Premier League Transfer News

လီဗာပူးလ်ပရိသတ်တွေကို စိတ်လှုပ်ရှားစေမယ့် အပြောင်းအရွှေ့ကို ပြောလိုက်တဲ့ ဒေါင်းနင်း

စတီးဝပ် ဒေါင်းနင်းက လီဗာပူးလ်အသင်းရဲ့ ဘင်ဖီကာ တိုက်စစ်မှူး ဒါဝင် နူးညက်ဇ်ကို ခေါ်ယူနိုင်ခြေရှိနေတာက လီဗာပူးလ်ပရိသတ်တွေကို စိတ်လှုပ်ရှားစေတယ်လို့ ပြောကြားခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ ဥရုဂွေးကြယ်ပွင့် တိုက်စစ်မှူးကို ခေါ်ယူနိုင်ဖို့ ဘင်ဖီကာအသင်းနဲ့ သဘောတူညီမှုရရှိခါနီး အခြေအနေမှာ ရှိနေတာဖြစ်ပြီး BBC Sport ရဲ့ သတင်းအရ ပြောင်းရွှေ့ကြေးဟာ ပေါင် ၆၄ သန်းအပြင် ထပ်ဆောင်းပေးချေမှု ပေါင် ၂၁ သန်းဝန်းကျင်ရှိလိမ့်မယ်လို့ သိရပါတယ်။

ဆာဒီယို မာနေးရဲ့ အန်းဖီးက အနာဂတ်ဟာ မရှင်းမလင်းဖြစ်နေပြီး မိုဟာမက် ဆာလားကလည်း စာချုပ်သစ် ချုပ်ဆိုဖို့ သဘောတူညီမှု ရရှိခြင်းမရှိသေးတာကြောင့် မာဆေးဆိုဒ်အသင်းအတွက်တော့ တစ်ခုခုကို မဖြစ်မနေ လုပ်ရတော့မယ့်အခြေအနေဖြစ်လာတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့ကာလတုန်းက လူးဝစ္စ ဒီယက်ဇ်ရဲ့ အပြောင်းအရွှေ့မှာ လီဗာပူးလ် လုပ်ခဲ့တဲ့အတိုင်းပဲ ဘင်ဖီကာ တိုက်စစ်မှူး ဒါဝင် နူးညက်ဇ်ရဲ့ အပြောင်းအရွှေ့မှာလည်း နောက်ထပ်ခြေတစ်လှမ်းသာ လှမ်းဖို့ ကျန်ရှိတော့တာဖြစ်ပါတယ်။ ဒီအပြောင်းအရွှေ့ဟာ ဖြစ်မြောက်တော့မယ့်ပုံ ပေါ်တာကြောင့် အင်္ဂလန်တောင်ပံကစားသမားဟောင်း စတီးဝပ် ဒေါင်းနင်းက ဒါဝင် နူးညက်ဇ်ကို စိတ်လှုပ်ရှားစရာကစားသမားလို့ ချီးကျူး ပြောဆိုမှုတွေ ပြုလုပ်သွားခဲ့တာဖြစ်ပါတယ်။

“မာနေးရဲ့နေရာမှာ သူ့ကိုသာ အစားထိုးခေါ်ယူမယ်ဆိုရင် ပြီးပြည့်စုံတဲ့ ခေါ်ယူမှု ဖြစ်လာမှာပါ။ ကျွန်တော် သူကစားတာ စောင့်ကြည့်ခဲ့တယ်။ သူက စိတ်လှုပ်ရှားစရာကောင်းတဲ့ ကစားသမားပဲ။ တကယ်လို့ မာနေးသာ ထွက်သွားရင် သူတို့ ကြီးမားတဲ့ ခေါ်ယူမှု လုပ်ဖို့ လိုအပ်ပြီး သူ့နေရာမှာ အစားထိုးဖို့ ပရိသတ်တွေကို စိတ်လှုပ်ရှားစေမယ့် တစ်စုံတယောက်ကို လိုအပ်ပါတယ်။ သူက ခင်ဗျား ရှာဖွေနေတဲ့ အရည်အချင်းတွေအားလုံးနဲ့ ပြည့်စုံတဲ့ ပစ်မှတ်ပါ”လို့ ပြောကြားခဲ့ပါတယ်။

