Bundesliga Premier League Transfer News

လူကာကူး ထွက်ခွာရင် စပယ်ရှယ်လစ် အစားထိုးခေါ်ယူမှုပြုလုပ်ဖို့ ကြိုးပမ်းမယ့် ချဲလ်ဆီး

ချဲလ်ဆီးအသင်းဟာ ယခုနွေရာသီမှာ တိုက်စစ်မှူး လူကာကူး စတမ်းဖို့ဒ် ဘရစ်ချ်ကို စွန့်ခွာမယ်ဆိုရင် စပယ်ရှယ်လစ် အစားထိုးခေါ်ယူမှု ပြုလုပ်ဖို့ ကြိုးပမ်းသွားမှာဖြစ်တယ်လို့ သတင်းတွေအရ သိရပါတယ်။

အသက် ၂၉ နှစ်အရွယ် တိုက်စစ်မှူးဟာ ချဲလ်ဆီးအသင်းမှာ စိတ်ပျက်ဖွယ် ရာသီကို ရင်ဆိုင်ခဲ့ရပြီးနောက် အင်တာမီလန်အသင်းကို ပြန်လည်ပြောင်းရွှေ့ဖို့ သတင်းတွေ အခိုင်အမာ ထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။ Evening Standard ရဲ့ ဖော်ပြချက်အရ ချဲလ်ဆီးအသင်းဟာ ယခုနွေရာသီအပြောင်းအရွှေ့ကာလမှာ လူကာကူး ထွက်ခွာခဲ့မယ်ဆိုရင် စပယ်ရှယ်လစ် အစားထိုးခေါ်ယူမှုပြုလုပ်ဖို့ ကြိုးပမ်းသွားမယ်လို့ သိရပါတယ်။

ဘယ်လ်ဂျီယမ်တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ နွေရာသီမှာ အသင်းစံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၉၇.၅ သန်းနဲ့ စတမ်းဖို့ဒ် ဘရစ်ချ်ကို ပြန်လည်ပြောင်းရွှေ့ခဲ့ပေမယ့် ပြီးခဲ့တဲ့ရာသီ အင်တာမီလန်မှာ သွင်းဂိုး ၃၀ အထိ သွင်းယူခဲ့တဲ့ ခြေစွမ်းမျိုး ပြန်လည်ပြသနိုင်ခြင်းမရှိခဲ့တာ ဖြစ်ပါတယ်။

လူကာကူးဟာ စတမ်းဖို့ဒ် ဘရစ်ချ်က အငြင်းပွားဖွယ် ရာသီမှာ သောမတ်စ် တူဟယ်ရဲ့အသင်းအတွက် အင်တာမီလန်က သွင်းဂိုး တစ်ဝက်လာက်သာ သွင်းယူနိုင်ခဲ့ပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက နည်းပြရဲ့ ကစားကွက်ကို ဝေဖန်ခဲ့ပြီးနောက် တစ်နေ့မှာ အီတလီကို ပြန်သွားချင်တဲ့ ဆန္ဒကို ဝန်ခံပြောကြားခဲ့ပါတယ်။

လူကာကူးအနေနဲ့ အင်တာမီလန်ကို ပြန်လည်ပြောင်းရွှေ့ချင်တဲ့ဆန္ဒကို ခွင့်ပြုခြင်း ခံရတော့မယ့်ပုံပေါ်ပြီး ချဲလ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်ကို ပြန်လည်ပြောင်းရွှေ့ပြီးနောက်ပိုင်း စိတ်ပျက်စရာရာသီနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ဘယ်လ်ဂျီယမ်တိုက်စစ်မှူးနဲ့ သံယောဇဉ်ဖြတ်သွားဖွယ် ရှိနေတာဖြစ်ပါတယ်။ အင်တာမီလန်အသင်းကလည်း လူကာကူးကို ဆန်စီရိုကို ပြန်လည်ခေါ်ယူချင်နေပေမယ့်လည်း ပြောင်းရွှေ့ကြေးမတတ်နိုင်တာကြောင့် အငှားနဲ့ ခေါ်ယူဖို့အတွက် ဆွေးနွေးနေခဲ့တာဖြစ်ပါတယ်။

