Premier League

အသင်းပိုင်ရှင် တောင်းပန်လိုက်ခါမှ ဗြောင်းဆန်အောင် လုပ်လိုက်တဲ့ ရစ်ချာလီဆန်

ဘရာဇီးလ်ကြယ်ပွင့်တိုက်စစ်မှူး ရစ်ချာလီဆန်က အသင်းပိုင်ရှင် ဖာဟတ်ဒ် မိုရှီရီက အသင်းမှာ မျှော်လင့်ချက်တွေ ပြန်အသက်သွင်းပေးဖို့ ကြိုးပမ်းနေပေမယ့်လည်း ယခုနွေရာသီမှာ ဂွတ်ဒီဆင် ပါ့ခ်ကို စွန့်ခွာချင်တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ရစ်ချာလီဆန်ဟာ ပြီးခဲ့တဲ့ ၂၀၂၁-၂၀၂၂ ရာသီမှာ အဲဗာတန်အသင်းကို တန်းမဆင်းရအောင် အစွမ်းကုန် ရုန်းကန်ပေးခဲ့တဲ့ ကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး ရာသီအချိန်အများစုမှာ ချန်ပီယံရှစ် တန်းတက်အသင်းလို ဖြစ်နေခဲ့ပြီးနောက် အဲဗာတန်ကို အရေးကြီးတဲ့သွင်းဂိုးတွေနဲ့ ကယ်တင်ပေးခဲ့တာဖြစ်ပါတယ်။

အသက် ၂၅ နှစ်အရွယ် တိုက်စစ်မှူးဟာ အဲဗာတန်အသင်းအတွက် ပွဲ ၃၀ ပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၁၀ ဂိုးနဲ့ ဂိုးဖန်တီးမှု ၅ ကြိမ် ပြုလုပ်နိုင်ခဲ့တာဖြစ်ပေမယ့်လည်း ဂွတ်ဒီဆင် ပါ့ခ်ကနေ ထွက်ခွာဖို့ တွန်းအားပေးလုပ်ဆောင်တော့မှာဖြစ်တာကြောင့် နည်းပြ လမ်းပတ်အနေနဲ့ ကြယ်ပွင့်တိုက်စစ်မှူးမပါဝင်တဲ့ အသင်းအတွက် ပြင်ဆင်ရတော့မှာဖြစ်ကောင်းဖြစ်နိုင်တယ်လို့ The Sun က ဖော်ပြခဲ့တာဖြစ်ပါတယ်။

အဲဗာတန်ကြယ်ပွင့်တိုက်စစ်မှူးကို ပီအက်စ်ဂျီ၊ ရီးရဲလ်မက်ဒရစ်နဲ့ ချဲလ်ဆီးအသင်းတို့က စိတ်ဝင်စားနေကြပြီး ရစ်ချာလီဆန် ထွက်ခွာနိုင်ခြေရှိနေတဲ့အချိန်မှာ အသင်းဖော် ကယ်လ်ဗတ်-လူဝင်ကလည်း အာဆင်နယ်နဲ့ရော နယူးကာဆယ်လ်နဲ့ပါ သတင်းတွေ ထွက်ပေါ်နေတာဖြစ်ပါတယ်။

အဲဗာတန်အသင်းပိုင်ရှင် မိုရှီရီဟာ ယခုရာသီ ဆန့်ကျင်ဆန္ဒပြမှုတွေဖြစ်လာစေခဲ့တဲ့ ပြီးခဲ့တဲ့နှစ်တွေမှာ အသင်းရဲ့ ဆိုးရွားတဲ့ ငွေကြေးသုံးစွဲမှုတွေအတွက် တောင်းပန်တဲ့ အိတ်ဖွင့်ပေးစာကို အသင်းဝက်ဘ်ဆိုက်မှာ ရေးသားခဲ့ပြီး အဲဒီအမှားတွေ နောက်ထပ် ထပ်မဖြစ်စေရတော့ဘူးလို့ ကတိပေးခဲ့တာဖြစ်ပါတယ်။

