International Match Report

အဝေးကွင်းမှာ ရန်းနစ်ခ်ရဲ့ ဩစတြီးယားနဲ့ သရေရဖို့ အမ်ဘာပေ ကယ်တင်ခဲ့ရတဲ့ ပြင်သစ်

ဩစတြီးယားအသင်းအနေနဲ့ ဒီနေ့မှာ အိမ်ကွင်းကစားခဲ့ရပြီး ဂိုးသမား ပန့်ဇ်ကိုပဲ ဆက်သုံးခဲ့သလို ခံစစ်မှာတော့ ထရော်နာ၊ အလာဘာ၊ လိုင်နာနဲ့ ဗိုဘာတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာ လိုင်မာ၊ ရှလေဂါ၊ ဆီးဗဲလ်ဒ်၊ ဆာဘစ်ဇာတို့ကို အထိုင်ချခဲ့ချိန်မှာ တိုက်စစ်မှာတော့ အာနော်တိုဗစ်ချ်နဲ့ ဗိုင်းမန်းတို့ ကစားလာခဲ့ကြတာဖြစ်ပါတယ်။

ဧည့်သည် ပြင်သစ်အသင်းကတော့ ဂိုးသမား လိုရစ်၊ ခံစစ်မှာ ကိုနာတေ၊ ဆာလီဘာ၊ ပါဗတ်နဲ့ သီယို ဟာနန်ဒက်ဇ်တို့ကို ပွဲထုတ်ခဲ့ပြီး ကွင်းလယ်မှာတော့ ဘူဘာကာ ကာမာရာနဲ့ ချွာမင်နီတို့ကို တွဲပေးခဲ့သလို တိုက်စစ်ပိုင်းမှာတော့ ဂရစ်ဇ်မန်း၊ ကိုမွန်နဲ့ မူဆာ ဒီယာဘီတို့ကို ခင်းကျင်းခဲ့ပြီး သူတို့ရဲ့ရှေ့က ဘင်ဇီးမားကို အထောင်ထားလာခဲ့တာပါ။

ပြင်သစ်တို့ ဘောလုံးပိုင်ဆိုင်မှု အသာနဲ့ ကစားခဲ့ပေမယ့် အိမ်ကွင်းမှာ နည်းနည်းနဲ့ ကျဲကျဲဝိုင်းတဲ့ ပုံစံကို သုံးပြီး ခပ်ရဲရဲ ဝင်ထွက်ကစားသွားတဲ့ ဩစတြီးယားရဲ့ ကစားပုံမှာ ကမ္ဘာ့ချန်ပီယံတွေ ရုန်းကန်နေခဲ့ရပြီး ပွဲချိန် ၁၈ မိနစ်မှာ ဂရစ်ဇ်မန်းရဲ့ ဖရီးကစ်ကနေ ဘင်ဇီးမား ခေါင်းတိုက်ချက်က ဂိုးရနိုင်ဖို့ နီးစပ်ခဲ့ပေမယ့်လည်း အိမ်ရှင် ခံစစ်က အသည်းအသန် ရှင်းထုတ်သွားနိုင်ခဲ့လို့ အဖွင့်ဂိုးနဲ့ ဝေးခဲ့ရပါတယ်။

အမ်ဘာပေ မပါချိန်မှာ ဘယ်ခြမ်းကို ပြောင်းကစားတဲ့ ကိုမွန် ရုန်းကန်နေခဲ့ရသလို ညာခြမ်းက ဒီယာဘီကလည်း ထိပ်တန်းအဆင့်မျိုးမှာ ကစားနိုင်ဖို့ လိုသေးတာကြောင့် ပြင်သစ်တိုက်စစ်မှာ ဘင်ဇီးမားပါ အလုပ်မဖြစ်တော့ဘဲ အဝေးကန်ချက်တွေနဲ့ ရှာဖွေနေခဲ့ရပေမယ့် ဩစတြီးယားခံစစ်နဲ့ ဂိုးသမားကိုတော့ မကျော်ဖြတ်နိုင်ဘဲဖြစ်ခဲ့ရတာပါ။

