La Liga Ligue1 Premier League Serie A

ကမ္ဘာ့တန်ဖိုးအရှိဆုံးကစားသမားအဖြစ် ဟာလန်းကိုကျော်ပြီး ရပ်တည်နိုင်ခဲ့တဲ့ အမ်ဘာပေ

ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူး ခီလီယန် အမ်ဘာပေဟာ CIES Football Observatory ရဲ့ ကမ္ဘာပေါ်က တန်ဖိုးအရှိဆုံးဘောလုံးသမားအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရပါတယ်။

့ပြင်သစ်ကြယ်ပွင့်ရဲ့ ဈေးကွက်ပေါက်ဈေးဟာ ပေါင် ၁၇၅ သန်း သတ်မှတ်ခြင်းခံခဲ့ရတာကြောင့် ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး ဗင်နီးရှပ် ဂျူနီယာနဲ့ မန်ချက်စတာစီးတီးတိုက်စစ်မှူးသစ် အာလင်း ဟာလန်းတို့ထက် အပြတ်အသတ် အသာစီး ရရှိခဲ့တာဖြစ်ပါတယ်။ နော်ဝေတိုက်စစ်မှူးဟာ ပရီးမီးယားလိဂ်ရဲ့ တန်ဖိုးအရှိဆုံးကြယ်ပွင့်ကစားသမားဖြစ်ပြီး အသက် ၂၁ အရွယ်ရှိပြီဖြစ်တဲ့ ဟာလန်းရဲ့ ဈေးကွက်ပေါက်ဈေးဟာ ခန့်မှန်းခြေ ပေါင်သန်း ၁၃၀ ဝန်းကျင် ရှိနေတာဖြစ်ပါတယ်။

ဟာလန်းရဲ့ အသင်းဖော်သစ်တွေဖြစ်တဲ့ ဖီးလ် ဖိုဒန်၊ ရူဘင် ဒီယက်စ်၊ လီဗာပူးလ်ကြယ်ပွင့် လူးဝစ္စ ဒီယက်ဇ်တို့သာ ထိပ်တန်း ၁၀ ဦးထဲမှာ ပါဝင်နိုင်ခဲ့တဲ့ အခြား အင်္ဂလန်ထိပ်တန်းလိဂ်က ကစားသမားတွေဖြစ်ခဲ့ပြီး ဒေါ့မွန်ကြယ်ပွင့် ဂျုဒ် ဘယ်လင်ဟမ်က အင်္ဂလိပ်ကစားသမားတွေထဲမှာ ပေါင် ၁၁၄ သန်းနဲ့ အမြင့်မားဆုံး ဈေးကွက်ပေါက်ဈေးသတ်မှတ်ခြင်း ခံခဲ့ရတာဖြစ်ပါတယ်။

ဒီကစားသမားတွေဟာ ဘောလုံးလောကရဲ့ အကောင်းဆုံးလူငယ်ပါရမီရှင်တွေဖြစ်တာကြောင့် ကမ္ဘာ့တန်ဖိုးအရှိဆုံးကစားသမားစာရင်းမှာ ဒီလို နာမည်တွေကို မြင်တွေ့ရတာက အံ့အားသင့်စရာတော့မဟုတ်ပေမယ့်လည်း အမ်ဘာပေအနေနဲ့ မေလမှာ ပီအက်စ်ဂျီနဲ့ ၃ နှစ်စာချုပ်သာ မချုပ်ဆိုခဲ့ရင် တန်ဖိုးအရှိဆုံးကစားသမားဖြစ်လာနိုင်ဖွယ်မရှိတာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ကစားသမားတွေဟာ တန်ဖိုးအရှိဆုံး ဘောလုံးသမား အယောက် ၁၀၀ စာရင်းမှာ ၄၁ ဦးအထိ ပါဝင်ခဲ့ပြီး မန်ချက်စတာယူနိုက်တက်ကြယ်ပွင့် ဆန်ချို၊ ဖာနန်ဒက်စ်၊ ချဲလ်ဆီးကြယ်ပွင့် မေဆန် မောင့်၊ ခိုင် ဟာဗတ်ဇ်၊ အာဆင်နယ်ကြယ်ပွင့် ဆာကာနဲ့ လီဗာပူးလ်ကြယ်ပွင့် ထရင့် အလက်ဇန်းဒါး-အာနိုးလ်တို့အားလုံး ထိပ်ဆုံး ၂၅ ဦးထဲ ပါဝင်ခဲ့တာဖြစ်ပါတယ်။

