La Liga Match Report Premier League UCL&UEL

တိုက္စစ္အား ပုိမိုသာလြန္ၿပီး အမွားနည္းခဲ့တဲ့ မန္စီးတီးတုိ႔ ရီးရဲလ္ကို ေက်ာ္ျဖတ္

အစ္တီဟတ္မွာ မန္ခ်က္စတာစီးတီးနဲ႔ ရီးရဲလ္မက္ဒရစ္တုိ႔ ဆုံေတြ႕တဲ့ ပြဲစဥ္မွာေတာ့ အိမ္ရွင္ေတြက ပြဲကို စိုးမုိးကစားသြားႏုိင္ခဲ့ၿပီး ဧည့္သည္ေတြကေတာ့ တန္ျပန္တုိက္စစ္ေတြမွာ ရွိတဲ့လူနဲ႔ ႐ုန္းတဲ့ ပုံစံနဲ႔ ျပန္လည္ဖိအားေပးသြားခဲ့ေပမယ့္ ကစားသမားအင္အားခ်ဳိ႕တဲ့မွဳက သူတုိ႔ကို ေနာက္တစ္ဆင့္နဲ႔ ေဝးကြာေစခဲ့တာျဖစ္ပါတယ္။

ခံစစ္မွာ ဖာနန္ဒင္ညဳိနဲ႔ လာေပါ့တ္ကို တြဲေပးထားခဲ့တဲ့ မန္စီးတီးေနာက္တန္းက အေပ်ာက္အၾကားမ်ားဆဲျဖစ္သလို ရီးရဲလ္ဘက္ကလည္း ရာမို႔စ္ မပါႏုိင္ခ်ိန္မွာ ဗာရြန္းဟာ ဘာမွ မဟုတ္တဲ့ ပုံစံနဲ႔ ခံစစ္ကို ဦးေဆာင္မွဳ မေပးႏုိင္ခဲ့တာေၾကာင့္ ဂြါဒီယိုလာတုိ႔ စိတ္ႀကဳိက္ျဖစ္ခဲ့ၿပီး ေစာေစာစီးစီးပဲ ဂိုးစရခဲ့ပါတယ္။

ပြဲခ်ိန္ ၉ မိနစ္မွာ Build-up Play နဲ႔ Break ေတြကို ပုိင္ႏုိင္ျခင္းမရွိတဲ့ ခံစစ္မွာ လူေပးေနခဲ့ရင္း ေဘာလုံးထိန္းပုံ မေကာင္းတဲ့ ဗာရြန္းဆီကေန ေနာက္က ပါလာတဲ့ ေဂ်ဆူးစ္က လုယူသြားခဲ့ၿပီး ဂိုးေရွ႕ကို ခ်ဳိးေပးတာမွာ အဆင္သင့္ပါလာတဲ့ စတာလင္က ပိတ္သြင္းခဲ့ၿပီး ဂိုးသမား ကူတြာကေတာ့ ဘာမွ မတတ္ႏုိင္ဘဲ အရွိန္လြန္ေနခဲ့႐ုံပဲ ရွိခဲ့ပါတယ္။

ဒီေနာက္ပုိင္းမွာေတာ့ ဘင္ဇီးမား၊ ဟာဇတ္တုိ႔ရဲ႕ တြဲလုံးေတြနဲ႔ ျပန္လည္ထိုးေဖာက္ခဲ့ရာမွာ ဖာနန္ဒင္ညဳိရဲ႕ ေလးလံမွဳနဲ႔ လာေပါ့တ္ရဲ႕ မတည္ၿငိမ္မွဳေတြေၾကာင့္ အီဒါဆန္ အလုပ္မ်ားေနခဲ့ရၿပီး ရီးရဲလ္မက္ဒရစ္ဘက္မွာ ညာေတာင္ပံကစားသမားေကာင္းတစ္ဦး လိုအပ္ေနလို႔သာ သက္သာခဲ့တာလည္းျဖစ္ပါတယ္။