ပွဲချိန် ၃၇ မိနစ်မှာတော့ အိမ်ရှင် ဩစတြီးယားတို့ အဖွင့်ဂိုး ရရှိသွားခဲ့ကြပြီး ဒီဂိုးကိုတော့ ပြင်သစ်ကွင်းလယ်က ဘောလုံးပျက်ရာကနေ အာနော်တိုဗစ်ချ်က ပြန်ရလာပြီး ညာခြမ်းမှာ ခြေယောင်ပြပြီးမှ တောင်ပံလူဆီ ချပေးရာမှာ လိုင်မာက ဟာနန်ဒက်ဇ်ကို ဖြတ်ကျော်ပြီး အနိမ့်ဘော ချိုးပေးခဲ့တာကို အက်စ်တန်ဗီလာတိုက်စစ်မှူးဟောင်း ဗိုင်းမန်းက အနီးကပ်ပိတ်သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။

လက်ကျန်ပွဲချိန်တွေမှာတော့ အာနော်တိုဗစ်ချ်ရဲ့ ဧရိယာထဲက တစ်ကိုယ်တော်ကန်ချက်ကို လိုရစ် အမိဖမ်းသွားခဲ့သလို ဘင်ဇီးမားရဲ့ ဘယ်ခြမ်းကနေ အဝေးတိုင်ဆီ ဝေ့ဝိုက်ကန်ချက်ကိုလည်း ဩစတြီယားဂိုးသမား ပန့်ဇ်က ပုတ်ထုတ်သွားခဲ့လို့ ပထမပိုင်းမှာ တစ်ဂိုး-ဂိုးမရှိနဲ့ ပြင်သစ်တို့ ရှုံးနိမ့်နေခဲ့တာပါ။

ဒုတိယပိုင်း ပြန်စချိန်မှာလည်း ပြင်သစ်တို့ပဲ ဖိကစားခဲ့ပေမယ့် ဂိုးလိုချင်လွန်းအားကြီးနေပြီး စိတ်စောနေတဲ့ ဘင်ဇီးမားက ဧရိယာထဲမှာ လွဲချော်မှုတွေ များနေခဲ့သလို ကိုမွန်ကလည်း အပိုင်အခွင့်အရေးကို ဘားကျော်ကန်ပစ်ခဲ့တာကြောင့် ပွဲချိန် ၆၃ မိနစ်မှာတော့ ချွာမင်နီနဲ့ ဂရစ်ဇ်မန်းတို့ နေရာတွေမှာ တိုက်စစ်ကို ကူဖို့ ဂန်ဒူဇီနဲ့ အမ်ဘာပေတို့ကို အရန်ခုံကနေ ထည့်သွင်းလာခဲ့ပါတယ်။

ဩစတြီးယားနည်းပြ ရန်းနစ်ခ်ရဲ့ အာနော်တိုဗစ်ချ်၊ ဗိုင်းမန်း၊ အလာဘာတို့ကို အနားပေးပြီး ခံစစ်ကို အားပြုသွားခဲ့ချိန်မှာ ပြင်သစ်ဘက်က ကိုမွန်အစား အန်ကွန်ကူးကို ထပ်ထည့်ပြီး တိုက်စစ်မြှင့်ခဲ့တာကတော့ မတူညီတဲ့ အပြောင်းအလဲတွေဖြစ်ခဲ့ချိန်မှာ ဒေးရွှမ့်စ်ရဲ့ ဧည့်သည်တွေက ပွဲကို ပိုပြီး ထိန်းချုပ်လာနိုင်ခဲ့တာပါ။

