်ကလပ်အသင်းဟာ ပြင်သစ်ကစားသမားကို ခေါ်ယူဖို့ လက်ရှိမှာ ရေပန်းအစားဆုံးဖြစ်နေပြီလို့ သိရပါတယ်။

ချဲလ်ဆီးအသင်းနည်းပြ သောမတ်စ် တူဟယ်ဟာ အရင်တုန်းက ဒေါ့မွန်မှာ ဒမ်ဘီလီကို နည်းပြပေးခဲ့ဖူးသူဖြစ်ပြီး ဒင်း ဂျုံးစ်က ဂျာမန်လူမျိုးနည်းပြဟာ ပြင်သစ်တောင်ပံကစားသမားကို အလွန်နှစ်သက်သူဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဂျုံးစ်က တူဟယ်ရဲ့ ဒမ်ဘီလီနဲ့ အလုပ်အတူတူ လုပ်ဖူးတဲ့အတွေ့အကြုံက ဘာစီလိုနာအသင်းဆီကနေ ပြင်သစ်တောင်ပံကစားသမားကို ခေါ်ယူမယ့်အပြောင်းအရွှေ့ကို အောင်မြင်စေလိမ့်မယ်လို့ ယုံကြည်နေတာ ဖြစ်ပါတယ်။

“အူ့စ်မန် ဒမ်ဘီလီကို ခေါ်ယူဖို့ သူတို့ ၁၀၀ ရာခိုင်နှုန်း သေချာတယ်လို့ ကျွန်တော် မြင်ပါတယ်။ သူသာ ဘာစီလိုနာကို စွန့်ခွာခဲ့ရင် တူဟယ်က သူ့ကို နှစ်သက်တဲ့အတွက် ချဲလ်ဆီးကို သွားမယ်လို့ ကျွန်တော် ထင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။ ဒမ်ဘီလီဟာ ပြီးခဲ့တဲ့ရာသီမှာ ဂိုးဖန်တီးမှု ၁၃ ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး ဒဏ်ရာကြောင့် နိုဝင်ဘာလမတိုင်ခင်အထိ ပထမဆုံးပွဲ ပါဝင်ကစားပေးနိုင်ခြင်းမရှိခဲ့တဲ့ ပြင်သစ်တောင်ပံကစားသမားအတွက်တော့ ထူးခြားတဲ့ ကိန်းဂဏန်းတွေ ဖြစ်ခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းဟာ ၂၀၂၁-၂၀၂၂ ရာသီမှာ အချိန်တော်တော်များများ ဖန်တီးနိုင်စွမ်း ကင်းမဲ့နေတာကို မြင်တွေ့ခဲ့ရပြီး မေဆန် မောင့်ကသာ ပရီးမီးယားလိဂ်မှာ ဂိုးဖန်တီးမှုအပိုင်းမှာ ကိန်းဂဏန်း ၂ လုံးအထိ ရောက်ရှိနိုင်ခဲ့တဲ့ ချဲလ်ဆီးကစားသမားဖြစ်ခဲ့တာဖြစ်ပါတယ်။ ချဲလ်ဆီးရဲ့ တိုက်စစ်ကလည်း အချိန်တော်တော်များများမှာ ခါးပြတ်နေခဲ့ပုံပေါ်ပြီး မောင့်၊ ခိုင် ဟာဗတ်ဇ်၊ ဇီယက်ရှ်တို့အားလုံးဟာ နည်းစနစ်ပိုင်းမှာ ထူးချွန်တဲ့သူတွေဖြစ်ပေမယ့် တိုက်စစ်အပိုင်းမှာ နောက်ထပ်အပို မြန်နှုန်း ကင်းမဲ့နေခဲ့တာဖြစ်ပါတယ်။

