Premier League Serie A Transfer News

အာဆင်နယ်ကြယ်ပွင့်ကိုစိတ်ဝင်စားနေတဲ့ မော်ရင်ညိုကြောင့် ၃၈ သန်းတန်အပြောင်းအရွှေ့ ၂ ခုပြုလုပ်နိုင်တဲ့ အီဒူး

ရိုးမားအသင်းနည်းပြ ဟိုဆေး မော်ရင်ညိုက ချာကာကို ခေါ်ယူဖို့ စိတ်ဝင်စားလာခဲ့ပြီးနောက် အာဆင်နယ်အသင်းဟာ လီယွန်ကွင်းလယ်ကြယ်ပွင့် ဟူဆန် အိုဝါနဲ့ လက်စတာစီးတီးကြယ်ပွင့် တီလီမန်းစ်တို့အတွက် ပေါင် ၃၈ သန်းတန် သဘောတူညီမှု ပြုလုပ်နိုင်ခြေရှိတယ်လို့ သိရပါတယ်။

အာဆင်နယ်အသင်းဟာ ကွင်းလယ်နေရာမှာ နည်းပြ အာတီတာကို ပိုမိုကောင်းမွန်တဲ့ ရွေးချယ်စရာ ပေးနိုင်ဖို့အတွက် နွေရာသီအပြောင်းအရွှေ့ကာလမှာ ကွင်းလယ်ကစားသမား ခေါ်ယူနိုင်လိမ့်မယ်လို့ မျှော်မှန်းခြင်းခံထားရတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ချာကာရဲ့ အနာဂတ်ဟာ မရေမရာြဖစ်နေတာကြောင့် အာဆင်နယ်အသင်းအနေနဲ့ ယခုနွေရာသီမှာ ကစားသမား ၂ ဥ◌ီးအထိ ခေါ်ယူဖို့ လိုအပ်လာတော့မှာ ဖြစ်ပါတယ်။

Gazzetta dello Sport ရဲ့ ဖော်ပြချက်အရ ရိုးမားအသင်းနည်းပြ မော်ရင်ညိုဟာ ယခုနွေရာသီမှာ အာဆင်နယ်ကွင်းလယ်ကစားသမား ဂရန်းနစ် ချာကာကို ခေါ်ယူဖို့ စိတ်ပိုင်းဖြတ်ထားတယ်လို့ သိရပါတယ်။ ယင်းသတင်းကပဲ ပေါ်တူဂီလူမျိုး နည်းပြဟာ ဆွစ်ဇာလန် လက်ရွေးစင်ကွင်းလယ်ကစားသမားကို နွေရာသီအပြောင်းအရွှေ့ကာလမှာ ထိပ်တန်းပစ်မှတ်အဖြစ် သတ်မှတ်ထားတာဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ချာကာရဲ့အနာဂတ်ကို ထည့်မတွက်ရင်တောင်မှပဲ ကွင်းလယ်နေရာအတွက် ယခု‌နွေရာသီမှာ ကွင်းလယ်ကစားသမား ခေါ်ယူဖို့ လိုအပ်နေပြီးသားဖြစ်ပေမယ့် အသက် ၂၉ နှစ်အရွယ်ကွင်းလယ်ကစားသမား ထွက်ခွာနိုင်ခြေရှိနေတာကြောင့် အီဒူးအနေနဲ့ ကစားသမား ၂ ဥ◌ီးအထိ ခေါ်ယူဖို့ ကျိန်းသေပေါက် လိုအပ်လာတော့မှာဖြစ်ပါတယ်။ ယူရီ တီလီမန်းစ်နဲ့ ဟူဆန် အိုဝါတို့ဟာ အာဆင်နယ်အသင်းအတွက် ခေါ်ယူဖို့ ပြီးပြည့်စုံပြီး လက်တွေ့ကျတဲ့ကစားသမားတွေ ဖြစ်လာမှာ ကျိန်းသေပါတယ်။

