Premier League UCL&UEL

ေပၚတူဂီက ခ်န္ပီယံလိဂ္ေနာက္ဆုံးအဆင့္ၿပဳိင္ပြဲေတြမွာ ျပန္ပါႏုိင္ဖို႔ ရွိေနတဲ့ အေဂြ႐ို

မန္ခ်က္စတာစီးတီးအသင္းအတြက္ ကစားေနရင္း ဘန္ေလနဲ႔ပြဲမွာ ဒူးဒဏ္ရာရရွိသြားခဲ့တဲ့ တုိက္စစ္မွဴး ဆာဂ်ီယို အေဂြ႐ိုအေနနဲ႔ ေပၚတူဂီႏုိင္ငံမွာ က်င္းပသြားမယ့္ ခ်န္ပီယံလိဂ္ေနာက္ဆုံးအဆင့္ ၿပဳိင္ပြဲေတြမွာ ျပန္လည္ပါဝင္လာႏုိင္ဖို႔ နီးစပ္ေနတယ္လို႔ နည္းျပ ပက္ပ္ ဂြါဒီယိုလာက အတည္ျပဳေျပာၾကားလုိက္ပါတယ္။

ဇူလုိင္လ ၂၂ ရက္ေန႔ကတည္းက ဘာစီလိုနာကို သြားေရာက္ခဲ့ၿပီး ခြဲစိတ္ကုသမွဳ ခံယူခဲ့တဲ့ အသက္ ၃၂ ႏွစ္အရြယ္ အာဂ်င္တီးနား လက္ေရြးစင္တုိက္စစ္မွဴးဟာ ကာတာလန္ၿမဳိ႕ေတာ္မွာပဲ ျပန္လည္သန္စြမ္းေရးေလ့က်င့္ခန္းေတြကို ျပဳလုပ္ေနခဲ့တာျဖစ္ၿပီး ဒဏ္ရာက ေတာ္ေတာ္ေလး ေကာင္းမြန္ေနၿပီလို႔လည္း ဆုိပါတယ္။

လာမယ့္ စေနေန႔မွာ ကစားရမယ့္ ျပင္သစ္ကလပ္ လီယြန္အသင္းနဲ႔ ကြာတားဖိုင္နယ္ပြဲစဥ္မွာ အေဂြ႐ိုကို ျပန္လည္ေခၚယူထည့္သြင္းႏုိင္ဖို႔ မန္စီးတီးတာဝန္ရွိသူေတြက ေမွ်ာ္လင့္ေနၾကၿပီး အသင္းရဲ႕ ထာဝရဂိုးသြင္းဘုရင္အေနနဲ႔ေတာ့ ဘာစီလိုနာကေန ေပၚတူဂီႏုိင္ငံ လစၥဘြန္းကို လာေရာက္ ပူးေပါင္းသြားဖို႔ ရွိေနၿပီး ဒီေနာက္ဆုံး ၈ သင္းအဆင့္ ပြဲစဥ္ေတြကိုေတာ့ စပုိ႔တင္းလစၥဘြန္းနဲ႔ ဘင္ဖီကာတုိ႔ရဲ႕ ကြင္းေတြမွာ က်င္းပသြားမွာျဖစ္ပါတယ္။

“သူ႕ရဲ႕ ပုံစံက တစ္ေန႔ထက္တစ္ေန႔ ပုိပိုေကာင္းလာေနပါတယ္။ ဒါေပမယ့္ သူဘယ္ေတာ့ ကၽြန္ေတာ္တုိ႔နဲ႔ ပူးေပါင္းႏိုင္မလဲဆုိတာကိုေတာ့ မသိရေသးပါဘူး”လို႔ ဂြါဒီယိုလာက ေျပာၾကားခဲ့ၿပီး “ေပၚတူဂီမွာေတာ့ ျပန္လည္ဆုံဆည္းႏုိင္မယ္လို႔ မနက္ျဖန္ဆိုတာ ေနာက္ထပ္တစ္ေန႔ပဲျဖစ္ၿပီး သူ႕ရဲ႕ အေျခအေနကို အေသးစိတ္ သိရဖို႔ ဆရာဝန္ေတြနဲ႔ ကၽြန္ေတာ္တုိ႔ စကားေျပာသြားမွာပါ”လို႔လည္း ေနာက္ဆုံးအေျခအေနကို ရွင္းျပသြားခဲ့ပါတယ္။

