Bundesliga Premier League

ေခၚယူလိုသည့္အသင္းမ်ားထဲတြင္ မန္ခ်က္စတာယူႏိုက္တက္ႏွင့္ ဆန္ခ်ဳိတုိ႔ ပုိမိုနီးစပ္ေန

ေႏြရာသီမွာ အသင္းကေန ထြက္ခြာဖို႔ ရွိေနတဲ့ ေဒါ့မြန္အသင္းရဲ႕ အဂၤလန္ေတာင္ပံကစားသမား ေဂ်ဒန္ ဆန္ခ်ဳိကို ပရီးမီးယားလိဂ္အသင္းႀကီးေတြက စိတ္ဝင္စားေနၾကတဲ့အထဲမွာ မန္ခ်က္စတာယူႏုိက္တက္အသင္းနဲ႔ ပုိမိုနီးစပ္မွဳရွိေနတယ္လုိ႔ သိရပါတယ္။

သူ႕ကို ၿမဳိ႕ခံၿပဳိင္ဘက္ မန္ခ်က္စတာစီးတီးနဲ႔ အစဥ္အလာၿပဳိင္ဘက္ လီဗာပူးလ္တုိ႔ကလည္း စိတ္ဝင္စားေနၾကေပမယ့္ ကစားသမားနဲ႔ ပုိမိုၿပီး နီးစပ္မွဳ ရွိတာက သရဲနီေတြ ျဖစ္ေနသလို ၿပီးခဲ့တဲ့ ေဆာင္းရာသီကပါ ေဒါ့မြန္ရဲ႕ အားကစားဒါ႐ိုက္တာ မိုက္ကယ္ေဇာ့ဆီကို စတင္ခ်ဥ္းကပ္ၿပီးခဲ့ၿပီလို႔လည္း သိရပါတယ္။

ဒီအခ်ိန္တုန္းကေတာ့ မုိက္ကယ္ေဇာ့အေနနဲ႔ သူတုိ႔ရဲ႕ ကစားသမားကို ေရာင္းခ်ဖို႔ မရွိဘူးလို႔ တုံ႔ျပန္ခဲ့ေပမယ့္ ေႏြရာသီမွာေတာ့ အသင္းကေန ေျပာင္းေရႊ႕ခြင့္ျပဳႏိုင္သလို ေဈးေကာင္းရရွိႏုိင္တဲ့ လူငယ္ကစားသမားတစ္ဦးကို အတင္းအက်ပ္ တားဆီးသြားဖို႔ေတာ့ မရွိဘူးလို႔ ဆိုပါတယ္။

မန္ခ်က္စတာယူႏုိက္တက္ဘက္ကေတာ့ ဆန္ခ်ဳိအတြက္ လစာေငြကိုပါ ႀကဳိတင္ကမ္းလွမ္းထားခဲ့တယ္လုိ႔ သိရၿပီး သူတုိ႔အသင္းကို ေရာက္ရွိလာခဲ့ရင္ တစ္ပတ္လုပ္ခ ေပါင္ ၂ သိန္း ခံစားခြင့္ရွိမွာျဖစ္တယ္လို႔ အမွဳေဆာင္ခ်ဳပ္ အက္ဒ္ ဝုဒ္ဝဒ္နဲ႔ နီးစပ္တဲ့ အသိုင္းအဝိုင္းက ဖြင့္ဟခဲ့ပါတယ္။

ေလာေလာဆယ္ ၾကားသိရတဲ့ သတင္းေတြအရေတာ့ မန္ယူတုိ႔အေနနဲ႔ အသက္ ၁၉ ႏွစ္အရြယ္ ေတာင္ပံကစားသမားအတြက္ အေျခခံ ေျပာင္းေရႊ႕ေၾကး ေပါင္သန္း ၁၀၀ ေလာက္က်သင့္ႏုိင္ၿပီး စပိန္အင္အားႀကီးေတြျဖစ္တဲ့ ရီးရဲလ္မက္ဒရစ္နဲ႔ ဘာစီလိုနာတုိ႔ထက္ လက္ဦးေအာင္ေတာ့ လုပ္ေဆာင္ရဖြယ္ရွိေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY MAIL & MIRROR
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

UNICODE: နွေရာသီမှာ အသင်းကနေ ထွက်ခွာဖို့ ရှိနေတဲ့ ဒေါ့မွန်အသင်းရဲ့ အင်္ဂလန်တောင်ပံကစားသမား ဂျေဒန် ဆန်ချိုကို ပရီးမီးယားလိဂ်အသင်းကြီးတွေက စိတ်ဝင်စားနေကြတဲ့အထဲမှာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ပိုမိုနီးစပ်မှုရှိနေတယ်လို့ သိရပါတယ်။

သူ့ကို မြို့ခံပြိုင်ဘက် မန်ချက်စတာစီးတီးနဲ့ အစဉ်အလာပြိုင်ဘက် လီဗာပူးလ်တို့ကလည်း စိတ်ဝင်စားနေကြပေမယ့် ကစားသမားနဲ့ ပိုမိုပြီး နီးစပ်မှု ရှိတာက သရဲနီတွေ ဖြစ်နေသလို ပြီးခဲ့တဲ့ ဆောင်းရာသီကပါ ဒေါ့မွန်ရဲ့ အားကစားဒါရိုက်တာ မိုက်ကယ်ဇော့ဆီကို စတင်ချဉ်းကပ်ပြီးခဲ့ပြီလို့လည်း သိရပါတယ်။

ဒီအချိန်တုန်းကတော့ မိုက်ကယ်ဇော့အနေနဲ့ သူတို့ရဲ့ ကစားသမားကို ရောင်းချဖို့ မရှိဘူးလို့ တုံ့ပြန်ခဲ့ပေမယ့် နွေရာသီမှာတော့ အသင်းကနေ ပြောင်းရွှေ့ခွင့်ပြုနိုင်သလို ဈေးကောင်းရရှိနိုင်တဲ့ လူငယ်ကစားသမားတစ်ဦးကို အတင်းအကျပ် တားဆီးသွားဖို့တော့ မရှိဘူးလို့ ဆိုပါတယ်။

မန်ချက်စတာယူနိုက်တက်ဘက်ကတော့ ဆန်ချိုအတွက် လစာငွေကိုပါ ကြိုတင်ကမ်းလှမ်းထားခဲ့တယ်လို့ သိရပြီး သူတို့အသင်းကို ရောက်ရှိလာခဲ့ရင် တစ်ပတ်လုပ်ခ ပေါင် ၂ သိန်း ခံစားခွင့်ရှိမှာဖြစ်တယ်လို့ အမှုဆောင်ချုပ် အက်ဒ် ဝုဒ်ဝဒ်နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ဖွင့်ဟခဲ့ပါတယ်။

လောလောဆယ် ကြားသိရတဲ့ သတင်းတွေအရတော့ မန်ယူတို့အနေနဲ့ အသက် ၁၉ နှစ်အရွယ် တောင်ပံကစားသမားအတွက် အခြေခံ ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၀၀ လောက်ကျသင့်နိုင်ပြီး စပိန်အင်အားကြီးတွေဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့ထက် လက်ဦးအောင်တော့ လုပ်ဆောင်ရဖွယ်ရှိကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL & MIRROR
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.