International Match Report

ခလုတ်တိုက်ပြီး ပင်နယ်တီရလို့ ဂျာမနီနဲ့ သရေကျပြီး ရှုံးပွဲမဆက်ခဲ့တဲ့ အင်္ဂလန်

ဂျာမနီအသင်းအနေနဲ့ ဒီနေ့မှာ အိမ်ကွင်းမှာ ကစားခဲ့ရပြီး ဂိုးသမား နွိုင်ယာ၊ ခံစစ်မှာ ရူဒီဂါ၊ ရှလော့တာဘက်ခ်နဲ့ ကလိုစတာမန်းတို့ သုံးယောက်တန်း ကစားလာခဲ့သလို ကွင်းလယ်မှာတော့ ရောင်းမ်၊ ကင်းမစ်ချ်၊ ဂွန်ဒိုးဝမ်၊ ဟော့ဖ်မန်းတို့နဲ့ ပွဲထွက်လာခဲ့ကြပြီး တိုက်စစ်မှာတော့ မူစီယာလာ၊ ဟာဗတ်ဇ်နဲ့ မူလာတို့ ကစားခဲ့ကြတာဖြစ်ပါတယ်။

အဝေးကွင်းလာကစားတဲ့ အင်္ဂလန်တို့ကတော့ ဂိုးသမား ပစ်ခ်ဖို့ဒ်၊ ခံစစ်မှာ ဝေါ်လ်ကာ၊ ထရစ်ပီယာ၊ စတုန်းစ်၊ မက်ဂွိုင်းယားတို့နဲ့ ခင်းကျင်းခဲ့သလို ကွင်းလယ်မှာတော့ ဒက်ကလန် ရိုက်စ်၊ ကယ်လ်ဗင် ဖိလစ်နဲ့ မေဆန်မောင့်တို့ကို အထိုင်ချခဲ့ပြီး တိုက်စစ်မှာတော့ ဆာကာ၊ စတာလင်နဲ့ ဟာရီကိန်းတို့ ပွဲထွက်လာခဲ့ကြတာပါ။

ဘောလုံးကိုင်ပြီး တိုက်စစ်ကစားခဲ့တဲ့ ဂျာမနီတို့ စောစောစီးစီးမှာပဲ အခွင့်အရေးတွေကို ဖန်တီးနိုင်ခဲ့သလို ဟာဗတ်ဇ်နဲ့ ရူဒီဂါတို့ရဲ့ တိုက်စစ်ဆင် ထိုးဖောက်မှုတွေက အင်္ဂလန်တို့ကို အထိတ်တလန့်ဖြစ်စေခဲ့ပြီး ပွဲချိန် ၁၃ မိနစ်မှာ လက်ပစ်ဘောကနေ မူလာက ပစ်ခ်ဖို့ကို ကျော်ချပြီး ဂိုးသွင်းခဲ့ပေမယ့် ဒိုင်လူကြီးက အင်္ဂလန်ကွင်းလယ်လူ ဖိလစ် ကွင်းထဲ ထိုင်ချပြီး အနားတောင်းနေတာကြောင့် ခွင့်မပြုဘဲ ပယ်ဖျက်သွားခဲ့ပါတယ်။

ပွဲချိန် ၂၃ မိနစ်မှာ ဂျာမနီတို့ အဖွင့်ဂိုးရဖို့ ကြုံခဲ့ပြီး တန်ပြန်တိုက်စစ်ကနေ ဟော့ဖ်မန်းက ပစ်ခ်ဖို့ဒ်နဲ့ တစ်ယောက်ချင်း အတွေ့မှာ ကန်သွင်းနိုင်ခဲ့ပေမယ့် ဘောလုံးကို ယှဉ်လုကြတဲ့ ဟာဗတ်ဇ်နဲ့ မက်ဂွိုင်းယားတို့ မထိလိုက်ကြချိန်မှာ ဂိုးသွင်းရှင်အနေနဲ့ အထွက်စောပြီး လူကျွံနေခဲ့တာကြောင့် အိမ်ရှင်တွေ ကံဆိုးခဲ့ရတာပါ။

