Bundesliga Premier League Transfer News

လီဗန်ဒေါ့ဗ်စကီးကို ခေါ်ပြီး ပရီးမီးယားလိဂ်ဖလားကို အရယူဖို့ ကြံစည်နေတဲ့ မန်ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဘာစီလိုနာအသင်းဆီကနေ စိတ်ဝင်စားမှုရရှိထားတဲ့ ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး ရောဘတ် လီဗန်ဒေါ့ဗ်စကီးကို စိတ်လှုပ်ရှားဖွယ် အပြောင်းအရွှေ့ပြုလုပ်သွားဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

လီဗန်ဒေါ့ဗ်စကီးဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ ပြောဆိုဆွေးနွေးနေမှုကို ရပ်တန့်ပြီး အသင်းကို စွန့်ခွာတော့မယ်လို့ လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် ပိုလန်တိုက်စစ်မှူးရဲ့အနာဂတ်ဟာ ကောလာဟလတွေ အများအပြား ထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။ အသက် ၃၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ လီဗန်ဒေါ့ဗ်စကီးဟာ ဘိုင်ယန်မြူးနစ်နဲ့ စာချုပ်သက်တမ်း ၁၂ လသာ ကျန်တော့တာကြောင့် ယခုနွေရာသီမှာ ဘွန်ဒက်စ်လီဂါအသင်းကို စွန့်ခွာဖို့ ကျယ်ကျယ်ပြန့်ပြန့် ယူဆခြင်းခံနေရတာဖြစ်ပါတယ်။

ပိုလန်လက်ရွေးစင်တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ရာသီမှာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ၄၆ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၅၀ အထိ သွင်းယူနိုင်ခဲ့တာဖြစ်ပြီး စုစုပေါင်း ဘိုင်ယန်မြူးနစ်ကစားသမားဘဝ ၃၇၂ ပွဲမှာ ၃၄၄ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီးဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ လာမယ့်ရာသီ မတိုင်ခင် ပိုလန် ဂိုးသွင်းစက်ကို ခေါ်ယူနိုင်ဖို့ ရေပန်းအစားဆုံးအသင်းဖြစ်နေပေမယ့်လည်း ငွေကြေးအခက်အခဲရင်ဆိုင်နေရတဲ့ ကတ်တလန်အသင်းကြီးဟာ ဘိုင်ယန်မြူးနစ်အသင်းက သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေး ပေါင်သန်း ၄၀ ကို ပေးချေနိုင်ဖို့အတွက် ရုန်းကန်နေရတာဖြစ်ပါတယ်။

ဒီအခြေအနေဟာ လီဗန်ဒေါ့ဗ်စကီးကို ခေါ်ယူချင်နေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ အခြားအသင်းတွေအတွက် လမ်းပွင့်စေခဲ့ပြီး ချဲလ်ဆီးအသင်းကလည်း ပိုလန် တိုက်စစ်မှူးကို ပစ်မှတ်စာရင်းထဲမှာ ထည့်သွင်းထားတာဖြစ်ပါတယ်။

The Daily Star ရဲ့ဖော်ပြချက်အရ မန်ချက်စတာယူနိုက်တက်အသင်းဟာ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူးကို ခေါ်ယူရာမှာ ဈေးဆစ်သွားမှာမဟုတ်ဘူးလို့ သိရပြီး လီဗန်ဒေါ့ဗ်စကီးဟာ ၂၀၁၄ ခုနှစ်မှာ ဒေါ့မွန်အသင်းကနေ ဘိုင်ယန်မြူးနစ်အသင်းကို ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။

ဥရောပ ထိပ်တန်းသတင်းဌာန ၂ ခုရဲ့ ဖော်ပြချက်အရ မန်ချက်စတာယူနိုက်တက်အသင်းဟာ ၎င်းတို့ရဲ့ ကွင်းလယ်ပစ်မှတ်တွေအတွက် ကမ်းလှမ်းမှုပြုလုပ်ခဲ့ပြီးဖြစ်တယ်လို့ သိရပြီး ဖရန်ကီ ဒီ ယုံးကို ယခုနွေရာသီအတွက် ထိပ်တန်းပစ်မှတ်အဖြစ် သတ်မှတ်ထားသလို ဟူဗင် နဲဗိစ်ကလည်း နောက်ထပ်ရွေးချယ်စရာတစ်ခုအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရတယ်လို့ သိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ဘာစီလိုနာအသင္းဆီကေန စိတ္ဝင္စားမႈရရွိထားတဲ့ ဘိုင္ယန္ျမဴးနစ္ တိုက္စစ္မႉး ေရာဘတ္ လီဗန္ေဒါ့ဗ္စကီးကို စိတ္လႈပ္ရွားဖြယ္ အေျပာင္းအေ႐ႊ႕ျပဳလုပ္သြားဖို႔ ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။

