Premier League Transfer News

နကီးတီးယားနဲ့ စာချုပ်သစ်ချုပ်နိုင်ခဲ့ပြီးနောက် တိုက်စစ်မှူး ၂ ဦးခေါ်ယူမယ့် အာဆင်နယ်

အာဆင်နယ်အသင်းဟာ နွေရာသီအပြောင်းအရွှေ့ကာလမှာ တိုက်စစ်မှူးအသစ် ၂ ဦးအထိ ခေါ်ယူဖို့ ကြိုးပမ်းနေပြီး ဂျန်လူကာ စကက်မာကာနဲ့ ဂါဘရီယယ်လ် ဂျေဆူးတို့နဲ့ သတင်းတွေ ထွက်ပေါ်နေတာဖြစ်ပါတယ်။

၅ နှစ်အကြာမှာတော့ အာဆင်နယ်ရဲ့ ထင်ပေါ်ကျော်ကြားတဲ့ အနီနဲ့ အဖြူရောင် ဂျာစီကို အူဘာမီယန်းနဲ့ လာကာဇက်တို့ ဝတ်ဆင်ခဲ့တဲ့အချိန်တွေက ပြီးဆုံးသွားခဲ့ပြီဖြစ်ပြီး အာဆင်နယ်ဟာ လာမယ့်ရာသီမတိုင်ခင် တိုက်စစ်မှာ မျက်နှာသစ်ကစားသမားတွေနဲ့ ရှေ့ဆက်ဖို့ ရှာဖွေနေပါတယ်။

၂၀၂၁-၂၀၂၂ ရာသီနောက်ဆုံးအဆင့်ကို သိပ်အားထားလို့မရနိုင်တဲ့ တိုက်စစ်မှူး ၂ ဦးတည်းနဲ့ ဆက်သွားဖို့ ဆုံးဖြတ်ခဲ့ပေမယ့် လက်ရှိမှာတော့ ရာသီ ပြီးဆုံးသွားခဲ့ပြီဖြစ်ပြီး လာကာဇက်လည်း ထွက်ခွာသွားပြီဖြစ်တာကြောင့် အာတီတာနဲ့ အီဒူးတို့ဟာ လူအင်အားဖြည့်တင်းမှုတွေ ပြုလုပ်ဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။

အစပိုင်းတုန်းက နကီးတီးယားက အသင်းကို စွန့်ခွာဖွယ်ရှိတာကြောင့် တိုက်စစ်မှူးသစ် တစ်ဦးထက်ပိုပြီး လိုအပ်မှာကို စိုးရိမ်မှုတွေ ရှိခဲ့ပေမယ့်လည်း လက်ရှိမှာတော့ လူငယ်တိုက်စစ်မှူးက စာချုပ်သစ် ချုပ်ဆိုခဲ့ပြီးနောက် အမ်းမရိတ်စ်မှာ ဆက်ရှိနေတော့မယ်လို့ The Athletic က ဖော်ပြခဲ့ပါတယ်။

အသက် ၂၂ နှစ်အရွယ် တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ရာသီကို အကောင်းဆုံးအဆုံးသတ်နိုင်ခဲ့ပြီး နောက်ဆုံး လိဂ် ၇ ပွဲမှာ ၅ ဂိုးအထိ သွင်းယူနိုင်ခဲ့ပေမယ့်လည်း ပုံမှန်ပွဲကစားချိန် ကင်းမဲ့နေမှုကြောင့် စိတ်ပျက်ခဲ့ရတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပြီးခဲ့တဲ့ ၆ လအတွင်း တိုက်စစ်နေရာမှာ အပြောင်းအလဲတွေ အများကြီး ဖြစ်ပွားခဲ့ပြီး လက်ရှိမှာတော့ နကီးတီးယားအတွက် အခွင့်အလမ်းတွေ တိုးမြင့်ရရှိလာနိုင်တယ်လို့ မျှော်မှန်းမှုတွေ ရှိနေတာကြောင့် နောက်ဆက်တွဲအနေနဲ့ အသက် ၂၂ နှစ်အရွယ် တိုက်စစ်မှူးက ၎င်းရဲ့ ရပ်တည်ချက်ကို ပြောင်းလဲခဲ့တာဖြစ်ပါတယ်။

အမ်းမရိတ်စ်မှာ နကီးတီးယား ဆက်ရှိနေတော့မှာ သေချာသွားတာက အာတီတာနဲ့ အီဒူးတို့အတွက် ဖိအားအချို့ သက်သာစေပေမယ့် တစ်ဆက်တည်းမှာ မန်စီးတီးနဲ့ လီဗာပူးလ်တို့ဟာ အားကောင်းပြီးသား တိုက်စစ်ကို ထပ်မံအင်အားဖြည့်တင်းနေတာဟာ အာဆင်နယ်အနေနဲ့ လာမယ့်ရာသီမှာ ပြိုင်ဘက်တွေကို လိုက်မီနိုင်ဖို့ ဘာလုပ်ရမယ်ဆိုတာကို ပြသနေတာဖြစ်ပါတယ်။

