Ligue1 Match Report Serie A UCL&UEL

ေရာ္နယ္လ္ဒိုကို စံခ်ိန္ပ်က္ေစခဲ့တဲ့ ဂ်ဴဗင္တပ္စ္ရဲ႕ ေနာက္လွည့္ျပန္ခဲ့ရတဲ့ ႏုိင္ပြဲ

ဂ်ဴဗင္တပ္စ္အသင္းကေတာ့ မေန႔ညက ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္ ဒုတိယအေက်ာ့ပြဲစဥ္မွာ ႏွစ္ဂိုး-တစ္ဂိုးနဲ႔ အႏုိင္ရရွိခဲ့ေပမယ့္လည္း ပထမပုိင္း ေစာေစာစီးစီးပဲမွာ ခြင့္ျပဳလုိက္ရတဲ့ အေဝးဂိုးကို လုံေလာက္တဲ့အထိ မတြန္းလွန္ႏိုင္ခဲ့တာေၾကာင့္ ေျခစြမ္းျပခဲ့တဲ့ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုအတြက္ စိတ္ပ်က္စရာစံခ်ိန္ပ်က္မွဳနဲ႔ ႀကဳံေတြ႕ခဲ့ရပါတယ္။

ပြဲခ်ိန္ ၁၀ မိနစ္မွာေတာ့ ဒိုင္ရဲ႕ ဆုံးျဖတ္ခ်က္အမွားႏွစ္ခုကေန ဂ်ဴဗင္တပ္စ္တုိ႔ နစ္နာခဲ့ရၿပီး တုိက္စစ္မွဴး ဟီဂြာအင္ကို ျပစ္ဒဏ္က်ဴးလြန္ၿပီး လီယြန္တုိ႔ ထိုးေဖာက္လာတဲ့ ေဘာလုံးကို ဘင္တန္ကာ ဖ်က္ထုတ္ရာမွာ ေဘာလုံးကို အရင္ထိခဲ့ေပမယ့္ ပင္နယ္တီ သတ္မွတ္ေပးခဲ့လို႔ ဝိုင္းဝန္းၿပီး ေစာဒက တက္ခဲ့ၾကေပမယ့္ VAR ကေတာ့ ပယ္ဖ်က္ေပးရမယ့္အစား ထပ္မံအတည္ျပဳသြားခဲ့ပါတယ္။

ဒီပင္နယ္တီကိုေတာ့ ပြဲခ်ိန္ ၁၂ မိနစ္မွာ ေဒါ့မြန္နဲ႔ အသံထြက္ေနတဲ့ မန္ခ်က္စတာယူႏုိက္တက္တုိက္စစ္မွဴးေဟာင္း မမ္းဖစၥ ဒီပုိင္းက ဂိုးသမား ရွခ်က္စနီကို လွည့္စားကန္သြင္းၿပီး အဖိုးတန္အေဝးဂိုးနဲ႔ လီယြန္တုိ႔ကို အသာစီးရရွိေစမယ့္ အေနအထားဆီ ပုိ႔ေဆာင္ေပးႏုိင္ခဲ့လို႔ ဂ်ဴဗီတုိ႔ စိတ္ပ်က္ခဲ့ရတာပါ။

ဒီေနာက္ပုိင္းမွာေတာ့ ဘာနာဒက္စ္ခီ၊ ေရာ္နယ္လ္ဒိုတုိ႔ရဲ႕ အခြင့္အေရးေတြ ဂိုးမျဖစ္ခဲ့လို႔ ဂ်ဴဗီတုိ႔ ႐ုန္းကန္ေနခဲ့ရသလို ပြဲခ်ိန္ ၃၉ မိနစ္မွာလည္း ေရာ္နယ္လ္ဒိုရဲ႕ ဖရီးကစ္က ဂိုးသမားလက္လွမ္းမီတဲ့ေနရာမွာျဖစ္ေနလုိ႔ ပုတ္ထုတ္ကာကြယ္ခံခဲ့ရၿပီး ၄၂ မိနစ္မွာေတာ့ ေလွနံဓားထစ္ဒိုင္ ဖီးလစ္ ဇြဳိင္ယာက အိမ္ရွင္တုိ႔ဘက္ကို ပင္နယ္တီ တစ္လုံးျပန္ေပးခဲ့ပါတယ္။

