La Liga Premier League Transfer News

ရီးရဲလ်နဲ့ဘာဆာတို့ရဲ့စိတ်ဝင်စားမှုခံနေရပေမယ့် ချဲလ်ဆီးကိုပဲ ပြောင်းရွှေ့ချင်နေတဲ့ မန်စီးတီးကြယ်ပွင့်

မန်ချက်စတာစီးတီးတောင်ပံကြယ်ပွင့် ရာဟင်း စတားလင်းဟာ ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်တို့ဆီကနေ စိတ်ဝင်စားခြင်းခံနေရပေမယ့်လည်း ယခုနွေရာသီမှာ ချဲလ်ဆီးကို ပြောင်းရွှေ့ချင်နေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

ရာဟင်း စတားလင်းဟာ ယခုနွေရာသီအပြောင်းအရွှေ့ကာလမှာ ချဲလ်ဆီးအသင်းကို ပြောင်းရွှေ့ဖို့ တွန့်ဆုတ်တွေဝေနေခြင်းရှိမှာမဟုတ်ဘူးလို့ Daily Telegraph ရဲ့ဖော်ြပချက်အရ သိရပြီး မန်စီးတီးက ပြောင်းရွှေ့ကြေးပေါင်သန်း ၅၀ ကနေ ၆၀ ကြားသတ်မှတ်ဖွယ်ရှိတဲ့ အင်္ဂလန်လက်ရွေးစင်တောင်ပံကစားသမားကို ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်တို့က ပစ်မှတ်ထားနေတာဖြစ်ပါတယ်။

စတားလင်းဟာ လာမယ့်ရာသီကုန်မှာ မန်ချက်စတာစီးတီးနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်တာကြောင့် ကစားသမားဘဝ လမ်းဆုံလမ်းခွမှာ ရှိနေတာဖြစ်ပြီး အသက် ၂၇ နှစ်အရွယ် ကစားသမားဟာ ပြီးခဲ့တဲ့ရာသီ ပြိုင်ပွဲစုံ ၄၇ ပွဲမှာ သွင်းဂိုး ၁၇ ဂိုးနဲ့ ဂိုးဖန်တီးမှု ၉ ကြိမ် ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

စတားလင်းနဲ့ မန်ချက်စတာစီးတီးတို့ကြား ပြောဆိုဆွေးနွေနေမှုတွေဟာ နောက်တဆင့် မတက်နိုင်သေးတာကြောင့် လီဗာပူးလ်ကြယ်ပွင့်ဟောင်းဟာ ယခုနွေရာသီမှာ အစ်တီဟတ်ကို စွန့်ခွာဖွယ်ရှိတဲ့ ကစားသမားတွေထဲမှာ အပါအဝင်ဖြစ်လာခဲ့တာဖြစ်ပါတယ်။ ဒီလိုအခြေအနေက ဥရောပတလွှားက နာမည်ကြီး ကလပ်အသင်းအများအပြားရဲ့ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့တာဖြစ်ပြီး ဘာစီလိုနာ၊ ရီးရဲလ်မက်ဒရစ်နဲ့ချဲလ်ဆီးတို့က အင်္ဂလန်တောင်ပံကစားသမားကို ခေါ်ယူချင်နေကြတာ ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ အူ့စ်မန် ဒမ်ဘီလီရဲ့ အနာဂတ်မရေမရာဖြစ်လာတာကြောင့် စတားလင်းကို စိတ်ဝင်စားလာခဲ့တာဖြစ်ပြီး ပြင်သစ်တောင်ပံကစားသမားဟာ အသင်းနဲ့ စာချုပ်သစ် မချုပ်ဆိုခဲ့ဘူးဆိုရင် လာမယ့်နွေရာသီမှာ အလွတ်နဲ့ထွက်ခွာခွင့်ပြုခြင်း ခံရမှာြဖစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းကတော့ အဆန်စီယို ဘာနေဗျူးကို စွန့်ခွာဖို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင် တောင်ပံကစားသမားသစ် ခေါ်ယူဖို့ စေ◌ျးကွက်ထဲကို မဖြစ်မနေ ဝင်ရောက်လာနိုင်ပြီး လာလီဂါချန်ပီယံတွေဟာ စတားလင်းရဲ့ နေရာစုံကစားနိုင်စွမ်းကြောင့် ပစ်မှတ်ထားသွားမှာဖြစ်ပါတယ်။

တစ်ဆက်တည်းမှာပဲ ချဲလ်ဆီးအသင်းဟာ ခြေစွမ်းတည်ငြိမ်မှုမရှိတဲ့ ဇီယက်ရှ်၊ တီမို ဗာနာ၊ ခရစ်ရှန် ပူလီရှစ်တို့ကြောင့် တောင်ပံကစားသမားသစ် ခေါ်ယူချင်နေတာဖြစ်ပြီး အသင်းရဲ့တောင်ပံကစားသမားတွေထဲက တစ်ဥ◌ီးကို ယခုနွေရာသီမှာ ရောင်းထုတ်သွားမယ်လို့ မျှော်မှန်းခြင်းခံထားရတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:မန်ချက်စတာစီးတီးတောင်ပံကြယ်ပွင့် ရာဟင်း စတားလင်းဟာ ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်တို့ဆီကနေ စိတ်ဝင်စားခြင်းခံနေရပေမယ့်လည်း ယခုနွေရာသီမှာ ချဲလ်ဆီးကို ပြောင်းရွှေ့ချင်နေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

ရာဟင်း စတားလင်းဟာ ယခုနွေရာသီအပြောင်းအရွှေ့ကာလမှာ ချဲလ်ဆီးအသင်းကို ပြောင်းရွှေ့ဖို့ တွန့်ဆုတ်တွေဝေနေခြင်းရှိမှာမဟုတ်ဘူးလို့ Daily Telegraph ရဲ့ဖော်ပြချက်အရ သိရပြီး မန်စီးတီးက ပြောင်းရွှေ့ကြေးပေါင်သန်း ၅၀ ကနေ ၆၀ ကြားသတ်မှတ်ဖွယ်ရှိတဲ့ အင်္ဂလန်လက်ရွေးစင်တောင်ပံကစားသမားကို ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်တို့က ပစ်မှတ်ထားနေတာဖြစ်ပါတယ်။



ဘာစီလိုနာအသင်းဟာ အူ့စ်မန် ဒမ်ဘီလီရဲ့ အနာဂတ်မရေမရာဖြစ်လာတာကြောင့် စတားလင်းကို စိတ်ဝင်စားလာခဲ့တာဖြစ်ပြီး ပြင်သစ်တောင်ပံကစားသမားဟာ အသင်းနဲ့ စာချုပ်သစ် မချုပ်ဆိုခဲ့ဘူးဆိုရင် လာမယ့်နွေရာသီမှာ အလွတ်နဲ့ထွက်ခွာခွင့်ပြုခြင်း ခံရမှာဖြစ်ပါတယ်။



REF: INTERNET SOURCES
SPORTS A2Z.