ဒီနောက်ပိုင်းမှာတော့ နှစ်သင်းစလုံးရဲ့ ထိုးဖောက်မှုတွေက သိပ်ပြီး ရင်ခုန်စရာ မရှိခဲ့သလို ဆာကာရဲ့ ကန်ချက်တစ်ကြိမ်သာ ဂိုးတိုင်ဘေးက ကပ်လွဲခဲ့ပြီး ဂိုးသမားတွေဖြစ်ကြတဲ့ နွိုင်ယာနဲ့ ပစ်ခ်ဖို့ဒ်တို့ကလည်း သတိကောင်းကောင်းနဲ့ ပိတ်ဆို့ကာကွယ်သွားနိုင်ခဲ့လို့ ပထမပိုင်းမှာ ဂိုးမရှိသရေပဲ ဖြစ်နေခဲ့ပါတယ်။

ဒုတိယပိုင်း ပြန်စအပြီး ပွဲချိန် ၅၁ မိနစ်မှာတော့ ဂျာမနီတို့ အဖွင့်ဂိုး စတင်ရယူနိုင်ခဲ့သလို ဒီဂိုးကိုတော့ ပထမပိုင်းမှာ သွင်းဂိုး ပယ်ဖျက်ခံရတဲ့ ညာတောင်ပံသမား ဟော့ဖ်မန်းက ကွင်းလယ်က ကင်းမစ်ချ်ရဲ့ အကွက်မြင်တဲ့ ပေးပို့မှုကို ကိုယ်တစ်ပတ်လှည့်ပြီး အပြင်းကန်သွင်းနိုင်ခဲ့သလို ဂိုးသမား ပစ်ခ်ဖို့ဒ် မကာကွယ်လိုက်နိုင်ဘဲ ဂိုးပေးခဲ့ရတာပါ။

ပွဲချိန် ၅၃ မိနစ်မှာတော့ မေဆန်မောင့်ရဲ့ ဧရိယာထိပ်က အပြင်းကန်သွင်းမှုကို နွိုင်ယာ ပုတ်ထုတ်ခဲ့ရပြီး အင်္ဂလန်တို့ရဲ့ Pressing ကြောင့် ဂျာမန် ဂိုးသမားနဲ့ နောက်တန်းတွေ ပေးပို့မှုတွေမှာ ဖိအားဝင်ပြီး အမှားတွေ လုပ်ခဲ့ပေမယ့် ဟာရီကိန်းတို့အဖွဲ့ အသုံးမချနိုင်ခဲ့လို့ ချေပဂိုးရဖို့တော့ ဝေးနေခဲ့ရပါတယ်။

ပွဲချိန် မိနစ် ၇၀ မှာ မူလာရဲ့ ထောင့်ကျဉ်းထဲက မြေထောက်ပိတ်ချက်ကို ပစ်ခ်ဖို့ဒ် ပိတ်ဆို့သွားခဲ့ရသလို တန်ပြန်တိုက်စစ်ကနေ လူစားဝင် တိုက်စစ်မှူး တီမို ဗာနာရဲ့ ပိတ်သွင်းမှုကိုလည်း ပစ်ခ်ဖို့ဒ်ပဲ သတိကြီးကြီးနဲ့ ဖမ်းယူနိုင်ခဲ့ပြီး ပွဲချိန် ၇၆ မိနစ်မှာတော့ ဂရီးလစ်ရှ်ရဲ့ ဘယ်ခြမ်းက ဖြတ်တင်ဘောကို ဟာရီကိန်း အပိုင်ပိတ်သွင်းခွင့်ရခဲ့ပေမယ့် နွိုင်ယာ ကာကွယ်သွားနိုင်ခဲ့လို့ ပွဲက ပိုကြည့်ကောင်းလာခဲ့တာပါ။