ပွဲချိန် ၈၃ မိနစ်မှာတော့ နေးရှင်းလိဂ်မှာ အိုးနင်းခွက်နင်းဖြစ်နေတဲ့ ကမ္ဘာ့ချန်ပီယံတို့ သိက္ခာဆည်စရာ ချေပဂိုးကို ပြန်လည်ရယူနိုင်ခဲ့ပြီး ဩစတြီးယားတို့ တိုက်စစ်မှာ ဘောလုံးအပေးမှားရာကနေ ကိုနာတေက ကောင်တာအမြန်စတင်ပေးခဲ့တာကို အမ်ဘာပေက ကွင်းလယ်က အန်ကွန်ကူးနဲ့ ဝမ်းတူးရိုက်ထွက်ပြီး သူ့ရဲ့ ပုံစံအတိုင်း ခံစစ်တန်းကြားက ပြေးထွက်ပြီးမှ ဘယ်ခြေနဲ့ အပြင်းကန်သွင်းယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၈၇ မိနစ်မှာတော့ အမ်ဘာပေနဲ့ ဘန်ဇီးမားတို့ ဧရိယာထိပ်မှာ အပေးအယူလုပ်ပြီး အမ်ဘာပေရဲ့ အနီးကပ်ကန်ခွင့်က ဂိုးသမား ပန့်ဇ်ရဲ့ ကိုယ်လုံးကို မှန်ပြီး ဘားထိထွက်ခဲ့လို့ ပြင်သစ်တို့ နစ်နာခဲ့ရသလို ထောင့်ကန်ဘောက အခွင့်အရေးတစ်ကြိမ်ကိုလည်း ပန့်ဇ်ပဲ ပုတ်ထုတ်နိုင်ခဲ့တာကြောင့် ပြင်သစ်တို့ Come Back Win နဲ့ လွဲချော်ခဲ့ရတာပါ။

ပွဲချိန်အပြည့်မှာတော့ ပြင်သစ်တို့အနေနဲ့ ဩစတြီးယားကွင်းမှာ တစ်ဂိုးစီသရေရလဒ်နဲ့ တစ်မှတ်သာ ရယူနိုင်ခဲ့ပြီး နေးရှင်းလိဂ်မှာ ရမှတ် သုညကနေ ပထမဆုံး ဘဲဥကွဲခဲ့ချိန်မှာ အိမ်ရှင်နည်းပြ ရန်းနစ်ခ်ကတော့ မန်ချက်စတာယူနိုက်တက်နဲ့ မအောင်မြင်ခဲ့မှုတွေအတွက် ပြောင်းပြန်လှန်ပြနိုင်တဲ့ ပုံစံနဲ့ အကောင်းဆုံး ကိုင်တွယ်ထားနိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဩစႀတီးယားအသင္းအေနနဲ႔ ဒီေန႔မွာ အိမ္ကြင္းကစားခဲ့ရၿပီး ဂိုးသမား ပန႔္ဇ္ကိုပဲ ဆက္သုံးခဲ့သလို ခံစစ္မွာေတာ့ ထေရာ္နာ၊ အလာဘာ၊ လိုင္နာနဲ႔ ဗိုဘာတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာ လိုင္မာ၊ ရွေလဂါ၊ ဆီးဗဲလ္ဒ္၊ ဆာဘစ္ဇာတို႔ကို အထိုင္ခ်ခဲ့ခ်ိန္မွာ တိုက္စစ္မွာေတာ့ အာေနာ္တိုဗစ္ခ်္နဲ႔ ဗိုင္းမန္းတို႔ ကစားလာခဲ့ၾကတာျဖစ္ပါတယ္။

ဧည့္သည္ ျပင္သစ္အသင္းကေတာ့ ဂိုးသမား လိုရစ္၊ ခံစစ္မွာ ကိုနာေတ၊ ဆာလီဘာ၊ ပါဗတ္နဲ႔ သီယို ဟာနန္ဒက္ဇ္တို႔ကို ပြဲထုတ္ခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဘူဘာကာ ကာမာရာနဲ႔ ခြၽာမင္နီတို႔ကို တြဲေပးခဲ့သလို တိုက္စစ္ပိုင္းမွာေတာ့ ဂရစ္ဇ္မန္း၊ ကိုမြန္နဲ႔ မူဆာ ဒီယာဘီတို႔ကို ခင္းက်င္းခဲ့ၿပီး သူတို႔ရဲ႕ေရွ႕က ဘင္ဇီးမားကို အေထာင္ထားလာခဲ့တာပါ။