CBS Sports ရဲ့သတင်းအရ အာဆင်နယ်ဟာ ယူရီ တီလီမန်းစ်ကို ခေါ်ယူဖို့ ထိပ်ဆုံးကနေ ဥ◌ီးဆောင်နေပြီး ဘယ်လ်ဂျီယမ်ကြယ်ပွင့်ဟာ လက်စတာစီးတီးနဲ့ စာချုပ်သက်တမ်းတိုးမှာမဟုတ်တာကြောင့် ပေါင် ၂၅ သန်းလောက်နဲ့ ခေါ်ယူလို့ ရနိုင်ဖွယ် ရှိနေတာဖြစ်ပါတယ်။

အသက် ၂၄ နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ ပြီးခဲ့တဲ့ ၃ ရာသီစလုံး ပရီးမီးယားလိဂ်မှာ ပုံမှန်ပွဲထွက်ကစားခွင့်ရခဲ့တဲ့ ကစားသမားဖြစ်ခဲ့ပြီး တီလီမန်းစ်ရဲ့ အထင်ကြီးဖွယ် စွမ်းဆောင်ရည်ကြောင့် လီဗာပူးလ်နဲ့ ရီးရဲလ်မက်ဒရစ်တို့လိုအသင်းတွေကတောင် စိတ်ဝင်စားမှုပြသခဲ့ကြတာဖြစ်ပါတယ်။

တီလီမန်းစ်ဟာ ချန်ပီယံလိဂ်ပွဲ ၂၀ ကစားခဲ့ပြီးဖြစ်တာကြောင့် လက်စတာစီးတီးကွင်းလယ်ကြယ်ပွင့်ဟာ မရှိမဖြစ်လိုအပ်တဲ့ ဥရောပအတွေ့အကြုံရှိထားတယ်ဆိုတာ ပြသနေတာဖြစ်ပြီး ထိပ်ဆုံး ၄ နေရာအတွင်း ဝင်ရောက်နိုင်ဖို့ ကြိုးပမ်းမယ့် အာဆင်နယ်အသင်းအတွက် ထပ်ဆောင်းအပိုဆုတစ်ခု ဖြစ်လာမှာ ဖြစ်ပါတယ်။

လီယွန်အသင်းဟာ ကွင်းလယ်ကစားသမား ဟူဆန် အိုဝါအတွက် ပြောင်းရွှေ့ကြေးကို ပေါင် ၁၂.၆ သန်း သတ်မှတ်ထားတယ်လို့ သိရပြီး Calciomercato ရဲ့ဖော်ပြချက်အရ အာဆင်နယ်အသင်းက လီယွန်ကြယ်ပွင့်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

ဟူဆန် အိုဝါဟာ အေးဂျင့်ကို အပြောင်းအလဲ လုပ်ခဲ့တာကြောင့် အရင်တုန်းက ၎င်းကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့တဲ့ အာဆင်နယ်အတွက် အပြောင်းအလဲ ဖြစ်လာနိုင်ဖွယ် ရှိနေတာဖြစ်ပြီး လီယွန်ကြယ်ပွင့်ဟာ ကွင်းလယ်ကနေ ပြီးခဲ့တဲ့ရာသီ လိဂ်ပွဲ ၃၀ မှာ ၇ ဂိုးအထိ သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဟူဆန် အိုဝါရဲ့ သွင်းဂိုး အရေအတွက်ဟာ အာဆင်နယ်ကွင်းလယ်ကစားသမားတွေ အားလုံးပေါင်းထားတဲ့ သွင်းဂိုး(၅ ဂိုး)ထက်တောင် ပိုမို များပြားနေတာဖြစ်ပြီး ဒီတစ်ချက်နဲ့တင် အာဆင်နယ်အတွက် အရမ်းကောင်းတဲ့ ခေါ်ယူမှုဖြစ်လာနိုင်တယ်ဆိုတာ ထင်ရှားနေတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:႐ိုးမားအသင္းနည္းျပ ဟိုေဆး ေမာ္ရင္ညိဳက ခ်ာကာကို ေခၚယူဖို႔ စိတ္ဝင္စားလာခဲ့ၿပီးေနာက္ အာဆင္နယ္အသင္းဟာ လီယြန္ကြင္းလယ္ၾကယ္ပြင့္ ဟူဆန္ အိုဝါနဲ႔ လက္စတာစီးတီးၾကယ္ပြင့္ တီလီမန္းစ္တို႔အတြက္ ေပါင္ ၃၈ သန္းတန္ သေဘာတူညီမႈ ျပဳလုပ္ႏိုင္ေျခရွိတယ္လို႔ သိရပါတယ္။

