Premier League Transfer News

တကယ့်အပြောင်းအရွှေ့မှ တိုင်ပတ်နေတဲ့ အပြောင်းအရွှေ့တာဝန်ရှိသူကို ပေါက်ကွဲနေတဲ့ အာတီတာ

အာဆင်နယ်နည်းပြ အာတီတာဟာ နွေရာသီအပြောင်းအရွှေ့စေ◌ျးကွက်မှာ အသင်းရဲ့ လျင်လျင်မြန်မြန် ဆုံးဖြတ်နိုင်စွမ်း မရှိမှုအပေါ်မှာ ဒေါသအိုး ပေါက်ကွဲနေခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

စပိန်လူမျိုးနည်းပြဟာ ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ ၆ နှစ်ကြာ ဝေးကွာနေမှုကို အဆုံးသတ်ဖို့အတွက် ယခုနွေရာသီမှာ အသင်းလူစာရင်းကို အင်အားဖြည့်တင်းချင်နေတာဖြစ်ပြီး နည်းစနစ်ဒါရိုက်တာ အီဒူးအနေနဲ့ အနည်းဆုံး တိုက်စစ်မှူးတစ်ဥ◌ီးနဲ့ နောက်ခံတောင်ပံ အရန်ကစားသမားတစ်ဥ◌ီးလိုချင်နေတယ်လို့ သိရပါတယ်။

လာကာဇက်ဟာ ယခုလကုန်မှာ လီယွန်အသင်းကို အလွတ်နဲ့ ပြန်လည်ပြောင်း‌ရွှေ့ဖို့ စီစဥ◌်နေပြီး အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ဇန်နဝါရီလမှာလည်း အခြားကြယ်ပွင့်တိုက်စစ်မှူးဖြစ်တဲ့ အူဘာမီယန်းကို ဘာစီလိုနာအသင်းဆီ အလွတ်နဲ့ ထွက်ခွာခွင့်ပြုခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် အာဆင်နယ်အသင်းဟာ လာမယ့်ရာသီသစ်မတိုင်ခင် တိုက်စစ်မှာ အင်အားချိနဲ့နေတာကြောင့် မန်ချက်စတာစီးတီးတိုက်စစ်မှူး ဂါဘရီယယ်လ် ဂျေဆူးက အာတီတာအတွက် အစားထိုးခေါ်ယူမှုအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရပြီး အီဒူးက ပြီးခဲ့တဲ့လတွေမှာ ကစားသမားရဲ့ကိုယ်စားလှယ်တွေနဲ့ ပြောဆိုဆွေးနွေးနေခဲ့တာြဖစ်ပါတယ်။

ဒါပေမယ့်လည်း လက်ရှိမှာတော့ အာတီတာဟာ အသင်းရဲ့ အပြောင်းအရွှေ့လုပ်ဆောင်မှုမှာ စတန် ခရိုယန်ကီ သို့မဟုတ် ဂျော့ရှ် ခရိုယန်ကီတို့ဆီကနေ ကြီးမားတဲ့သဘောတူညီမှုအားလုံးအတွက် ခွင့်ပြုချက်ရယူပြီးမှ လုပ်ဆောင်နိုင်တဲ့အတွက် စိတ်ပျက်မှုတွေ ကြီးထွားလာနေတယ်လို့ The Daily Mail က ဖော်ပြခဲ့ပါတယ်။

မန်ချက်စတာစီးတီးလက်ထောက်နည်းပြဟောင်းဟာ ဒီလို ကပေါက်တိ ကပေါက်ချာပုံစံမျိုးနဲ့ ချဥ◌်းကပ်မှုကြောင့် ဂါဘရီယယ်လ် ဂျေဆူးကို ခေါ်ယူဖို့ ကြိုးပမ်းမယ့်ပြိုင်ပွဲမှာ နောက်ကောက်ချခံရမှာကို ကြောက်ရွံ့နေတယ်လို့ ယင်းသတင်းက ဖော်ပြခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်၊ ချဲလ်ဆီး၊ စပါးစ်တို့ဟာ အသက် ၂၅ နှစ်အရွယ် တိုက်စစ်မှူးကို ခေါ်ယူဖို့ သတင်းတွေထွက်ပေါ်နေပေမယ့်လည်း ကစားသမားက ၎င်းရဲ့ အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး စကားများများ ပြောဖို့ ငြင်းဆန်ခဲ့တာ ဖြစ်ပါတယ်။

