International Premier League

မယုံနိုင်ဖွယ် ဂိုးမိုးရွာခဲ့တဲ့ မက်ဆီအပြင် တစ်ပွဲတည်း ၅ ဂိုးသွင်းယူဖူးတဲ့ ကစားသမားများ

လီယွန်နယ် မက်ဆီဟာ တနင်္ဂနွေနေ့ညနေက အက်စ်တိုးနီးယားနဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲစဉ်မှာ တစ်ဦးတည်း ၅ ဂိုးအထိ သွင်းယူပြီး ကမ္ဘာ့ထိပ်တန်းအဆင့် ခြေစွမ်းကို ပြသနိုင်ခဲ့ပါတယ်။

အာဂျင်တီးနားအသင်းခေါင်းဆောင်ဟာ ဥရောပ အသင်းငယ်လေးနဲ့ပွဲစဉ်မှာ ၅ ဂိုးစလုံးသွင်းယူနိုင်ခဲ့ပြီးနောက် ၈၁ နှစ်သက်တမ်းရှိပြီဖြစ်တဲ့ စံချိန်ကို လိုက်မီခဲ့ပြီဖြစ်ပြီး သမိုင်းစာချုပ်ကို အသစ်ပြန်လည်ရေးသားနိုင်ခဲ့ပါတယ်။

မက်ဆီဟာ အာဂျင်တီးနားအသင်းရဲ့ တသက်တာ စံချိန်တင်ဂိုးသွင်းရှင်အဖြစ် ရပ်တည်နိုင်မှုကိုလည်း တိုးမြှင့်နိုင်ခဲ့ပြီဖြစ်ပြီး ၁၆၂ ပွဲမှာ ၈၆ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီဖြစ်တာကြောင့် ၁၉၂၅ ခုနှစ်တုန်းက မန်နူရယ် ဆိုအာနီနဲ့ ၁၉၄၁ ခုနှစ်တုန်းက ဂျူအန် မားဗက်ဇီတို့ အာဂျင်တီးနားအသင်းအတွက် တစ်ပွဲတည်း ၅ ဂိုးသွင်းယူခဲ့တဲ့ စံချိန်ကို လိုက်မီခဲ့တာဖြစ်ပါတယ်။

မက်ဆီရဲ့ မယုံနိုင်ဖွယ် စွမ်းဆောင်ရည်ကို မြင်တွေ့ခဲ့ရပြီးနောက်မှာ တစ်ပွဲတည်းနဲ့ ၅ ဂိုးအထိ သွင်းယူနိုင်တဲ့ ကစားသမား ဘယ်နှဦးလောက်အထိ ရှိလဲဆိုတာ တွေးစရာဖြစ်လာခဲ့ပြီး အာဂျင်တီးနားဂန္တဝင်တိုက်စစ်မှူးဟာ ၂၀၁၂ ခုနှစ်ကတည်းက ဒီ စံချိန်ကို ရရှိထားပြီးသားဖြစ်တယ်ဆိုတာ သိရရင် အံ့အားသင့်မိတော့မှာ မဟုတ်ပါဘူး။

လီယွန်နယ် မက်ဆီ

မက်ဆီရဲ့ တနင်္ဂနွေနေ့ညနေက ၅ ဂိုးသွင်းယူနိုင်ခဲ့တာက ပထမဆုံးအကြိမ်မဟုတ်တော့ဘဲ လွန်ခဲ့တဲ့ ဆယ်စုနှစ်တုန်းက လေဗာကူဆင်နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ၅ ဂိုးအထိ သွင်းယူခဲ့ဖူးတာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ ဘွန်ဒက်စ်လီဂါအသင်းကို ၇-၁ နဲ့ အနိုင်ရရှိခဲ့ပြီး ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်သွားနိုင်ခဲ့တာဖြစ်ပါတယ်။