ပွဲချိန် ၈၈ မိနစ်မှာတော့ အင်္ဂလန်တို့ ချေပဂိုး ပြန်ရခဲ့ပြီး ချော်လဲတာ ရိုးရိုးမလဲဘဲ ဟာရီကိန်း ခြေထောက်ကို ဝင်တိုက်မိခဲ့တဲ့ ဂျာမန်နောက်ခံလူ ရှလော့တာဘက်ခ်ကို VAR ပြန်ကြည့်ပြီးမှ အဝါကတ်ပြပြီး ပင်နယ်တီပေးခဲ့ရာမှာ အင်္ဂလန်အသင်းခေါင်းဆောင် တိုက်စစ်မှူးက သူကိုယ်တိုင်ပဲ ကန်သွင်းပြီး ဂိုးသမား နွိုင်ယာကို အနိုင်ယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ နာမည်ကြီး ဂျာမနီနဲ့ အင်္ဂလန်တို့ တစ်ဂိုးစီသရေ ရလဒ်နဲ့ တစ်မှတ်စီ ခွဲယူခဲ့ကြပြီး ကံမကောင်းတဲ့ အိမ်ရှင်တွေအတွက် စိတ်ပျက်စရာ ပွဲတစ်ပွဲပဲ ဖြစ်ခဲ့ရချိန်မှာ ဧည့်သည်တွေအတွက်တော့ ကစားပုံ မကောင်းခဲ့ပေမယ့် အဖိုးတန်ရမှတ်ကို အဝေးကွင်းမှာ ရယူနိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဂ်ာမနီအသင္းအေနနဲ႔ ဒီေန႔မွာ အိမ္ကြင္းမွာ ကစားခဲ့ရၿပီး ဂိုးသမား ႏြိဳင္ယာ၊ ခံစစ္မွာ ႐ူဒီဂါ၊ ရွေလာ့တာဘက္ခ္နဲ႔ ကလိုစတာမန္းတို႔ သုံးေယာက္တန္း ကစားလာခဲ့သလို ကြင္းလယ္မွာေတာ့ ေရာင္းမ္၊ ကင္းမစ္ခ်္၊ ဂြန္ဒိုးဝမ္၊ ေဟာ့ဖ္မန္းတို႔နဲ႔ ပြဲထြက္လာခဲ့ၾကၿပီး တိုက္စစ္မွာေတာ့ မူစီယာလာ၊ ဟာဗတ္ဇ္နဲ႔ မူလာတို႔ ကစားခဲ့ၾကတာျဖစ္ပါတယ္။

အေဝးကြင္းလာကစားတဲ့ အဂၤလန္တို႔ကေတာ့ ဂိုးသမား ပစ္ခ္ဖို႔ဒ္၊ ခံစစ္မွာ ေဝၚလ္ကာ၊ ထရစ္ပီယာ၊ စတုန္းစ္၊ မက္ဂြိဳင္းယားတို႔နဲ႔ ခင္းက်င္းခဲ့သလို ကြင္းလယ္မွာေတာ့ ဒက္ကလန္ ႐ိုက္စ္၊ ကယ္လ္ဗင္ ဖိလစ္နဲ႔ ေမဆန္ေမာင့္တို႔ကို အထိုင္ခ်ခဲ့ၿပီး တိုက္စစ္မွာေတာ့ ဆာကာ၊ စတာလင္နဲ႔ ဟာရီကိန္းတို႔ ပြဲထြက္လာခဲ့ၾကတာပါ။