ေနာက္ခံလူ ခုိင္းလ္ ေဝၚလ္ကာရဲ႕ ေဘာလုံးဆြဲေျပးၿပီး ထိုးေဖာက္ထြက္မွဳေတြက ေကာင္းမြန္ေပမယ့္ ေရွ႕ေရာက္ရင္ ေကာင္းေကာင္း တြဲဖက္မယ့္သူမရွိတာက ႏွေျမာစရာျဖစ္ခဲ့ၿပီး ကြင္းလယ္ကေန တြဲလုံးေတြကို လိုက္ပါခ်ိတ္ဆက္ေပးေနတဲ့ ဂြန္ဒုိးဝမ္ရဲ႕ ေပးပုိ႔မွဳေတြကလည္း မသပ္ရပ္ခဲ့လို႔ မန္စီးတီးတုိ႔ အပုိင္လုံးေတြ အရနည္းခဲ့တာပါ။

ပြဲခ်ိန္ ၂၈ မိနစ္မွာေတာ့ ညာေတာင္ပံက ႐ိုဒရီဂို မ,ေပးတဲ့ ေဘာလုံးကို ျဖတ္တင္မယ္မွန္း သိသိႀကီးႀကီးနဲ႔ တစ္ဖက္တိုက္စစ္မွဴးေတြကို လူတစ္ေယာက္မွ ကပ္မထားခဲ့တဲ့ မန္စီးတီးရဲ႕ ႐ိုဒရီ၊ ဖာနန္ဒင္ညဳိ၊ လာေပါ့တ္တုိ႔ရဲ႕ ေပါ့ေလ်ာ့ညံ့ဖ်င္းမွဳကေန ဘင္ဇီးမားက ေခါင္းတုိက္သြင္းယူၿပီး ရီးရဲလ္ကို ေနာက္တစ္ဆင့္တက္ေစမယ့္ ေမွ်ာ္လင့္ခ်က္ကို ျပန္ယူေပးႏုိင္ခဲ့ပါတယ္။

ဒါေပမယ့္ မုိဒရစ္၊ ခ႐ူးစ္နဲ႔ ကာစီမီ႐ိုတုိ႔ရဲ႕ ကြင္းလယ္က ႐ိုဒရီ၊ ဂြန္ဒိုးဝမ္၊ ဒီဘ႐ိုင္းနား၊ ဖိုဒန္နဲ႔ စတာလင္တုိ႔ စုဖြဲ႕ကစားတဲ့ ကစားကြက္ကို မယွဥ္ႏုိင္ခဲ့တာေၾကာင့္ ဇီဒန္းရဲ႕ တန္ျပန္ဗ်ဴဟာက သိပ္အလုပ္မျဖစ္ခဲ့ဘဲ ဟာဇက္ရဲ႕ ေခၚကစားမွဳေတြကေန ဘင္ဇီမား ကန္ခြင့္တခ်ဳိ႕သာ ရခဲ့လုိ႔ ပထမပုိင္းမွာ တစ္ဂိုးစီနဲ႔ သေရက်ေနခဲ့ပါတယ္။

ဒုတိယပုိင္းမွာလည္း ရီးရဲလ္ခံစစ္ပုိင္းက မၾကာခဏ လူေပးမွားေနခဲ့ၿပီး ဒီဘ႐ိုင္းနားကေတာ့ ေထာင့္ကန္ေဘာေတြကို ဂိုးထဲ တုိက္႐ိုက္ကန္သြင္းရင္း ကူတြာကို အကဲစမ္းေနခဲ့သလို စတာလင္ကေတာ့ အပုိင္အခြင့္အေရးတစ္ခုကို ဘယ္နဲ႔ ကန္ခဲ့ရာမွာ ဂိုးသမားလက္နဲ႔ ထိထြက္ခဲ့လုိ႔ အႏုိင္ဂိုးနစ္နာခဲ့ရၿပီး ဘင္ဇီးမားကလည္း ေတာက္ေလွ်ာက္ျပန္လည္ၿခိမ္းေျခာက္ခဲ့ေနပါတယ္။