အေဂြ႐ိုအေနနဲ႔ လက္ရွိမွာ ျပန္လည္သန္စြမ္းေရးလုပ္ငန္းစဥ္ေတြကို တစ္ေန႔သုံးႀကိမ္ ေဆာင္ရြက္ေနၿပီး လာမယ့္ရက္ပုိင္းအတြင္း ေျပးလႊားလုပ္ေဆာင္ဖို႔ စီစဥ္ထားသလို လီယြန္နဲ႔ ပြဲကို မစြန္႔စားဘဲ ေရွာင္လႊဲခဲ့ရင္ေတာင္မွ ပုိမိုခက္ခဲႏုိင္တဲ့ ဆီမီးဖိုင္နယ္အျဖစ္ ကစားရမယ့္ ဘာစီလိုနာနဲ႔ ဘုိင္ယန္ျမဴးနစ္တို႔ထဲက တစ္သင္းနဲ႔ ေတြ႕ဆုံမယ့္ ပြဲအမီေတာ့ ျပန္လည္ပါဝင္ႏုိင္ေအာင္ ႀကဳိးစားဖြယ္ရွိေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာစီးတီးအသင်းအတွက် ကစားနေရင်း ဘန်လေနဲ့ပွဲမှာ ဒူးဒဏ်ရာရရှိသွားခဲ့တဲ့ တိုက်စစ်မှူး ဆာဂျီယို အဂွေရိုအနေနဲ့ ပေါ်တူဂီနိုင်ငံမှာ ကျင်းပသွားမယ့် ချန်ပီယံလိဂ်နောက်ဆုံးအဆင့် ပြိုင်ပွဲတွေမှာ ပြန်လည်ပါဝင်လာနိုင်ဖို့ နီးစပ်နေတယ်လို့ နည်းပြ ပက်ပ် ဂွါဒီယိုလာက အတည်ပြုပြောကြားလိုက်ပါတယ်။

ဇူလိုင်လ ၂၂ ရက်နေ့ကတည်းက ဘာစီလိုနာကို သွားရောက်ခဲ့ပြီး ခွဲစိတ်ကုသမှု ခံယူခဲ့တဲ့ အသက် ၃၂ နှစ်အရွယ် အာဂျင်တီးနား လက်ရွေးစင်တိုက်စစ်မှူးဟာ ကာတာလန်မြို့တော်မှာပဲ ပြန်လည်သန်စွမ်းရေးလေ့ကျင့်ခန်းတွေကို ပြုလုပ်နေခဲ့တာဖြစ်ပြီး ဒဏ်ရာက တော်တော်လေး ကောင်းမွန်နေပြီလို့လည်း ဆိုပါတယ်။

လာမယ့် စနေနေ့မှာ ကစားရမယ့် ပြင်သစ်ကလပ် လီယွန်အသင်းနဲ့ ကွာတားဖိုင်နယ်ပွဲစဉ်မှာ အဂွေရိုကို ပြန်လည်ခေါ်ယူထည့်သွင်းနိုင်ဖို့ မန်စီးတီးတာဝန်ရှိသူတွေက မျှော်လင့်နေကြပြီး အသင်းရဲ့ ထာဝရဂိုးသွင်းဘုရင်အနေနဲ့တော့ ဘာစီလိုနာကနေ ပေါ်တူဂီနိုင်ငံ လစ္စဘွန်းကို လာရောက် ပူးပေါင်းသွားဖို့ ရှိနေပြီး ဒီနောက်ဆုံး ၈ သင်းအဆင့် ပွဲစဉ်တွေကိုတော့ စပို့တင်းလစ္စဘွန်းနဲ့ ဘင်ဖီကာတို့ရဲ့ ကွင်းတွေမှာ ကျင်းပသွားမှာဖြစ်ပါတယ်။

“သူ့ရဲ့ ပုံစံက တစ်နေ့ထက်တစ်နေ့ ပိုပိုကောင်းလာနေပါတယ်။ ဒါပေမယ့် သူဘယ်တော့ ကျွန်တော်တို့နဲ့ ပူးပေါင်းနိုင်မလဲဆိုတာကိုတော့ မသိရသေးပါဘူး”လို့ ဂွါဒီယိုလာက ပြောကြားခဲ့ပြီး “ပေါ်တူဂီမှာတော့ ပြန်လည်ဆုံဆည်းနိုင်မယ်လို့ မနက်ဖြန်ဆိုတာ နောက်ထပ်တစ်နေ့ပဲဖြစ်ပြီး သူ့ရဲ့ အခြေအနေကို အသေးစိတ် သိရဖို့ ဆရာဝန်တွေနဲ့ ကျွန်တော်တို့ စကားပြောသွားမှာပါ”လို့လည်း နောက်ဆုံးအခြေအနေကို ရှင်းပြသွားခဲ့ပါတယ်။

အဂွေရိုအနေနဲ့ လက်ရှိမှာ ပြန်လည်သန်စွမ်းရေးလုပ်ငန်းစဉ်တွေကို တစ်နေ့သုံးကြိမ် ဆောင်ရွက်နေပြီး လာမယ့်ရက်ပိုင်းအတွင်း ပြေးလွှားလုပ်ဆောင်ဖို့ စီစဉ်ထားသလို လီယွန်နဲ့ ပွဲကို မစွန့်စားဘဲ ရှောင်လွှဲခဲ့ရင်တောင်မှ ပိုမိုခက်ခဲနိုင်တဲ့ ဆီမီးဖိုင်နယ်အဖြစ် ကစားရမယ့် ဘာစီလိုနာနဲ့ ဘိုင်ယန်မြူးနစ်တို့ထဲက တစ်သင်းနဲ့ တွေ့ဆုံမယ့် ပွဲအမီတော့ ပြန်လည်ပါဝင်နိုင်အောင် ကြိုးစားဖွယ်ရှိကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.