International

အသက်ကြီးပေမယ့် မပျက်စီးသေးဘူးဆိုတာ ချက်နဲ့ပွဲမှာ ပြသခဲ့တဲ့ လူမိုက်ကြီး ပီပီ

ပေါ်တူဂီ နောက်ခံကစားသမား ပီပီဟာ အသက် ၃၉ နှစ်အရွယ် ရှိနေပြီဖြစ်တာတောင်မှပဲ Estadio de Alvalade ကွင်းတစ်ခုလုံးကို ၁၀ စက္ကန့်အတွင်း ပြေးပြပြီး ဘောလုံးလောကမှာ အကြမ်းဆုံးကစားသမားဖြစ်နေဆဲဆိုတာကို ပြသခဲ့ပါတယ်။

ဖာနန်ဒို ဆန်းတို့စ်ရဲ့အသင်းဟာ ကြာသပတေးနေ့ညနေက လစ္စဘွန်းမှာ ချက်အသင်းကို နေးရှင်းလိဂ် အုပ်စု B ပွဲစဉ်အဖြစ် လက်ခံယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး ကန်ဆယ်လိုနဲ့ ဂေးဒက်စ်ရဲ့ ပထမပိုင်း သွင်းဂိုးတွေကြောင့် ပေါ်တူဂီအသင်းက အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဒီပွဲစဉ်မှာ အဓိက ပြောစရာဖြစ်ခဲ့တာက ပီပီရဲ့ ရူးသွပ်ချင်စရာ အားကစားစွမ်းရည်ဖြစ်ခဲ့ပြီး ပွဲကစားချိန် မိနစ် ၆၀ မပြည့်ခင်မှာ ချက်အသင်းဟာ ရာဖေးလ် ဂွာရဲရိုး ဘောလုံးပိုင်ဆိုင်မှု ဆုံးရှုံးခဲ့ပြီးနောက် တန်ပြန်တိုက်စစ်ဆင်ဖို့ အခွင့်အရေး ရရှိခဲ့တာဖြစ်ပါတယ်။

ပေါ်တိုဝါရင့်နောက်ခံကစားသမားကြီးဟာ တိုက်စစ်ဆင်ဖို့အတွက် ရှေ့ထိ တက်လာခဲ့တာဖြစ်ပြီး လျင်လျင်မြန်မြန်ပဲ ၎င်းရဲ့ ခံစစ်နေရာကို ပြန်သွားရမယ်ဆိုတာကို သိရှိသွားခဲ့တာဖြစ်ပါတယ်။ ပီပီဟာ အသက် ၁၁ နှစ်နဲ့ ၉ နှစ် ပိုမိုငယ်ရွယ်တဲ့ ဂွာရဲရိုးနဲ့ ဝီလီယံ ကာဗာလ်ယိုတို့ကို ထားပစ်ခဲ့ပြီး ပေါ်တူဂီအသင်း ဂိုးဘက်ခြမ်းကို ခြေလှမ်းကျဲကြီးတွေနဲ့ ပြေးလွှားခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

ပီပီဟာ အဲဒီလိုမျိုး ရူးသွပ်တဲ့ စိတ်ဆန္ဒကြောင့်ပဲ ရီးရဲလ်မက်ဒရစ်အသင်းမှာ ကစားခဲ့တုန်းက ၎င်းရဲ့ မျိုးဆက်မှာ အကောင်းဆုံးနောက်ခံကစားသမားတွေထဲက တစ်ဦးဖြစ်ခဲ့တာဖြစ်ပြီး ပရိသတ်တွေဟာ ပေါ်တူဂီဝါရင့်နောက်ခံလူရဲ့ ပြေးနှုန်းကို ပြသထားတဲ့ ရုပ်သံဖိုင်ကို ကြည့်ရှုခဲ့ပြီးနောက် အံ့အားသင့်ပြီး ဆွံ့အသွားခဲ့ကြတာဖြစ်ပါတယ်။

“ပီပီက သူ့ရဲ့ အသင်းဖော်တွေ အားလုံးနီးပါးကို ကျော်တက်သွားခဲ့တယ်။ ဒါက သာမန်ထက်ကို ထူးခြားတယ်”လို့ တွစ်တာအသုံးပြုသူတစ်ဦးက မှတ်ချက်ပေးခဲ့ပြီး “ကစားသမားအများစုမှာ မရှိတာ ဒါပဲ။ နောက်ကို ဘယ်လို ပြန်ပြေးရမလဲဆိုတာကို မသိကြဘူး”လို့ အခြား ပရိသတ်တစ်ဦးကလည်း မှတ်ချက်ပေးခဲ့ပါတယ်။

ပီပီဟာ ရီးရဲလ်မက်ဒရစ်အသင်းမှာ နာမည်တစ်လုံး ရရှိခဲ့ပြီး ဘာနေဗျူးမှာ ရှိနေခဲ့တဲ့ ဆယ်စုနှစ်တစ်ခုအတွင်း လာလီဂါဖလား ၃ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၃ ကြိမ်အထိ ကိုင်မြှောက်နိုင်ခဲ့တာဖြစ်ပြီး ရန်လိုကြမ်းတမ်းပေမယ့် လျင်မြန်တဲ့ကစားသမားဖြစ်တာကြောင့် ဆာဂျီယို ရာမို့စ်နဲ့ အတွဲညီခဲ့ပြီး ဥရောပရဲ့ အကောင်းဆုံးဗဟိုခံစစ်အတွဲတွေထဲက တစ်ခုဖြစ်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ေပၚတူဂီ ေနာက္ခံကစားသမား ပီပီဟာ အသက္ ၃၉ ႏွစ္အ႐ြယ္ ရွိေနၿပီျဖစ္တာေတာင္မွပဲ Estadio de Alvalade ကြင္းတစ္ခုလုံးကို ၁၀ စကၠန႔္အတြင္း ေျပးျပၿပီး ေဘာလုံးေလာကမွာ အၾကမ္းဆုံးကစားသမားျဖစ္ေနဆဲဆိုတာကို ျပသခဲ့ပါတယ္။

