Premier League Serie A Transfer News

ပေါ်တူဂီစိန်ပွင့်အတွက် ဂျော့ဂျ် မန်းဒက်စ်နဲ့ စကားပြောခဲ့တဲ့ မန်စီးတီး

မန်ချက်စတာစီးတီးအသင်းဟာ ယခုနွေရာသီအပြောင်းအရွှေ့ကာလအတွက် ဟာလန်းနဲ့ ယူလီယန် အဲဗားရက်ဇ်တို့ကို ခေါ်ယူထားနိုင်ခဲ့ပြီးဖြစ်ပေမယ့်လည်း ဒီလောက်နဲ့တင် မပြီးသေးဘူးလို့ သိရပါတယ်။

မေလကုန်ပိုင်းမှာ မန်ချက်စတာစီးတီးအသင်းဟာ ရာဖေးလ် လီအိုကို ခေါ်ယူဖို့ ကိစ္စနဲ့ပတ်သက်ပြီး စူပါအေးဂျင့် ဂျော့ဂျ် မန်းဒက်စ်နဲ့ စတင် စကားပြောဆိုခဲ့တယ်လို့ Santi Aouna ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

အေစီမီလန်အသင်းဟာ ၂၀၁၉ ခုနှစ်တုန်းက ချုပ်ဆိုခဲ့တဲ့ စာချုပ်သက်တမ်း ၂ နှစ်ကျန်သေးတဲ့ အသက် ၂၂ နှစ်အရွယ် ကစားသမားကို စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းခဲ့ပေမယ့် အခုအချိန်အထိ သဘောတူညီမှု မရရှိသေးတာဖြစ်ပါတယ်။

နည်းစနစ်ပိုင်းဒါရိုက်တာ ပါအိုလို မာလ်ဒီးနီက ပေါ်တူဂီတောင်ပံကစားသမားကို စိန်ပွင့်လို့ ခေါ်ဝေါ်ခဲ့ပြီး ၁၁ နှစ်အတွင်း ပထမဆုံး စကူဒက်တိုဖလားကို ရရှိခဲ့တဲ့ အေစီမီလန်အနေနဲ့ ကြယ်ပွင့်ကစားသမားကို ရောင်းချဖို့ စိတ်ဝင်စားခြင်းရှိမှာမဟုတ်တာဖြစ်ပါတယ်။

ရာဖေးလ် လီအိုနဲ့ အချိန်များစွာ ကုန်ဆုံးခဲ့ဖူးတဲ့ စပို့တင်းလစ္စဘွန်း လူငယ်နည်းပြ တီယေဂို ဖာနန်ဒက်စ်က ပေါ်တူဂီတောင်ပံကစားသမားဟာ ဘရာဇီးလ် ဂန္တဝင်တိုက်စစ်မှူး ရိုနယ်လ်ဒိုနဲ့ တူညီတဲ့ အရည်အချင်းမျိုး ပိုင်ဆိုင်ထားတယ်လို့ ပြောကြားခဲ့ပါတယ်။

“သူ့ရဲ့ လျင်မြန်မှု၊ နည်းစနစ်ကြွယ်ဝမှုနဲ့ အဆုံးသတ် အရည်အသွေးတွေက ကျွန်တော့်ကို ရိုနယ်လ်ဒိုကို ပြန်သတိရသွားစေတယ်လို့ ပြောရမှာပါ။ သူ အမြင့်ဘောတွေမှာ တိုးတက်အောင်လုပ်ဖို့ လိုအပ်သေးတာ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ကျွန်တော် အေစီမီလန်ပရိသတ်တွေကို ပြောချင်တာက လီအိုက သူ့ဘာသာ ပွဲကို အဆုံးအဖြတ်ပေးနိုင်တဲ့ ချန်ပီယံတစ်ယောက်ဆိုတာပါ”လို့ ပြောကြားခဲ့ပါတယ်။

အေစီမီလန်အသင်းအတွက် ၂၀၂၁-၂၀၂၂ ရာသီမှာ စီးရီးအေ ၃၄ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၁၁ ဂိုးနဲ့ ဂိုးဖန်တီးမှု ၈ ကြိမ်အထိ ပြုလုပ်ထားနိုင်ခဲ့တဲ့ ရာဖေးလ် လီအိုရဲ့ အစ်တီဟတ် အပြောင်းအရွှေ့ အမှန်တကယ်ဖြစ်လာမလား စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:မန္ခ်က္စတာစီးတီးအသင္းဟာ ယခုေႏြရာသီအေျပာင္းအေ႐ႊ႕ကာလအတြက္ ဟာလန္းနဲ႔ ယူလီယန္ အဲဗားရက္ဇ္တို႔ကို ေခၚယူထားႏိုင္ခဲ့ၿပီးျဖစ္ေပမယ့္လည္း ဒီေလာက္နဲ႔တင္ မၿပီးေသးဘူးလို႔ သိရပါတယ္။