ပြဲခ်ိန္ ၆၈ မိနစ္မွာေတာ့ ေခါင္းတုိက္ရွင္းထုတ္တာကို မထိတာက တစ္ႀကိမ္၊ ေနာက္ျပန္ေပးရာမွာ ေဂ်ဆူးစ္ရဲ႕ ေျပးလမ္းေၾကာင္းထဲ ထည့္ေပးတာက တစ္ႀကိမ္၊ ၃ စကၠန္႔အတြင္း ႏွစ္ႀကိမ္မွားခဲ့တဲ့ ဗာရြန္းဟာ ရာမုိ႔စ္ မရွိခ်ိန္မွာ ဘာမွမဟုတ္ဘူးဆုိတာ ေပၚလြင္ခဲ့သလို ဒီေဘာလုံးကိုေတာ့ ေဂ်ဆူးစ္က ဂိုးသမား ကူတြာနဲ႔အေတြ႕မွာ အႏုိင္ဂိုးအျဖစ္ ပိတ္သြင္းယူႏုိင္ခဲ့တာျဖစ္ပါတယ္။

ေနာက္ပုိင္းမွာေတာ့ ႏွစ္ဖက္စလုံးက အခြင့္အေရးေတြကို ျဖဳန္းတီးပစ္ခဲ့ၾကသလို အစ္တီဟတ္ကြင္းမွာ သူ႕ရဲ႕ ေနာက္ဆုံးအႀကိမ္အျဖစ္ ကစားခြင့္ရတဲ့ လူစားဝင္ကစားသမား ေဒးဗစ္ ေဆးလ္ဗားရဲ႕ ဖရီးကစ္ တစ္လုံးကလည္း ကန္ခ်က္ေကာင္းခဲ့ေပမယ့္ ဘားေပၚက ေက်ာ္သြားခဲ့လို႔ ရီးရဲလ္တုိ႔ သက္သာခဲ့ၿပီး ပြဲအၿပီးမွာေတာ့ ႏွစ္ေက်ာ့ေပါင္းရလဒ္ ေလးဂိုး-ႏွစ္ဂိုးနဲ႔ မန္စီးတီးတုိ႔ ေနာက္တစ္ဆင့္တက္ခဲ့ၿပီး ျပင္သစ္ကလပ္ လီယြန္နဲ႔ ေတြ႕ဆုံမွာျဖစ္ေၾကာင္း ေဖာ္ျပလုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: အစ်တီဟတ်မှာ မန်ချက်စတာစီးတီးနဲ့ ရီးရဲလ်မက်ဒရစ်တို့ ဆုံတွေ့တဲ့ ပွဲစဉ်မှာတော့ အိမ်ရှင်တွေက ပွဲကို စိုးမိုးကစားသွားနိုင်ခဲ့ပြီး ဧည့်သည်တွေကတော့ တန်ပြန်တိုက်စစ်တွေမှာ ရှိတဲ့လူနဲ့ ရုန်းတဲ့ ပုံစံနဲ့ ပြန်လည်ဖိအားပေးသွားခဲ့ပေမယ့် ကစားသမားအင်အားချို့တဲ့မှုက သူတို့ကို နောက်တစ်ဆင့်နဲ့ ဝေးကွာစေခဲ့တာဖြစ်ပါတယ်။