လူးဝစ္စ ဒီယက်ဇ်ဟာ လီဗာပူးလ်ရဲ့ ခေါ်ယူခြင်းကို မခံရမီ ချန်ပီယံလိဂ်မှာ မာဆေးဆိုဒ်အသင်းနဲ့ တွေ့ဆုံခဲ့ဖူးတာဖြစ်ပြီး လီဗာပူးလ်အသင်းဟာ ရှုံးထွက်အဆင့်မှာ ၎င်းတို့ကို ဂိုးသွင်းယူခဲ့တဲ့ နူးညက်ဇ်ရဲ့ ပါရမီကိုလည်း မြည်းစမ်းခဲ့ပြီးဖြစ်ပါတယ်။

တစ်ဖက်မှာလည်း လီဗာပူးလ်ရဲ့ အဓိကဆုဖလားပြိုင်ဘက် မန်ချက်စတာစီးတီးအသင်းဟာ ဒေါ့မွန်ဂိုးသွင်းစက် အာလင်း ဟာလန်းကို ကြီးမားတဲ့ခေါ်ယူမှု ပြုလုပ်ထားတာကြောင့် လာမယ့်ရာသီ ပရီးမီးယားလိဂ်ဆုဖလားပြိုင်ပွဲက ပိုလို့တောင် စိတ်ဝင်စားစရာ ကောင်းလာတော့မှာဖြစ်ပြီး လီဗာပူးလ်အသင်းအနေနဲ့ တိုက်စစ်မှာ သွေးသစ်စလောင်းရတော့မယ့်အချိန် ရောက်ရှိနေပြီ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:စတီးဝပ္ ေဒါင္းနင္းက လီဗာပူးလ္အသင္းရဲ႕ ဘင္ဖီကာ တိုက္စစ္မႉး ဒါဝင္ ႏူးညက္ဇ္ကို ေခၚယူႏိုင္ေျခရွိေနတာက လီဗာပူးလ္ပရိသတ္ေတြကို စိတ္လႈပ္ရွားေစတယ္လို႔ ေျပာၾကားခဲ့ပါတယ္။

လီဗာပူးလ္အသင္းဟာ ဥ႐ုေဂြးၾကယ္ပြင့္ တိုက္စစ္မႉးကို ေခၚယူႏိုင္ဖို႔ ဘင္ဖီကာအသင္းနဲ႔ သေဘာတူညီမႈရရွိခါနီး အေျခအေနမွာ ရွိေနတာျဖစ္ၿပီး BBC Sport ရဲ႕ သတင္းအရ ေျပာင္းေ႐ႊ႕ေၾကးဟာ ေပါင္ ၆၄ သန္းအျပင္ ထပ္ေဆာင္းေပးေခ်မႈ ေပါင္ ၂၁ သန္းဝန္းက်င္ရွိလိမ့္မယ္လို႔ သိရပါတယ္။

