International Match Report

ဒိန်းမတ်တို့ ရှုံးပွဲတွေ့ခဲ့ပြီး ခရိုအေးရှားတို့ ပြန်လာနိုင်ခဲ့တဲ့ နေးရှင်းလိဂ်ပွဲ

အိမ်ရှင် ဒိန်းမတ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ရှမိုက်ကယ်၊ ခံစစ်မှာ အန်ဒါဆန်၊ ခရစ္စတင်ဆန်၊ ဗာ့စ်နဲ့ မေလီတို့ကို သုံးယောက်တန်း မကစားတော့ဘဲ လေးယောက်တန်း ပြန်သုံးခဲ့ပြီး ကွင်းလယ်မှာ ဒီလေးနီ၊ ဟွိုင်ဘယာ့ဂ်နဲ့ အဲရစ်ဆန်တို့ ကစားခဲ့သလို တိုက်စစ်မှာတော့ ကော်နယ်လီးယပ်စ်ကို ဒမ်းစ်ဂါ့ဒ်နဲ့ စကော့ဗ် အောလ်ဆန်တို့ ရံပြီး ပွဲထွက်ကစားလာခဲ့တာဖြစ်ပါတယ်။

ဧည့်သည် ခရိုအေးရှားတို့ကတော့ ဂိုးသမား လီဗာကိုဗစ်ချ်၊ ခံစစ်မှာ ရှူတာလို၊ အာလစ်ချ်၊ ဗာဆယ်လ်ကိုနဲ့ ယူရာနိုဗစ်ချ်တို့ကို ခင်းကျင်းလာခဲ့ပြီး ကွင်းလယ်မှာတော့ ဘရိုဇိုဗစ်ချ်၊ ယာကစ်ချ်နဲ့ ပါဆာလစ်ချ်တို့ ကစားခဲ့ကြသလို တိုက်စစ်မှာတော့ အော်ရှစ်ချ်၊ အီဗန်နူရှက်ချ်နဲ့ ကရာမာရစ်ချ်တို့ကို အသုံးပြုလာခဲ့တာပါ။

ကော်နယ်လီးယပ်စ်ရဲ့ ပွဲချိန် ၇ မိနစ် ကန်ချက်က ဘားကျော်သွားခဲ့သလို ဘယ်တောင်ပံကနေ အဲရစ်ဆန် ပိတ်သွင်းနိုင်ဖို့ ချိုးပေးရမယ့်အစား မေလီရဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ ကန်ချက်ကြောင့် ဒိန်းမတ်တို့ အပိုင်အခွင့်အရေးတွေ နစ်နာခဲ့ရပြီး ပုံစံကောင်းမှာ ရှိမနေတဲ့ ခရိုအေးရှားတို့ကတော့ သက်သာခွင့်ရခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းမှာ ဒိန်းမတ်တို့ချည်း ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ဖိကစားနေခဲ့ပေမယ့် သူတို့ရဲ့ အဆုံးသတ်ပိုင်းကတော့ တော်တော်လေး ဆိုးရွားခဲ့သလို အထူးသဖြင့် ဧရိယာအပြင်က ကန်သွင်းချက်တွေမှာ ဂိုးသမား လီဗာကိုဗစ်ချ်ကို ခြိမ်းခြောက်နိုင်မှု နည်းပါးခဲ့ပြီး ပွဲချိန် မိနစ် ၄၀ က ကော်နယ်လီးယပ်စ်ရဲ့ ကန်ချက်တစ်ခုတည်းကိုသာ ပုတ်ထုတ်ခဲ့ရတာဖြစ်လို့ ဂိုးမရှိသရေနဲ့ ပြီးဆုံးခဲ့တာပါ။

ဒုတိယပိုင်း ပြန်အစမှာတော့ ခံစစ်ဦးစားပေးနောက်ခံလူ ဗာဆယ်လ်ကိုအစား ဘိုင်ယန်မြူးနစ်ကစားသမား စတန်နီရှစ်ချ် ဝင်လာခဲ့သလို အီဗန်နူရှက်ချ်အစား မိုဒရစ်ချ်ကိုပါ ထည့်သွင်းလိုက်တာကြောင့် ခရိုအေးရှားတို့ရဲ့ ကွင်းလယ်ကစားကွက်က ပိုကောင်းလာခဲ့ပြီး ပထမပိုင်းကလိုမျိုး ဒိန်းမတ်ရဲ့ ဖိအားကို မခံစားရတော့ဘဲ ပြန်လည်ထိုးဖောက်လာနိုင်ခဲ့ကြပါတယ်။