ေဘာလုံးကိုင္ၿပီး တိုက္စစ္ကစားခဲ့တဲ့ ဂ်ာမနီတို႔ ေစာေစာစီးစီးမွာပဲ အခြင့္အေရးေတြကို ဖန္တီးႏိုင္ခဲ့သလို ဟာဗတ္ဇ္နဲ႔ ႐ူဒီဂါတို႔ရဲ႕ တိုက္စစ္ဆင္ ထိုးေဖာက္မႈေတြက အဂၤလန္တို႔ကို အထိတ္တလန႔္ျဖစ္ေစခဲ့ၿပီး ပြဲခ်ိန္ ၁၃ မိနစ္မွာ လက္ပစ္ေဘာကေန မူလာက ပစ္ခ္ဖို႔ကို ေက်ာ္ခ်ၿပီး ဂိုးသြင္းခဲ့ေပမယ့္ ဒိုင္လူႀကီးက အဂၤလန္ကြင္းလယ္လူ ဖိလစ္ ကြင္းထဲ ထိုင္ခ်ၿပီး အနားေတာင္းေနတာေၾကာင့္ ခြင့္မျပဳဘဲ ပယ္ဖ်က္သြားခဲ့ပါတယ္။

ပြဲခ်ိန္ ၂၃ မိနစ္မွာ ဂ်ာမနီတို႔ အဖြင့္ဂိုးရဖို႔ ႀကဳံခဲ့ၿပီး တန္ျပန္တိုက္စစ္ကေန ေဟာ့ဖ္မန္းက ပစ္ခ္ဖို႔ဒ္နဲ႔ တစ္ေယာက္ခ်င္း အေတြ႕မွာ ကန္သြင္းႏိုင္ခဲ့ေပမယ့္ ေဘာလုံးကို ယွဥ္လုၾကတဲ့ ဟာဗတ္ဇ္နဲ႔ မက္ဂြိဳင္းယားတို႔ မထိလိုက္ၾကခ်ိန္မွာ ဂိုးသြင္းရွင္အေနနဲ႔ အထြက္ေစာၿပီး လူကြၽံေနခဲ့တာေၾကာင့္ အိမ္ရွင္ေတြ ကံဆိုးခဲ့ရတာပါ။

ဒီေနာက္ပိုင္းမွာေတာ့ ႏွစ္သင္းစလုံးရဲ႕ ထိုးေဖာက္မႈေတြက သိပ္ၿပီး ရင္ခုန္စရာ မရွိခဲ့သလို ဆာကာရဲ႕ ကန္ခ်က္တစ္ႀကိမ္သာ ဂိုးတိုင္ေဘးက ကပ္လြဲခဲ့ၿပီး ဂိုးသမားေတြျဖစ္ၾကတဲ့ ႏြိဳင္ယာနဲ႔ ပစ္ခ္ဖို႔ဒ္တို႔ကလည္း သတိေကာင္းေကာင္းနဲ႔ ပိတ္ဆို႔ကာကြယ္သြားႏိုင္ခဲ့လို႔ ပထမပိုင္းမွာ ဂိုးမရွိသေရပဲ ျဖစ္ေနခဲ့ပါတယ္။

ဒုတိယပိုင္း ျပန္စအၿပီး ပြဲခ်ိန္ ၅၁ မိနစ္မွာေတာ့ ဂ်ာမနီတို႔ အဖြင့္ဂိုး စတင္ရယူႏိုင္ခဲ့သလို ဒီဂိုးကိုေတာ့ ပထမပိုင္းမွာ သြင္းဂိုး ပယ္ဖ်က္ခံရတဲ့ ညာေတာင္ပံသမား ေဟာ့ဖ္မန္းက ကြင္းလယ္က ကင္းမစ္ခ်္ရဲ႕ အကြက္ျမင္တဲ့ ေပးပို႔မႈကို ကိုယ္တစ္ပတ္လွည့္ၿပီး အျပင္းကန္သြင္းႏိုင္ခဲ့သလို ဂိုးသမား ပစ္ခ္ဖို႔ဒ္ မကာကြယ္လိုက္ႏိုင္ဘဲ ဂိုးေပးခဲ့ရတာပါ။