မန်စီးတီးက ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ဦးဖြစ်တဲ့ ဟာလန်းကို ပေါင် ၅၃ သန်းနဲ့ ခေါ်ယူနိုင်ခဲ့ပြီး ယာဂန်ကလော့ပ်ကလည်း ပေါင် ၈၅ သန်းတန် ဘင်ဖီကာ ကြယ်ပွင့် ဒါဝင် နူးညက်ဇ်ကို ခေါ်ယူဖို့ စိတ်ဝင်စားကြောင်း ပြသခဲ့တယ်လို့ မကြာသေးမီက သတင်းတွေက ဖော်ပြခဲ့ပါတယ်။ တကယ်လို့ လီဗာပူးလ်သာ နူးညက်ဇ်နဲ့ သဘောတူညီမှု ရရှိခဲ့မယ်ဆိုရင် ပရီးမီးယားလိဂ်ထိပ်သီးအသင်းကြီး ၂ သင်းဟာ တိုက်စစ်မှူးအသစ်အတွက် စုစုပေါင်း ပေါင် ၁၃၆ သန်းအထိ သုံးစွဲခဲ့တာကို မြင်တွေ့ရဖွယ် ရှိနေတာဖြစ်ပါတယ်။

ဒီပမာဏဟာ ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုဖြစ်ကောင်းဖြစ်နိုင်ပေမယ့်လည်း သက်ဆိုင်ရာအသင်းတွေရဲ့ အဆင့်အတန်းကို နောက်တဆင့် ဆက်လက်မြင့်တက်စေမယ်ဆိုတာ သံသယဖြစ်စရာမရှိဘဲ အာတီတာကလည်း အာဆင်နယ်အတွက် ယခုနွေရာသီမှာ အဲဒီလိုမျိုး လုပ်ဆောင်ချင်နေတာဖြစ်ပါတယ်။

စပိန်လူမျိုးနည်းပြဟာ အာဆင်နယ်အသင်းကို ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိအောင် လုပ်ဆောင်ပေးချင်တယ်လို့ မကြာခဏ ပြောကြားခဲ့ပြီး ပရီးမီးယားလိဂ်မှာလည်း ပြိုင်ဘက်အသင်းတွေနဲ့ ကွာဟမှု လျှော့ချပြီး ယှဉ်ပြိုင်နိုင်စွမ်းရှိအောင် လုပ်ဆောင်ချင်နေတာဖြစ်ပါတယ်။

ဂါဘရီယယ်လ် ဂျေဆူးနဲ့ ဆက်ဆူအိုလိုတိုက်စစ်မှူး ဂျန်လူကာ စကက်မာကာတို့ဟာ အာဆင်နယ်ရဲ့ ထိပ်တန်းပစ်မှတ် ၂ ဦးဖြစ်လာပုံပေါ်တယ်လို့ သတင်းတွေရဲ့ ဖော်ပြချက်အရ သိရပြီး မြောက်လန်ဒန်ကလပ်အသင်းကလည်း နာမည်ကြီးကစားသမား ခေါ်ယူမှုတွေ ပြုလုပ်နိုင်ဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။

အာဆင်နယ်ရဲ့ ပစ်မှတ်ကစားသမား ၂ ဦးစလုံးဟာ ဈေးပေါပေါနဲ့ ရနိုင်မယ့် ကစားသမားတွေမဟုတ်ပေမယ့် အာတီတာသာ အသင်းအပေါ်ထားတဲ့ ၎င်းရဲ့ ရည်မှန်းချက်အတိုင်း အမှန်တကယ် ဖြစ်လာချင်တယ်ဆိုရင် မန်စီးတီးနဲ့ လီဗာပူးလ်တို့ ပြသခဲ့တဲ့အတိုင်း ကြီးမားတဲ့ ငွေကြေးသုံးစွဲမှု ပြုလုပ်သွားရမှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:အာဆင္နယ္အသင္းဟာ ေႏြရာသီအေျပာင္းအေ႐ႊ႕ကာလမွာ တိုက္စစ္မႉးအသစ္ ၂ ဦးအထိ ေခၚယူဖို႔ ႀကိဳးပမ္းေနၿပီး ဂ်န္လူကာ စကက္မာကာနဲ႔ ဂါဘရီယယ္လ္ ေဂ်ဆူးတို႔နဲ႔ သတင္းေတြ ထြက္ေပၚေနတာျဖစ္ပါတယ္။