ခရိုအေးရှားတို့ဘက်က အော်ရှစ်ချ်အစား ဗလာရှစ်ချ်ကို ထပ်ထည့်ခဲ့ချိန်မှာ ဒိန်းမတ်တို့ဘက်ကတော့ ဗာ့စ်အစား ရက်စ်မတ် ခရစ္စတင်ဆန်၊ ကော်နယ်လီးယပ်စ်အစား ဗင်းဒ်၊ ဒမ်းစ်ဂါ့ဒ်အစား ဘရိတ်သ်ဝိတ်တို့ကို ပြောင်းလဲထည့်သွင်းသွားခဲ့ပေမယ့် ဘောလုံးကို ပွဲကြည့်စင်ဆီ ဘယ်လို ကန်ရမလဲဆိုတာ သိပ်ကို သိနေတဲ့ အိမ်ရှင်တွေကတော့ ဂိုးမရနိုင်ဘဲဖြစ်နေခဲ့ကြတာပါ။

ပွဲချိန် ၆၉ မိနစ်မှာတော့ မိုဒရစ်ချ် အားကိုးနဲ့ မိုက်နေတဲ့ ခရိုအေးရှားတို့ အဖွင့်ဂိုး စတင်ရယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ထောင့်ကန်ဘောကနေ အတိုပေးပြီး ဘရိုဇိုဗစ်ချ်ရဲ့ ပေးပို့မှုက ဒိန်းမတ်ခံစစ်နဲ့ ထိပြီး ထွက်လာတာကို အထွက်နောက်ကျနေတဲ့ ရှမိုက်ကယ်ရဲ့ ခြေကြားကနေ ပါဆာလစ်ချ်က ကန်သွင်းယူနိုင်ခဲ့လို့ ဧည့်သည်တွေ ဦးဆောင်နိုင်ခဲ့ကြပါတယ်။

ဂိုးပေးရအပြီးမှာတော့ ဒိန်းမတ်တို့ တိုက်စစ်မြှင့်ဖို့ အော်လ်ဆန်အစား ယူဆွတ်ဖ် ပေါ်လ်ဆန်ကို ထည့်သွင်းလာခဲ့ပြီး ဘောလုံးက ဂိုးရှေ့မှာ ဝဲအောင် စွမ်းဆောင်နိုင်ခဲ့ပေမယ့် ဘရိတ်သ်ဝိတ်တို့အဖွဲ့ ဖြုန်းတီးပစ်ခဲ့ကြသလို ခရိုအေးရှားဘက်ကလည်း ရှေ့မှာ အလုပ်မဖြစ်တဲ့ ကရာမာရစ်ချ်အစား ဘူဒီမီယာကို ထည့်သွင်းခဲ့တာပါ။

ပွဲချိန် ၈၇ မိနစ်မှာ ဒိန်းမတ်တိုက်စစ်မှူး ဗင်းဒ်က ချေပဂိုးသွင်းယူနိုင်ခဲ့ပေမယ့် လူအနည်းငယ်ကျွံနေတာကြောင့် ပယ်ဖျက်ခံခဲ့ရပြီး လက်ကျန် ပွဲချိန်တွေမှာတော့ ခရိုအေးရှားတို့ ခံစစ်ပိတ်ကစားသွားနိုင်ခဲ့လို့ ပွဲသိမ်းခရာမှုတ်ချိန်မှာ အဖိုးတန် အဝေးကွင်းနိုင်ပွဲကို ရယူနိုင်ခဲ့ကြတာဖြစ်ပါတယ်။

ဒီပွဲရလဒ်ကြောင့် ပြင်သစ်၊ ဩစတြီးယား၊ ဒိန်းမတ်တို့နဲ့ ယှဉ်ပြိုင်ကစားနေတဲ့ နေးရှင်းလိဂ်(A) အုပ်စု(၁)မှာ ခရိုအေးရှားတို့ သုံးပွဲကစား တစ်ပွဲနိုင် တစ်ပွဲသရေ တစ်ပွဲရှုံး၊ ရမှတ် ၄ မှတ်နဲ့ အုပ်စုကနေ တက်နိုင်ဖို့ မျှော်လင့်ချက်တွေ ပြန်လည်ရှင်သန်လာနိုင်ခဲ့ပြီး Head to Head အရပါ ဒိန်းမတ်ကို အသာရနိုင်တဲ့ လမ်းကြောင်းပေါ်ကို ရောက်ရှိသွားခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:


ဧည့်သည် ခရိုအေးရှားတို့ကတော့ ဂိုးသမား လီဗာကိုဗစ်ခ်ျ၊ ခံစစ်မှာ ရှူတာလို၊ အာလစ်ခ်ျ၊ ဗာဆယ်လ်ကိုနဲ့ ယူရာနိုဗစ်ခ်ျတို့ကို ခင်းကျင်းလာခဲ့ပြီး ကွင်းလယ်မှာတော့ ဘရိုဇိုဗစ်ခ်ျ၊ ယာကစ်ခ်ျနဲ့ ပါဆာလစ်ခ်ျတို့ ကစားခဲ့ကြသလို တိုက်စစ်မှာတော့ အော်ရှစ်ခ်ျ၊ အီဗန်နူရှက်ခ်ျနဲ့ ကရာမာရစ်ခ်ျတို့ကို အသုံးပြုလာခဲ့တာပါ။