လူးဝစ်ဇ် အက်ဒရီယာနို

မက်ဆီဟာ ချန်ပီယံလိဂ်သမိုင်းမှာ တစ်ပွဲတည်း ၅ ဂိုးသွင်းယူထားတဲ့ ပထမဆုံကစားသမားဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ၎င်းရဲ့ စံချိန်ဟာ လိုက်မီခြင်းခံခဲ့ရပါတယ်။ မက်ဆီရဲ့ စံချိန်ရေးထိုးမှုအပြီး ၂ နှစ်အကြာမှာ တောင်အမေရိကကြယ်ပွင့် လူးဝစ်ဇ် အက်ဒရီယာနိုက လိုက်မီခဲ့တာဖြစ်ပြီး ဘရာဇီးလ်တိုက်စစ်မှူးဟာ ရှက်တာဒိုးနတ်အသင်းအတွက် ဘူဂေးရီးယားအသင်းဖြစ်တဲ့ ဘိုရီဆော့ဗ်ကို ချန်ပီယံလိဂ်အုပ်စုအဆင့်မှာ ၅ ဂိုးအထိ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ အက်ဒရီယာနိုဟာ ဘိုရီဆော့ဗ်ကို ၁၂ မိနစ်အတွင်း ၃ လုံးသွင်းယူခဲ့တာကြောင့် ချန်ပီယံလိဂ်သမိုင်းမှာ တတိယမြောက် အမြန်ဆုံးဟက်ထရစ်သွင်းဂိုးလည်း ဖြစ်ခဲ့ပါတယ်။

အာရိဇ် ချယ်ဒိုရိဇ်

၂ နှစ်အကြာမှာ တစ်ပွဲတည်း ၅ ဂိုး စံချိန်ကို နောက်ထပ်တစ်ကြိမ် ယူရိုပါလိဂ်မှာ ထပ်မံရေးထိုးနိုင်ခဲ့ပြီး ဒီတစ်ကြိမ်မှာတော့ အက်သလက်တစ် ဘီလ်ဘာအိုတိုက်စစ်မှူး ချယ်ဒိုရိဇ်က သွင်းယူခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ အနားယူသွားခဲ့ပြီဖြစ်တဲ့ စပိန်ဝါရင့်တိုက်စစ်မှူးကြီးဟာ ယူရိုပါလိဂ်သမိုင်းမှာ တစ်ပွဲတည်း ၅ ဂိုးသွင်းနိုင်တဲ့ ပထမဆုံးကစားသမားဖြစ်လာခဲ့ပြီး ဘယ်လ်ဂျီယမ်ကလပ် ဂျင့်ခ်ကို ၅-၃ နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

အသက် ၃၅ နှစ်အရွယ်တိုက်စစ်မှူးရဲ့ သွင်းဂိုး ၅ ဂိုးထဲက ၃ ဂိုးဟာ ပင်နယ်တီကနေတဆင့် သွင်းယူခဲ့တာဖြစ်ပါတယ်။ ချယ်ဒိုရိဇ်ဟာ ၁၉၇၁ ခုနှစ်နောက်ပိုင်း ဥရောပပွဲစဉ်တစ်ပွဲတည်းမှာ ၅ ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံး စပိန်ကစားသမားလည်း ဖြစ်လာခဲ့ပြီး ၁၉၉၄ ခုနှစ်နောက်ပိုင်း ဥရောပဒုတိယတန်းပြိုင်ပွဲမှာ ၅ ဂိုးအထိ သွင်းယူနိုင်တဲ့ ပထမဆုံးကစားသမားလည်း ဖြစ်ခဲ့ပါတ်ယ။

အန်ဒီ ကိုးလ်

၁၉၉၅ ခုနှစ်မှာ အန်ဒီ ကိုးလ်ဟာ အစ်ပ်ဆွစ် တောင်းကို ၉-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ တစ်ဦးတည်း ၅ ဂိုးအထိ သွင်းယူနိုင်တဲ့ ပထမဆုံးကစားသမားဖြစ်လာခဲ့ပြီး ဒီပွဲစဉ်ရလဒ်ကြောင့် မန်ချက်စတာယူနိုက်တက်အသင်းဟာ ၁၀၃ နှစ်အတွင်း အကြီးမားဆုံးလိဂ်နိုင်ပွဲကို ပိုင်ဆိုင်ခဲ့ပါတယ်။ အန်ဒီ ကိုးလ်ဟာ အစ်ပ်ဆွစ် တောင်းနဲ့ပွဲစဉ် ပထမပိုင်းမှာ ၂ ဂိုးသွင်းယူခဲ့ပြီး ဒုတိယပိုင်းမှာ နောက်ထပ် ၃ ဂိုးကို သွင်းယူခဲ့တာဖြစ်ပါတယ်။