ခံစစ်မှာ ဖာနန်ဒင်ညိုနဲ့ လာပေါ့တ်ကို တွဲပေးထားခဲ့တဲ့ မန်စီးတီးနောက်တန်းက အပျောက်အကြားများဆဲဖြစ်သလို ရီးရဲလ်ဘက်ကလည်း ရာမို့စ် မပါနိုင်ချိန်မှာ ဗာရွန်းဟာ ဘာမှ မဟုတ်တဲ့ ပုံစံနဲ့ ခံစစ်ကို ဦးဆောင်မှု မပေးနိုင်ခဲ့တာကြောင့် ဂွါဒီယိုလာတို့ စိတ်ကြိုက်ဖြစ်ခဲ့ပြီး စောစောစီးစီးပဲ ဂိုးစရခဲ့ပါတယ်။

ပွဲချိန် ၉ မိနစ်မှာ Build-up Play နဲ့ Break တွေကို ပိုင်နိုင်ခြင်းမရှိတဲ့ ခံစစ်မှာ လူပေးနေခဲ့ရင်း ဘောလုံးထိန်းပုံ မကောင်းတဲ့ ဗာရွန်းဆီကနေ နောက်က ပါလာတဲ့ ဂျေဆူးစ်က လုယူသွားခဲ့ပြီး ဂိုးရှေ့ကို ချိုးပေးတာမှာ အဆင်သင့်ပါလာတဲ့ စတာလင်က ပိတ်သွင်းခဲ့ပြီး ဂိုးသမား ကူတွာကတော့ ဘာမှ မတတ်နိုင်ဘဲ အရှိန်လွန်နေခဲ့ရုံပဲ ရှိခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ ဘင်ဇီးမား၊ ဟာဇတ်တို့ရဲ့ တွဲလုံးတွေနဲ့ ပြန်လည်ထိုးဖောက်ခဲ့ရာမှာ ဖာနန်ဒင်ညိုရဲ့ လေးလံမှုနဲ့ လာပေါ့တ်ရဲ့ မတည်ငြိမ်မှုတွေကြောင့် အီဒါဆန် အလုပ်များနေခဲ့ရပြီး ရီးရဲလ်မက်ဒရစ်ဘက်မှာ ညာတောင်ပံကစားသမားကောင်းတစ်ဦး လိုအပ်နေလို့သာ သက်သာခဲ့တာလည်းဖြစ်ပါတယ်။

နောက်ခံလူ ခိုင်းလ် ဝေါ်လ်ကာရဲ့ ဘောလုံးဆွဲပြေးပြီး ထိုးဖောက်ထွက်မှုတွေက ကောင်းမွန်ပေမယ့် ရှေ့ရောက်ရင် ကောင်းကောင်း တွဲဖက်မယ့်သူမရှိတာက နှမြောစရာဖြစ်ခဲ့ပြီး ကွင်းလယ်ကနေ တွဲလုံးတွေကို လိုက်ပါချိတ်ဆက်ပေးနေတဲ့ ဂွန်ဒိုးဝမ်ရဲ့ ပေးပို့မှုတွေကလည်း မသပ်ရပ်ခဲ့လို့ မန်စီးတီးတို့ အပိုင်လုံးတွေ အရနည်းခဲ့တာပါ။

ပွဲချိန် ၂၈ မိနစ်မှာတော့ ညာတောင်ပံက ရိုဒရီဂို မ,ပေးတဲ့ ဘောလုံးကို ဖြတ်တင်မယ်မှန်း သိသိကြီးကြီးနဲ့ တစ်ဖက်တိုက်စစ်မှူးတွေကို လူတစ်ယောက်မှ ကပ်မထားခဲ့တဲ့ မန်စီးတီးရဲ့ ရိုဒရီ၊ ဖာနန်ဒင်ညို၊ လာပေါ့တ်တို့ရဲ့ ပေါ့လျော့ညံ့ဖျင်းမှုကနေ ဘင်ဇီးမားက ခေါင်းတိုက်သွင်းယူပြီး ရီးရဲလ်ကို နောက်တစ်ဆင့်တက်စေမယ့် မျှော်လင့်ချက်ကို ပြန်ယူပေးနိုင်ခဲ့ပါတယ်။

