Premier League Serie A Transfer News

အန်းဖီးကို လာစေချင်ရင် တစ်ပတ်လုပ်ခ ပေါင် ၂ သိန်းပေးရမယ်လို့ တောင်းဆိုခဲ့တဲ့ ပစ်မှတ်ကစားသမား

ဂျူဗင်တပ်ဗဟိုခံစစ်ကစားသမား ဒီ လိုက်တ်ဟာ တစ်ပတ်လုပ်ခလစာ ပေါင် ၂ သိန်း ရရှိမယ်ဆိုရင် ယခုနွေရာသီမှာ လီဗာပူးလ်ကို ပြောင်းရွှေ့ချင်တယ်လို့ Calciomercato က ဖော်ပြခဲ့ပါတယ်။

ဒီ လိုက်တ်ဟာ လက်ရှိ ဂျူဗင်တပ်အသင်းမှာ ရရှိနေတဲ့ လစာပမာဏအတိုင်း လီဗာပူးလ်အသင်းက ပေးချေနိုင်မယ်ဆိုရင် အန်းဖီးကို ပြောင်းရွှေ့လိမ့်မယ်လို့ Calciomercato က ဖော်ပြခဲ့တာဖြစ်ပါတယ်။ အသက် ၂၂ နှစ်အရွယ် နယ်သာလန်နောက်ခံကစားသမားဟာ ဂျူဗင်တပ်အသင်းမှာ တစ်နှစ်လုပ်ခလစာ ယူရို ၁၂ သန်း ရရှိနေသူဖြစ်ပြီး တစ်ပတ်လုပ်ခလစာ ပေါင် ၂ သိန်းဝန်းကျင် ရရှိနေတာဖြစ်ပါတယ်။

ဂျူဗင်တပ်အသင်းဟာ ဒီ လိုက်တ်ကို စာချုပ်သစ် ကမ်းလှမ်းခဲ့ပေမယ့်လည်း လစာပမာဏကို လျှော့ချခဲ့တာဖြစ်ပြီး အသက် ၂၂ နှစ်အရွယ် ကစားသမားဟာ လာမယ့် ၂၀၂၃ ခုနှစ် နွေရာသီမှာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပါတယ်။

ဒီ လိုက်တ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းကို မပြောင်းရွှေ့ချင်ဘဲ ရီးရဲလ်မက်ဒရစ်၊ ပီအက်စ်ဂျီ၊ မန်ချက်စတာစီးတီး သို့မဟုတ် လီဗာပူးလ်တို့ကိုသာ ပြောင်းရွှေ့ချင်နေပြီး ဂျူဗင်တပ်မှာ ရနေတဲ့ လစာအတိုင်းရမယ်ဆိုရင် ပြောင်းရွှေ့မှာဖြစ်တယ်လို့ Calciomercato က ဖော်ပြခဲ့ပါတယ်။

ဒါပေမယ့်လည်း လက်ရှိအချိန်အထိ ဂျူဗင်တပ်အသင်းဟာ ဒီ လိုက်တ်အတွက် ဘာကမ်းလှမ်းမှုမှ ရရှိခြင်းမရှိသေးဘူးလို့ သိရပြီး ပြီးခဲ့တဲ့မေလတုန်းက Calciomercato က လီဗာပူးလ်ဟာ ဒတ်ချ်နောက်ခံကစားသမားကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ကမ်းလှမ်းဖို့ စဉ်းစားနေတယ်လို့ ဖော်ပြခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းအနေနဲ့ ဂျူဗင်တပ်နောက်ခံကစားသမားကို တစ်ပတ်လုပ်ခလစာ ပေါင် ၂ သိန်းအထိ ပေးရမယ်ဆိုရင်တော့ ဒီနွေရာသီအပြောင်းအရွှေ့ကာလမှာ ခေါ်ယူဖို့ မလိုဘူးလို့ ပြောရမှာဖြစ်ပြီး ဗန်ဒိုက်က လီဗာပူးလ်ခံစစ်မှာ ပုံမှန်ခြေစွမ်းပြသနေသလို ကိုနာတီကလည်း အများကြီး တိုးတက်လာနေတာကြောင့်ဖြစ်ပါတယ်။

ပြီးတဲ့နောက်မှာ အမြဲတမ်း အားထားလို့ရနိုင်တဲ့ မာတစ်ပ် ရှိနေသေးပြီး ဂျိုး ဂိုးမက်ဇ်ကလည်း ကလော့ပ်အတွက် ရွေးချယ်စရာတစ်ခုအဖြစ် ရှိနေတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ဂ်ဴဗင္တပ္ဗဟိုခံစစ္ကစားသမား ဒီ လိုက္တ္ဟာ တစ္ပတ္လုပ္ခလစာ ေပါင္ ၂ သိန္း ရရွိမယ္ဆိုရင္ ယခုေႏြရာသီမွာ လီဗာပူးလ္ကို ေျပာင္းေ႐ႊ႕ခ်င္တယ္လို႔ Calciomercato က ေဖာ္ျပခဲ့ပါတယ္။