အလန် ရှီးယားရား

ပရီးမီးယားလိဂ်တသက်တာထိပ်တန်းဂိုးသွင်းရှင်ဖြစ်တဲ့ အလန် ရှီးယားရားဟာ အန်ဒီ ကိုးလ် စံချိန်ရေးထိုးပြီး ၄ နှစ်အကြာမှာ တစ်ပွဲတည်း ၅ ဂိုးစံချိန်ကို လိုက်မီခဲ့တာဖြစ်ပါတယ်။ ရှီးယားရားဟာ ၁၉၉၉ ခုနှစ်က ရှက်ဖီး ဝမ့်စ်န်ဒေးကို ၈-၀ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ နယူးကာဆယ်လ်အသင်းအတွက် ၅ ဂိုးသွင်းယူပေးခဲ့တာဖြစ်ပြီး ပထမပိုင်း မိနစ် ၃၀ အထိ တစ်ဂိုးမှ မရသေးပေမယ့် အင်္ဂလန်ဂန္တဝင်တိုက်စစ်မှူးဟာ ပထမပိုင်း ပြီးဆုံးခါနီး ၁၂ မိနစ်အတွင်း ၃ ဂိုးအထိ သွင်းယူခဲ့ပြီး ဒုတိယပိုင်း ပြီးဆုံးခါနီးမှာ နောက်ထပ် ၂ ဂိုး သွင်းယူခဲ့တာဖြစ်ပါတယ်။

ဂျာမိန်း ဒီဖိုး

ပရီးမီးယားလိဂ်မှာ ၅ ဂိုးစံချိန်ကို ရရှိခဲ့တဲ့ တတိယမြောက်နဲ့ နောက်ဆုံး အင်္ဂလန်တိုက်စစ်မှူးဖြစ်တဲ့ ဒီဖိုးဟာ အလန် ရှီးယားရားရဲ့စံချိန်ကို ၁၀ နှစ်အကြာမှာ လိုက်မီခဲ့ပါတယ်။ ၂၀၀၉ ခုနှစ် နိုဝင်ဘာလက ဝီဂန်ကို ၉-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ တော့တင်ဟမ်ဟော့စပါးအသင်းအတွက် ဒုတိယပိုင်းမှာ ၅ ဂိုးသွင်းယူပေးခဲ့ပြီး ပရီးမီးယားလိဂ်သမိုင်းမှာ ဒုတိယမြောက်အမြန်ဆုံးဟက်ထရစ် သွင်းဂိုးစံချိန်ကိုလည်း ရေးထိုးနိုင်ခဲ့ပါတယ်။

ဒီမီတာ ဘာဘာတော့ဗ်

ဂိုးရှေ့မှာ ၁၀ ပွဲဆက်တိုက် ဂိုးပေါက်ပျောက်ဆုံးနေမှုကို အကောင်းဆုံးအဆုံးသတ်တဲ့နည်းလမ်းကတော့ တစ်ပွဲတည်း ၅ ဂိုးသွင်းတာဖြစ်ပြီး ဘာဘာတော့ဗ်က ဒီဖိုးရဲ့ ၅ ဂိုးသွင်းယူနိုင်ခဲ့တဲ့ ပွဲစဉ်အပြီး ၁၂ လအကြာမှာ ဒီစံချိန်ကို လိုက်မီခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ အိုးထရက်ဖို့ဒ်မှာ ဘလက်ဘန်းအသင်းကို ၇-၁ နဲ့ အပြတ်အသတ် ချေမှုန်းခဲ့ပြီး ဘူဂေးရီးယားတိုက်စစ်မှူးဟာ ၅ ဂိုးအထိ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဆာဂျီယို အဂွေရို