ျပင္သစ္တို႔ ေဘာလုံးပိုင္ဆိုင္မႈ အသာနဲ႔ ကစားခဲ့ေပမယ့္ အိမ္ကြင္းမွာ နည္းနည္းနဲ႔ က်ဲက်ဲဝိုင္းတဲ့ ပုံစံကို သုံးၿပီး ခပ္ရဲရဲ ဝင္ထြက္ကစားသြားတဲ့ ဩစႀတီးယားရဲ႕ ကစားပုံမွာ ကမာၻ႔ခ်န္ပီယံေတြ ႐ုန္းကန္ေနခဲ့ရၿပီး ပြဲခ်ိန္ ၁၈ မိနစ္မွာ ဂရစ္ဇ္မန္းရဲ႕ ဖရီးကစ္ကေန ဘင္ဇီးမား ေခါင္းတိုက္ခ်က္က ဂိုးရႏိုင္ဖို႔ နီးစပ္ခဲ့ေပမယ့္လည္း အိမ္ရွင္ ခံစစ္က အသည္းအသန္ ရွင္းထုတ္သြားႏိုင္ခဲ့လို႔ အဖြင့္ဂိုးနဲ႔ ေဝးခဲ့ရပါတယ္။

အမ္ဘာေပ မပါခ်ိန္မွာ ဘယ္ျခမ္းကို ေျပာင္းကစားတဲ့ ကိုမြန္ ႐ုန္းကန္ေနခဲ့ရသလို ညာျခမ္းက ဒီယာဘီကလည္း ထိပ္တန္းအဆင့္မ်ိဳးမွာ ကစားႏိုင္ဖို႔ လိုေသးတာေၾကာင့္ ျပင္သစ္တိုက္စစ္မွာ ဘင္ဇီးမားပါ အလုပ္မျဖစ္ေတာ့ဘဲ အေဝးကန္ခ်က္ေတြနဲ႔ ရွာေဖြေနခဲ့ရေပမယ့္ ဩစႀတီးယားခံစစ္နဲ႔ ဂိုးသမားကိုေတာ့ မေက်ာ္ျဖတ္ႏိုင္ဘဲျဖစ္ခဲ့ရတာပါ။

ပြဲခ်ိန္ ၃၇ မိနစ္မွာေတာ့ အိမ္ရွင္ ဩစႀတီးယားတို႔ အဖြင့္ဂိုး ရရွိသြားခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ျပင္သစ္ကြင္းလယ္က ေဘာလုံးပ်က္ရာကေန အာေနာ္တိုဗစ္ခ်္က ျပန္ရလာၿပီး ညာျခမ္းမွာ ေျခေယာင္ျပၿပီးမွ ေတာင္ပံလူဆီ ခ်ေပးရာမွာ လိုင္မာက ဟာနန္ဒက္ဇ္ကို ျဖတ္ေက်ာ္ၿပီး အနိမ့္ေဘာ ခ်ိဳးေပးခဲ့တာကို အက္စ္တန္ဗီလာတိုက္စစ္မႉးေဟာင္း ဗိုင္းမန္းက အနီးကပ္ပိတ္သြင္းႏိုင္ခဲ့တာျဖစ္ပါတယ္။

လက္က်န္ပြဲခ်ိန္ေတြမွာေတာ့ အာေနာ္တိုဗစ္ခ်္ရဲ႕ ဧရိယာထဲက တစ္ကိုယ္ေတာ္ကန္ခ်က္ကို လိုရစ္ အမိဖမ္းသြားခဲ့သလို ဘင္ဇီးမားရဲ႕ ဘယ္ျခမ္းကေန အေဝးတိုင္ဆီ ေဝ့ဝိုက္ကန္ခ်က္ကိုလည္း ဩစႀတီယားဂိုးသမား ပန႔္ဇ္က ပုတ္ထုတ္သြားခဲ့လို႔ ပထမပိုင္းမွာ တစ္ဂိုး-ဂိုးမရွိနဲ႔ ျပင္သစ္တို႔ ရႈံးနိမ့္ေနခဲ့တာပါ။

ဒုတိယပိုင္း ျပန္စခ်ိန္မွာလည္း ျပင္သစ္တို႔ပဲ ဖိကစားခဲ့ေပမယ့္ ဂိုးလိုခ်င္လြန္းအားႀကီးေနၿပီး စိတ္ေစာေနတဲ့ ဘင္ဇီးမားက ဧရိယာထဲမွာ လြဲေခ်ာ္မႈေတြ မ်ားေနခဲ့သလို ကိုမြန္ကလည္း အပိုင္အခြင့္အေရးကို ဘားေက်ာ္ကန္ပစ္ခဲ့တာေၾကာင့္ ပြဲခ်ိန္ ၆၃ မိနစ္မွာေတာ့ ခြၽာမင္နီနဲ႔ ဂရစ္ဇ္မန္းတို႔ ေနရာေတြမွာ တိုက္စစ္ကို ကူဖို႔ ဂန္ဒူဇီနဲ႔ အမ္ဘာေပတို႔ကို အရန္ခုံကေန ထည့္သြင္းလာခဲ့ပါတယ္။