ဘယ်လ်ဂျီယမ်တိုက်စစ်မှူးဟာ အင်တာမီလန်မှာရှိတဲ့ လူတွေနဲ့ ဆက်သွယ်ခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့တာကြောင့် အီတလီကို ပြန်သွားနိုင်ဖို့ မျှော်လင့်နေမှာဖြစ်ပြီး ချဲလ်ဆီးအသင်းကလည်း အစားထိုးခေါ်ယူမှု ပြုလုပ်ဖို့ ကြိုးပမ်းသွားမှာဖြစ်ပါတယ်။ လီဗန်ဒေါ့ဗ်စကီးဟာ စတမ်းဖို့ဒ် ဘရစ်ချ်ကို ပြောင်းရွှေ့ဖို့ သတင်းတွေ ထွက်ပေါ်နေခဲ့ပြီး လူကာကူး မပါဝင်နိုင်တဲ့အချိန်မှာ ကျောနံပါတ် ၉ မပါဝင်ဘဲ ကစားခဲ့ရတဲ့ ချဲလ်ဆီးအတွက် ကွက်တိအံဝင်မယ့် စပယ်ရှယ်လစ် အစားထိုးခေါ်ယူမှု ဖြစ်လာဖွယ်ရှိနေတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပိုလန်တိုက်စစ်မှူးဟာ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားတဲ့အကြောင်းကို အတည်ပြု ပြောကြားခဲ့တာဖြစ်ပြီး ချဲလ်ဆီးအသင်းအနေနဲ့ အထောင်တိုက်စစ်မှူးစစ်စစ်အများအပြားနဲ့ သတင်းတွေ ထွက်ပေါ်နေခဲ့ခြင်းမရှိပေမယ့်လည်း လူကာကူးရဲ့ အနာဂတ်က မရေရာတာကြောင့် အစားထိုးခေါ်ယူဖို့ ကြိုးပမ်းသွားမှာ သေချာပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ခ်ဲလ္ဆီးအသင္းဟာ ယခုေႏြရာသီမွာ တိုက္စစ္မႉး လူကာကူး စတမ္းဖို႔ဒ္ ဘရစ္ခ်္ကို စြန႔္ခြာမယ္ဆိုရင္ စပယ္ရွယ္လစ္ အစားထိုးေခၚယူမႈ ျပဳလုပ္ဖို႔ ႀကိဳးပမ္းသြားမွာျဖစ္တယ္လို႔ သတင္းေတြအရ သိရပါတယ္။

အသက္ ၂၉ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ ခ်ဲလ္ဆီးအသင္းမွာ စိတ္ပ်က္ဖြယ္ ရာသီကို ရင္ဆိုင္ခဲ့ရၿပီးေနာက္ အင္တာမီလန္အသင္းကို ျပန္လည္ေျပာင္းေ႐ႊ႕ဖို႔ သတင္းေတြ အခိုင္အမာ ထြက္ေပၚေနခဲ့တာျဖစ္ပါတယ္။ Evening Standard ရဲ႕ ေဖာ္ျပခ်က္အရ ခ်ဲလ္ဆီးအသင္းဟာ ယခုေႏြရာသီအေျပာင္းအေ႐ႊ႕ကာလမွာ လူကာကူး ထြက္ခြာခဲ့မယ္ဆိုရင္ စပယ္ရွယ္လစ္ အစားထိုးေခၚယူမႈျပဳလုပ္ဖို႔ ႀကိဳးပမ္းသြားမယ္လို႔ သိရပါတယ္။

ဘယ္လ္ဂ်ီယမ္တိုက္စစ္မႉးဟာ ၿပီးခဲ့တဲ့ ေႏြရာသီမွာ အသင္းစံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၉၇.၅ သန္းနဲ႔ စတမ္းဖို႔ဒ္ ဘရစ္ခ်္ကို ျပန္လည္ေျပာင္းေ႐ႊ႕ခဲ့ေပမယ့္ ၿပီးခဲ့တဲ့ရာသီ အင္တာမီလန္မွာ သြင္းဂိုး ၃၀ အထိ သြင္းယူခဲ့တဲ့ ေျခစြမ္းမ်ိဳး ျပန္လည္ျပသႏိုင္ျခင္းမရွိခဲ့တာ ျဖစ္ပါတယ္။