မက်ဆီဟာ တစ်ပွဲတည်း ၅ ဂိုးသွင်းယူနိုင်တဲ့ တစ်ဦးတည်းသော အာဂျင်တီးနားကြယ်ပွင့်မဟုတ်ဘဲ ၎င်းရဲ့အသင်းဖော်ဟောင်း အဂွေရိုကလည်း ၅ ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာစီးတီးဂန္တဝင်တိုက်စစ်မှူး အဂွေရိုဟာ ၂၀၁၅ ခုနှစ် အောက်တိုဘာလက နယူးကာဆယ်လ်ကို ၆-၁ နဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ဒီစံချိန်ကို ပိုင်ဆိုင်ခဲ့တာဖြစ်ပြီး မီထရိုဗစ်က နယူးကာဆယ်လ်အတွက် ဦးဆောင်ဂိုးသွင်းယူပေးခဲ့ပြီးနောက်မှာတော့ အာဂျင်တီးနားကြယ်ပွင့်က ပရီးမီးယားလိဂ်သမိုင်းမှာ အကောင်းဆုံးဂိုးသွင်းခြေစွမ်းတွေထဲက တစ်ခုကို ပြသခဲ့တာဖြစ်ပါတယ်။ အဂွေရိုဟာ ပထမပိုင်းနဲ့ ဒုတိယပိုင်း ၂ ပိုင်းစလုံးမှာ မိနစ် ၂၀ အတွင်း ၅ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး စတိဗ် မက္ကလာရင်ရဲ့အသင်းကို အရုပ်ကြိုးပြတ်ဖြစ်စေခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:လီယြန္နယ္ မက္ဆီဟာ တနဂၤေႏြေန႔ညေနက အက္စ္တိုးနီးယားနဲ႔ ကစားခဲ့တဲ့ ေျခစမ္းပြဲစဥ္မွာ တစ္ဦးတည္း ၅ ဂိုးအထိ သြင္းယူၿပီး ကမာၻ႔ထိပ္တန္းအဆင့္ ေျခစြမ္းကို ျပသႏိုင္ခဲ့ပါတယ္။

အာဂ်င္တီးနားအသင္းေခါင္းေဆာင္ဟာ ဥေရာပ အသင္းငယ္ေလးနဲ႔ပြဲစဥ္မွာ ၅ ဂိုးစလုံးသြင္းယူႏိုင္ခဲ့ၿပီးေနာက္ ၈၁ ႏွစ္သက္တမ္းရွိၿပီျဖစ္တဲ့ စံခ်ိန္ကို လိုက္မီခဲ့ၿပီျဖစ္ၿပီး သမိုင္းစာခ်ဳပ္ကို အသစ္ျပန္လည္ေရးသားႏိုင္ခဲ့ပါတယ္။

မက္ဆီဟာ အာဂ်င္တီးနားအသင္းရဲ႕ တသက္တာ စံခ်ိန္တင္ဂိုးသြင္းရွင္အျဖစ္ ရပ္တည္ႏိုင္မႈကိုလည္း တိုးျမႇင့္ႏိုင္ခဲ့ၿပီျဖစ္ၿပီး ၁၆၂ ပြဲမွာ ၈၆ ဂိုးအထိ သြင္းယူႏိုင္ခဲ့ၿပီျဖစ္တာေၾကာင့္ ၁၉၂၅ ခုႏွစ္တုန္းက မန္ႏူရယ္ ဆိုအာနီနဲ႔ ၁၉၄၁ ခုႏွစ္တုန္းက ဂ်ဴအန္ မားဗက္ဇီတို႔ အာဂ်င္တီးနားအသင္းအတြက္ တစ္ပြဲတည္း ၅ ဂိုးသြင္းယူခဲ့တဲ့ စံခ်ိန္ကို လိုက္မီခဲ့တာျဖစ္ပါတယ္။

မက္ဆီရဲ႕ မယုံႏိုင္ဖြယ္ စြမ္းေဆာင္ရည္ကို ျမင္ေတြ႕ခဲ့ရၿပီးေနာက္မွာ တစ္ပြဲတည္းနဲ႔ ၅ ဂိုးအထိ သြင္းယူႏိုင္တဲ့ ကစားသမား ဘယ္ႏွဦးေလာက္အထိ ရွိလဲဆိုတာ ေတြးစရာျဖစ္လာခဲ့ၿပီး အာဂ်င္တီးနားဂႏၲဝင္တိုက္စစ္မႉးဟာ ၂၀၁၂ ခုႏွစ္ကတည္းက ဒီ စံခ်ိန္ကို ရရွိထားၿပီးသားျဖစ္တယ္ဆိုတာ သိရရင္ အံ့အားသင့္မိေတာ့မွာ မဟုတ္ပါဘူး။

