Bundesliga Premier League Transfer News

ဂနာဘရီကို ပြန်ခေါ်ဖို့ အားတက်စရာသတင်းကြားခဲ့ရတဲ့ အာဆင်နယ်

အာဆင်နယ်အသင်းဟာ လွန်ခဲ့တဲ့ ၆ နှစ်က ထွက်ခွာခွင့်ပေးဖို့ ဆုံးဖြတ်ခဲ့တဲ့ ဂနာဘရီကို ယခုနွေရာသီမှာ ပြန်လည်ခေါ်ယူဖို့ ကြိုးပမ်းမှုအတွက် အားတက်စရာသတင်းကြားခဲ့ရပါတယ်။

ဂျာမန်တောင်ပံကစားသမားဟာ ကမ္ဘာပေါ်က အကောင်းဆုံး တောင်ပံကစားသမားတွေထဲက တစ်ဦးအဖြစ် တိုးတက်လာခဲ့ပေမယ့် နွေရာသီအပြောင်းအရွှေ့ကာလမှာ ခေါ်ယူလို့ ရနိုင်တဲ့အခြေအနေမှာ ရှိနေတာဖြစ်ပါတယ်။ အသက် ၂၆ နှစ်အရွယ် တောင်ပံကစားသမားဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ စာချုပ်သက်တမ်း ၁ နှစ်သာ ကျန်ရှိတော့ပေမယ့်လည်း လက်ရှိအချိန်အထိ စာချုပ်သစ် ချုပ်ဆိုခြင်းမရှိသေးတာဖြစ်ပါတယ်။

အဲဒါကြောင့် ဘွန်ဒက်စ်လီဂါအသင်းကြီးအနေနဲ့ သတိထားရမယ့် အခြေအနေ ဖြစ်လာပြီး လာမယ့်နှစ်မှာ ကြယ်ပွင့်တောင်ပံကစားသမားကို အလွတ်နဲ့ ထွက်ခွာခွင့် ပေးချင်မှာမဟုတ်တာဖြစ်ပါတယ်။ ဂနာဘရီအတွက် ဘိုင်ယန်မြူးနစ်အသင်းအနေနဲ့ သင့်တော်တဲ့ ကမ်းလှမ်းမှုတွေ ရရှိလာရင် ရောင်းထုတ်ဖို့ ပြင်ဆင်သွားရတော့မှာဖြစ်ပြီး အာဆင်နယ်အသင်းက ဟော်ဖန်ဟိမ်းကြယ်ပွင့်ဟောင်းကို စိတ်ဝင်စားနေတဲ့အသင်းတွေထဲမှာ တစ်သင်းအဖြစ် ပါဝင်နေတာဖြစ်ပါတယ်။

ဂနာဘရီဟာ ဟေးအမ်းအကယ်ဒမီကနေတဆင့် ပေါ်ထွက်လာတဲ့ ကစားသမားဖြစ်ပေမယ့်လည်း မြောက်လန်ဒန်မှာ ဘယ်တုန်းကမှ အထင်ကြီးစရာ ခြေစွမ်းမပြသနိုင်ခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ်မှာ ၁၀ ပွဲသာ ပါဝင်ကစားခွင့်ရခဲ့တာဖြစ်ပါတယ်။ ဝက်စ်ဘရွန်းအသင်းမှာ အငှားကစားသမားဘဝ မအောင်မြင်ခဲ့တာကြောင့် ဝါဒါဘရီမင်ရဲ့ ခေါ်ယူမှုနဲ့အတူ မွေးရပ်မြေကို ပြန်လည်ရောက်ရှိခဲ့တဲ့ ဂနာဘရီကို ဘိုင်ယန်မြူးနစ်အသင်းက အံ့အားသင့်ဖွယ် ခေါ်ယူခဲ့တာဖြစ်ပါတယ်။