လူကာကူးဟာ စတမ္းဖို႔ဒ္ ဘရစ္ခ်္က အျငင္းပြားဖြယ္ ရာသီမွာ ေသာမတ္စ္ တူဟယ္ရဲ႕အသင္းအတြက္ အင္တာမီလန္က သြင္းဂိုး တစ္ဝက္လာက္သာ သြင္းယူႏိုင္ခဲ့ၿပီး ၿပီးခဲ့တဲ့ ဒီဇင္ဘာလတုန္းက နည္းျပရဲ႕ ကစားကြက္ကို ေဝဖန္ခဲ့ၿပီးေနာက္ တစ္ေန႔မွာ အီတလီကို ျပန္သြားခ်င္တဲ့ ဆႏၵကို ဝန္ခံေျပာၾကားခဲ့ပါတယ္။

လူကာကူးအေနနဲ႔ အင္တာမီလန္ကို ျပန္လည္ေျပာင္းေ႐ႊ႕ခ်င္တဲ့ဆႏၵကို ခြင့္ျပဳျခင္း ခံရေတာ့မယ့္ပုံေပၚၿပီး ခ်ဲလ္ဆီးအသင္းဟာ ပရီးမီးယားလိဂ္ကို ျပန္လည္ေျပာင္းေ႐ႊ႕ၿပီးေနာက္ပိုင္း စိတ္ပ်က္စရာရာသီနဲ႔ ရင္ဆိုင္ခဲ့ရတဲ့ ဘယ္လ္ဂ်ီယမ္တိုက္စစ္မႉးနဲ႔ သံေယာဇဥ္ျဖတ္သြားဖြယ္ ရွိေနတာျဖစ္ပါတယ္။ အင္တာမီလန္အသင္းကလည္း လူကာကူးကို ဆန္စီ႐ိုကို ျပန္လည္ေခၚယူခ်င္ေနေပမယ့္လည္း ေျပာင္းေ႐ႊ႕ေၾကးမတတ္ႏိုင္တာေၾကာင့္ အငွားနဲ႔ ေခၚယူဖို႔အတြက္ ေဆြးေႏြးေနခဲ့တာျဖစ္ပါတယ္။

ဘယ္လ္ဂ်ီယမ္တိုက္စစ္မႉးဟာ အင္တာမီလန္မွာရွိတဲ့ လူေတြနဲ႔ ဆက္သြယ္ခဲ့တယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့တာေၾကာင့္ အီတလီကို ျပန္သြားႏိုင္ဖို႔ ေမွ်ာ္လင့္ေနမွာျဖစ္ၿပီး ခ်ဲလ္ဆီးအသင္းကလည္း အစားထိုးေခၚယူမႈ ျပဳလုပ္ဖို႔ ႀကိဳးပမ္းသြားမွာျဖစ္ပါတယ္။ လီဗန္ေဒါ့ဗ္စကီးဟာ စတမ္းဖို႔ဒ္ ဘရစ္ခ်္ကို ေျပာင္းေ႐ႊ႕ဖို႔ သတင္းေတြ ထြက္ေပၚေနခဲ့ၿပီး လူကာကူး မပါဝင္ႏိုင္တဲ့အခ်ိန္မွာ ေက်ာနံပါတ္ ၉ မပါဝင္ဘဲ ကစားခဲ့ရတဲ့ ခ်ဲလ္ဆီးအတြက္ ကြက္တိအံဝင္မယ့္ စပယ္ရွယ္လစ္ အစားထိုးေခၚယူမႈ ျဖစ္လာဖြယ္ရွိေနတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ပိုလန္တိုက္စစ္မႉးဟာ ဘာစီလိုနာအသင္းကို ေျပာင္းေ႐ႊ႕ဖို႔ ဆုံးျဖတ္ထားတဲ့အေၾကာင္းကို အတည္ျပဳ ေျပာၾကားခဲ့တာျဖစ္ၿပီး ခ်ဲလ္ဆီးအသင္းအေနနဲ႔ အေထာင္တိုက္စစ္မႉးစစ္စစ္အမ်ားအျပားနဲ႔ သတင္းေတြ ထြက္ေပၚေနခဲ့ျခင္းမရွိေပမယ့္လည္း လူကာကူးရဲ႕ အနာဂတ္က မေရရာတာေၾကာင့္ အစားထိုးေခၚယူဖို႔ ႀကိဳးပမ္းသြားမွာ ေသခ်ာပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.