Premier League Serie A Transfer News

အင်တာမီလန်ကြယ်ပွင့်ကို ခေါ်ယူဖို့ စုံစမ်းမေးမြန်းခဲ့တဲ့ ချဲလ်ဆီး

ချဲလ်ဆီးအသင်းဟာ ယခုနွေရာသီမှာ အင်တာမီလန်အသင်းဆီကနေ စခရီနီယာကို ခေါ်ယူနိုင်ခြေနဲ့ပတ်သက်ပြီး မေးမြန်းစုံစမ်းမှုတွေ ပြုလုပ်ခဲ့ပြီး စပါးစ်ကလည်း ဆလိုဗက်ကီးယားနောက်ခံလူကို စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

ချဲလ်ဆီးအသင်းဟာ လာမယ့်ရာသီမတိုင်ခင် အသင်းလူစာရင်းထဲကို အရည်အသွေးရှိတဲ့ ကစားသမားတွေ အင်အားဖြည့်တင်းဖို့ ကြိုးပမ်းချင်တာကြောင့် အင်တာမီလန် နောက်ခံလူကို ခေါ်ယူလို့ ရနိုင်၊ မရနိုင်ကို မေးမြန်းခဲ့တာဖြစ်တယ်လို့ The Daily Mail က ဖော်ပြခဲ့ပါတယ်။

ဒါပေမယ့်လည်း ချဲလ်ဆီးနဲ့ တော့တင်ဟမ်ဟော့စပါးအသင်းတို့ဟာ ဆလိုဗက်ကီးယားလက်ရွေးစင်နောက်ခံလူရဲ့ တန်ကြေးနဲ့ပတ်သက်ပြီး အမြင်ကွဲလွဲနေတယ်လို့ သိရပြီး စပါးစ်နည်းပြ ကွန်တီဟာ စခရီနီရာနဲ့ အင်တာမီလန်မှာ အလုပ်အတူတူလုပ်ခဲ့ဖူးတာကြောင့် ခေါ်ယူချင်နေတာဖြစ်ပါတယ်။

ချဲလ်ဆီးနဲ့ တော့တင်ဟမ်ဟော့စပါးအသင်းတို့ဟာ ကစားသမားသစ် ခေါ်ယူဖို့အတွက် ကသိသာထင်ရှားတဲ့ ငွေကြေးပမာဏ ရရှိဖွယ်ရှိတယ်လို့ ယင်းသတင်းက ဖော်ပြခဲ့ပြီး ချဲလ်ဆီးနည်းပြ တူဟယ်ဟာ ယခုနွေရာသီမှာ အသင်းပိုင်ရှင်သစ်ဆီကနေ ပံ့ပိုးမှု ရရှိမှာဖြစ်တယ်လို့ ပြောကြားခြင်းခံခဲ့ရပါတယ်။

ချဲလ်ဆီးအသင်းရဲ့ အဓိကဦးစားပေး ပစ်မှတ်အဖြစ် ဆီဗီလာ နောက်ခံကစားသမား ဂျူးစ် ကွန်ဒေးက ဆက်လက်ရှိနေဆဲဖြစ်ပြီး စခရီနီရာဟာ ပြီးခဲ့တဲ့ရာသီ အင်တာမီလန်အသင်းအတွက် စီးရီးအေ ၃၅ ပွဲပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၃ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။

ဆလိုဗက်ကီးယား နောက်ခံကစားသမားဟာ ပြီးခဲ့တဲ့နွေရာသီတုန်းက ယူရို ၂၀၂၀ ပြိုင်ပွဲမှာ လက်ရွေးစင်အသင်းအတွက် ၃ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာလည်း ၁ ဂိုး သွင်းယူပေးနိုင်ခဲ့ပြီး ပြီးခဲ့တဲ့ရာသီမှာ အင်တာမီလန်ရဲ့ ပုံမှန် ပွဲထွက်ခွင့်ရ ကစားသမားဖြစ်ခဲ့တာဖြစ်ပါတယ်။

စခရီနီရာဟာ ၂၀၁၇ ခုနှစ် ဇူလိုင်လမှာ ဆမ်ဒိုးရီးယားအသင်းကနေ အင်တာမီလန်ကို ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး လက်ရှိအချိန်အထိ အသင်းအတွက် ပြိုင်ပွဲစုံ ၂၁၅ ပွဲ ပါဝင်ကစားပေးထားခဲ့ရာမှာ သွင်းဂိုး ၁၁ ဂိုး သွင်းယူထားနိုင်ခဲ့ပြီဖြစ်ပြီး ၂၀၁၆ ခုနှစ်မှာ ဆလိုဗက်ကီးယားလက်ရွေးစင်အသင်းအတွက် ပွဲဦးထွက်ပါဝင်ကစားခွင့်ရပြီးကတည်းက နိုင်ငံတကာပွဲစဉ် ၅၄ ပွဲမှာ ၃ ဂိုး သွင်းယူပေးထားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ခ်ဲလ္ဆီးအသင္းဟာ ယခုေႏြရာသီမွာ အင္တာမီလန္အသင္းဆီကေန စခရီနီယာကို ေခၚယူႏိုင္ေျခနဲ႔ပတ္သက္ၿပီး ေမးျမန္းစုံစမ္းမႈေတြ ျပဳလုပ္ခဲ့ၿပီး စပါးစ္ကလည္း ဆလိုဗက္ကီးယားေနာက္ခံလူကို စိတ္ဝင္စားေနတယ္လို႔ သိရပါတယ္။