“ချစ်ခင်ရပါသော အဲဗာတန်ပရိသတ်များခင်ဗျား။ ကျွန်တော်တို့ ပထမပိုင်းမှာ ၂-၀ နဲ့ရှုံးနိမ့်နေရာကနေ စိတ်လှုပ်ရှားစရာ နိုင်ပွဲနဲ့ ပြန်လာနိုင်ခဲ့တဲ့အချိန်မှာ အံ့အားသင့်ဖွယ် ညတစ်ညဖြစ်ခဲ့တယ်ဆိုတာ ငြင်းစရာမရှိဘဲ အင်္ဂလိပ်ထိပ်တန်းလိဂ်မှာ ၆၉ ရာသီဆက်တိုက် ဆက်ရှိနေစေမယ့် အာမခံချက်ရရှိခဲ့ပါတယ်။ အရမ်းစိန်ခေါ်မှုပြင်းထန်တဲ့ရာသီဆိုတာကို သက်သေခဲ့တဲ့နေရာမှာ ကျွန်တော်တို့ ပုံမှန်စွမ်းဆောင်ရည်အောက် ကျဆင်းနေခဲ့တယ်ဆိုတဲ့အချက်ကို ဖုံးကွယ်ဖို့ ခွင့်မပြုသင့်ပါဘူး။ အမှားတွေ ကျူးလွန်မိခဲ့ပြီး အဲဒီအတွက် ခင်ဗျားတို့ အားလုံးကို ကျွန်တော် တောင်းပန်ချင်ပါတယ်။ ကောင်းသင့်သလောက် မကောင်းမွန်ခဲ့ဘဲ ကျွန်တော်တို့ ပိုကောင်းအောင် လုပ်ဖို့လိုအပ်နေပါပြီ”

“၂၀၂၁-၂၀၂၂ ရာသီအတွင်း ဘုတ်အဖွဲ့ဟာ ကွင်းထဲမှာ ပုံမှန်စွမ်းဆောင်ရည်အောက် ကျဆင်းစေတဲ့ အကြောင်းအရာကို ရှင်းရှင်းလင်းလင်း သတ်မှတ်နိုင်ဖို့အတွက် အလုပ်လုပ်တဲ့ အလေ့အကျင့်တွေ၊ ကစားသမားသစ်ခေါ်ယူမှု လုပ်ငန်းစဉ်တွေ၊ ကျွန်တော်တို့ ဘောလုံးလုပ်ငန်းလည်ပတ်မှု ဖွဲ့စည်းပုံတစ်ခုလုံးကို မဟာဗျူဟာမြောက် သုံးသပ်မှုမှာ ဦးဆောင်ခဲ့ပါတယ်။ လေ့လာသင်ယူခဲ့ရတဲ့အရာတေ်ာတော်များများကို အကောင်အထည်ဖော်ပြီးပါပြီ”လို့ ရေးသားခဲ့တာဖြစ်ပါတယ်။

တကယ်လို့ ရစ်ချာလီဆန်သာ ထွက်ခွာခဲ့မယ်ဆိုရင်တော့် အဲဗာတန်ရဲ့ ကစားသမားသစ်ခေါ်ယူရေး မဟာဗျူဟာသစ်ဟာ ကျိန်းသေပေါက် အကောင်အထည် ဖော်နိုင်တော့မှာ ဖြစ်ပြီး အသင်းဟာ ဘရာဇီးလ်ကြယ်ပွင့်ကို ပေါင် ၆၅ သန်းဝန်းကျင်နဲ့ဆိုရင် လမ်းခွဲသွားချင်တဲ့ဆန္ဒရှိနေတာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူး ခီလီယန် အမ်ဘာပေကို ခေါ်ယူဖို့ လွဲချော်ခဲ့ပြီး ရစ်ချာလီဆန်ကလည်း အန်ဆယ်လော့တီ လက်အောက်မှာ အလုပ်လုပ်ခဲ့ဖူးတာကြောင့် မက်ဒရစ်ကို အပြောင်းအရွှေ့ဖြစ်လာနိုင်ခြေရှိပေမယ့် အဲဗာတန်တိုက်စစ်မှူးအနေနဲ့ ဘာနေဗျူးကို အမှန်တကယ် ပြောင်းရွှေ့ချင်တယ်ဆိုရင်တော့ မကြာသေးမီက လက်ရွေးစင်အသင်း လေ့ကျင့်ရေးမှာ ပြဿနာတက်ခဲ့တဲ့ ရီးရဲလ်တောင်ပံကြယ်ပွင့် ဗင်နီးရှပ် ဂျူနီယာနဲ့ ဆက်ဆံရေးကို ပြန်လည်တည်ဆောက်ဖို့ ကြိုးပမ်းသွားဖို့ လိုအပ်မှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ဘရာဇီးလ္ၾကယ္ပြင့္တိုက္စစ္မႉး ရစ္ခ်ာလီဆန္က အသင္းပိုင္ရွင္ ဖာဟတ္ဒ္ မိုရွီရီက အသင္းမွာ ေမွ်ာ္လင့္ခ်က္ေတြ ျပန္အသက္သြင္းေပးဖို႔ ႀကိဳးပမ္းေနေပမယ့္လည္း ယခုေႏြရာသီမွာ ဂြတ္ဒီဆင္ ပါ့ခ္ကို စြန႔္ခြာခ်င္တယ္လို႔ ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