ဖာနန္ဒို ဆန္းတို႔စ္ရဲ႕အသင္းဟာ ၾကာသပေတးေန႔ညေနက လစၥဘြန္းမွာ ခ်က္အသင္းကို ေနးရွင္းလိဂ္ အုပ္စု B ပြဲစဥ္အျဖစ္ လက္ခံယွဥ္ၿပိဳင္ခဲ့တာျဖစ္ၿပီး ကန္ဆယ္လိုနဲ႔ ေဂးဒက္စ္ရဲ႕ ပထမပိုင္း သြင္းဂိုးေတြေၾကာင့္ ေပၚတူဂီအသင္းက အႏိုင္ရရွိခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဒီပြဲစဥ္မွာ အဓိက ေျပာစရာျဖစ္ခဲ့တာက ပီပီရဲ႕ ႐ူးသြပ္ခ်င္စရာ အားကစားစြမ္းရည္ျဖစ္ခဲ့ၿပီး ပြဲကစားခ်ိန္ မိနစ္ ၆၀ မျပည့္ခင္မွာ ခ်က္အသင္းဟာ ရာေဖးလ္ ဂြာရဲ႐ိုး ေဘာလုံးပိုင္ဆိုင္မႈ ဆုံးရႈံးခဲ့ၿပီးေနာက္ တန္ျပန္တိုက္စစ္ဆင္ဖို႔ အခြင့္အေရး ရရွိခဲ့တာျဖစ္ပါတယ္။

ေပၚတိုဝါရင့္ေနာက္ခံကစားသမားႀကီးဟာ တိုက္စစ္ဆင္ဖို႔အတြက္ ေရွ႕ထိ တက္လာခဲ့တာျဖစ္ၿပီး လ်င္လ်င္ျမန္ျမန္ပဲ ၎ရဲ႕ ခံစစ္ေနရာကို ျပန္သြားရမယ္ဆိုတာကို သိရွိသြားခဲ့တာျဖစ္ပါတယ္။ ပီပီဟာ အသက္ ၁၁ ႏွစ္နဲ႔ ၉ ႏွစ္ ပိုမိုငယ္႐ြယ္တဲ့ ဂြာရဲ႐ိုးနဲ႔ ဝီလီယံ ကာဗာလ္ယိုတို႔ကို ထားပစ္ခဲ့ၿပီး ေပၚတူဂီအသင္း ဂိုးဘက္ျခမ္းကို ေျခလွမ္းက်ဲႀကီးေတြနဲ႔ ေျပးလႊားခဲ့တာကို ျမင္ေတြ႕ခဲ့ရပါတယ္။

ပီပီဟာ အဲဒီလိုမ်ိဳး ႐ူးသြပ္တဲ့ စိတ္ဆႏၵေၾကာင့္ပဲ ရီးရဲလ္မက္ဒရစ္အသင္းမွာ ကစားခဲ့တုန္းက ၎ရဲ႕ မ်ိဳးဆက္မွာ အေကာင္းဆုံးေနာက္ခံကစားသမားေတြထဲက တစ္ဦးျဖစ္ခဲ့တာျဖစ္ၿပီး ပရိသတ္ေတြဟာ ေပၚတူဂီဝါရင့္ေနာက္ခံလူရဲ႕ ေျပးႏႈန္းကို ျပသထားတဲ့ ႐ုပ္သံဖိုင္ကို ၾကည့္ရႈခဲ့ၿပီးေနာက္ အံ့အားသင့္ၿပီး ဆြံ႕အသြားခဲ့ၾကတာျဖစ္ပါတယ္။

“ပီပီက သူ႔ရဲ႕ အသင္းေဖာ္ေတြ အားလုံးနီးပါးကို ေက်ာ္တက္သြားခဲ့တယ္။ ဒါက သာမန္ထက္ကို ထူးျခားတယ္”လို႔ တြစ္တာအသုံးျပဳသူတစ္ဦးက မွတ္ခ်က္ေပးခဲ့ၿပီး “ကစားသမားအမ်ားစုမွာ မရွိတာ ဒါပဲ။ ေနာက္ကို ဘယ္လို ျပန္ေျပးရမလဲဆိုတာကို မသိၾကဘူး”လို႔ အျခား ပရိသတ္တစ္ဦးကလည္း မွတ္ခ်က္ေပးခဲ့ပါတယ္။

ပီပီဟာ ရီးရဲလ္မက္ဒရစ္အသင္းမွာ နာမည္တစ္လုံး ရရွိခဲ့ၿပီး ဘာေနဗ်ဴးမွာ ရွိေနခဲ့တဲ့ ဆယ္စုႏွစ္တစ္ခုအတြင္း လာလီဂါဖလား ၃ ႀကိမ္၊ ခ်န္ပီယံလိဂ္ဖလား ၃ ႀကိမ္အထိ ကိုင္ေျမႇာက္ႏိုင္ခဲ့တာျဖစ္ၿပီး ရန္လိုၾကမ္းတမ္းေပမယ့္ လ်င္ျမန္တဲ့ကစားသမားျဖစ္တာေၾကာင့္ ဆာဂ်ီယို ရာမို႔စ္နဲ႔ အတြဲညီခဲ့ၿပီး ဥေရာပရဲ႕ အေကာင္းဆုံးဗဟိုခံစစ္အတြဲေတြထဲက တစ္ခုျဖစ္ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.