ေမလကုန္ပိုင္းမွာ မန္ခ်က္စတာစီးတီးအသင္းဟာ ရာေဖးလ္ လီအိုကို ေခၚယူဖို႔ ကိစၥနဲ႔ပတ္သက္ၿပီး စူပါေအးဂ်င့္ ေဂ်ာ့ဂ်္ မန္းဒက္စ္နဲ႔ စတင္ စကားေျပာဆိုခဲ့တယ္လို႔ Santi Aouna ရဲ႕ ေဖာ္ျပခ်က္အရ သိရပါတယ္။

ေအစီမီလန္အသင္းဟာ ၂၀၁၉ ခုႏွစ္တုန္းက ခ်ဳပ္ဆိုခဲ့တဲ့ စာခ်ဳပ္သက္တမ္း ၂ ႏွစ္က်န္ေသးတဲ့ အသက္ ၂၂ ႏွစ္အ႐ြယ္ ကစားသမားကို စာခ်ဳပ္သက္တမ္းတိုးဖို႔ ကမ္းလွမ္းခဲ့ေပမယ့္ အခုအခ်ိန္အထိ သေဘာတူညီမႈ မရရွိေသးတာျဖစ္ပါတယ္။

နည္းစနစ္ပိုင္းဒါ႐ိုက္တာ ပါအိုလို မာလ္ဒီးနီက ေပၚတူဂီေတာင္ပံကစားသမားကို စိန္ပြင့္လို႔ ေခၚေဝၚခဲ့ၿပီး ၁၁ ႏွစ္အတြင္း ပထမဆုံး စကူဒက္တိုဖလားကို ရရွိခဲ့တဲ့ ေအစီမီလန္အေနနဲ႔ ၾကယ္ပြင့္ကစားသမားကို ေရာင္းခ်ဖို႔ စိတ္ဝင္စားျခင္းရွိမွာမဟုတ္တာျဖစ္ပါတယ္။

ရာေဖးလ္ လီအိုနဲ႔ အခ်ိန္မ်ားစြာ ကုန္ဆုံးခဲ့ဖူးတဲ့ စပို႔တင္းလစၥဘြန္း လူငယ္နည္းျပ တီေယဂို ဖာနန္ဒက္စ္က ေပၚတူဂီေတာင္ပံကစားသမားဟာ ဘရာဇီးလ္ ဂႏၲဝင္တိုက္စစ္မႉး ႐ိုနယ္လ္ဒိုနဲ႔ တူညီတဲ့ အရည္အခ်င္းမ်ိဳး ပိုင္ဆိုင္ထားတယ္လို႔ ေျပာၾကားခဲ့ပါတယ္။

“သူ႔ရဲ႕ လ်င္ျမန္မႈ၊ နည္းစနစ္ႂကြယ္ဝမႈနဲ႔ အဆုံးသတ္ အရည္အေသြးေတြက ကြၽန္ေတာ့္ကို ႐ိုနယ္လ္ဒိုကို ျပန္သတိရသြားေစတယ္လို႔ ေျပာရမွာပါ။ သူ အျမင့္ေဘာေတြမွာ တိုးတက္ေအာင္လုပ္ဖို႔ လိုအပ္ေသးတာ ျဖစ္ေကာင္းျဖစ္ႏိုင္ေပမယ့္ ကြၽန္ေတာ္ ေအစီမီလန္ပရိသတ္ေတြကို ေျပာခ်င္တာက လီအိုက သူ႔ဘာသာ ပြဲကို အဆုံးအျဖတ္ေပးႏိုင္တဲ့ ခ်န္ပီယံတစ္ေယာက္ဆိုတာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

ေအစီမီလန္အသင္းအတြက္ ၂၀၂၁-၂၀၂၂ ရာသီမွာ စီးရီးေအ ၃၄ ပြဲ ပါဝင္ကစားေပးခဲ့ရာမွာ သြင္းဂိုး ၁၁ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၈ ႀကိမ္အထိ ျပဳလုပ္ထားႏိုင္ခဲ့တဲ့ ရာေဖးလ္ လီအိုရဲ႕ အစ္တီဟတ္ အေျပာင္းအေ႐ႊ႕ အမွန္တကယ္ျဖစ္လာမလား ေစာင့္ၾကည့္သြားရမွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.