ဒါပေမယ့် မိုဒရစ်၊ ခရူးစ်နဲ့ ကာစီမီရိုတို့ရဲ့ ကွင်းလယ်က ရိုဒရီ၊ ဂွန်ဒိုးဝမ်၊ ဒီဘရိုင်းနား၊ ဖိုဒန်နဲ့ စတာလင်တို့ စုဖွဲ့ကစားတဲ့ ကစားကွက်ကို မယှဉ်နိုင်ခဲ့တာကြောင့် ဇီဒန်းရဲ့ တန်ပြန်ဗျူဟာက သိပ်အလုပ်မဖြစ်ခဲ့ဘဲ ဟာဇက်ရဲ့ ခေါ်ကစားမှုတွေကနေ ဘင်ဇီမား ကန်ခွင့်တချို့သာ ရခဲ့လို့ ပထမပိုင်းမှာ တစ်ဂိုးစီနဲ့ သရေကျနေခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်း ရီးရဲလ်ခံစစ်ပိုင်းက မကြာခဏ လူပေးမှားနေခဲ့ပြီး ဒီဘရိုင်းနားကတော့ ထောင့်ကန်ဘောတွေကို ဂိုးထဲ တိုက်ရိုက်ကန်သွင်းရင်း ကူတွာကို အကဲစမ်းနေခဲ့သလို စတာလင်ကတော့ အပိုင်အခွင့်အရေးတစ်ခုကို ဘယ်နဲ့ ကန်ခဲ့ရာမှာ ဂိုးသမားလက်နဲ့ ထိထွက်ခဲ့လို့ အနိုင်ဂိုးနစ်နာခဲ့ရပြီး ဘင်ဇီးမားကလည်း တောက်လျှောက်ပြန်လည်ခြိမ်းခြောက်ခဲ့နေပါတယ်။

ပွဲချိန် ၆၈ မိနစ်မှာတော့ ခေါင်းတိုက်ရှင်းထုတ်တာကို မထိတာက တစ်ကြိမ်၊ နောက်ပြန်ပေးရာမှာ ဂျေဆူးစ်ရဲ့ ပြေးလမ်းကြောင်းထဲ ထည့်ပေးတာက တစ်ကြိမ်၊ ၃ စက္ကန့်အတွင်း နှစ်ကြိမ်မှားခဲ့တဲ့ ဗာရွန်းဟာ ရာမို့စ် မရှိချိန်မှာ ဘာမှမဟုတ်ဘူးဆိုတာ ပေါ်လွင်ခဲ့သလို ဒီဘောလုံးကိုတော့ ဂျေဆူးစ်က ဂိုးသမား ကူတွာနဲ့အတွေ့မှာ အနိုင်ဂိုးအဖြစ် ပိတ်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

နောက်ပိုင်းမှာတော့ နှစ်ဖက်စလုံးက အခွင့်အရေးတွေကို ဖြုန်းတီးပစ်ခဲ့ကြသလို အစ်တီဟတ်ကွင်းမှာ သူ့ရဲ့ နောက်ဆုံးအကြိမ်အဖြစ် ကစားခွင့်ရတဲ့ လူစားဝင်ကစားသမား ဒေးဗစ် ဆေးလ်ဗားရဲ့ ဖရီးကစ် တစ်လုံးကလည်း ကန်ချက်ကောင်းခဲ့ပေမယ့် ဘားပေါ်က ကျော်သွားခဲ့လို့ ရီးရဲလ်တို့ သက်သာခဲ့ပြီး ပွဲအပြီးမှာတော့ နှစ်ကျော့ပေါင်းရလဒ် လေးဂိုး-နှစ်ဂိုးနဲ့ မန်စီးတီးတို့ နောက်တစ်ဆင့်တက်ခဲ့ပြီး ပြင်သစ်ကလပ် လီယွန်နဲ့ တွေ့ဆုံမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.