ဒမ်ဘီလီဟာ နည်းစနစ်ပိုင်းကောင်းမွန် လျင်မြန်တဲ့အပြင် ၎င်းရဲ့ ကိန်းဂဏန်းတွေက အဆုံးသတ်ပိုင်းမှာလည်း တည်ငြိမ်သူဖြစ်ကြောင်းကို မီးမောင်းထိုးပြနေပြီး ပြင်သစ်တောင်ပံကစားသမားဟာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝမှာ ၅၄ ဂိုး သွင်းယူထားနိုင်ခဲ့ပြီး ဖြစ်ပါတယ်။ ဒမ်ဘီလီဟာ ချဲလ်ဆီးအသင်းရဲ့ တိုက်စစ်ကို ပိုမိုပေါက်ကွဲအား ကောင်းမွန်စေမှာဖြစ်ပြီး တူဟယ်ရဲ့အသင်းအနေနဲ့ လာမယ့်ရာသီ မန်စီးတီးနဲ့ လီဗာပူးလ်တို့လိုအသင်းတွေကို စိန်ခေါ်ချင်တယ်ဆိုရင်တော့ ဘာစီလိုနာတောင်ပံကြယ်ပွင့်လိုကစားသမားမျိုးကို မဖြစ်မနေ လိုအပ်မှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ခ်ဲလ္ဆီးအသင္းဟာ ယခုေႏြရာသီမွာ ဘာစီလိုနာအသင္းကေန အူ႔စ္မန္ ဒမ္ဘီလီကို ေခၚယူႏိုင္ဖို႔ အလြန္ေကာင္းမြန္တဲ့ အခြင့္အေရးရွိေနတယ္လို႔ အေျပာင္းအေ႐ႊ႕ေလ့လာသူ ဒင္း ဂ်ဳံးစ္ရဲ႕ ေျပာၾကားခ်က္အရ သိရပါတယ္။

ျပင္သစ္ေတာင္ပံကစားသမားရဲ႕ ႏူးကမ့္က အနာဂတ္ဟာ လက္ရွိမွာ မေရမရာျဖစ္ေနတာျဖစ္ၿပီး ဂ်ဳံးစ္က ခ်ဲလ္ဆီးအသင္းအေနနဲ႔ ဘာစီလိုနာေတာင္ပံကစားသမားကို ေခၚယူႏိုင္လိမ့္မယ္လို႔ ထင္ျမင္ေနတာ ျဖစ္ပါတယ္။ ဒမ္ဘီလီဟာ ဘာစီလိုနာအသင္းနဲ႔ ခ်ဳပ္ဆိုထားတဲ့ တစ္ပတ္လုပ္ခလစာ ေပါင္ ၂၈၇၀၀၀ တန္ေၾကးရွိတဲ့ စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မွာျဖစ္ၿပီး ကတ္တလန္ ထိပ္သီးအသင္းႀကီးကို စြန႔္ခြာႏိုင္ေျခ ပိုမို ျမင့္တက္လာေနတာ ျဖစ္ပါတယ္။

အသက္ ၂၅ ႏွစ္အ႐ြယ္ ျပင္သစ္လက္ေ႐ြးစင္ၾကယ္ပြင့္ဟာ ပီအက္စ္ဂ်ီအသင္းကို ေျပာင္းေ႐ႊ႕ဖို႔ ႏူးကမ့္ကို စြန႔္ခြာႏိုင္တဲ့ပုံေပၚခဲ့ေပမယ့္လည္း လိဂန္းအသင္းႀကီးဟာ ၎တို႔ရဲ႕ ကြင္းလယ္ကိုပဲ အားေကာင္းေအာင္ အာ႐ုံစိုက္ခ်င္တာေၾကာင့္ ဒမ္ဘီလီကို ေခၚယူမယ့္ ၿပိဳင္ပြဲကေန ႏုတ္ထြက္သြားခဲ့ၿပီျဖစ္တယ္လို႔ Sport က ေဖာ္ျပခဲ့ပါတယ္။ အဲဒါက ဘာစီလိုနာေတာင္ပံကစားသမားကို ေခၚယူခ်င္ေနတဲ့ ခ်ဲလ္ဆီးအသင္းအတြက္ လမ္းပြင့္သြားခဲ့တာျဖစ္ၿပီး talkSPORT ရဲ႕ေဖာ္ျပခ်က္အရ လန္ဒန္ကလပ္အသင္းဟာ ျပင္သစ္ကစားသမားကို ေခၚယူဖို႔ လက္ရွိမွာ ေရပန္းအစားဆုံးျဖစ္ေနၿပီလို႔ သိရပါတယ္။

ခ်ဲလ္ဆီးအသင္းနည္းျပ ေသာမတ္စ္ တူဟယ္ဟာ အရင္တုန္းက ေဒါ့မြန္မွာ ဒမ္ဘီလီကို နည္းျပေပးခဲ့ဖူးသူျဖစ္ၿပီး ဒင္း ဂ်ဳံးစ္က ဂ်ာမန္လူမ်ိဳးနည္းျပဟာ ျပင္သစ္ေတာင္ပံကစားသမားကို အလြန္ႏွစ္သက္သူျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။ ဂ်ဳံးစ္က တူဟယ္ရဲ႕ ဒမ္ဘီလီနဲ႔ အလုပ္အတူတူ လုပ္ဖူးတဲ့အေတြ႕အႀကဳံက ဘာစီလိုနာအသင္းဆီကေန ျပင္သစ္ေတာင္ပံကစားသမားကို ေခၚယူမယ့္အေျပာင္းအေ႐ႊ႕ကို ေအာင္ျမင္ေစလိမ့္မယ္လို႔ ယုံၾကည္ေနတာ ျဖစ္ပါတယ္။

