Premier League

လီဗာပူးလ်ကို လေးစားမှုပိုမိုပြသဖို့ မာနေးကို သတိပေးလိုက်တဲ့ ပရီးမီးယားလိဂ်ကြယ်ပွင့်ဟောင်း

ဆီနီဂေါကြယ်ပွင့်တိုက်စစ်မှူး ဆာဒီယို မာနေးဟာ ဘိုင်ယန်မြူးနစ်အသင်းကို ပြောင်းရွှေ့ဖို့ ကောလာဟလတွေ ဆက်လက်ထွက်ပေါ်နေတာကြောင့် ၎င်းရဲ့ လီဗာပူးလ်က အမွေအနှစ်တွေကို ဆုံးရှုံးနိုင်တဲ့အန္တရာယ်ရှိတယ်လို့ သတိပေးခြင်းခံခဲ့ရပါတယ်။

ဆာဒီယို မာနေးဟာ ဘိုင်ယန်မြူးနစ်အသင်းဆီကနေ စိတ်ဝင်စားခြင်း ဆက်လက် ခံနေရပြီး လီဗာပူးလ်အသင်းဟာ ဆီနီဂေါတိုက်စစ်မှူးအတွက် ကမ်းလှမ်းမှု ၂ ကြိမ်စလုံးကို ပယ်ချခဲ့ပြီး နောက်ထပ် ကမ်းလှမ်းမှု ပြုလုပ်လာရင်လည်း ပယ်ချသွားဖို့ အဆင်သင့်ရှိနေတာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ စာချုပ်သက်တမ်းတစ်နှစ်သာကျန်ရှိတော့တဲ့ ကြယ်ပွင့်တိုက်စစ်မှူးအတွက် ပြောင်းရွှေ့ကြေးကို ပေါင် ၄၂.၇၅ သန်း သတ်မှတ်ထားပြီး မာနေးဟာ ပြီးခဲ့တဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲမတိုင်ခင်ကရော လက်ရှိ ဆီနီဂေါနဲ့ နိုင်ငံတကာပွဲစဉ်ကစားဖို့ ပူးပေါင်းနေချိန်မှာပါ အန်းဖီးကို စွန့်ခွာဖို့ အရိပ်အမြွက်ပြောဆိုမှုအများအပြား ပြုလုပ်နေခဲ့တာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ကြယ်ပွင့်ဟောင်း အက်ဂ်ဘွန်လဟောက မာနေးကို အဲဒီလို မှတ်ချက်တွေ ပေးနေတာက ၎င်းကို လီဗာပူးလ်ပရိသတ်တွေရဲ့ အမုန်းဆုံးစာရင်းထဲမှာ ပါဝင်အောင် လုပ်မိသလို ဖြစ်နေတယ်လို့ သတိပေးပြောကြားခဲ့ပြီး အသက် ၂၉ နှစ်အရွယ် တိုက်စစ်မှူးအနေနဲ့ လီဗာပူးလ်ကို ဒီထက်ပိုပြီး လေးစားမှု ပြသသင့်တယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

“ကျွန်တော်သာ မာနေးဆိုရင် လီဗာပူးလ်က အမွေအနှစ်တွေကို မဆုံးရှုံးရအောင် အရမ်းကို သတိထားမိမှာပါ။ ကျွန်တော့်အတွက်ကတော့ သူက လီဗာပူးလ်ဂန္တဝင်ဖြစ်ပြီး မှားယွင်းတဲ့အရာတွေကို ပြောပြီး လီဗာပူးလ်ပရိသတ်တွေရဲ့ လေးစားမှုကို သူ ဆုံးရှုံးချင်မှာမဟုတ်ပါဘူး”