ရစ္ခ်ာလီဆန္ဟာ ၿပီးခဲ့တဲ့ ၂၀၂၁-၂၀၂၂ ရာသီမွာ အဲဗာတန္အသင္းကို တန္းမဆင္းရေအာင္ အစြမ္းကုန္ ႐ုန္းကန္ေပးခဲ့တဲ့ ကစားသမားေတြထဲက တစ္ဦးျဖစ္ၿပီး ရာသီအခ်ိန္အမ်ားစုမွာ ခ်န္ပီယံရွစ္ တန္းတက္အသင္းလို ျဖစ္ေနခဲ့ၿပီးေနာက္ အဲဗာတန္ကို အေရးႀကီးတဲ့သြင္းဂိုးေတြနဲ႔ ကယ္တင္ေပးခဲ့တာျဖစ္ပါတယ္။

အသက္ ၂၅ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ အဲဗာတန္အသင္းအတြက္ ပြဲ ၃၀ ပါဝင္ကစားေပးခဲ့ရာမွာ သြင္းဂိုး ၁၀ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၅ ႀကိမ္ ျပဳလုပ္ႏိုင္ခဲ့တာျဖစ္ေပမယ့္လည္း ဂြတ္ဒီဆင္ ပါ့ခ္ကေန ထြက္ခြာဖို႔ တြန္းအားေပးလုပ္ေဆာင္ေတာ့မွာျဖစ္တာေၾကာင့္ နည္းျပ လမ္းပတ္အေနနဲ႔ ၾကယ္ပြင့္တိုက္စစ္မႉးမပါဝင္တဲ့ အသင္းအတြက္ ျပင္ဆင္ရေတာ့မွာျဖစ္ေကာင္းျဖစ္ႏိုင္တယ္လို႔ The Sun က ေဖာ္ျပခဲ့တာျဖစ္ပါတယ္။

အဲဗာတန္ၾကယ္ပြင့္တိုက္စစ္မႉးကို ပီအက္စ္ဂ်ီ၊ ရီးရဲလ္မက္ဒရစ္နဲ႔ ခ်ဲလ္ဆီးအသင္းတို႔က စိတ္ဝင္စားေနၾကၿပီး ရစ္ခ်ာလီဆန္ ထြက္ခြာႏိုင္ေျခရွိေနတဲ့အခ်ိန္မွာ အသင္းေဖာ္ ကယ္လ္ဗတ္-လူဝင္ကလည္း အာဆင္နယ္နဲ႔ေရာ နယူးကာဆယ္လ္နဲ႔ပါ သတင္းေတြ ထြက္ေပၚေနတာျဖစ္ပါတယ္။

အဲဗာတန္အသင္းပိုင္ရွင္ မိုရွီရီဟာ ယခုရာသီ ဆန႔္က်င္ဆႏၵျပမႈေတြျဖစ္လာေစခဲ့တဲ့ ၿပီးခဲ့တဲ့ႏွစ္ေတြမွာ အသင္းရဲ႕ ဆိုး႐ြားတဲ့ ေငြေၾကးသုံးစြဲမႈေတြအတြက္ ေတာင္းပန္တဲ့ အိတ္ဖြင့္ေပးစာကို အသင္းဝက္ဘ္ဆိုက္မွာ ေရးသားခဲ့ၿပီး အဲဒီအမွားေတြ ေနာက္ထပ္ ထပ္မျဖစ္ေစရေတာ့ဘူးလို႔ ကတိေပးခဲ့တာျဖစ္ပါတယ္။