ပ်ာနစ္ခ်္ရဲ႕ ဖရီးကစ္ကို လူတံတုိင္းကေန ခုခံကာကြယ္တဲ့ လီယြန္အသင္းေခါင္းေဆာင္ ဒီပိုင္းက ဧရိယာထဲကမွာ တံေတာင္နဲ႔ ထိတယ္ဆုိၿပီး ဒိုင္က ပင္နယ္တီ သတ္မွတ္ေပးခဲ့လို ဘယ္ေတာ့မျငင္းတဲ့ VAR ကလည္း သေဘာတူခဲ့လို႔ ဒါကို ေရာ္နယ္လ္ဒုိက ကန္သြင္းေခ်ပႏိုင္ခဲ့လို႔ ပထမပုိင္းက တစ္ဂိုးစီသေရျဖစ္ေနခဲ့ပါတယ္။

ဒုတိယပိုင္း ပြဲခ်ိန္ မိနစ္ ၆၀ မွာေတာ့ ေျခစြမ္းျပေနခဲ့တဲ့ ေပၚတူဂီတုိက္စစ္မွဴးႀကီးကပဲ ဂိုးဧရိယာအျပင္ကေန ထင္မွတ္မထားတဲ့ ပုံစံနဲ႔ ကန္သြင္းခဲ့တဲ့ ဘယ္ေျခကန္ခ်က္က ဂိုးသမား လိုပက္စ္ ပုတ္ထုတ္ဖို႔ ႀကဳိးစားခဲ့ေပမယ့္လည္း လက္နဲ႔ထိၿပီး ဝင္သြားေအာင္ ျပင္းထန္တိက်လြန္းခဲ့လို႔ ဂ်ဴဗီတို႔ အႏုိင္ဂိုး ရရွိသြားခဲ့ပါတယ္။

လက္က်န္ပြဲခ်ိန္ေတြမွာေတာ့ ဂ်ဴဗင္တပ္စ္တုိ႔ ေနာက္တစ္ဆင့္တက္ဖို႔ လိုအပ္ေနတဲ့ ဂိုးကို မရွာေဖြႏုိင္ခဲ့ဘဲ အခြင့္အေရးေတြ လြဲေခ်ာ္ခဲ့လို႔ ဒီပြဲရဲ႕ အေကာင္းဆုံးကစားသမား ေရာ္နယ္လ္ဒိုအတြက္ စိတ္ပ်က္စရာျဖစ္ခဲ့ရၿပီး သူ႕ရဲ႕ ၂၀၀၉-၁၀ ရာသီကေန ၿပီးခဲ့တဲ့ ရာသီအထိ ဆယ္ရာသီဆက္ ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္ကို တက္ေရာက္ႏုိင္ခဲ့တဲ့ စံခ်ိန္ကေတာ့ ပ်က္ျပယ္ခဲ့ရသလို လီယြန္တုိ႔ရဲ႕ ေက်ာ္ျဖတ္မွဳကို ခံခဲ့ရေၾကာင္း ေဖာ္ျပလုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ဂျူဗင်တပ်စ်အသင်းကတော့ မနေ့ညက ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်မှာ နှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့ပေမယ့်လည်း ပထမပိုင်း စောစောစီးစီးပဲမှာ ခွင့်ပြုလိုက်ရတဲ့ အဝေးဂိုးကို လုံလောက်တဲ့အထိ မတွန်းလှန်နိုင်ခဲ့တာကြောင့် ခြေစွမ်းပြခဲ့တဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုအတွက် စိတ်ပျက်စရာစံချိန်ပျက်မှုနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

ပွဲချိန် ၁၀ မိနစ်မှာတော့ ဒိုင်ရဲ့ ဆုံးဖြတ်ချက်အမှားနှစ်ခုကနေ ဂျူဗင်တပ်စ်တို့ နစ်နာခဲ့ရပြီး တိုက်စစ်မှူး ဟီဂွာအင်ကို ပြစ်ဒဏ်ကျူးလွန်ပြီး လီယွန်တို့ ထိုးဖောက်လာတဲ့ ဘောလုံးကို ဘင်တန်ကာ ဖျက်ထုတ်ရာမှာ ဘောလုံးကို အရင်ထိခဲ့ပေမယ့် ပင်နယ်တီ သတ်မှတ်ပေးခဲ့လို့ ဝိုင်းဝန်းပြီး စောဒက တက်ခဲ့ကြပေမယ့် VAR ကတော့ ပယ်ဖျက်ပေးရမယ့်အစား ထပ်မံအတည်ပြုသွားခဲ့ပါတယ်။