ဒီ လိုက္တ္ဟာ လက္ရွိ ဂ်ဴဗင္တပ္အသင္းမွာ ရရွိေနတဲ့ လစာပမာဏအတိုင္း လီဗာပူးလ္အသင္းက ေပးေခ်ႏိုင္မယ္ဆိုရင္ အန္းဖီးကို ေျပာင္းေ႐ႊ႕လိမ့္မယ္လို႔ Calciomercato က ေဖာ္ျပခဲ့တာျဖစ္ပါတယ္။ အသက္ ၂၂ ႏွစ္အ႐ြယ္ နယ္သာလန္ေနာက္ခံကစားသမားဟာ ဂ်ဴဗင္တပ္အသင္းမွာ တစ္ႏွစ္လုပ္ခလစာ ယူ႐ို ၁၂ သန္း ရရွိေနသူျဖစ္ၿပီး တစ္ပတ္လုပ္ခလစာ ေပါင္ ၂ သိန္းဝန္းက်င္ ရရွိေနတာျဖစ္ပါတယ္။

ဂ်ဴဗင္တပ္အသင္းဟာ ဒီ လိုက္တ္ကို စာခ်ဳပ္သစ္ ကမ္းလွမ္းခဲ့ေပမယ့္လည္း လစာပမာဏကို ေလွ်ာ့ခ်ခဲ့တာျဖစ္ၿပီး အသက္ ၂၂ ႏွစ္အ႐ြယ္ ကစားသမားဟာ လာမယ့္ ၂၀၂၃ ခုႏွစ္ ေႏြရာသီမွာ အသင္းနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မွာျဖစ္ပါတယ္။

ဒီ လိုက္တ္ဟာ မန္ခ်က္စတာယူႏိုက္တက္အသင္းကို မေျပာင္းေ႐ႊ႕ခ်င္ဘဲ ရီးရဲလ္မက္ဒရစ္၊ ပီအက္စ္ဂ်ီ၊ မန္ခ်က္စတာစီးတီး သို႔မဟုတ္ လီဗာပူးလ္တို႔ကိုသာ ေျပာင္းေ႐ႊ႕ခ်င္ေနၿပီး ဂ်ဴဗင္တပ္မွာ ရေနတဲ့ လစာအတိုင္းရမယ္ဆိုရင္ ေျပာင္းေ႐ႊ႕မွာျဖစ္တယ္လို႔ Calciomercato က ေဖာ္ျပခဲ့ပါတယ္။

ဒါေပမယ့္လည္း လက္ရွိအခ်ိန္အထိ ဂ်ဴဗင္တပ္အသင္းဟာ ဒီ လိုက္တ္အတြက္ ဘာကမ္းလွမ္းမႈမွ ရရွိျခင္းမရွိေသးဘူးလို႔ သိရၿပီး ၿပီးခဲ့တဲ့ေမလတုန္းက Calciomercato က လီဗာပူးလ္ဟာ ဒတ္ခ်္ေနာက္ခံကစားသမားကို ေခၚယူဖို႔ စိတ္ဝင္စားေနၿပီး ကမ္းလွမ္းဖို႔ စဥ္းစားေနတယ္လို႔ ေဖာ္ျပခဲ့တာျဖစ္ပါတယ္။

လီဗာပူးလ္အသင္းအေနနဲ႔ ဂ်ဴဗင္တပ္ေနာက္ခံကစားသမားကို တစ္ပတ္လုပ္ခလစာ ေပါင္ ၂ သိန္းအထိ ေပးရမယ္ဆိုရင္ေတာ့ ဒီေႏြရာသီအေျပာင္းအေ႐ႊ႕ကာလမွာ ေခၚယူဖို႔ မလိုဘူးလို႔ ေျပာရမွာျဖစ္ၿပီး ဗန္ဒိုက္က လီဗာပူးလ္ခံစစ္မွာ ပုံမွန္ေျခစြမ္းျပသေနသလို ကိုနာတီကလည္း အမ်ားႀကီး တိုးတက္လာေနတာေၾကာင့္ျဖစ္ပါတယ္။

ၿပီးတဲ့ေနာက္မွာ အၿမဲတမ္း အားထားလို႔ရႏိုင္တဲ့ မာတစ္ပ္ ရွိေနေသးၿပီး ဂ်ိဳး ဂိုးမက္ဇ္ကလည္း ကေလာ့ပ္အတြက္ ေ႐ြးခ်ယ္စရာတစ္ခုအျဖစ္ ရွိေနတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.