Premier League

၁၃.၂.၂၀၂၀ အတွက် အာဆင်နယ်အသင်းနှင့် ဆက်စပ်သတင်းများ စုစည်းမှု







REF: VARIOUS SOURCES
KIZARNO
SPORTS A2Z.

UNICODE: ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့အတွက် ရရှိခဲ့တဲ့ တစ်နေ့တာအတွင်း အာဆင်နယ်အသင်းနဲ့ ပတ်သက်တဲ့ ဆက်စပ်သတင်းတွေကို တစ်စုတစ်စည်းတည်း ဖတ်ရှုနိုင်ဖို့အတွက် တစ်နေရာတည်းမှာ ဖော်ပြပေးလိုက်ပါတယ်။

– အာဆင်နယ်အသင်းမှာ ခြေစွမ်းပြသနေတဲ့ ဘယ်တောင်ပံကစားသမားတစ်ဖြစ်လဲ ဘယ်နောက်ခံလူ ဘူကာယို ဆာကာအတွက် စာချုပ်သက်တမ်း ညှိုနှိုင်းနေမှုအပေါ်မှာ အဆင်မပြေခဲ့ရင် ကြားဝင်ဖို့ ဘိုင်ယန်မြူးနစ်၊ လီဗာပူးလ်နဲ့ မန်ချက်စတာယူနိုက်တက်တို့က စောင့်ကြည့်နေပါတယ်။

– ဘိုင်ယန်မြူးနစ်အသင်းအနေနဲ့ နွေရာသီမှာ ကိုင်ဟာဗက်ဇ်ကို ခေါ်ယူမယ်ဆိုရင် ရှင်းထုတ်ခံရဖွယ်ရှိနေတဲ့ ပြင်သစ်လက်ရွေးစင်ကွင်းလယ်လူ ကိုရွန်တင် တိုလစ်ဆိုရဲ့ အနေအထားကို အာဆင်နယ်အသင်းက စောင့်ကြည့်နေပြီး မန်ချက်စတာယူနိုက်တက်နဲ့ ပြိုင်ဆိုင်ရဖို့ ရှိနေတယ်လို့ ဆိုပါတယ်။

– အသင်းရဲ့ ကွင်းလယ်မှာ တဖြည်းဖြည်းနေရာရရှိလာခဲ့တဲ့ ပြင်သစ်လူငယ်ကွင်းလယ်လူ မက်တီယို ဂန်ဒူဇီရဲ့ တစ်ပတ်ကို ပေါင်လေးသောင်းရရှိနေတဲ့ စာချုပ်ကို အာဆင်နယ်ဘက်က လစာငွေနဲ့ စာချုပ်သက်တမ်း တိုးမြှင့်ပေးသွားဖို့ ရှိနေပါတယ်။

– စီးရီးအေကလပ် နာပိုလီအသင်းနဲ့ စာချုပ်သက်တမ်း တိုးမြှင့်ဖို့ စိတ်မဝင်စားတော့ဘဲ နေပယ်လ်မြို့ကနေ ပြန်လည်ထွက်ခွာဖို့ ရှိနေတဲ့ ဘယ်လ်ဂျီယမ်တိုက်စစ်မှူး ဒရီးစ် မာတန်းစ်ကို နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ အာဆင်နယ်အသင်းဘက်က စိတ်ဝင်စားလာခဲ့ပါတယ်။

– ဘုန်းမောက်နောက်ခံလူ နာသန် အေကီကို ခေါ်ယူနိုင်ခဲ့ရင် အသင်းအတွက် ပြီးပြည့်စုံတဲ့ အားဖြည့်မှုဖြစ်လာလိမ့်မယ်လို့ အာဆင်နယ်ကစာသမားဟောင်း ပေါလ်မာဆင်က တိုက်တွန်းလိုက်ပြီး ဒီကစားသမားရဲ့ လုပ်အားနှုန်းက ချီးကျူးစရာလည်းဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။

REF: VARIOUS SOURCES
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.