ပထမပိုင်းမှာ ဒိန်းမတ်တို့ချည်း ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ဖိကစားနေခဲ့ပေမယ့် သူတို့ရဲ့ အဆုံးသတ်ပိုင်းကတော့ တော်တော်လေး ဆိုးရွားခဲ့သလို အထူးသဖြင့် ဧရိယာအပြင်က ကန်သွင်းချက်တွေမှာ ဂိုးသမား လီဗာကိုဗစ်ခ်ျကို ခြိမ်းခြောက်နိုင်မှု နည်းပါးခဲ့ပြီး ပွဲချိန် မိနစ် ၄၀ က ကော်နယ်လီးယပ်စ်ရဲ့ ကန်ချက်တစ်ခုတည်းကိုသာ ပုတ်ထုတ်ခဲ့ရတာဖြစ်လို့ ဂိုးမရှိသရေနဲ့ ပြီးဆုံးခဲ့တာပါ။

ဒုတိယပိုင်း ပြန်အစမှာတော့ ခံစစ်ဦးစားပေးနောက်ခံလူ ဗာဆယ်လ်ကိုအစား ဘိုင်ယန်မြူးနစ်ကစားသမား စတန်နီရှစ်ခ်ျ ဝင်လာခဲ့သလို အီဗန်နူရှက်ခ်ျအစား မိုဒရစ်ခ်ျကိုပါ ထည့်သွင်းလိုက်တာကြောင့် ခရိုအေးရှားတို့ရဲ့ ကွင်းလယ်ကစားကွက်က ပိုကောင်းလာခဲ့ပြီး ပထမပိုင်းကလိုမျိုး ဒိန်းမတ်ရဲ့ ဖိအားကို မခံစားရတော့ဘဲ ပြန်လည်ထိုးဖောက်လာနိုင်ခဲ့ကြပါတယ်။

ခရိုအေးရှားတို့ဘက်က အော်ရှစ်ခ်ျအစား ဗလာရှစ်ခ်ျကို ထပ်ထည့်ခဲ့ချိန်မှာ ဒိန်းမတ်တို့ဘက်ကတော့ ဗာ့စ်အစား ရက်စ်မတ် ခရစ္စတင်ဆန်၊ ကော်နယ်လီးယပ်စ်အစား ဗင်းဒ်၊ ဒမ်းစ်ဂါ့ဒ်အစား ဘရိတ်သ်ဝိတ်တို့ကို ပြောင်းလဲထည့်သွင်းသွားခဲ့ပေမယ့် ဘောလုံးကို ပွဲကြည့်စင်ဆီ ဘယ်လို ကန်ရမလဲဆိုတာ သိပ်ကို သိနေတဲ့ အိမ်ရှင်တွေကတော့ ဂိုးမရနိုင်ဘဲဖြစ်နေခဲ့ကြတာပါ။

ပွဲချိန် ၆၉ မိနစ်မှာတော့ မိုဒရစ်ခ်ျ အားကိုးနဲ့ မိုက်နေတဲ့ ခရိုအေးရှားတို့ အဖွင့်ဂိုး စတင်ရယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ထောင့်ကန်ဘောကနေ အတိုပေးပြီး ဘရိုဇိုဗစ်ခ်ျရဲ့ ပေးပို့မှုက ဒိန်းမတ်ခံစစ်နဲ့ ထိပြီး ထွက်လာတာကို အထွက်နောက်ကျနေတဲ့ ရှမိုက်ကယ်ရဲ့ ခြေကြားကနေ ပါဆာလစ်ခ်ျက ကန်သွင်းယူနိုင်ခဲ့လို့ ဧည့်သည်တွေ ဦးဆောင်နိုင်ခဲ့ကြပါတယ်။

ဂိုးပေးရအပြီးမှာတော့ ဒိန်းမတ်တို့ တိုက်စစ်မြှင့်ဖို့ အော်လ်ဆန်အစား ယူဆွတ်ဖ် ပေါ်လ်ဆန်ကို ထည့်သွင်းလာခဲ့ပြီး ဘောလုံးက ဂိုးရှေ့မှာ ဝဲအောင် စွမ်းဆောင်နိုင်ခဲ့ပေမယ့် ဘရိတ်သ်ဝိတ်တို့အဖွဲ့ ဖြုန်းတီးပစ်ခဲ့ကြသလို ခရိုအေးရှားဘက်ကလည်း ရှေ့မှာ အလုပ်မဖြစ်တဲ့ ကရာမာရစ်ခ်ျအစား ဘူဒီမီယာကို ထည့်သွင်းခဲ့တာပါ။



REF: INTERNET SOURCES
SPORTS A2Z.