Bundesliga Premier League Transfer News

ကာလရှည်ပစ်မှတ်ကို ယခုနွေရာသီမှာ ဈေးပေါပေါနဲ့ ခေါ်ယူနိုင်မယ့် အာတီတာ

အာဆင်နယ်နည်းပြ အာတီတာဟာ တိုက်စစ်မှူးအသစ်နဲ့အတူ ဂရန်းနစ် ချာကာနဲ့ သောမတ်စ် ပါတေးတို့လို ကစားသမားတွေနဲ့ ပုခုံးချင်းယှဉ်နိုင်မယ့် ကွင်းလယ်ဗဟိုကစားသမားသစ်ကိုလည်း ယခုနွေရာသီမှာ ခေါ်ယူချင်နေတယ်လို့ သိရပါတယ်။

သတင်းတွေရဲ့ ဖော်ပြချက်အရ ယူရီ တီလီမန်းစ်ဟာ လက်ရှိအချိန်မှာ အမ်းမရိတ်စ်ကို ပြောင်းရွှေ့လာနိုင်ခြေအရှိဆုံး ကစားသမားဖြစ်နေပုံပေါ်ပြီး ဘယ်လ်ဂျီယမ်ကြယ်ပွင့်ဟာ လက်စတာစီးတီးနဲ့ စာချုပ်သက်တမ်း ၁ နှစ်သာ ကျန်ရှိတော့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အပြောင်းအရွှေ့ဈေးကွက်ဟာ ခန့်မှန်းလို့ မရနိုင်တဲ့အရာတစ်ခုဖြစ်ပြီး အရေးပေါ် အစီအစဉ်တွေ ထားရှိထားတာက အမြဲတမ်း မှန်ကန်တဲ့အရာဖြစ်ခဲ့ပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ အဓိကကစားသမား ထွက်ခွာမှုရှိခဲ့တယ်ဆိုရင် ကွင်းလယ်ကစားသမား ၂ ဦးအထိ လိုအပ်နိုင်တယ်ဆိုတာကို သတိပြုဖို့လိုအပ်ပြီး ရိုးမားအသင်းက ချာကာကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာကြောင့် ဘယ်လိုအပြောင်းအရွှေ့မဆို အသင်းရဲ့အစီအစဉ်အပေါ် အကျိုးသက်ရောက်မှုရှိလာနိုင်ပါတယ်။ ဟူဗင် နဲဗိစ်ကို အာဆင်နယ်ထိပ်ပိုင်းတာဝန်ရှိသူတွေက နှစ်သက်နေတယ်လို့ ထင်မြင်ရပေမယ့်လည်း ဝုလ်ဗ်စ်အသင်းက တောင်းဆိုထားတဲ့ ကြီးမားတဲ့ ပြောင်းရွှေ့ကြေးကြောင့် လက်ရှိမှာ စိတ်ဝင်စားမှုက အေးစက်သွားခဲ့ပြီဖြစ်ပုံပေါ်ပါတယ်။

ဒါပေမယ့်လည်း အာဆင်နယ်အသင်းအတွက် အခြားရွေးချယ်စရာအများအပြားရှိနေပြီး လက်ရှိ အပြောင်းအရွှေ့ဈေးကွက်ထဲမှာ နာမည်အသစ်တွေ ရှိနေပြီး Bild ရဲ့ ဖော်ပြချက်အရ ဘိုင်ယန်မြူးနစ်အသင်းဟာ မာဆယ် ဆဘစ်ဇာအတွက် ယူရို ၁၅ သန်းဝန်းကျင် ရရှိမယ်ဆိုရင် ရောင်းထုတ်သွားချင်နေတယ်လို့ သိရပါတယ်။ အသက် ၂၈ နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ လိုက်ပ်ဇစ်အသင်းမှာ ထူးချွန်တဲ့ စွမ်းဆောင်ရည်ပြသနိုင်ခဲ့ပြီးနောက် ပြီးခဲ့တဲ့နွေရာသီကမှ ဘွန်ဒက်စ်လီဂါချန်ပီယံတွေဆီကို ပြောင်းရွှေ့ခဲ့တာဖြစ်ပေမယ့်လည်း ပွဲကစားချိန် မရရှိခြင်းကြောင့် ၎င်းရဲ့အနာဂတ်ကို စဉ်းစားနေပြီလို့ သိရပါတယ်။