လီယြန္နယ္ မက္ဆီ

မက္ဆီရဲ႕ တနဂၤေႏြေန႔ညေနက ၅ ဂိုးသြင္းယူႏိုင္ခဲ့တာက ပထမဆုံးအႀကိမ္မဟုတ္ေတာ့ဘဲ လြန္ခဲ့တဲ့ ဆယ္စုႏွစ္တုန္းက ေလဗာကူဆင္နဲ႔ ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲစဥ္မွာ ၅ ဂိုးအထိ သြင္းယူခဲ့ဖူးတာျဖစ္ပါတယ္။ ဘာစီလိုနာအသင္းဟာ ဘြန္ဒက္စ္လီဂါအသင္းကို ၇-၁ နဲ႔ အႏိုင္ရရွိခဲ့ၿပီး ခ်န္ပီယံလိဂ္ ဆီမီးဖိုင္နယ္အဆင့္ကို တက္ေရာက္သြားႏိုင္ခဲ့တာျဖစ္ပါတယ္။

လူးဝစ္ဇ္ အက္ဒရီယာႏို

မက္ဆီဟာ ခ်န္ပီယံလိဂ္သမိုင္းမွာ တစ္ပြဲတည္း ၅ ဂိုးသြင္းယူထားတဲ့ ပထမဆုံကစားသမားျဖစ္ေကာင္းျဖစ္ႏိုင္ေပမယ့္ ၎ရဲ႕ စံခ်ိန္ဟာ လိုက္မီျခင္းခံခဲ့ရပါတယ္။ မက္ဆီရဲ႕ စံခ်ိန္ေရးထိုးမႈအၿပီး ၂ ႏွစ္အၾကာမွာ ေတာင္အေမရိကၾကယ္ပြင့္ လူးဝစ္ဇ္ အက္ဒရီယာႏိုက လိုက္မီခဲ့တာျဖစ္ၿပီး ဘရာဇီးလ္တိုက္စစ္မႉးဟာ ရွက္တာဒိုးနတ္အသင္းအတြက္ ဘူေဂးရီးယားအသင္းျဖစ္တဲ့ ဘိုရီေဆာ့ဗ္ကို ခ်န္ပီယံလိဂ္အုပ္စုအဆင့္မွာ ၅ ဂိုးအထိ သြင္းယူေပးခဲ့တာျဖစ္ပါတယ္။ အက္ဒရီယာႏိုဟာ ဘိုရီေဆာ့ဗ္ကို ၁၂ မိနစ္အတြင္း ၃ လုံးသြင္းယူခဲ့တာေၾကာင့္ ခ်န္ပီယံလိဂ္သမိုင္းမွာ တတိယေျမာက္ အျမန္ဆုံးဟက္ထရစ္သြင္းဂိုးလည္း ျဖစ္ခဲ့ပါတယ္။

အာရိဇ္ ခ်ယ္ဒိုရိဇ္

၂ ႏွစ္အၾကာမွာ တစ္ပြဲတည္း ၅ ဂိုး စံခ်ိန္ကို ေနာက္ထပ္တစ္ႀကိမ္ ယူ႐ိုပါလိဂ္မွာ ထပ္မံေရးထိုးႏိုင္ခဲ့ၿပီး ဒီတစ္ႀကိမ္မွာေတာ့ အက္သလက္တစ္ ဘီလ္ဘာအိုတိုက္စစ္မႉး ခ်ယ္ဒိုရိဇ္က သြင္းယူခဲ့တာျဖစ္ပါတယ္။ လက္ရွိအခ်ိန္မွာ အနားယူသြားခဲ့ၿပီျဖစ္တဲ့ စပိန္ဝါရင့္တိုက္စစ္မႉးႀကီးဟာ ယူ႐ိုပါလိဂ္သမိုင္းမွာ တစ္ပြဲတည္း ၅ ဂိုးသြင္းႏိုင္တဲ့ ပထမဆုံးကစားသမားျဖစ္လာခဲ့ၿပီး ဘယ္လ္ဂ်ီယမ္ကလပ္ ဂ်င့္ခ္ကို ၅-၃ နဲ႔ အႏိုင္ရရွိခဲ့တာျဖစ္ပါတယ္။