၅ ႏွစ္အၾကာမွာေတာ့ အာဆင္နယ္ရဲ႕ ထင္ေပၚေက်ာ္ၾကားတဲ့ အနီနဲ႔ အျဖဴေရာင္ ဂ်ာစီကို အူဘာမီယန္းနဲ႔ လာကာဇက္တို႔ ဝတ္ဆင္ခဲ့တဲ့အခ်ိန္ေတြက ၿပီးဆုံးသြားခဲ့ၿပီျဖစ္ၿပီး အာဆင္နယ္ဟာ လာမယ့္ရာသီမတိုင္ခင္ တိုက္စစ္မွာ မ်က္ႏွာသစ္ကစားသမားေတြနဲ႔ ေရွ႕ဆက္ဖို႔ ရွာေဖြေနပါတယ္။

၂၀၂၁-၂၀၂၂ ရာသီေနာက္ဆုံးအဆင့္ကို သိပ္အားထားလို႔မရႏိုင္တဲ့ တိုက္စစ္မႉး ၂ ဦးတည္းနဲ႔ ဆက္သြားဖို႔ ဆုံးျဖတ္ခဲ့ေပမယ့္ လက္ရွိမွာေတာ့ ရာသီ ၿပီးဆုံးသြားခဲ့ၿပီျဖစ္ၿပီး လာကာဇက္လည္း ထြက္ခြာသြားၿပီျဖစ္တာေၾကာင့္ အာတီတာနဲ႔ အီဒူးတို႔ဟာ လူအင္အားျဖည့္တင္းမႈေတြ ျပဳလုပ္ဖို႔ ႀကိဳးပမ္းေနတာျဖစ္ပါတယ္။

အစပိုင္းတုန္းက နကီးတီးယားက အသင္းကို စြန႔္ခြာဖြယ္ရွိတာေၾကာင့္ တိုက္စစ္မႉးသစ္ တစ္ဦးထက္ပိုၿပီး လိုအပ္မွာကို စိုးရိမ္မႈေတြ ရွိခဲ့ေပမယ့္လည္း လက္ရွိမွာေတာ့ လူငယ္တိုက္စစ္မႉးက စာခ်ဳပ္သစ္ ခ်ဳပ္ဆိုခဲ့ၿပီးေနာက္ အမ္းမရိတ္စ္မွာ ဆက္ရွိေနေတာ့မယ္လို႔ The Athletic က ေဖာ္ျပခဲ့ပါတယ္။

အသက္ ၂၂ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ ၿပီးခဲ့တဲ့ရာသီကို အေကာင္းဆုံးအဆုံးသတ္ႏိုင္ခဲ့ၿပီး ေနာက္ဆုံး လိဂ္ ၇ ပြဲမွာ ၅ ဂိုးအထိ သြင္းယူႏိုင္ခဲ့ေပမယ့္လည္း ပုံမွန္ပြဲကစားခ်ိန္ ကင္းမဲ့ေနမႈေၾကာင့္ စိတ္ပ်က္ခဲ့ရတာ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း ၿပီးခဲ့တဲ့ ၆ လအတြင္း တိုက္စစ္ေနရာမွာ အေျပာင္းအလဲေတြ အမ်ားႀကီး ျဖစ္ပြားခဲ့ၿပီး လက္ရွိမွာေတာ့ နကီးတီးယားအတြက္ အခြင့္အလမ္းေတြ တိုးျမင့္ရရွိလာႏိုင္တယ္လို႔ ေမွ်ာ္မွန္းမႈေတြ ရွိေနတာေၾကာင့္ ေနာက္ဆက္တြဲအေနနဲ႔ အသက္ ၂၂ ႏွစ္အ႐ြယ္ တိုက္စစ္မႉးက ၎ရဲ႕ ရပ္တည္ခ်က္ကို ေျပာင္းလဲခဲ့တာျဖစ္ပါတယ္။

အမ္းမရိတ္စ္မွာ နကီးတီးယား ဆက္ရွိေနေတာ့မွာ ေသခ်ာသြားတာက အာတီတာနဲ႔ အီဒူးတို႔အတြက္ ဖိအားအခ်ိဳ႕ သက္သာေစေပမယ့္ တစ္ဆက္တည္းမွာ မန္စီးတီးနဲ႔ လီဗာပူးလ္တို႔ဟာ အားေကာင္းၿပီးသား တိုက္စစ္ကို ထပ္မံအင္အားျဖည့္တင္းေနတာဟာ အာဆင္နယ္အေနနဲ႔ လာမယ့္ရာသီမွာ ၿပိဳင္ဘက္ေတြကို လိုက္မီႏိုင္ဖို႔ ဘာလုပ္ရမယ္ဆိုတာကို ျပသေနတာျဖစ္ပါတယ္။