“ကျွန်တော် အဆင်ပြေတယ်။ အမြဲတမ်းလိုပဲ အေးအေးဆေးဆေးပါပဲ။ ကျွန်တော့်အတွက်၊ ကျွန်တော့်ကစားသမားဘဝအတွက် အကောင်းဆုံးဖြစ်မှာကို အမြဲတမ်း ရှာဖွေနေပါတယ်”

“ကျွန်တော် ဘယ်တုန်းကမှ ဘာမှမသိတဲ့ စီမံကိန်းထဲကို ခြေစုံပစ်ဝင်တတ်တဲ့သူမျိုး မဟုတ်ပါဘူး။ သိအောင်လုပ်ရမှာက ကျွန်တော် လုပ်‌မယ့်အရာပဲ။ အခုတော့ ကျွန်တော် လက်ရွေးစင်အသင်းအပေါ် အာရုံစိုက်ထားတယ်။ ဒါပေမယ့် အင်္ဂါနေ့ကနေစပြီး ကျွန်တော့်ရဲ့အနာဂတ်ကို စပြီးတော့ စဥ◌်းစားမှာပါ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:အာဆင္နယ္နည္းျပ အာတီတာဟာ ေႏြရာသီအေျပာင္းအေ႐ႊ႕ေစ◌်းကြက္မွာ အသင္းရဲ႕ လ်င္လ်င္ျမန္ျမန္ ဆုံးျဖတ္ႏိုင္စြမ္း မရွိမႈအေပၚမွာ ေဒါသအိုး ေပါက္ကြဲေနခဲ့တယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

စပိန္လူမ်ိဳးနည္းျပဟာ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲနဲ႔ ၆ ႏွစ္ၾကာ ေဝးကြာေနမႈကို အဆုံးသတ္ဖို႔အတြက္ ယခုေႏြရာသီမွာ အသင္းလူစာရင္းကို အင္အားျဖည့္တင္းခ်င္ေနတာျဖစ္ၿပီး နည္းစနစ္ဒါ႐ိုက္တာ အီဒူးအေနနဲ႔ အနည္းဆုံး တိုက္စစ္မႉးတစ္ဥ◌ီးနဲ႔ ေနာက္ခံေတာင္ပံ အရန္ကစားသမားတစ္ဥ◌ီးလိုခ်င္ေနတယ္လို႔ သိရပါတယ္။

လာကာဇက္ဟာ ယခုလကုန္မွာ လီယြန္အသင္းကို အလြတ္နဲ႔ ျပန္လည္ေျပာင္း‌ေ႐ႊ႕ဖို႔ စီစဥ◌္ေနၿပီး အာဆင္နယ္အသင္းဟာ ၿပီးခဲ့တဲ့ဇန္နဝါရီလမွာလည္း အျခားၾကယ္ပြင့္တိုက္စစ္မႉးျဖစ္တဲ့ အူဘာမီယန္းကို ဘာစီလိုနာအသင္းဆီ အလြတ္နဲ႔ ထြက္ခြာခြင့္ျပဳခဲ့တာျဖစ္ပါတယ္။