“သူပြောတာက သူ အသင်းကို စွန့်ခွာချင်တယ်။ သူ့အနေနဲ့ လီဗာပူးလ်ကို လေးစားမှု ထားလို့ ရနိုင်ပါသေးတယ်။ လီဗာပူးလ်က သူ့ကို ဆောက်သမ်တန်ကနေ ပိုက်ဆံအများကြီးပေးခေါ်ပြီး ထိပ်တန်းကစားသမားအဖြစ် သက်သေပြသနိုင်မယ့် လမ်းကြောင်းကို ချပေးခဲ့တာပါ။ သူ ပြောခဲ့သလိုမျိုး စကားတွေ ပြောဖို့ ဘာမှမလိုဘူးလို့ ကျွန်တော် ထင်တယ်။ ကစားသမားတွေအနေနဲ့ ခင်ဗျားရဲ့ ရှေ့မှာ ကင်မရာ ဒါမှမဟုတ် မိုက်ခရိုဖုန်းရှိနေတယ်ဆိုရင် ခင်ဗျားရဲ့အသင်းနဲ့ပတ်သက်ပြီး ဟာသလုပ်လို့မရဘူးဆိုတာကို နားလည်ဖို့ လိုပါတယ်။ လီဗာပူးလ်ပရိသတ်တွေအတွက် အထိမခံနိုင်တဲ့ အချိန်ဖြစ်နေပါတယ်”

“သူ ပြောဖို့လိုတာက ‘ခင်ဗျား သိလား။ ကျွန်တော် အသင်းက ထွက်ချင်တယ်။ လီဗာပူးလ်က ကျွန်တော့်ရဲ့ စာချုပ်တောင်းဆိုမှုအတိုင်း မလိုက်လျောနိုင်ဘူး။ ကျွန်တော် တစ်နေရာရာ သွားချင်ပြီး လီဗာပူးလ်ကို ထာဝရချစ်မြတ်နိုးသွားမှာပါ’ဆိုပြီး ပြောရမှာပါ။ ပြောစရာစကားတွေမှ အများကြီးပါပဲ”လို့ အက်စတန် ဗီလာကြယ်ပွင့်ဟောင်းက ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ဆီနီေဂါၾကယ္ပြင့္တိုက္စစ္မႉး ဆာဒီယို မာေနးဟာ ဘိုင္ယန္ျမဴးနစ္အသင္းကို ေျပာင္းေ႐ႊ႕ဖို႔ ေကာလာဟလေတြ ဆက္လက္ထြက္ေပၚေနတာေၾကာင့္ ၎ရဲ႕ လီဗာပူးလ္က အေမြအႏွစ္ေတြကို ဆုံးရႈံးႏိုင္တဲ့အႏၲရာယ္ရွိတယ္လို႔ သတိေပးျခင္းခံခဲ့ရပါတယ္။

ဆာဒီယို မာေနးဟာ ဘိုင္ယန္ျမဴးနစ္အသင္းဆီကေန စိတ္ဝင္စားျခင္း ဆက္လက္ ခံေနရၿပီး လီဗာပူးလ္အသင္းဟာ ဆီနီေဂါတိုက္စစ္မႉးအတြက္ ကမ္းလွမ္းမႈ ၂ ႀကိမ္စလုံးကို ပယ္ခ်ခဲ့ၿပီး ေနာက္ထပ္ ကမ္းလွမ္းမႈ ျပဳလုပ္လာရင္လည္း ပယ္ခ်သြားဖို႔ အဆင္သင့္ရွိေနတာျဖစ္ပါတယ္။

လီဗာပူးလ္အသင္းဟာ စာခ်ဳပ္သက္တမ္းတစ္ႏွစ္သာက်န္ရွိေတာ့တဲ့ ၾကယ္ပြင့္တိုက္စစ္မႉးအတြက္ ေျပာင္းေ႐ႊ႕ေၾကးကို ေပါင္ ၄၂.၇၅ သန္း သတ္မွတ္ထားၿပီး မာေနးဟာ ၿပီးခဲ့တဲ့ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲမတိုင္ခင္ကေရာ လက္ရွိ ဆီနီေဂါနဲ႔ ႏိုင္ငံတကာပြဲစဥ္ကစားဖို႔ ပူးေပါင္းေနခ်ိန္မွာပါ အန္းဖီးကို စြန႔္ခြာဖို႔ အရိပ္အႁမြက္ေျပာဆိုမႈအမ်ားအျပား ျပဳလုပ္ေနခဲ့တာျဖစ္ပါတယ္။