အသက္ ၃၅ ႏွစ္အ႐ြယ္တိုက္စစ္မႉးရဲ႕ သြင္းဂိုး ၅ ဂိုးထဲက ၃ ဂိုးဟာ ပင္နယ္တီကေနတဆင့္ သြင္းယူခဲ့တာျဖစ္ပါတယ္။ ခ်ယ္ဒိုရိဇ္ဟာ ၁၉၇၁ ခုႏွစ္ေနာက္ပိုင္း ဥေရာပပြဲစဥ္တစ္ပြဲတည္းမွာ ၅ ဂိုးသြင္းယူႏိုင္တဲ့ ပထမဆုံး စပိန္ကစားသမားလည္း ျဖစ္လာခဲ့ၿပီး ၁၉၉၄ ခုႏွစ္ေနာက္ပိုင္း ဥေရာပဒုတိယတန္းၿပိဳင္ပြဲမွာ ၅ ဂိုးအထိ သြင္းယူႏိုင္တဲ့ ပထမဆုံးကစားသမားလည္း ျဖစ္ခဲ့ပါတ္ယ။

အန္ဒီ ကိုးလ္

၁၉၉၅ ခုႏွစ္မွာ အန္ဒီ ကိုးလ္ဟာ အစ္ပ္ဆြစ္ ေတာင္းကို ၉-၀ နဲ႔ အႏိုင္ရရွိခဲ့တဲ့ ပြဲစဥ္မွာ တစ္ဦးတည္း ၅ ဂိုးအထိ သြင္းယူႏိုင္တဲ့ ပထမဆုံးကစားသမားျဖစ္လာခဲ့ၿပီး ဒီပြဲစဥ္ရလဒ္ေၾကာင့္ မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ၁၀၃ ႏွစ္အတြင္း အႀကီးမားဆုံးလိဂ္ႏိုင္ပြဲကို ပိုင္ဆိုင္ခဲ့ပါတယ္။ အန္ဒီ ကိုးလ္ဟာ အစ္ပ္ဆြစ္ ေတာင္းနဲ႔ပြဲစဥ္ ပထမပိုင္းမွာ ၂ ဂိုးသြင္းယူခဲ့ၿပီး ဒုတိယပိုင္းမွာ ေနာက္ထပ္ ၃ ဂိုးကို သြင္းယူခဲ့တာျဖစ္ပါတယ္။

အလန္ ရွီးယားရား

ပရီးမီးယားလိဂ္တသက္တာထိပ္တန္းဂိုးသြင္းရွင္ျဖစ္တဲ့ အလန္ ရွီးယားရားဟာ အန္ဒီ ကိုးလ္ စံခ်ိန္ေရးထိုးၿပီး ၄ ႏွစ္အၾကာမွာ တစ္ပြဲတည္း ၅ ဂိုးစံခ်ိန္ကို လိုက္မီခဲ့တာျဖစ္ပါတယ္။ ရွီးယားရားဟာ ၁၉၉၉ ခုႏွစ္က ရွက္ဖီး ဝမ့္စ္န္ေဒးကို ၈-၀ အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္မွာ နယူးကာဆယ္လ္အသင္းအတြက္ ၅ ဂိုးသြင္းယူေပးခဲ့တာျဖစ္ၿပီး ပထမပိုင္း မိနစ္ ၃၀ အထိ တစ္ဂိုးမွ မရေသးေပမယ့္ အဂၤလန္ဂႏၲဝင္တိုက္စစ္မႉးဟာ ပထမပိုင္း ၿပီးဆုံးခါနီး ၁၂ မိနစ္အတြင္း ၃ ဂိုးအထိ သြင္းယူခဲ့ၿပီး ဒုတိယပိုင္း ၿပီးဆုံးခါနီးမွာ ေနာက္ထပ္ ၂ ဂိုး သြင္းယူခဲ့တာျဖစ္ပါတယ္။