အဲဒီအချိန်ကစပြီး ဂနာဘရီဟာ ကလပ်အသင်းနဲ့ နိုင်ငံအသင်းအတွက် ကြီးမားတဲ့ ကြယ်ပွင့်ကစားသမားတစ်ဦးအဖြစ် တိုးတက်လာခဲ့တာဖြစ်ပြီး အာဆင်နယ်ဟာ ဂျာမန်တောင်ပံကစားသမားကို အမ်းမရိတ်စ်ပြန်လာဖို့ ကြိုးပမ်းမှုမှာ အားတက်စရာ သတင်းကြားခဲ့ရပါတယ်။

Marca ရဲ့ ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ်အသင်းဟာ ယခုနွေရာသီမှာ ဂနာဘရီကို ခေါ်ယူမယ့် ပြိုင်ပွဲထဲကနေ နုတ်ထွက်သွားခဲ့ပြီဖြစ်တယ်လို့ သိရပြီး ဒီသတင်းဟာ အာတီတာအတွက်တော့ ထီပေါက်သလို ဖြစ်လာခဲ့ပြီဖြစ်ပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ ဂနာဘရီကို ပေါင် ၃၄ သန်းလောက်နဲ့ဆိုရင် ပြန်လည်ခေါ်ယူနိုင်မယ်လို့ သတင်းတွေက ဖော်ပြနေချိန်မှာ ဘိုင်ယန်မြူးနစ်အသင်း ဥက္ကဌ ဟားဘတ် ဟိုင်နာက “ကျွန်တော်တို့ ဇက်ရှ်နဲ့ ပြောဆိုဆွေးနွေးနေခဲ့တာ အချိန်အတော်ကြာခဲ့ပါပြီ။ ကံဆိုးစွာနဲ့ပဲ သဘောတူညီမှု အခုအထိ မရသေးပါဘူး။ မတူညီတဲ့အတွေးအခေါ်တွေ အနည်းငယ်ရှိပါတယ်။ ကျွန်တော်တို့ အဲဒါကို ဖြေရှင်းဖို့ လုပ်ဆောင်နေပါတယ်”လို့ BILD ကို ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:အာဆင္နယ္အသင္းဟာ လြန္ခဲ့တဲ့ ၆ ႏွစ္က ထြက္ခြာခြင့္ေပးဖို႔ ဆုံးျဖတ္ခဲ့တဲ့ ဂနာဘရီကို ယခုေႏြရာသီမွာ ျပန္လည္ေခၚယူဖို႔ ႀကိဳးပမ္းမႈအတြက္ အားတက္စရာသတင္းၾကားခဲ့ရပါတယ္။

ဂ်ာမန္ေတာင္ပံကစားသမားဟာ ကမာၻေပၚက အေကာင္းဆုံး ေတာင္ပံကစားသမားေတြထဲက တစ္ဦးအျဖစ္ တိုးတက္လာခဲ့ေပမယ့္ ေႏြရာသီအေျပာင္းအေ႐ႊ႕ကာလမွာ ေခၚယူလို႔ ရႏိုင္တဲ့အေျခအေနမွာ ရွိေနတာျဖစ္ပါတယ္။ အသက္ ၂၆ ႏွစ္အ႐ြယ္ ေတာင္ပံကစားသမားဟာ ဘိုင္ယန္ျမဴးနစ္အသင္းနဲ႔ စာခ်ဳပ္သက္တမ္း ၁ ႏွစ္သာ က်န္ရွိေတာ့ေပမယ့္လည္း လက္ရွိအခ်ိန္အထိ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုျခင္းမရွိေသးတာျဖစ္ပါတယ္။

အဲဒါေၾကာင့္ ဘြန္ဒက္စ္လီဂါအသင္းႀကီးအေနနဲ႔ သတိထားရမယ့္ အေျခအေန ျဖစ္လာၿပီး လာမယ့္ႏွစ္မွာ ၾကယ္ပြင့္ေတာင္ပံကစားသမားကို အလြတ္နဲ႔ ထြက္ခြာခြင့္ ေပးခ်င္မွာမဟုတ္တာျဖစ္ပါတယ္။ ဂနာဘရီအတြက္ ဘိုင္ယန္ျမဴးနစ္အသင္းအေနနဲ႔ သင့္ေတာ္တဲ့ ကမ္းလွမ္းမႈေတြ ရရွိလာရင္ ေရာင္းထုတ္ဖို႔ ျပင္ဆင္သြားရေတာ့မွာျဖစ္ၿပီး အာဆင္နယ္အသင္းက ေဟာ္ဖန္ဟိမ္းၾကယ္ပြင့္ေဟာင္းကို စိတ္ဝင္စားေနတဲ့အသင္းေတြထဲမွာ တစ္သင္းအျဖစ္ ပါဝင္ေနတာျဖစ္ပါတယ္။