ဆာဒီယို မာေနးရဲ႕ အန္းဖီးက အနာဂတ္ဟာ မရွင္းမလင္းျဖစ္ေနၿပီး မိုဟာမက္ ဆာလားကလည္း စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ သေဘာတူညီမႈ ရရွိျခင္းမရွိေသးတာေၾကာင့္ မာေဆးဆိုဒ္အသင္းအတြက္ေတာ့ တစ္ခုခုကို မျဖစ္မေန လုပ္ရေတာ့မယ့္အေျခအေနျဖစ္လာတာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ဇန္နဝါရီအေျပာင္းအေ႐ႊ႕ကာလတုန္းက လူးဝစၥ ဒီယက္ဇ္ရဲ႕ အေျပာင္းအေ႐ႊ႕မွာ လီဗာပူးလ္ လုပ္ခဲ့တဲ့အတိုင္းပဲ ဘင္ဖီကာ တိုက္စစ္မႉး ဒါဝင္ ႏူးညက္ဇ္ရဲ႕ အေျပာင္းအေ႐ႊ႕မွာလည္း ေနာက္ထပ္ေျခတစ္လွမ္းသာ လွမ္းဖို႔ က်န္ရွိေတာ့တာျဖစ္ပါတယ္။ ဒီအေျပာင္းအေ႐ႊ႕ဟာ ျဖစ္ေျမာက္ေတာ့မယ့္ပုံ ေပၚတာေၾကာင့္ အဂၤလန္ေတာင္ပံကစားသမားေဟာင္း စတီးဝပ္ ေဒါင္းနင္းက ဒါဝင္ ႏူးညက္ဇ္ကို စိတ္လႈပ္ရွားစရာကစားသမားလို႔ ခ်ီးက်ဴး ေျပာဆိုမႈေတြ ျပဳလုပ္သြားခဲ့တာျဖစ္ပါတယ္။

“မာေနးရဲ႕ေနရာမွာ သူ႔ကိုသာ အစားထိုးေခၚယူမယ္ဆိုရင္ ၿပီးျပည့္စုံတဲ့ ေခၚယူမႈ ျဖစ္လာမွာပါ။ ကြၽန္ေတာ္ သူကစားတာ ေစာင့္ၾကည့္ခဲ့တယ္။ သူက စိတ္လႈပ္ရွားစရာေကာင္းတဲ့ ကစားသမားပဲ။ တကယ္လို႔ မာေနးသာ ထြက္သြားရင္ သူတို႔ ႀကီးမားတဲ့ ေခၚယူမႈ လုပ္ဖို႔ လိုအပ္ၿပီး သူ႔ေနရာမွာ အစားထိုးဖို႔ ပရိသတ္ေတြကို စိတ္လႈပ္ရွားေစမယ့္ တစ္စုံတေယာက္ကို လိုအပ္ပါတယ္။ သူက ခင္ဗ်ား ရွာေဖြေနတဲ့ အရည္အခ်င္းေတြအားလုံးနဲ႔ ျပည့္စုံတဲ့ ပစ္မွတ္ပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

လူးဝစၥ ဒီယက္ဇ္ဟာ လီဗာပူးလ္ရဲ႕ ေခၚယူျခင္းကို မခံရမီ ခ်န္ပီယံလိဂ္မွာ မာေဆးဆိုဒ္အသင္းနဲ႔ ေတြ႕ဆုံခဲ့ဖူးတာျဖစ္ၿပီး လီဗာပူးလ္အသင္းဟာ ရႈံးထြက္အဆင့္မွာ ၎တို႔ကို ဂိုးသြင္းယူခဲ့တဲ့ ႏူးညက္ဇ္ရဲ႕ ပါရမီကိုလည္း ျမည္းစမ္းခဲ့ၿပီးျဖစ္ပါတယ္။

တစ္ဖက္မွာလည္း လီဗာပူးလ္ရဲ႕ အဓိကဆုဖလားၿပိဳင္ဘက္ မန္ခ်က္စတာစီးတီးအသင္းဟာ ေဒါ့မြန္ဂိုးသြင္းစက္ အာလင္း ဟာလန္းကို ႀကီးမားတဲ့ေခၚယူမႈ ျပဳလုပ္ထားတာေၾကာင့္ လာမယ့္ရာသီ ပရီးမီးယားလိဂ္ဆုဖလားၿပိဳင္ပြဲက ပိုလို႔ေတာင္ စိတ္ဝင္စားစရာ ေကာင္းလာေတာ့မွာျဖစ္ၿပီး လီဗာပူးလ္အသင္းအေနနဲ႔ တိုက္စစ္မွာ ေသြးသစ္စေလာင္းရေတာ့မယ့္အခ်ိန္ ေရာက္ရွိေနၿပီ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.