“အူ႔စ္မန္ ဒမ္ဘီလီကို ေခၚယူဖို႔ သူတို႔ ၁၀၀ ရာခိုင္ႏႈန္း ေသခ်ာတယ္လို႔ ကြၽန္ေတာ္ ျမင္ပါတယ္။ သူသာ ဘာစီလိုနာကို စြန႔္ခြာခဲ့ရင္ တူဟယ္က သူ႔ကို ႏွစ္သက္တဲ့အတြက္ ခ်ဲလ္ဆီးကို သြားမယ္လို႔ ကြၽန္ေတာ္ ထင္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။ ဒမ္ဘီလီဟာ ၿပီးခဲ့တဲ့ရာသီမွာ ဂိုးဖန္တီးမႈ ၁၃ ႀကိမ္ ျပဳလုပ္ႏိုင္ခဲ့ၿပီး ဒဏ္ရာေၾကာင့္ ႏိုဝင္ဘာလမတိုင္ခင္အထိ ပထမဆုံးပြဲ ပါဝင္ကစားေပးႏိုင္ျခင္းမရွိခဲ့တဲ့ ျပင္သစ္ေတာင္ပံကစားသမားအတြက္ေတာ့ ထူးျခားတဲ့ ကိန္းဂဏန္းေတြ ျဖစ္ခဲ့တာျဖစ္ပါတယ္။

ခ်ဲလ္ဆီးအသင္းဟာ ၂၀၂၁-၂၀၂၂ ရာသီမွာ အခ်ိန္ေတာ္ေတာ္မ်ားမ်ား ဖန္တီးႏိုင္စြမ္း ကင္းမဲ့ေနတာကို ျမင္ေတြ႕ခဲ့ရၿပီး ေမဆန္ ေမာင့္ကသာ ပရီးမီးယားလိဂ္မွာ ဂိုးဖန္တီးမႈအပိုင္းမွာ ကိန္းဂဏန္း ၂ လုံးအထိ ေရာက္ရွိႏိုင္ခဲ့တဲ့ ခ်ဲလ္ဆီးကစားသမားျဖစ္ခဲ့တာျဖစ္ပါတယ္။ ခ်ဲလ္ဆီးရဲ႕ တိုက္စစ္ကလည္း အခ်ိန္ေတာ္ေတာ္မ်ားမ်ားမွာ ခါးျပတ္ေနခဲ့ပုံေပၚၿပီး ေမာင့္၊ ခိုင္ ဟာဗတ္ဇ္၊ ဇီယက္ရွ္တို႔အားလုံးဟာ နည္းစနစ္ပိုင္းမွာ ထူးခြၽန္တဲ့သူေတြျဖစ္ေပမယ့္ တိုက္စစ္အပိုင္းမွာ ေနာက္ထပ္အပို ျမန္ႏႈန္း ကင္းမဲ့ေနခဲ့တာျဖစ္ပါတယ္။

ဒမ္ဘီလီဟာ နည္းစနစ္ပိုင္းေကာင္းမြန္ လ်င္ျမန္တဲ့အျပင္ ၎ရဲ႕ ကိန္းဂဏန္းေတြက အဆုံးသတ္ပိုင္းမွာလည္း တည္ၿငိမ္သူျဖစ္ေၾကာင္းကို မီးေမာင္းထိုးျပေနၿပီး ျပင္သစ္ေတာင္ပံကစားသမားဟာ ပေရာ္ဖက္ရွင္နယ္ကစားသမားဘဝမွာ ၅၄ ဂိုး သြင္းယူထားႏိုင္ခဲ့ၿပီး ျဖစ္ပါတယ္။ ဒမ္ဘီလီဟာ ခ်ဲလ္ဆီးအသင္းရဲ႕ တိုက္စစ္ကို ပိုမိုေပါက္ကြဲအား ေကာင္းမြန္ေစမွာျဖစ္ၿပီး တူဟယ္ရဲ႕အသင္းအေနနဲ႔ လာမယ့္ရာသီ မန္စီးတီးနဲ႔ လီဗာပူးလ္တို႔လိုအသင္းေတြကို စိန္ေခၚခ်င္တယ္ဆိုရင္ေတာ့ ဘာစီလိုနာေတာင္ပံၾကယ္ပြင့္လိုကစားသမားမ်ိဳးကို မျဖစ္မေန လိုအပ္မွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.