မန္စီးတီးက ကမာၻ႔အေကာင္းဆုံး တိုက္စစ္မႉးေတြထဲက တစ္ဦးျဖစ္တဲ့ ဟာလန္းကို ေပါင္ ၅၃ သန္းနဲ႔ ေခၚယူႏိုင္ခဲ့ၿပီး ယာဂန္ကေလာ့ပ္ကလည္း ေပါင္ ၈၅ သန္းတန္ ဘင္ဖီကာ ၾကယ္ပြင့္ ဒါဝင္ ႏူးညက္ဇ္ကို ေခၚယူဖို႔ စိတ္ဝင္စားေၾကာင္း ျပသခဲ့တယ္လို႔ မၾကာေသးမီက သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။ တကယ္လို႔ လီဗာပူးလ္သာ ႏူးညက္ဇ္နဲ႔ သေဘာတူညီမႈ ရရွိခဲ့မယ္ဆိုရင္ ပရီးမီးယားလိဂ္ထိပ္သီးအသင္းႀကီး ၂ သင္းဟာ တိုက္စစ္မႉးအသစ္အတြက္ စုစုေပါင္း ေပါင္ ၁၃၆ သန္းအထိ သုံးစြဲခဲ့တာကို ျမင္ေတြ႕ရဖြယ္ ရွိေနတာျဖစ္ပါတယ္။

ဒီပမာဏဟာ ႀကီးမားတဲ့ ရင္းႏွီးျမႇဳပ္ႏွံမႈျဖစ္ေကာင္းျဖစ္ႏိုင္ေပမယ့္လည္း သက္ဆိုင္ရာအသင္းေတြရဲ႕ အဆင့္အတန္းကို ေနာက္တဆင့္ ဆက္လက္ျမင့္တက္ေစမယ္ဆိုတာ သံသယျဖစ္စရာမရွိဘဲ အာတီတာကလည္း အာဆင္နယ္အတြက္ ယခုေႏြရာသီမွာ အဲဒီလိုမ်ိဳး လုပ္ေဆာင္ခ်င္ေနတာျဖစ္ပါတယ္။

စပိန္လူမ်ိဳးနည္းျပဟာ အာဆင္နယ္အသင္းကို ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ပါဝင္ယွဥ္ၿပိဳင္ခြင့္ ရရွိေအာင္ လုပ္ေဆာင္ေပးခ်င္တယ္လို႔ မၾကာခဏ ေျပာၾကားခဲ့ၿပီး ပရီးမီးယားလိဂ္မွာလည္း ၿပိဳင္ဘက္အသင္းေတြနဲ႔ ကြာဟမႈ ေလွ်ာ့ခ်ၿပီး ယွဥ္ၿပိဳင္ႏိုင္စြမ္းရွိေအာင္ လုပ္ေဆာင္ခ်င္ေနတာျဖစ္ပါတယ္။

ဂါဘရီယယ္လ္ ေဂ်ဆူးနဲ႔ ဆက္ဆူအိုလိုတိုက္စစ္မႉး ဂ်န္လူကာ စကက္မာကာတို႔ဟာ အာဆင္နယ္ရဲ႕ ထိပ္တန္းပစ္မွတ္ ၂ ဦးျဖစ္လာပုံေပၚတယ္လို႔ သတင္းေတြရဲ႕ ေဖာ္ျပခ်က္အရ သိရၿပီး ေျမာက္လန္ဒန္ကလပ္အသင္းကလည္း နာမည္ႀကီးကစားသမား ေခၚယူမႈေတြ ျပဳလုပ္ႏိုင္ဖို႔ ေမွ်ာ္လင့္ေနတာျဖစ္ပါတယ္။

အာဆင္နယ္ရဲ႕ ပစ္မွတ္ကစားသမား ၂ ဦးစလုံးဟာ ေဈးေပါေပါနဲ႔ ရႏိုင္မယ့္ ကစားသမားေတြမဟုတ္ေပမယ့္ အာတီတာသာ အသင္းအေပၚထားတဲ့ ၎ရဲ႕ ရည္မွန္းခ်က္အတိုင္း အမွန္တကယ္ ျဖစ္လာခ်င္တယ္ဆိုရင္ မန္စီးတီးနဲ႔ လီဗာပူးလ္တို႔ ျပသခဲ့တဲ့အတိုင္း ႀကီးမားတဲ့ ေငြေၾကးသုံးစြဲမႈ ျပဳလုပ္သြားရမွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.