အာဆင်နယ်အသင်းဟာ သြစတြီးယားကြယ်ပွင့်နဲ့ လွန်ခဲ့တဲ့ နှစ်တွေတုန်းက သတင်းတွေ ပထမဆုံးထွက်ပေါ်ခဲ့ဖူးတဲ့အသင်းဖြစ်ပေမယ့်လည်း ဘိုင်ယန်မြူးနစ်မှာ ဆဘစ်ဇာရုန်းကန်နေရကတည်းက နောက်ထပ်တစ်ကြိမ် သတင်းတွေ ပြန်လည်ထွက်ပေါ်နေခဲ့တာဖြစ်တယ်လို့ Bild က ဖော်ပြခဲ့ပါတယ်။

ဆဘစ်ဇာဟာ အာတီတာရဲ့အသင်းနဲ့ သင့်တော်မယ့် ကစားဟန်မျိုး ပိုင်ဆိုင်ထားတာကြောင့် ဒီလို သတင်းတွေ ထွက်ပေါ်လာတာ သိပ်တော့ အံ့အားသင့်စရာမဟုတ်ဘဲ သြစတြီးယားလက်ရွေးစင်ကြယ်ပွင့်ရဲ့ နေရာစုံ ကစားနိုင်စွမ်းက ဘယ်လောက်အထိ ရှိလဲဆိုရင် ကစားသမားဘဝတလျှောက် မတူညီတဲ့နေရာ ၁၁ နေရာအထိ ကစားခဲ့ဖူးတာဖြစ်ပါတယ်။

ဆဘစ်ဇာဟာ ညာနောက်ခံတောင်ပံကနေ ကွင်းလယ်နဲ့ ဘယ်နောက်ခံတောင်ပံကစားသမားအဖြစ်တောင် ကစားခဲ့ဖူးပြီး ဒီနေ့မှာတော့ ကွင်းလယ်မှာ အချိန်အများစု ကစားပေးနေပေမယ့်လည်း ၊ တိုက်စစ်မှာရော ခံစစ်ပိုင်းမှာပါ ကစားနိုင်စွမ်း ရှိတာဖြစ်ပါတယ်။ ဆဘစ်ဇာဟာ ကွင်းလယ်ကနေ ဂိုးပေါက် ခြိမ်းခြောက်နိုင်စွမ်းရှိတဲ့ ဦးဆောင်နိုင်သူဖြစ်ပြီး ပြီးခဲ့တဲ့ရာသီတွေတုန်းက အာဆင်နယ်အသင်းမှာ မရှိခဲ့တဲ့ အရည်အသွေးကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

အဲဒါကြောင့် လက်စတာစီးတီးကွင်းလယ်ကြယ်ပွင့် ယူရီ တီလီမန်းစ်ဟာ အဓိကဦးစားပေးပစ်မှတ်ဖြစ်သင့်တယ်လို့ ဆိုရမှာဖြစ်ပေမယ့်လည်း တကယ်လို့ မမျှော်လင့်ထားတာတွေ ဖြစ်လာပြီး သဘောတူညီမှု ပျက်ပြယ်သွားတာ သို့မဟုတ် ချာကာလိုမျိုး အဓိကကစားသမားတစ်ဦးဦး ထွက်ခွာသွားတာဆိုရင်တော့ ဆဘစ်ဇာဟာ ဂန်းနားတွေအတွက် လိမ္မာပါးနပ်တဲ့ အပြောင်းအရွှေ့တစ်ခုအဖြစ် ကိုယ်စားပြုမှာ သေချာကြောင်း တင်ပြအပ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:အာဆင္နယ္နည္းျပ အာတီတာဟာ တိုက္စစ္မႉးအသစ္နဲ႔အတူ ဂရန္းနစ္ ခ်ာကာနဲ႔ ေသာမတ္စ္ ပါေတးတို႔လို ကစားသမားေတြနဲ႔ ပုခုံးခ်င္းယွဥ္ႏိုင္မယ့္ ကြင္းလယ္ဗဟိုကစားသမားသစ္ကိုလည္း ယခုေႏြရာသီမွာ ေခၚယူခ်င္ေနတယ္လို႔ သိရပါတယ္။