ဂ်ာမိန္း ဒီဖိုး

ပရီးမီးယားလိဂ္မွာ ၅ ဂိုးစံခ်ိန္ကို ရရွိခဲ့တဲ့ တတိယေျမာက္နဲ႔ ေနာက္ဆုံး အဂၤလန္တိုက္စစ္မႉးျဖစ္တဲ့ ဒီဖိုးဟာ အလန္ ရွီးယားရားရဲ႕စံခ်ိန္ကို ၁၀ ႏွစ္အၾကာမွာ လိုက္မီခဲ့ပါတယ္။ ၂၀၀၉ ခုႏွစ္ ႏိုဝင္ဘာလက ဝီဂန္ကို ၉-၁ နဲ႔ အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္မွာ ေတာ့တင္ဟမ္ေဟာ့စပါးအသင္းအတြက္ ဒုတိယပိုင္းမွာ ၅ ဂိုးသြင္းယူေပးခဲ့ၿပီး ပရီးမီးယားလိဂ္သမိုင္းမွာ ဒုတိယေျမာက္အျမန္ဆုံးဟက္ထရစ္ သြင္းဂိုးစံခ်ိန္ကိုလည္း ေရးထိုးႏိုင္ခဲ့ပါတယ္။

ဒီမီတာ ဘာဘာေတာ့ဗ္

ဂိုးေရွ႕မွာ ၁၀ ပြဲဆက္တိုက္ ဂိုးေပါက္ေပ်ာက္ဆုံးေနမႈကို အေကာင္းဆုံးအဆုံးသတ္တဲ့နည္းလမ္းကေတာ့ တစ္ပြဲတည္း ၅ ဂိုးသြင္းတာျဖစ္ၿပီး ဘာဘာေတာ့ဗ္က ဒီဖိုးရဲ႕ ၅ ဂိုးသြင္းယူႏိုင္ခဲ့တဲ့ ပြဲစဥ္အၿပီး ၁၂ လအၾကာမွာ ဒီစံခ်ိန္ကို လိုက္မီခဲ့တာျဖစ္ပါတယ္။ မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ အိုးထရက္ဖို႔ဒ္မွာ ဘလက္ဘန္းအသင္းကို ၇-၁ နဲ႔ အျပတ္အသတ္ ေခ်မႈန္းခဲ့ၿပီး ဘူေဂးရီးယားတိုက္စစ္မႉးဟာ ၅ ဂိုးအထိ သြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ဆာဂ်ီယို အေဂြ႐ို

မက္ဆီဟာ တစ္ပြဲတည္း ၅ ဂိုးသြင္းယူႏိုင္တဲ့ တစ္ဦးတည္းေသာ အာဂ်င္တီးနားၾကယ္ပြင့္မဟုတ္ဘဲ ၎ရဲ႕အသင္းေဖာ္ေဟာင္း အေဂြ႐ိုကလည္း ၅ ဂိုးသြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။ မန္ခ်က္စတာစီးတီးဂႏၲဝင္တိုက္စစ္မႉး အေဂြ႐ိုဟာ ၂၀၁၅ ခုႏွစ္ ေအာက္တိုဘာလက နယူးကာဆယ္လ္ကို ၆-၁ နဲ႔ အႏိုင္ရခဲ့တဲ့ပြဲစဥ္မွာ ဒီစံခ်ိန္ကို ပိုင္ဆိုင္ခဲ့တာျဖစ္ၿပီး မီထ႐ိုဗစ္က နယူးကာဆယ္လ္အတြက္ ဦးေဆာင္ဂိုးသြင္းယူေပးခဲ့ၿပီးေနာက္မွာေတာ့ အာဂ်င္တီးနားၾကယ္ပြင့္က ပရီးမီးယားလိဂ္သမိုင္းမွာ အေကာင္းဆုံးဂိုးသြင္းေျခစြမ္းေတြထဲက တစ္ခုကို ျပသခဲ့တာျဖစ္ပါတယ္။ အေဂြ႐ိုဟာ ပထမပိုင္းနဲ႔ ဒုတိယပိုင္း ၂ ပိုင္းစလုံးမွာ မိနစ္ ၂၀ အတြင္း ၅ ဂိုးအထိ သြင္းယူႏိုင္ခဲ့ၿပီး စတိဗ္ မကၠလာရင္ရဲ႕အသင္းကို အ႐ုပ္ႀကိဳးျပတ္ျဖစ္ေစခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.