တန်ဖိုးအရှိဆုံးဘောလုံးသမားစာရင်းထဲမှာ ပါဝင်ခဲ့တဲ့ ပရီးမီးယားလိဂ်ကစားသမား ၄၁ ဦးထဲမှာ ထိပ်တန်း ၆ သင်းမှာ ကစားတာမဟုတ်တဲ့ ကစားသမား ၃ ဦးသာ ပါဝင်ခဲ့ပြီး ဝက်စ်ဟမ်းကြယ်ပွင့် ဒီကလန် ရိုက်စ်၊ အဲဗာတန်ကြယ်ပွင့် ရစ်ချာလီဆန်၊ ခရစ္စတယ် ပဲလေ့စ်ကြယ်ပွင့် မာ့စ် ဂီဟီတို့ ပါဝင်ခဲ့ပါတယ်။

ကစားသမားတွေရဲ့ တန်ဖိုးကို သတ်မှတ်ရာမှာ အသက်အရွယ် အပိုင်းအခြားက ကြီးမားတဲ့အစိတ်အပိုင်းအဖြစ် ပါဝင်နေတာကြောင့် တသက်တာအကောင်းဆုံးကစားသမားတွေဖြစ်တဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒို၊ လီယွန်နယ် မက်ဆီတို့လို ကစားသမားတွေအတွက် နေရာမရှိခဲ့ဘဲ ဒီစာရင်းထဲမှာ အသက်အကြီးဆုံးကစားသမားဆိုလို့ အသက် ၃၀ အရွယ် မန်စီးတီးကြယ်ပွင့် ကီဗင် ဒီဘရိုင်းနားသာ ပါဝင်ခဲ့ပြီး အငယ်ဆုံးအဖြစ် ပါဝင်ခဲ့တဲ့ ကစားသမားကတော့ အသက် ၁၇ နှစ်အရွယ် ဘာစီလိုနာကြယ်ပွင့် ဂါဗီဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ပီအက္စ္ဂ်ီၾကယ္ပြင့္တိုက္စစ္မႉး ခီလီယန္ အမ္ဘာေပဟာ CIES Football Observatory ရဲ႕ ကမာၻေပၚက တန္ဖိုးအရွိဆုံးေဘာလုံးသမားအျဖစ္ သတ္မွတ္ျခင္း ခံခဲ့ရပါတယ္။

့ျပင္သစ္ၾကယ္ပြင့္ရဲ႕ ေဈးကြက္ေပါက္ေဈးဟာ ေပါင္ ၁၇၅ သန္း သတ္မွတ္ျခင္းခံခဲ့ရတာေၾကာင့္ ရီးရဲလ္မက္ဒရစ္တိုက္စစ္မႉး ဗင္နီးရွပ္ ဂ်ဴနီယာနဲ႔ မန္ခ်က္စတာစီးတီးတိုက္စစ္မႉးသစ္ အာလင္း ဟာလန္းတို႔ထက္ အျပတ္အသတ္ အသာစီး ရရွိခဲ့တာျဖစ္ပါတယ္။ ေနာ္ေဝတိုက္စစ္မႉးဟာ ပရီးမီးယားလိဂ္ရဲ႕ တန္ဖိုးအရွိဆုံးၾကယ္ပြင့္ကစားသမားျဖစ္ၿပီး အသက္ ၂၁ အ႐ြယ္ရွိၿပီျဖစ္တဲ့ ဟာလန္းရဲ႕ ေဈးကြက္ေပါက္ေဈးဟာ ခန႔္မွန္းေျခ ေပါင္သန္း ၁၃၀ ဝန္းက်င္ ရွိေနတာျဖစ္ပါတယ္။

ဟာလန္းရဲ႕ အသင္းေဖာ္သစ္ေတြျဖစ္တဲ့ ဖီးလ္ ဖိုဒန္၊ ႐ူဘင္ ဒီယက္စ္၊ လီဗာပူးလ္ၾကယ္ပြင့္ လူးဝစၥ ဒီယက္ဇ္တို႔သာ ထိပ္တန္း ၁၀ ဦးထဲမွာ ပါဝင္ႏိုင္ခဲ့တဲ့ အျခား အဂၤလန္ထိပ္တန္းလိဂ္က ကစားသမားေတြျဖစ္ခဲ့ၿပီး ေဒါ့မြန္ၾကယ္ပြင့္ ဂ်ဳဒ္ ဘယ္လင္ဟမ္က အဂၤလိပ္ကစားသမားေတြထဲမွာ ေပါင္ ၁၁၄ သန္းနဲ႔ အျမင့္မားဆုံး ေဈးကြက္ေပါက္ေဈးသတ္မွတ္ျခင္း ခံခဲ့ရတာျဖစ္ပါတယ္။