အာဆင္နယ္အသင္းဟာ ကြင္းလယ္ေနရာမွာ နည္းျပ အာတီတာကို ပိုမိုေကာင္းမြန္တဲ့ ေ႐ြးခ်ယ္စရာ ေပးႏိုင္ဖို႔အတြက္ ေႏြရာသီအေျပာင္းအေ႐ႊ႕ကာလမွာ ကြင္းလယ္ကစားသမား ေခၚယူႏိုင္လိမ့္မယ္လို႔ ေမွ်ာ္မွန္းျခင္းခံထားရတာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ခ်ာကာရဲ႕ အနာဂတ္ဟာ မေရမရာျဖစ္ေနတာေၾကာင့္ အာဆင္နယ္အသင္းအေနနဲ႔ ယခုေႏြရာသီမွာ ကစားသမား ၂ ဥ◌ီးအထိ ေခၚယူဖို႔ လိုအပ္လာေတာ့မွာ ျဖစ္ပါတယ္။

Gazzetta dello Sport ရဲ႕ ေဖာ္ျပခ်က္အရ ႐ိုးမားအသင္းနည္းျပ ေမာ္ရင္ညိဳဟာ ယခုေႏြရာသီမွာ အာဆင္နယ္ကြင္းလယ္ကစားသမား ဂရန္းနစ္ ခ်ာကာကို ေခၚယူဖို႔ စိတ္ပိုင္းျဖတ္ထားတယ္လို႔ သိရပါတယ္။ ယင္းသတင္းကပဲ ေပၚတူဂီလူမ်ိဳး နည္းျပဟာ ဆြစ္ဇာလန္ လက္ေ႐ြးစင္ကြင္းလယ္ကစားသမားကို ေႏြရာသီအေျပာင္းအေ႐ႊ႕ကာလမွာ ထိပ္တန္းပစ္မွတ္အျဖစ္ သတ္မွတ္ထားတာျဖစ္တယ္လို႔ ေဖာ္ျပခဲ့ပါတယ္။

အာဆင္နယ္အသင္းဟာ ခ်ာကာရဲ႕အနာဂတ္ကို ထည့္မတြက္ရင္ေတာင္မွပဲ ကြင္းလယ္ေနရာအတြက္ ယခု‌ေႏြရာသီမွာ ကြင္းလယ္ကစားသမား ေခၚယူဖို႔ လိုအပ္ေနၿပီးသားျဖစ္ေပမယ့္ အသက္ ၂၉ ႏွစ္အ႐ြယ္ကြင္းလယ္ကစားသမား ထြက္ခြာႏိုင္ေျခရွိေနတာေၾကာင့္ အီဒူးအေနနဲ႔ ကစားသမား ၂ ဥ◌ီးအထိ ေခၚယူဖို႔ က်ိန္းေသေပါက္ လိုအပ္လာေတာ့မွာျဖစ္ပါတယ္။ ယူရီ တီလီမန္းစ္နဲ႔ ဟူဆန္ အိုဝါတို႔ဟာ အာဆင္နယ္အသင္းအတြက္ ေခၚယူဖို႔ ၿပီးျပည့္စုံၿပီး လက္ေတြ႕က်တဲ့ကစားသမားေတြ ျဖစ္လာမွာ က်ိန္းေသပါတယ္။

CBS Sports ရဲ႕သတင္းအရ အာဆင္နယ္ဟာ ယူရီ တီလီမန္းစ္ကို ေခၚယူဖို႔ ထိပ္ဆုံးကေန ဥ◌ီးေဆာင္ေနၿပီး ဘယ္လ္ဂ်ီယမ္ၾကယ္ပြင့္ဟာ လက္စတာစီးတီးနဲ႔ စာခ်ဳပ္သက္တမ္းတိုးမွာမဟုတ္တာေၾကာင့္ ေပါင္ ၂၅ သန္းေလာက္နဲ႔ ေခၚယူလို႔ ရႏိုင္ဖြယ္ ရွိေနတာျဖစ္ပါတယ္။