သတင္းေတြရဲ႕ ေဖာ္ျပခ်က္အရ ယူရီ တီလီမန္းစ္ဟာ လက္ရွိအခ်ိန္မွာ အမ္းမရိတ္စ္ကို ေျပာင္းေ႐ႊ႕လာႏိုင္ေျခအရွိဆုံး ကစားသမားျဖစ္ေနပုံေပၚၿပီး ဘယ္လ္ဂ်ီယမ္ၾကယ္ပြင့္ဟာ လက္စတာစီးတီးနဲ႔ စာခ်ဳပ္သက္တမ္း ၁ ႏွစ္သာ က်န္ရွိေတာ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း အေျပာင္းအေ႐ႊ႕ေဈးကြက္ဟာ ခန႔္မွန္းလို႔ မရႏိုင္တဲ့အရာတစ္ခုျဖစ္ၿပီး အေရးေပၚ အစီအစဥ္ေတြ ထားရွိထားတာက အၿမဲတမ္း မွန္ကန္တဲ့အရာျဖစ္ခဲ့ပါတယ္။

အာဆင္နယ္အသင္းအေနနဲ႔ အဓိကကစားသမား ထြက္ခြာမႈရွိခဲ့တယ္ဆိုရင္ ကြင္းလယ္ကစားသမား ၂ ဦးအထိ လိုအပ္ႏိုင္တယ္ဆိုတာကို သတိျပဳဖို႔လိုအပ္ၿပီး ႐ိုးမားအသင္းက ခ်ာကာကို ေခၚယူဖို႔ စိတ္ဝင္စားေနတာေၾကာင့္ ဘယ္လိုအေျပာင္းအေ႐ႊ႕မဆို အသင္းရဲ႕အစီအစဥ္အေပၚ အက်ိဳးသက္ေရာက္မႈရွိလာႏိုင္ပါတယ္။ ဟူဗင္ နဲဗိစ္ကို အာဆင္နယ္ထိပ္ပိုင္းတာဝန္ရွိသူေတြက ႏွစ္သက္ေနတယ္လို႔ ထင္ျမင္ရေပမယ့္လည္း ဝုလ္ဗ္စ္အသင္းက ေတာင္းဆိုထားတဲ့ ႀကီးမားတဲ့ ေျပာင္းေ႐ႊ႕ေၾကးေၾကာင့္ လက္ရွိမွာ စိတ္ဝင္စားမႈက ေအးစက္သြားခဲ့ၿပီျဖစ္ပုံေပၚပါတယ္။

ဒါေပမယ့္လည္း အာဆင္နယ္အသင္းအတြက္ အျခားေ႐ြးခ်ယ္စရာအမ်ားအျပားရွိေနၿပီး လက္ရွိ အေျပာင္းအေ႐ႊ႕ေဈးကြက္ထဲမွာ နာမည္အသစ္ေတြ ရွိေနၿပီး Bild ရဲ႕ ေဖာ္ျပခ်က္အရ ဘိုင္ယန္ျမဴးနစ္အသင္းဟာ မာဆယ္ ဆဘစ္ဇာအတြက္ ယူ႐ို ၁၅ သန္းဝန္းက်င္ ရရွိမယ္ဆိုရင္ ေရာင္းထုတ္သြားခ်င္ေနတယ္လို႔ သိရပါတယ္။ အသက္ ၂၈ ႏွစ္အ႐ြယ္ ကြင္းလယ္ကစားသမားဟာ လိုက္ပ္ဇစ္အသင္းမွာ ထူးခြၽန္တဲ့ စြမ္းေဆာင္ရည္ျပသႏိုင္ခဲ့ၿပီးေနာက္ ၿပီးခဲ့တဲ့ေႏြရာသီကမွ ဘြန္ဒက္စ္လီဂါခ်န္ပီယံေတြဆီကို ေျပာင္းေ႐ႊ႕ခဲ့တာျဖစ္ေပမယ့္လည္း ပြဲကစားခ်ိန္ မရရွိျခင္းေၾကာင့္ ၎ရဲ႕အနာဂတ္ကို စဥ္းစားေနၿပီလို႔ သိရပါတယ္။