ဩစႀတီးယားနည္းျပ ရန္းနစ္ခ္ရဲ႕ အာေနာ္တိုဗစ္ခ်္၊ ဗိုင္းမန္း၊ အလာဘာတို႔ကို အနားေပးၿပီး ခံစစ္ကို အားျပဳသြားခဲ့ခ်ိန္မွာ ျပင္သစ္ဘက္က ကိုမြန္အစား အန္ကြန္ကူးကို ထပ္ထည့္ၿပီး တိုက္စစ္ျမႇင့္ခဲ့တာကေတာ့ မတူညီတဲ့ အေျပာင္းအလဲေတြျဖစ္ခဲ့ခ်ိန္မွာ ေဒး႐ႊမ့္စ္ရဲ႕ ဧည့္သည္ေတြက ပြဲကို ပိုၿပီး ထိန္းခ်ဳပ္လာႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၈၃ မိနစ္မွာေတာ့ ေနးရွင္းလိဂ္မွာ အိုးနင္းခြက္နင္းျဖစ္ေနတဲ့ ကမာၻ႔ခ်န္ပီယံတို႔ သိကၡာဆည္စရာ ေခ်ပဂိုးကို ျပန္လည္ရယူႏိုင္ခဲ့ၿပီး ဩစႀတီးယားတို႔ တိုက္စစ္မွာ ေဘာလုံးအေပးမွားရာကေန ကိုနာေတက ေကာင္တာအျမန္စတင္ေပးခဲ့တာကို အမ္ဘာေပက ကြင္းလယ္က အန္ကြန္ကူးနဲ႔ ဝမ္းတူး႐ိုက္ထြက္ၿပီး သူ႔ရဲ႕ ပုံစံအတိုင္း ခံစစ္တန္းၾကားက ေျပးထြက္ၿပီးမွ ဘယ္ေျခနဲ႔ အျပင္းကန္သြင္းယူသြားႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၈၇ မိနစ္မွာေတာ့ အမ္ဘာေပနဲ႔ ဘန္ဇီးမားတို႔ ဧရိယာထိပ္မွာ အေပးအယူလုပ္ၿပီး အမ္ဘာေပရဲ႕ အနီးကပ္ကန္ခြင့္က ဂိုးသမား ပန႔္ဇ္ရဲ႕ ကိုယ္လုံးကို မွန္ၿပီး ဘားထိထြက္ခဲ့လို႔ ျပင္သစ္တို႔ နစ္နာခဲ့ရသလို ေထာင့္ကန္ေဘာက အခြင့္အေရးတစ္ႀကိမ္ကိုလည္း ပန႔္ဇ္ပဲ ပုတ္ထုတ္ႏိုင္ခဲ့တာေၾကာင့္ ျပင္သစ္တို႔ Come Back Win နဲ႔ လြဲေခ်ာ္ခဲ့ရတာပါ။

ပြဲခ်ိန္အျပည့္မွာေတာ့ ျပင္သစ္တို႔အေနနဲ႔ ဩစႀတီးယားကြင္းမွာ တစ္ဂိုးစီသေရရလဒ္နဲ႔ တစ္မွတ္သာ ရယူႏိုင္ခဲ့ၿပီး ေနးရွင္းလိဂ္မွာ ရမွတ္ သုညကေန ပထမဆုံး ဘဲဥကြဲခဲ့ခ်ိန္မွာ အိမ္ရွင္နည္းျပ ရန္းနစ္ခ္ကေတာ့ မန္ခ်က္စတာယူႏိုက္တက္နဲ႔ မေအာင္ျမင္ခဲ့မႈေတြအတြက္ ေျပာင္းျပန္လွန္ျပႏိုင္တဲ့ ပုံစံနဲ႔ အေကာင္းဆုံး ကိုင္တြယ္ထားႏိုင္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.