ဂနာဘရီဟာ ေဟးအမ္းအကယ္ဒမီကေနတဆင့္ ေပၚထြက္လာတဲ့ ကစားသမားျဖစ္ေပမယ့္လည္း ေျမာက္လန္ဒန္မွာ ဘယ္တုန္းကမွ အထင္ႀကီးစရာ ေျခစြမ္းမျပသႏိုင္ခဲ့တာျဖစ္ၿပီး ပရီးမီးယားလိဂ္မွာ ၁၀ ပြဲသာ ပါဝင္ကစားခြင့္ရခဲ့တာျဖစ္ပါတယ္။ ဝက္စ္ဘ႐ြန္းအသင္းမွာ အငွားကစားသမားဘဝ မေအာင္ျမင္ခဲ့တာေၾကာင့္ ဝါဒါဘရီမင္ရဲ႕ ေခၚယူမႈနဲ႔အတူ ေမြးရပ္ေျမကို ျပန္လည္ေရာက္ရွိခဲ့တဲ့ ဂနာဘရီကို ဘိုင္ယန္ျမဴးနစ္အသင္းက အံ့အားသင့္ဖြယ္ ေခၚယူခဲ့တာျဖစ္ပါတယ္။

အဲဒီအခ်ိန္ကစၿပီး ဂနာဘရီဟာ ကလပ္အသင္းနဲ႔ ႏိုင္ငံအသင္းအတြက္ ႀကီးမားတဲ့ ၾကယ္ပြင့္ကစားသမားတစ္ဦးအျဖစ္ တိုးတက္လာခဲ့တာျဖစ္ၿပီး အာဆင္နယ္ဟာ ဂ်ာမန္ေတာင္ပံကစားသမားကို အမ္းမရိတ္စ္ျပန္လာဖို႔ ႀကိဳးပမ္းမႈမွာ အားတက္စရာ သတင္းၾကားခဲ့ရပါတယ္။

Marca ရဲ႕ ေဖာ္ျပခ်က္အရ ရီးရဲလ္မက္ဒရစ္အသင္းဟာ ယခုေႏြရာသီမွာ ဂနာဘရီကို ေခၚယူမယ့္ ၿပိဳင္ပြဲထဲကေန ႏုတ္ထြက္သြားခဲ့ၿပီျဖစ္တယ္လို႔ သိရၿပီး ဒီသတင္းဟာ အာတီတာအတြက္ေတာ့ ထီေပါက္သလို ျဖစ္လာခဲ့ၿပီျဖစ္ပါတယ္။

အာဆင္နယ္အသင္းအေနနဲ႔ ဂနာဘရီကို ေပါင္ ၃၄ သန္းေလာက္နဲ႔ဆိုရင္ ျပန္လည္ေခၚယူႏိုင္မယ္လို႔ သတင္းေတြက ေဖာ္ျပေနခ်ိန္မွာ ဘိုင္ယန္ျမဴးနစ္အသင္း ဥကၠဌ ဟားဘတ္ ဟိုင္နာက “ကြၽန္ေတာ္တို႔ ဇက္ရွ္နဲ႔ ေျပာဆိုေဆြးေႏြးေနခဲ့တာ အခ်ိန္အေတာ္ၾကာခဲ့ပါၿပီ။ ကံဆိုးစြာနဲ႔ပဲ သေဘာတူညီမႈ အခုအထိ မရေသးပါဘူး။ မတူညီတဲ့အေတြးအေခၚေတြ အနည္းငယ္ရွိပါတယ္။ ကြၽန္ေတာ္တို႔ အဲဒါကို ေျဖရွင္းဖို႔ လုပ္ေဆာင္ေနပါတယ္”လို႔ BILD ကို ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.