International Ligue1
မက်ဆီ အနားမယူခင် ကမ္ဘာ့ဖလားကိုင်မြှောက်သွားတာ မြင်ချင်နေတဲ့ ပါရီဒက်စ်
ပီအက်စ်ဂျီကွင်းလယ်ကြယ်ပွင့် လီအန်ဒရို ပါရီဒက်စ်က တကယ်လို့ အာဂျင်တီးနားအသင်းသာ ယခုနှစ် ကာတာ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ အနိုင်ရဗိုလ်စွဲပြီး ကမ္ဘာ့ဖလားကို အိမ်ယူလာနိုင်ခဲ့ရင် လီယွန်နယ် မက်ဆီအတွက် ပိုပျော်ရွှင်ပေးမိလိမ့်မယ်လို့ ပြောကြားခဲ့ပါတ်။
အသက် ၂၇ နှစ်အရွယ် အာဂျင်တီးနားလက်ရွေးစင်ကွင်းလယ်ကစားသမားက လက်ရွေးစင်နဲ့ ကလပ်အသင်းဖော်ဖြစ်တဲ့ လီယွန်နယ် မက်ဆီ အနားမယူခင် နောက်ဆုံးကမ္ဘာ့ဖလားဖြစ်ချင်ဖြစ်နိုင်တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆုဖလားကိုင်မြှောက်သွားစေချင်တဲ့ ဆန္ဒကို Radio La Red နဲ့ တွေ့ဆုံရာမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။
“တကယ်လို့ ကျွန်တော်တို့သာ ကမ္ဘာ့ဖလား ရရှိခဲ့မယ်ဆိုရင် ကျွန်တော့်ကိုယ်တိုင်အတွက်ထက် မက်ဆီအတွက် ပိုပြီးတော့ ပျော်ရွှင်မိပါလိမ့်မယ်။ ဒီကမ္ဘာ့ဖလားက မက်ဆီရဲ့ နောက်ဆုံး ကမ္ဘာ့ဖလားမဖြစ်ပါစေနဲ့လို့ မျှော်လင့်မိပါတယ်”
“ကမ္ဘာ့ဖလား ကစားရဖို့အတွက် ၄ နှစ်ကို ကျော်ဖြတ်ရတာက ခက်ခဲပါတယ်။ သူ့ကို ကျောနံပါတ် ၅ အဖြစ် ကစားစေပြီး ကျွန်တော်က နောက်ဆုတ်နေပေးမှာပါ။ ဟားဟား။ အားလုံးက ကမ္ဘာ့ချန်ပီယံတွေဖြစ်ဖို့ အခွင့်အရေးရှိကြပါတယ်။ ကျွန်တော်တို့ ကြိုးစားသွားမှာပါ”လို့ ပြောကြားခဲ့ပါတယ်။
ကာတာမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲဟာ လီယွန်နယ် မက်ဆီအတွက် အာဂျင်တီးနားအသင်းနဲ့အတူ အောင်ပွဲခံနိုင်မယ့် နောက်ဆုံးအခွင့်အရေး ဖြစ်ဖို့ များနေပြီး ၂၀၁၄ ခုနှစ်တုန်းက မက်ဆီရဲ့အာဂျင်တီးနားဟာ ဗိုလ်လုပွဲအထိ တက်နိုင်ခဲ့ပေမယ့် မာရီယို ဂက်ဇဲရဲ့ နာကျင်အချိန်ပိုသွင်းဂိုးကြောင့် လက်မတင်လေး လွဲချော်ခဲ့ရတာဖြစ်ပါတယ်။
ယခုနှစ် ပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းဟာ ဆော်ဒီ အာရေဗျ၊ ပိုလန်၊ မက္ကဆီကိုတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေပြီး မက်ဆီနဲ့ အသင်းဖော်တွေဟာ လက်ရှိမှာ အကောင်းဆုံးပုံစံ ရရှိနေတာကြောင့် အုပ်စုအဆင့်ကို သက်တောင့်သက်သာနဲ့ ကျော်ဖြတ်နိုင်မယ်လို့ မျှော်မှန်းခြင်းခံထားရပါတယ်။
အာဂျင်တီးနားအသင်းဟာ မကြာသေးမီကမှ ယူရိုချန်ပီယံ အီတလီကို ၃-၀ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် ၂၀၂၂ ခုနှစ် ဖိုင်နယ်လစ်ဆီမာဖလားကို ရရှိခဲ့တာဖြစ်ပြီး ပြီးတဲ့နောက်မှာ မက်ဆီဟာ အက်စ်တိုးနီးယားကို ၅-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ တစ်ဦးတည်း ၅ ဂိုးစလုံး သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
လီယွန်နယ် မက်ဆီအတွက် ပြီးခဲ့တဲ့ လိဂန်းရာသီဟာ ခက်ခဲကြမ်းတမ်းခဲ့ပေမယ့်လည်း အာဂျင်တီးနားအသင်းမှာတော့ အကောင်းတကာ့ အကောင်းဆုံးခြေစွမ်း ပြသနိုင်ခဲ့ပြီး ပါရီဒက်စ်က အာဂျင်တီးနားအသင်းခေါင်းဆောင်ကို လက်ရွေးစင်လူစာရင်းထဲမှာ အိပ်နေရင်တောင် ပွဲထွက်ကစားသမားအဖြစ် အာမခံချက် ရရှိထားတဲ့သူလို့ ချီးကျူးပြောဆိုခဲ့ပါတယ်။
“ကျွန်တော် အားပေးထောက်ခံမှုတွေ ခံစားရပေမယ့် ကျွန်တော်က အငြင်းပွားစရာမရှိတဲ့သူမဟုတ်ပါဘူး(ပွဲထွက်ကစားသမားနေရာအတွက်)။ အငြင်းပွားစရာမရှိတဲ့တစ်ဦးတည်းသောသူက လီယိုပါ။ ကျန်တဲ့ ကျွန်တော်တို့အားလုံးက လက်ရွေးစင်အသင်းရဲ့အဆင့်အတန်းမှာ ကစားနိုင်တယ်ဆိုတာကို ပြသရပါတယ်”
“ဒီဘူး၊ ကူတီ၊ ရိုဒရီ၊ ဂျီအိုနဲ့ လော်တာရိုတို့က အချိန်အကြာကြီးနေတဲ့အထိ ကောင်းကောင်း လုပ်နေခဲ့ပါတယ်။ ဒါပေမယ့် မက်ဆီတစ်ဦးတည်းကသာ အငြင်းပွားစရာမရှိတဲ့သူပါ”လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI:ပီအက်စ်ဂျီကွင်းလယ်ကြယ်ပွင့် လီအန်ဒရို ပါရီဒက်စ်က တကယ်လို့ အာဂျင်တီးနားအသင်းသာ ယခုနှစ် ကာတာ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ အနိုင်ရဗိုလ်စွဲပြီး ကမ္ဘာ့ဖလားကို အိမ်ယူလာနိုင်ခဲ့ရင် လီယွန်နယ် မက်ဆီအတွက် ပိုပျော်ရွှင်ပေးမိလိမ့်မယ်လို့ ပြောကြားခဲ့ပါတ်။
REF: INTERNET SOURCES
SPORTS A2Z.