ပရီးမီးယားလိဂ္ၾကယ္ပြင့္ေဟာင္း အက္ဂ္ဘြန္လေဟာက မာေနးကို အဲဒီလို မွတ္ခ်က္ေတြ ေပးေနတာက ၎ကို လီဗာပူးလ္ပရိသတ္ေတြရဲ႕ အမုန္းဆုံးစာရင္းထဲမွာ ပါဝင္ေအာင္ လုပ္မိသလို ျဖစ္ေနတယ္လို႔ သတိေပးေျပာၾကားခဲ့ၿပီး အသက္ ၂၉ ႏွစ္အ႐ြယ္ တိုက္စစ္မႉးအေနနဲ႔ လီဗာပူးလ္ကို ဒီထက္ပိုၿပီး ေလးစားမႈ ျပသသင့္တယ္လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

“ကြၽန္ေတာ္သာ မာေနးဆိုရင္ လီဗာပူးလ္က အေမြအႏွစ္ေတြကို မဆုံးရႈံးရေအာင္ အရမ္းကို သတိထားမိမွာပါ။ ကြၽန္ေတာ့္အတြက္ကေတာ့ သူက လီဗာပူးလ္ဂႏၲဝင္ျဖစ္ၿပီး မွားယြင္းတဲ့အရာေတြကို ေျပာၿပီး လီဗာပူးလ္ပရိသတ္ေတြရဲ႕ ေလးစားမႈကို သူ ဆုံးရႈံးခ်င္မွာမဟုတ္ပါဘူး”

“သူေျပာတာက သူ အသင္းကို စြန႔္ခြာခ်င္တယ္။ သူ႔အေနနဲ႔ လီဗာပူးလ္ကို ေလးစားမႈ ထားလို႔ ရႏိုင္ပါေသးတယ္။ လီဗာပူးလ္က သူ႔ကို ေဆာက္သမ္တန္ကေန ပိုက္ဆံအမ်ားႀကီးေပးေခၚၿပီး ထိပ္တန္းကစားသမားအျဖစ္ သက္ေသျပသႏိုင္မယ့္ လမ္းေၾကာင္းကို ခ်ေပးခဲ့တာပါ။ သူ ေျပာခဲ့သလိုမ်ိဳး စကားေတြ ေျပာဖို႔ ဘာမွမလိုဘူးလို႔ ကြၽန္ေတာ္ ထင္တယ္။ ကစားသမားေတြအေနနဲ႔ ခင္ဗ်ားရဲ႕ ေရွ႕မွာ ကင္မရာ ဒါမွမဟုတ္ မိုက္ခ႐ိုဖုန္းရွိေနတယ္ဆိုရင္ ခင္ဗ်ားရဲ႕အသင္းနဲ႔ပတ္သက္ၿပီး ဟာသလုပ္လို႔မရဘူးဆိုတာကို နားလည္ဖို႔ လိုပါတယ္။ လီဗာပူးလ္ပရိသတ္ေတြအတြက္ အထိမခံႏိုင္တဲ့ အခ်ိန္ျဖစ္ေနပါတယ္”

“သူ ေျပာဖို႔လိုတာက ‘ခင္ဗ်ား သိလား။ ကြၽန္ေတာ္ အသင္းက ထြက္ခ်င္တယ္။ လီဗာပူးလ္က ကြၽန္ေတာ့္ရဲ႕ စာခ်ဳပ္ေတာင္းဆိုမႈအတိုင္း မလိုက္ေလ်ာႏိုင္ဘူး။ ကြၽန္ေတာ္ တစ္ေနရာရာ သြားခ်င္ၿပီး လီဗာပူးလ္ကို ထာဝရခ်စ္ျမတ္ႏိုးသြားမွာပါ’ဆိုၿပီး ေျပာရမွာပါ။ ေျပာစရာစကားေတြမွ အမ်ားႀကီးပါပဲ”လို႔ အက္စတန္ ဗီလာၾကယ္ပြင့္ေဟာင္းက ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.