အာဆင္နယ္အသင္းဟာ ၾသစႀတီးယားၾကယ္ပြင့္နဲ႔ လြန္ခဲ့တဲ့ ႏွစ္ေတြတုန္းက သတင္းေတြ ပထမဆုံးထြက္ေပၚခဲ့ဖူးတဲ့အသင္းျဖစ္ေပမယ့္လည္း ဘိုင္ယန္ျမဴးနစ္မွာ ဆဘစ္ဇာ႐ုန္းကန္ေနရကတည္းက ေနာက္ထပ္တစ္ႀကိမ္ သတင္းေတြ ျပန္လည္ထြက္ေပၚေနခဲ့တာျဖစ္တယ္လို႔ Bild က ေဖာ္ျပခဲ့ပါတယ္။

ဆဘစ္ဇာဟာ အာတီတာရဲ႕အသင္းနဲ႔ သင့္ေတာ္မယ့္ ကစားဟန္မ်ိဳး ပိုင္ဆိုင္ထားတာေၾကာင့္ ဒီလို သတင္းေတြ ထြက္ေပၚလာတာ သိပ္ေတာ့ အံ့အားသင့္စရာမဟုတ္ဘဲ ၾသစႀတီးယားလက္ေ႐ြးစင္ၾကယ္ပြင့္ရဲ႕ ေနရာစုံ ကစားႏိုင္စြမ္းက ဘယ္ေလာက္အထိ ရွိလဲဆိုရင္ ကစားသမားဘဝတေလွ်ာက္ မတူညီတဲ့ေနရာ ၁၁ ေနရာအထိ ကစားခဲ့ဖူးတာျဖစ္ပါတယ္။

ဆဘစ္ဇာဟာ ညာေနာက္ခံေတာင္ပံကေန ကြင္းလယ္နဲ႔ ဘယ္ေနာက္ခံေတာင္ပံကစားသမားအျဖစ္ေတာင္ ကစားခဲ့ဖူးၿပီး ဒီေန႔မွာေတာ့ ကြင္းလယ္မွာ အခ်ိန္အမ်ားစု ကစားေပးေနေပမယ့္လည္း ၊ တိုက္စစ္မွာေရာ ခံစစ္ပိုင္းမွာပါ ကစားႏိုင္စြမ္း ရွိတာျဖစ္ပါတယ္။ ဆဘစ္ဇာဟာ ကြင္းလယ္ကေန ဂိုးေပါက္ ၿခိမ္းေျခာက္ႏိုင္စြမ္းရွိတဲ့ ဦးေဆာင္ႏိုင္သူျဖစ္ၿပီး ၿပီးခဲ့တဲ့ရာသီေတြတုန္းက အာဆင္နယ္အသင္းမွာ မရွိခဲ့တဲ့ အရည္အေသြးကို ပိုင္ဆိုင္ထားတာျဖစ္ပါတယ္။

အဲဒါေၾကာင့္ လက္စတာစီးတီးကြင္းလယ္ၾကယ္ပြင့္ ယူရီ တီလီမန္းစ္ဟာ အဓိကဦးစားေပးပစ္မွတ္ျဖစ္သင့္တယ္လို႔ ဆိုရမွာျဖစ္ေပမယ့္လည္း တကယ္လို႔ မေမွ်ာ္လင့္ထားတာေတြ ျဖစ္လာၿပီး သေဘာတူညီမႈ ပ်က္ျပယ္သြားတာ သို႔မဟုတ္ ခ်ာကာလိုမ်ိဳး အဓိကကစားသမားတစ္ဦးဦး ထြက္ခြာသြားတာဆိုရင္ေတာ့ ဆဘစ္ဇာဟာ ဂန္းနားေတြအတြက္ လိမၼာပါးနပ္တဲ့ အေျပာင္းအေ႐ႊ႕တစ္ခုအျဖစ္ ကိုယ္စားျပဳမွာ ေသခ်ာေၾကာင္း တင္ျပအပ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.