ဒါေၾကာင့္ အာဆင္နယ္အသင္းဟာ လာမယ့္ရာသီသစ္မတိုင္ခင္ တိုက္စစ္မွာ အင္အားခ်ိနဲ႔ေနတာေၾကာင့္ မန္ခ်က္စတာစီးတီးတိုက္စစ္မႉး ဂါဘရီယယ္လ္ ေဂ်ဆူးက အာတီတာအတြက္ အစားထိုးေခၚယူမႈအျဖစ္ သတ္မွတ္ျခင္း ခံခဲ့ရၿပီး အီဒူးက ၿပီးခဲ့တဲ့လေတြမွာ ကစားသမားရဲ႕ကိုယ္စားလွယ္ေတြနဲ႔ ေျပာဆိုေဆြးေႏြးေနခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း လက္ရွိမွာေတာ့ အာတီတာဟာ အသင္းရဲ႕ အေျပာင္းအေ႐ႊ႕လုပ္ေဆာင္မႈမွာ စတန္ ခ႐ိုယန္ကီ သို႔မဟုတ္ ေဂ်ာ့ရွ္ ခ႐ိုယန္ကီတို႔ဆီကေန ႀကီးမားတဲ့သေဘာတူညီမႈအားလုံးအတြက္ ခြင့္ျပဳခ်က္ရယူၿပီးမွ လုပ္ေဆာင္ႏိုင္တဲ့အတြက္ စိတ္ပ်က္မႈေတြ ႀကီးထြားလာေနတယ္လို႔ The Daily Mail က ေဖာ္ျပခဲ့ပါတယ္။

မန္ခ်က္စတာစီးတီးလက္ေထာက္နည္းျပေဟာင္းဟာ ဒီလို ကေပါက္တိ ကေပါက္ခ်ာပုံစံမ်ိဳးနဲ႔ ခ်ဥ◌္းကပ္မႈေၾကာင့္ ဂါဘရီယယ္လ္ ေဂ်ဆူးကို ေခၚယူဖို႔ ႀကိဳးပမ္းမယ့္ၿပိဳင္ပြဲမွာ ေနာက္ေကာက္ခ်ခံရမွာကို ေၾကာက္႐ြံ႕ေနတယ္လို႔ ယင္းသတင္းက ေဖာ္ျပခဲ့ပါတယ္။ ရီးရဲလ္မက္ဒရစ္၊ ခ်ဲလ္ဆီး၊ စပါးစ္တို႔ဟာ အသက္ ၂၅ ႏွစ္အ႐ြယ္ တိုက္စစ္မႉးကို ေခၚယူဖို႔ သတင္းေတြထြက္ေပၚေနေပမယ့္လည္း ကစားသမားက ၎ရဲ႕ အေျပာင္းအေ႐ႊ႕နဲ႔ပတ္သက္ၿပီး စကားမ်ားမ်ား ေျပာဖို႔ ျငင္းဆန္ခဲ့တာ ျဖစ္ပါတယ္။

“ကြၽန္ေတာ္ အဆင္ေျပတယ္။ အၿမဲတမ္းလိုပဲ ေအးေအးေဆးေဆးပါပဲ။ ကြၽန္ေတာ့္အတြက္၊ ကြၽန္ေတာ့္ကစားသမားဘဝအတြက္ အေကာင္းဆုံးျဖစ္မွာကို အၿမဲတမ္း ရွာေဖြေနပါတယ္”

“ကြၽန္ေတာ္ ဘယ္တုန္းကမွ ဘာမွမသိတဲ့ စီမံကိန္းထဲကို ေျခစုံပစ္ဝင္တတ္တဲ့သူမ်ိဳး မဟုတ္ပါဘူး။ သိေအာင္လုပ္ရမွာက ကြၽန္ေတာ္ လုပ္‌မယ့္အရာပဲ။ အခုေတာ့ ကြၽန္ေတာ္ လက္ေ႐ြးစင္အသင္းအေပၚ အာ႐ုံစိုက္ထားတယ္။ ဒါေပမယ့္ အဂၤါေန႔ကေနစၿပီး ကြၽန္ေတာ့္ရဲ႕အနာဂတ္ကို စၿပီးေတာ့ စဥ◌္းစားမွာပါ”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.