လီဗန္ေဒါ့ဗ္စကီးဟာ ဘိုင္ယန္ျမဴးနစ္အသင္းနဲ႔ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ ေျပာဆိုေဆြးေႏြးေနမႈကို ရပ္တန႔္ၿပီး အသင္းကို စြန႔္ခြာေတာ့မယ္လို႔ လူသိရွင္ၾကား ထုတ္ေဖာ္ေျပာဆိုခဲ့ၿပီးေနာက္ ပိုလန္တိုက္စစ္မႉးရဲ႕အနာဂတ္ဟာ ေကာလာဟလေတြ အမ်ားအျပား ထြက္ေပၚေနခဲ့တာျဖစ္ပါတယ္။ အသက္ ၃၃ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ လီဗန္ေဒါ့ဗ္စကီးဟာ ဘိုင္ယန္ျမဴးနစ္နဲ႔ စာခ်ဳပ္သက္တမ္း ၁၂ လသာ က်န္ေတာ့တာေၾကာင့္ ယခုေႏြရာသီမွာ ဘြန္ဒက္စ္လီဂါအသင္းကို စြန႔္ခြာဖို႔ က်ယ္က်ယ္ျပန႔္ျပန႔္ ယူဆျခင္းခံေနရတာျဖစ္ပါတယ္။

ပိုလန္လက္ေ႐ြးစင္တိုက္စစ္မႉးဟာ ၿပီးခဲ့တဲ့ရာသီမွာ ဘိုင္ယန္ျမဴးနစ္အသင္းအတြက္ ၄၆ ပြဲ ပါဝင္ကစားေပးခဲ့ရာမွာ သြင္းဂိုး ၅၀ အထိ သြင္းယူႏိုင္ခဲ့တာျဖစ္ၿပီး စုစုေပါင္း ဘိုင္ယန္ျမဴးနစ္ကစားသမားဘဝ ၃၇၂ ပြဲမွာ ၃၄၄ ဂိုးအထိ သြင္းယူထားႏိုင္ခဲ့ၿပီးျဖစ္ပါတယ္။

ဘာစီလိုနာအသင္းဟာ လာမယ့္ရာသီ မတိုင္ခင္ ပိုလန္ ဂိုးသြင္းစက္ကို ေခၚယူႏိုင္ဖို႔ ေရပန္းအစားဆုံးအသင္းျဖစ္ေနေပမယ့္လည္း ေငြေၾကးအခက္အခဲရင္ဆိုင္ေနရတဲ့ ကတ္တလန္အသင္းႀကီးဟာ ဘိုင္ယန္ျမဴးနစ္အသင္းက သတ္မွတ္ထားတဲ့ ေျပာင္းေ႐ႊ႕ေၾကး ေပါင္သန္း ၄၀ ကို ေပးေခ်ႏိုင္ဖို႔အတြက္ ႐ုန္းကန္ေနရတာျဖစ္ပါတယ္။

ဒီအေျခအေနဟာ လီဗန္ေဒါ့ဗ္စကီးကို ေခၚယူခ်င္ေနတဲ့ မန္ခ်က္စတာယူႏိုက္တက္အသင္းနဲ႔ အျခားအသင္းေတြအတြက္ လမ္းပြင့္ေစခဲ့ၿပီး ခ်ဲလ္ဆီးအသင္းကလည္း ပိုလန္ တိုက္စစ္မႉးကို ပစ္မွတ္စာရင္းထဲမွာ ထည့္သြင္းထားတာျဖစ္ပါတယ္။

The Daily Star ရဲ႕ေဖာ္ျပခ်က္အရ မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ဘိုင္ယန္ျမဴးနစ္တိုက္စစ္မႉးကို ေခၚယူရာမွာ ေဈးဆစ္သြားမွာမဟုတ္ဘူးလို႔ သိရၿပီး လီဗန္ေဒါ့ဗ္စကီးဟာ ၂၀၁၄ ခုႏွစ္မွာ ေဒါ့မြန္အသင္းကေန ဘိုင္ယန္ျမဴးနစ္အသင္းကို ေျပာင္းေ႐ႊ႕လာခဲ့သူ ျဖစ္ပါတယ္။

ဥေရာပ ထိပ္တန္းသတင္းဌာန ၂ ခုရဲ႕ ေဖာ္ျပခ်က္အရ မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ၎တို႔ရဲ႕ ကြင္းလယ္ပစ္မွတ္ေတြအတြက္ ကမ္းလွမ္းမႈျပဳလုပ္ခဲ့ၿပီးျဖစ္တယ္လို႔ သိရၿပီး ဖရန္ကီ ဒီ ယုံးကို ယခုေႏြရာသီအတြက္ ထိပ္တန္းပစ္မွတ္အျဖစ္ သတ္မွတ္ထားသလို ဟူဗင္ နဲဗိစ္ကလည္း ေနာက္ထပ္ေ႐ြးခ်ယ္စရာတစ္ခုအျဖစ္ သတ္မွတ္ျခင္း ခံခဲ့ရတယ္လို႔ သိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.