ဒီကစားသမားေတြဟာ ေဘာလုံးေလာကရဲ႕ အေကာင္းဆုံးလူငယ္ပါရမီရွင္ေတြျဖစ္တာေၾကာင့္ ကမာၻ႔တန္ဖိုးအရွိဆုံးကစားသမားစာရင္းမွာ ဒီလို နာမည္ေတြကို ျမင္ေတြ႕ရတာက အံ့အားသင့္စရာေတာ့မဟုတ္ေပမယ့္လည္း အမ္ဘာေပအေနနဲ႔ ေမလမွာ ပီအက္စ္ဂ်ီနဲ႔ ၃ ႏွစ္စာခ်ဳပ္သာ မခ်ဳပ္ဆိုခဲ့ရင္ တန္ဖိုးအရွိဆုံးကစားသမားျဖစ္လာႏိုင္ဖြယ္မရွိတာျဖစ္ပါတယ္။

ပရီးမီးယားလိဂ္ကစားသမားေတြဟာ တန္ဖိုးအရွိဆုံး ေဘာလုံးသမား အေယာက္ ၁၀၀ စာရင္းမွာ ၄၁ ဦးအထိ ပါဝင္ခဲ့ၿပီး မန္ခ်က္စတာယူႏိုက္တက္ၾကယ္ပြင့္ ဆန္ခ်ိဳ၊ ဖာနန္ဒက္စ္၊ ခ်ဲလ္ဆီးၾကယ္ပြင့္ ေမဆန္ ေမာင့္၊ ခိုင္ ဟာဗတ္ဇ္၊ အာဆင္နယ္ၾကယ္ပြင့္ ဆာကာနဲ႔ လီဗာပူးလ္ၾကယ္ပြင့္ ထရင့္ အလက္ဇန္းဒါး-အာႏိုးလ္တို႔အားလုံး ထိပ္ဆုံး ၂၅ ဦးထဲ ပါဝင္ခဲ့တာျဖစ္ပါတယ္။

တန္ဖိုးအရွိဆုံးေဘာလုံးသမားစာရင္းထဲမွာ ပါဝင္ခဲ့တဲ့ ပရီးမီးယားလိဂ္ကစားသမား ၄၁ ဦးထဲမွာ ထိပ္တန္း ၆ သင္းမွာ ကစားတာမဟုတ္တဲ့ ကစားသမား ၃ ဦးသာ ပါဝင္ခဲ့ၿပီး ဝက္စ္ဟမ္းၾကယ္ပြင့္ ဒီကလန္ ႐ိုက္စ္၊ အဲဗာတန္ၾကယ္ပြင့္ ရစ္ခ်ာလီဆန္၊ ခရစၥတယ္ ပဲေလ့စ္ၾကယ္ပြင့္ မာ့စ္ ဂီဟီတို႔ ပါဝင္ခဲ့ပါတယ္။

ကစားသမားေတြရဲ႕ တန္ဖိုးကို သတ္မွတ္ရာမွာ အသက္အ႐ြယ္ အပိုင္းအျခားက ႀကီးမားတဲ့အစိတ္အပိုင္းအျဖစ္ ပါဝင္ေနတာေၾကာင့္ တသက္တာအေကာင္းဆုံးကစားသမားေတြျဖစ္တဲ့ ခရစၥတီယာႏို ေရာ္နယ္လ္ဒို၊ လီယြန္နယ္ မက္ဆီတို႔လို ကစားသမားေတြအတြက္ ေနရာမရွိခဲ့ဘဲ ဒီစာရင္းထဲမွာ အသက္အႀကီးဆုံးကစားသမားဆိုလို႔ အသက္ ၃၀ အ႐ြယ္ မန္စီးတီးၾကယ္ပြင့္ ကီဗင္ ဒီဘ႐ိုင္းနားသာ ပါဝင္ခဲ့ၿပီး အငယ္ဆုံးအျဖစ္ ပါဝင္ခဲ့တဲ့ ကစားသမားကေတာ့ အသက္ ၁၇ ႏွစ္အ႐ြယ္ ဘာစီလိုနာၾကယ္ပြင့္ ဂါဗီျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.