La Liga Premier League Transfer News

အားထားရတဲ့ကစားသမားကို ထွက်ချင်ရင် ထွက်ခွင့်ပေးမယ်လို့ လျှို့ဝှက်သဘောတူညီမှုပေးခဲ့တဲ့ ဂွါဒီယိုလာ

မန်ချက်စတာစီးတီးနည်းပြ ပက် ဂွါဒီယိုလာနဲ့ ဘာနာဒို ဆေးလ်ဗားတို့ဟာ ယခုနွေရာသီမှာ ပေါ်တူဂီကြယ်ပွင့်ကို ထွက်ခွာခွင့် ပြုရမယ့် လျှို့ဝှက်သဘောတူညီမှု ရှိထားကြတယ်လို့ သတင်းတွေအရ သိရပါတယ်။

စပိန်သတင်းဌာန Mundo Deportivo ရဲ့သတင်းအရ ဘာနာဒို ဆေးလ်ဗားဟာ မန်စီးတီးအတွက်လည်း ကောင်းမွန်တဲ့ ကမ်းလှမ်းမှုဖြစ်ပြီး ၎င်းအနေနဲ့လည်း ဆန္ဒရှိမယ်ဆိုရင် ယခုနွေရာသီအပြောင်းအရွှေ့ကာလမှာ အစ်တီဟတ်ကို စွန့်ခွာခွင့်ပြုမယ်ဆိုတဲ့ ကတိစကား ဂွါဒီယိုလာဆီကနေ ရရှိထားတယ်လို့ သိရပါတယ်။

ဘာစီလိုနာနည်းပြ ဇာဗီဟာ ဘာနာဒို ဆေးလ်ဗားကို ဥ◌ီးစားပေးခေါ်ယူမှုအဖြစ် ရှုမြင်ထားပြီး ဖရန်ကီ ဒီ ယုံးကို မန်ချက်စတာယူနိုက်တက်ဆီကို ရောင်းချနိုင်ခြေရှိနေတာကြောင့် ပစ်မှတ်အဖြစ် သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာစီးတီးအသင်းအတွက် ပြီးခဲ့တဲ့ရာသီမှာ အကောင်းဆုံးရာသီအဖြစ် ခြေစွမ်းပြသခဲ့ပေမယ့်လည်း ဆေးလ်ဗားဟာ ပရီးမီးယားလိဂ်ကလပ်အသင်းမှာ ၅ နှစ်ကြာအချိန်ကုန်ဆုံးပြီးနောက် အပြောင်းအလဲတွေ ပြုလုပ်ချင်တဲ့ဆန္ဒရှိနေတယ်လို့ သိရပါတယ်။

ဘာနာဒို ဆေးလ်ဗားဟာ ပြီးခဲ့တဲ့နွေရာသီမှာ ဘာစီလိုနာအသင်းဆီကနေ စိတ်ဝင်စားခြင်းခံခဲ့ရပေမယ့်လည်း စပိန်လာလီဂါအသင်းရဲ့ ငွေကြေးအခြေအနေဟာ အပြောင်းအရွှေ့ဖြစ်လာအောင် ပြုလုပ်နိုင်စွမ်း မရှိခဲ့တာ ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ အသက် ၂၇ နှစ်အရွယ် ကွင်းလယ်ကစားသမားနဲ့ပတ်သက်ပြီး မန်ချက်စတာစီးတီးနဲ့ ကနဥ◌ီးအဆက်အသွယ် ပြုလုပ်ခဲ့ပေမယ့်လည်း တရားဝင် ဆွေးနွေးညှိနှိုင်းမှု သို့မဟုတ် ကမ်းလှမ်းမှု ပြုလုပ်ရခြင်းမရှိသေးတာဖြစ်တယ်လို့ ယင်းသတင်းကပဲ ဖော်ပြခဲ့ပါတယ်။

ဘာနာဒို ဆေးလ်ဗားရဲ့ ပြောင်းရွှေ့ကြေးဟာ ပြီးခဲ့တဲ့ဇန်နဝါရီလတုန်းက စပိန်တောင်ပံကစားသမား ဖာရန် တောရက်စ်အတွက် မန်စီးတီးကို လာလီဂါကလပ်အသင်းပေးချေခဲ့ရတဲ့ ပေါင် ၄၇ သန်းထက် ပိုမိုများပြားလိမ့်မယ်လို့ ယုံကြည်ရပါတယ်။

ဘာစီလိုနာရဲ့ ဆေးလ်ဗားကို ခေါ်ယူဖို့ ကြိုးပမ်းမှုဟာ အဲရစ် တန်ဟက်ဂ်ရဲ့ မန်ချက်စတာယူနိုက်တက်အသင်းကို ဖရန်ကီ ဒီ ယုံးကို ရောင်းထုတ်နိုင်ခဲ့မယ်ဆိုရင် ပိုလို့တောင် ဖြစ်လာနိုင်ဖွယ်ရှိနေပြီး မန်ချက်စတာယူနိုက်တက်ဟာ ဒတ်ချ်ကွင်းလယ်ကစားသမားအတွက် ပေါင် ၆၅ သန်းနဲ့ ခေါ်ယူဖို့ ဘာစီလိုနာနဲ့ ဆွေးနွေးနေခဲ့တာဖြစ်ပါတယ်။

ဆေးလ်ဗားဟာ မန်ချက်စတာစီးတီးအသင်းနဲ့ ၂၀၂၅ ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးတာကြောင့် ပရီးမီးယားလိဂ်ကြယ်ပွင့်တွေထဲက တစ်ဥ◌ီးကို စေ◌ျးကြီးပေး ခေါ်ယူရမှာ သေချာပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:မန်ချက်စတာစီးတီးနည်းပြ ပက် ဂွါဒီယိုလာနဲ့ ဘာနာဒို ဆေးလ်ဗားတို့ဟာ ယခုနွေရာသီမှာ ပေါ်တူဂီကြယ်ပွင့်ကို ထွက်ခွာခွင့် ပြုရမယ့် လျှို့ဝှက်သဘောတူညီမှု ရှိထားကြတယ်လို့ သတင်းတွေအရ သိရပါတယ်။







ဘာစီလိုနာရဲ့ ဆေးလ်ဗားကို ခေါ်ယူဖို့ ကြိုးပမ်းမှုဟာ အဲရစ် တန်ဟက်ဂ်ရဲ့ မန်ချက်စတာယူနိုက်တက်အသင်းကို ဖရန်ကီ ဒီ ယုံးကို ရောင်းထုတ်နိုင်ခဲ့မယ်ဆိုရင် ပိုလို့တောင် ဖြစ်လာနိုင်ဖွယ်ရှိနေပြီး မန်ချက်စတာယူနိုက်တက်ဟာ ဒတ်ခ်ျကွင်းလယ်ကစားသမားအတွက် ပေါင် ၆၅ သန်းနဲ့ ခေါ်ယူဖို့ ဘာစီလိုနာနဲ့ ဆွေးနွေးနေခဲ့တာဖြစ်ပါတယ်။


REF: INTERNET SOURCES
SPORTS A2Z.