“ခ်စ္ခင္ရပါေသာ အဲဗာတန္ပရိသတ္မ်ားခင္ဗ်ား။ ကြၽန္ေတာ္တို႔ ပထမပိုင္းမွာ ၂-၀ နဲ႔ရႈံးနိမ့္ေနရာကေန စိတ္လႈပ္ရွားစရာ ႏိုင္ပြဲနဲ႔ ျပန္လာႏိုင္ခဲ့တဲ့အခ်ိန္မွာ အံ့အားသင့္ဖြယ္ ညတစ္ညျဖစ္ခဲ့တယ္ဆိုတာ ျငင္းစရာမရွိဘဲ အဂၤလိပ္ထိပ္တန္းလိဂ္မွာ ၆၉ ရာသီဆက္တိုက္ ဆက္ရွိေနေစမယ့္ အာမခံခ်က္ရရွိခဲ့ပါတယ္။ အရမ္းစိန္ေခၚမႈျပင္းထန္တဲ့ရာသီဆိုတာကို သက္ေသခဲ့တဲ့ေနရာမွာ ကြၽန္ေတာ္တို႔ ပုံမွန္စြမ္းေဆာင္ရည္ေအာက္ က်ဆင္းေနခဲ့တယ္ဆိုတဲ့အခ်က္ကို ဖုံးကြယ္ဖို႔ ခြင့္မျပဳသင့္ပါဘူး။ အမွားေတြ က်ဴးလြန္မိခဲ့ၿပီး အဲဒီအတြက္ ခင္ဗ်ားတို႔ အားလုံးကို ကြၽန္ေတာ္ ေတာင္းပန္ခ်င္ပါတယ္။ ေကာင္းသင့္သေလာက္ မေကာင္းမြန္ခဲ့ဘဲ ကြၽန္ေတာ္တို႔ ပိုေကာင္းေအာင္ လုပ္ဖို႔လိုအပ္ေနပါၿပီ”

“၂၀၂၁-၂၀၂၂ ရာသီအတြင္း ဘုတ္အဖြဲ႕ဟာ ကြင္းထဲမွာ ပုံမွန္စြမ္းေဆာင္ရည္ေအာက္ က်ဆင္းေစတဲ့ အေၾကာင္းအရာကို ရွင္းရွင္းလင္းလင္း သတ္မွတ္ႏိုင္ဖို႔အတြက္ အလုပ္လုပ္တဲ့ အေလ့အက်င့္ေတြ၊ ကစားသမားသစ္ေခၚယူမႈ လုပ္ငန္းစဥ္ေတြ၊ ကြၽန္ေတာ္တို႔ ေဘာလုံးလုပ္ငန္းလည္ပတ္မႈ ဖြဲ႕စည္းပုံတစ္ခုလုံးကို မဟာဗ်ဴဟာေျမာက္ သုံးသပ္မႈမွာ ဦးေဆာင္ခဲ့ပါတယ္။ ေလ့လာသင္ယူခဲ့ရတဲ့အရာေတ္ာေတာ္မ်ားမ်ားကို အေကာင္အထည္ေဖာ္ၿပီးပါၿပီ”လို႔ ေရးသားခဲ့တာျဖစ္ပါတယ္။

တကယ္လို႔ ရစ္ခ်ာလီဆန္သာ ထြက္ခြာခဲ့မယ္ဆိုရင္ေတာ့္ အဲဗာတန္ရဲ႕ ကစားသမားသစ္ေခၚယူေရး မဟာဗ်ဴဟာသစ္ဟာ က်ိန္းေသေပါက္ အေကာင္အထည္ ေဖာ္ႏိုင္ေတာ့မွာ ျဖစ္ၿပီး အသင္းဟာ ဘရာဇီးလ္ၾကယ္ပြင့္ကို ေပါင္ ၆၅ သန္းဝန္းက်င္နဲ႔ဆိုရင္ လမ္းခြဲသြားခ်င္တဲ့ဆႏၵရွိေနတာျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္အသင္းဟာ ပီအက္စ္ဂ်ီၾကယ္ပြင့္တိုက္စစ္မႉး ခီလီယန္ အမ္ဘာေပကို ေခၚယူဖို႔ လြဲေခ်ာ္ခဲ့ၿပီး ရစ္ခ်ာလီဆန္ကလည္း အန္ဆယ္ေလာ့တီ လက္ေအာက္မွာ အလုပ္လုပ္ခဲ့ဖူးတာေၾကာင့္ မက္ဒရစ္ကို အေျပာင္းအေ႐ႊ႕ျဖစ္လာႏိုင္ေျခရွိေပမယ့္ အဲဗာတန္တိုက္စစ္မႉးအေနနဲ႔ ဘာေနဗ်ဴးကို အမွန္တကယ္ ေျပာင္းေ႐ႊ႕ခ်င္တယ္ဆိုရင္ေတာ့ မၾကာေသးမီက လက္ေ႐ြးစင္အသင္း ေလ့က်င့္ေရးမွာ ျပႆနာတက္ခဲ့တဲ့ ရီးရဲလ္ေတာင္ပံၾကယ္ပြင့္ ဗင္နီးရွပ္ ဂ်ဴနီယာနဲ႔ ဆက္ဆံေရးကို ျပန္လည္တည္ေဆာက္ဖို႔ ႀကိဳးပမ္းသြားဖို႔ လိုအပ္မွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.