ပြဲခ်ိန္ ၅၃ မိနစ္မွာေတာ့ ေမဆန္ေမာင့္ရဲ႕ ဧရိယာထိပ္က အျပင္းကန္သြင္းမႈကို ႏြိဳင္ယာ ပုတ္ထုတ္ခဲ့ရၿပီး အဂၤလန္တို႔ရဲ႕ Pressing ေၾကာင့္ ဂ်ာမန္ ဂိုးသမားနဲ႔ ေနာက္တန္းေတြ ေပးပို႔မႈေတြမွာ ဖိအားဝင္ၿပီး အမွားေတြ လုပ္ခဲ့ေပမယ့္ ဟာရီကိန္းတို႔အဖြဲ႕ အသုံးမခ်ႏိုင္ခဲ့လို႔ ေခ်ပဂိုးရဖို႔ေတာ့ ေဝးေနခဲ့ရပါတယ္။

ပြဲခ်ိန္ မိနစ္ ၇၀ မွာ မူလာရဲ႕ ေထာင့္က်ဥ္းထဲက ေျမေထာက္ပိတ္ခ်က္ကို ပစ္ခ္ဖို႔ဒ္ ပိတ္ဆို႔သြားခဲ့ရသလို တန္ျပန္တိုက္စစ္ကေန လူစားဝင္ တိုက္စစ္မႉး တီမို ဗာနာရဲ႕ ပိတ္သြင္းမႈကိုလည္း ပစ္ခ္ဖို႔ဒ္ပဲ သတိႀကီးႀကီးနဲ႔ ဖမ္းယူႏိုင္ခဲ့ၿပီး ပြဲခ်ိန္ ၇၆ မိနစ္မွာေတာ့ ဂရီးလစ္ရွ္ရဲ႕ ဘယ္ျခမ္းက ျဖတ္တင္ေဘာကို ဟာရီကိန္း အပိုင္ပိတ္သြင္းခြင့္ရခဲ့ေပမယ့္ ႏြိဳင္ယာ ကာကြယ္သြားႏိုင္ခဲ့လို႔ ပြဲက ပိုၾကည့္ေကာင္းလာခဲ့တာပါ။

ပြဲခ်ိန္ ၈၈ မိနစ္မွာေတာ့ အဂၤလန္တို႔ ေခ်ပဂိုး ျပန္ရခဲ့ၿပီး ေခ်ာ္လဲတာ ႐ိုး႐ိုးမလဲဘဲ ဟာရီကိန္း ေျခေထာက္ကို ဝင္တိုက္မိခဲ့တဲ့ ဂ်ာမန္ေနာက္ခံလူ ရွေလာ့တာဘက္ခ္ကို VAR ျပန္ၾကည့္ၿပီးမွ အဝါကတ္ျပၿပီး ပင္နယ္တီေပးခဲ့ရာမွာ အဂၤလန္အသင္းေခါင္းေဆာင္ တိုက္စစ္မႉးက သူကိုယ္တိုင္ပဲ ကန္သြင္းၿပီး ဂိုးသမား ႏြိဳင္ယာကို အႏိုင္ယူသြားႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ နာမည္ႀကီး ဂ်ာမနီနဲ႔ အဂၤလန္တို႔ တစ္ဂိုးစီသေရ ရလဒ္နဲ႔ တစ္မွတ္စီ ခြဲယူခဲ့ၾကၿပီး ကံမေကာင္းတဲ့ အိမ္ရွင္ေတြအတြက္ စိတ္ပ်က္စရာ ပြဲတစ္ပြဲပဲ ျဖစ္ခဲ့ရခ်ိန္မွာ ဧည့္သည္ေတြအတြက္ေတာ့ ကစားပုံ မေကာင္းခဲ့ေပမယ့္ အဖိုးတန္ရမွတ္ကို အေဝးကြင္းမွာ ရယူႏိုင္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.