ခ်ဲလ္ဆီးအသင္းဟာ လာမယ့္ရာသီမတိုင္ခင္ အသင္းလူစာရင္းထဲကို အရည္အေသြးရွိတဲ့ ကစားသမားေတြ အင္အားျဖည့္တင္းဖို႔ ႀကိဳးပမ္းခ်င္တာေၾကာင့္ အင္တာမီလန္ ေနာက္ခံလူကို ေခၚယူလို႔ ရႏိုင္၊ မရႏိုင္ကို ေမးျမန္းခဲ့တာျဖစ္တယ္လို႔ The Daily Mail က ေဖာ္ျပခဲ့ပါတယ္။

ဒါေပမယ့္လည္း ခ်ဲလ္ဆီးနဲ႔ ေတာ့တင္ဟမ္ေဟာ့စပါးအသင္းတို႔ဟာ ဆလိုဗက္ကီးယားလက္ေ႐ြးစင္ေနာက္ခံလူရဲ႕ တန္ေၾကးနဲ႔ပတ္သက္ၿပီး အျမင္ကြဲလြဲေနတယ္လို႔ သိရၿပီး စပါးစ္နည္းျပ ကြန္တီဟာ စခရီနီရာနဲ႔ အင္တာမီလန္မွာ အလုပ္အတူတူလုပ္ခဲ့ဖူးတာေၾကာင့္ ေခၚယူခ်င္ေနတာျဖစ္ပါတယ္။

ခ်ဲလ္ဆီးနဲ႔ ေတာ့တင္ဟမ္ေဟာ့စပါးအသင္းတို႔ဟာ ကစားသမားသစ္ ေခၚယူဖို႔အတြက္ ကသိသာထင္ရွားတဲ့ ေငြေၾကးပမာဏ ရရွိဖြယ္ရွိတယ္လို႔ ယင္းသတင္းက ေဖာ္ျပခဲ့ၿပီး ခ်ဲလ္ဆီးနည္းျပ တူဟယ္ဟာ ယခုေႏြရာသီမွာ အသင္းပိုင္ရွင္သစ္ဆီကေန ပံ့ပိုးမႈ ရရွိမွာျဖစ္တယ္လို႔ ေျပာၾကားျခင္းခံခဲ့ရပါတယ္။

ခ်ဲလ္ဆီးအသင္းရဲ႕ အဓိကဦးစားေပး ပစ္မွတ္အျဖစ္ ဆီဗီလာ ေနာက္ခံကစားသမား ဂ်ဴးစ္ ကြန္ေဒးက ဆက္လက္ရွိေနဆဲျဖစ္ၿပီး စခရီနီရာဟာ ၿပီးခဲ့တဲ့ရာသီ အင္တာမီလန္အသင္းအတြက္ စီးရီးေအ ၃၅ ပြဲပါဝင္ကစားေပးခဲ့ရာမွာ သြင္းဂိုး ၃ ဂိုးအထိ သြင္းယူေပးႏိုင္ခဲ့တဲ့ ကစားသမားျဖစ္ပါတယ္။

ဆလိုဗက္ကီးယား ေနာက္ခံကစားသမားဟာ ၿပီးခဲ့တဲ့ေႏြရာသီတုန္းက ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲမွာ လက္ေ႐ြးစင္အသင္းအတြက္ ၃ ပြဲ ပါဝင္ကစားေပးခဲ့ရာမွာလည္း ၁ ဂိုး သြင္းယူေပးႏိုင္ခဲ့ၿပီး ၿပီးခဲ့တဲ့ရာသီမွာ အင္တာမီလန္ရဲ႕ ပုံမွန္ ပြဲထြက္ခြင့္ရ ကစားသမားျဖစ္ခဲ့တာျဖစ္ပါတယ္။

စခရီနီရာဟာ ၂၀၁၇ ခုႏွစ္ ဇူလိုင္လမွာ ဆမ္ဒိုးရီးယားအသင္းကေန အင္တာမီလန္ကို ေျပာင္းေ႐ႊ႕ခဲ့တာျဖစ္ၿပီး လက္ရွိအခ်ိန္အထိ အသင္းအတြက္ ၿပိဳင္ပြဲစုံ ၂၁၅ ပြဲ ပါဝင္ကစားေပးထားခဲ့ရာမွာ သြင္းဂိုး ၁၁ ဂိုး သြင္းယူထားႏိုင္ခဲ့ၿပီျဖစ္ၿပီး ၂၀၁၆ ခုႏွစ္မွာ ဆလိုဗက္ကီးယားလက္ေ႐ြးစင္အသင္းအတြက္ ပြဲဦးထြက္ပါဝင္ကစားခြင့္ရၿပီးကတည္းက ႏိုင္ငံတကာပြဲစဥ္ ၅၄ ပြဲမွာ ၃ ဂိုး သြင္းယူေပးထားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.