အသက္ ၂၄ ႏွစ္အ႐ြယ္ ကြင္းလယ္ကစားသမားဟာ ၿပီးခဲ့တဲ့ ၃ ရာသီစလုံး ပရီးမီးယားလိဂ္မွာ ပုံမွန္ပြဲထြက္ကစားခြင့္ရခဲ့တဲ့ ကစားသမားျဖစ္ခဲ့ၿပီး တီလီမန္းစ္ရဲ႕ အထင္ႀကီးဖြယ္ စြမ္းေဆာင္ရည္ေၾကာင့္ လီဗာပူးလ္နဲ႔ ရီးရဲလ္မက္ဒရစ္တို႔လိုအသင္းေတြကေတာင္ စိတ္ဝင္စားမႈျပသခဲ့ၾကတာျဖစ္ပါတယ္။

တီလီမန္းစ္ဟာ ခ်န္ပီယံလိဂ္ပြဲ ၂၀ ကစားခဲ့ၿပီးျဖစ္တာေၾကာင့္ လက္စတာစီးတီးကြင္းလယ္ၾကယ္ပြင့္ဟာ မရွိမျဖစ္လိုအပ္တဲ့ ဥေရာပအေတြ႕အႀကဳံရွိထားတယ္ဆိုတာ ျပသေနတာျဖစ္ၿပီး ထိပ္ဆုံး ၄ ေနရာအတြင္း ဝင္ေရာက္ႏိုင္ဖို႔ ႀကိဳးပမ္းမယ့္ အာဆင္နယ္အသင္းအတြက္ ထပ္ေဆာင္းအပိုဆုတစ္ခု ျဖစ္လာမွာ ျဖစ္ပါတယ္။

လီယြန္အသင္းဟာ ကြင္းလယ္ကစားသမား ဟူဆန္ အိုဝါအတြက္ ေျပာင္းေ႐ႊ႕ေၾကးကို ေပါင္ ၁၂.၆ သန္း သတ္မွတ္ထားတယ္လို႔ သိရၿပီး Calciomercato ရဲ႕ေဖာ္ျပခ်က္အရ အာဆင္နယ္အသင္းက လီယြန္ၾကယ္ပြင့္ကို ေခၚယူဖို႔ စိတ္ဝင္စားေနတယ္လို႔ သိရပါတယ္။

ဟူဆန္ အိုဝါဟာ ေအးဂ်င့္ကို အေျပာင္းအလဲ လုပ္ခဲ့တာေၾကာင့္ အရင္တုန္းက ၎ကို ေခၚယူဖို႔ ႀကိဳးပမ္းခဲ့တဲ့ အာဆင္နယ္အတြက္ အေျပာင္းအလဲ ျဖစ္လာႏိုင္ဖြယ္ ရွိေနတာျဖစ္ၿပီး လီယြန္ၾကယ္ပြင့္ဟာ ကြင္းလယ္ကေန ၿပီးခဲ့တဲ့ရာသီ လိဂ္ပြဲ ၃၀ မွာ ၇ ဂိုးအထိ သြင္းယူႏိုင္ခဲ့တာ ျဖစ္ပါတယ္။

ဟူဆန္ အိုဝါရဲ႕ သြင္းဂိုး အေရအတြက္ဟာ အာဆင္နယ္ကြင္းလယ္ကစားသမားေတြ အားလုံးေပါင္းထားတဲ့ သြင္းဂိုး(၅ ဂိုး)ထက္ေတာင္ ပိုမို မ်ားျပားေနတာျဖစ္ၿပီး ဒီတစ္ခ်က္နဲ႔တင္ အာဆင္နယ္အတြက္ အရမ္းေကာင္းတဲ့ ေခၚယူမႈျဖစ္လာႏိုင္တယ္ဆိုတာ ထင္ရွားေနတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.