ဒီပင်နယ်တီကိုတော့ ပွဲချိန် ၁၂ မိနစ်မှာ ဒေါ့မွန်နဲ့ အသံထွက်နေတဲ့ မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးဟောင်း မမ်းဖစ္စ ဒီပိုင်းက ဂိုးသမား ရှချက်စနီကို လှည့်စားကန်သွင်းပြီး အဖိုးတန်အဝေးဂိုးနဲ့ လီယွန်တို့ကို အသာစီးရရှိစေမယ့် အနေအထားဆီ ပို့ဆောင်ပေးနိုင်ခဲ့လို့ ဂျူဗီတို့ စိတ်ပျက်ခဲ့ရတာပါ။

ဒီနောက်ပိုင်းမှာတော့ ဘာနာဒက်စ်ခီ၊ ရော်နယ်လ်ဒိုတို့ရဲ့ အခွင့်အရေးတွေ ဂိုးမဖြစ်ခဲ့လို့ ဂျူဗီတို့ ရုန်းကန်နေခဲ့ရသလို ပွဲချိန် ၃၉ မိနစ်မှာလည်း ရော်နယ်လ်ဒိုရဲ့ ဖရီးကစ်က ဂိုးသမားလက်လှမ်းမီတဲ့နေရာမှာဖြစ်နေလို့ ပုတ်ထုတ်ကာကွယ်ခံခဲ့ရပြီး ၄၂ မိနစ်မှာတော့ လှေနံဓားထစ်ဒိုင် ဖီးလစ် ဇွိုင်ယာက အိမ်ရှင်တို့ဘက်ကို ပင်နယ်တီ တစ်လုံးပြန်ပေးခဲ့ပါတယ်။

ပျာနစ်ချ်ရဲ့ ဖရီးကစ်ကို လူတံတိုင်းကနေ ခုခံကာကွယ်တဲ့ လီယွန်အသင်းခေါင်းဆောင် ဒီပိုင်းက ဧရိယာထဲကမှာ တံတောင်နဲ့ ထိတယ်ဆိုပြီး ဒိုင်က ပင်နယ်တီ သတ်မှတ်ပေးခဲ့လို ဘယ်တော့မငြင်းတဲ့ VAR ကလည်း သဘောတူခဲ့လို့ ဒါကို ရော်နယ်လ်ဒိုက ကန်သွင်းချေပနိုင်ခဲ့လို့ ပထမပိုင်းက တစ်ဂိုးစီသရေဖြစ်နေခဲ့ပါတယ်။

ဒုတိယပိုင်း ပွဲချိန် မိနစ် ၆၀ မှာတော့ ခြေစွမ်းပြနေခဲ့တဲ့ ပေါ်တူဂီတိုက်စစ်မှူးကြီးကပဲ ဂိုးဧရိယာအပြင်ကနေ ထင်မှတ်မထားတဲ့ ပုံစံနဲ့ ကန်သွင်းခဲ့တဲ့ ဘယ်ခြေကန်ချက်က ဂိုးသမား လိုပက်စ် ပုတ်ထုတ်ဖို့ ကြိုးစားခဲ့ပေမယ့်လည်း လက်နဲ့ထိပြီး ဝင်သွားအောင် ပြင်းထန်တိကျလွန်းခဲ့လို့ ဂျူဗီတို့ အနိုင်ဂိုး ရရှိသွားခဲ့ပါတယ်။

လက်ကျန်ပွဲချိန်တွေမှာတော့ ဂျူဗင်တပ်စ်တို့ နောက်တစ်ဆင့်တက်ဖို့ လိုအပ်နေတဲ့ ဂိုးကို မရှာဖွေနိုင်ခဲ့ဘဲ အခွင့်အရေးတွေ လွဲချော်ခဲ့လို့ ဒီပွဲရဲ့ အကောင်းဆုံးကစားသမား ရော်နယ်လ်ဒိုအတွက် စိတ်ပျက်စရာဖြစ်ခဲ့ရပြီး သူ့ရဲ့ ၂၀၀၉-၁၀ ရာသီကနေ ပြီးခဲ့တဲ့ ရာသီအထိ ဆယ်ရာသီဆက် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့တဲ့ စံချိန်ကတော့ ပျက်ပြယ်ခဲ့ရသလို လီယွန်တို့ရဲ့ ကျော်ဖြတ်မှုကို ခံခဲ့ရကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.