Premier League

ဒီကလန် ရိုက်စ်ဆီကနေ စတီဗင် ဂျရတ်ရဲ့လက္ခဏာတွေ မြင်နေရတယ်လို့ ချီးကျူးလိုက်တဲ့ အိုဝင်

အင်္ဂလန်ဂန္တဝင်တိုက်စစ်မှူး မိုက်ကယ် အိုဝင်က ဒီကလန် ရိုက်စ်ဟာ အင်္ဂလန်အသင်းနဲ့အတူ ကွင်းလယ်ခံစစ်နေရာမှာ အရမ်းကောင်းလာပြီး လက်ရှိမှာ အရင်ကထက်ပိုပြီး ပြည့်စုံတဲ့ကစားသမားဖြစ်နေပြီလို့ ယုံကြည်နေပါတယ်။

အသက် ၂၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒီကလန် ရိုက်စ်ဟာ ပြီးခဲ့တဲ့နွေရာသီမှာ အင်္ဂလန်အသင်းနဲ့အတူ ယူရို ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့ပြီးနောက် ဝက်စ်ဟမ်းအသင်းနဲ့ နောက်ထပ်တစ်ကြိမ် တောက်ပတဲ့ရာသီတစ်ခုကို ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။

ဒီကလန် ရိုက်စ်ရဲ့ အရှေ့လန်ဒန်က အနာဂတ်နဲ့ပတ်သက်ပြီး ကောလာဟလတွေက ဆက်လက် ထွက်ပေါ်နေခဲ့ပြီး မန်ချက်စတာယူနိုက်တက်နဲ့ ချဲလ်ဆီးတို့ဟာ ယခုနွေရာသီမှာ အင်္ဂလန်ကွင်းလယ်ကြယ်ပွင့်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ ထင်မြင်ခြင်းခံခဲ့ရပါတယ်။

ဒီကလန် ရိုက်စ်ဟာ ယခုရာသီမှာ တိုက်စစ်ကို ပိုမို လိုက်ပါနိုင်စွမ်း တိုးတက်လာပြီး လီဗာပူးလ်တိုက်စစ်မှူးဟောင်း မိုက်ကယ် အိုဝင်ရဲ့ ပြောကြားချက်အရ ဝက်စ်ဟမ်းကြယ်ပွင့်ဟာ ၎င်းရဲ့ အားကောင်းတဲ့ ပြေးလွှားမှုနဲ့အတူ စတီဗင် ဂျရတ်ရဲ့ လက္ခဏာမျိုးတောင် ပြသခဲ့တယ်လို့ သိရပါတယ်။

စနေနေ့မှာ ဟန်ဂေရီကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မတိုင်ခင် အိုဝင်က “ကွင်းလယ်အထိုင်အခန်းကဏ္ဍက အရမ်းကို စည်းကမ်းကြီးတဲ့အခန်းကဏ္ဍလို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော် အဲဒီနေရာမှာ အကောင်းဆုံးတွေထဲက တစ်ဦးဖြစ်တဲ့ စတီဗင် ဂျရတ်နဲ့အတူ တွဲကစားခဲ့ပါတယ်။ ဒါပေမယ့် သူက ကွင်းလယ်မှာ အထိုင်ချပြီး စည်းမျဉ်းစည်းကမ်းကို လိုက်နာဖို့အတွက်က တကယ်ကို နည်းနည်းကောင်းလွန်းနေပါတယ်။ သူက ကွင်းလယ်အထိုင်ကစားသမားထက်တောင် ပိုကောင်းလုနီးပါးပါပဲ။ ဒါပေမယ့် သူက စတီဗင် ဂျရတ်ရဲ့လက္ခဏာမျိုး ပြသနေပါတယ်”

“လူကောင်ကြီးတာ၊ အင်တိုက်အားတိုက်ရှိတာ၊ ဘောလုံးပေးတာ အရမ်းကောင်းတာတွေကြောင့် သူက ကွင်းလယ်အထိုင်ကစားသမား မဟုတ်တော့ပါဘူး။ သူက ပွဲကို ကောင်းကောင်း အဖြေပေးနိုင်ပြီး အခုဆိုရင် ရှည်လျားတဲ့ ပြေးလွှားမှုတွေပါ သူ ထပ်လုပ်နေပါတယ်။ သူက ပိုပြီး ပြီးပြည့်စုံတဲ့ ကစားသမားဖြစ်လာနေပါပြီ”လို့ ပြောကြားခဲ့ပါတယ်။

ယူရိုပါလိဂ် ဆီမီးဖိုင်နယ်မှာ ရှုံးနိမ့်ခဲ့ပြီးနောက် လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် မရရှိခဲ့ပေမယ့်လည်း ရိုက်စ်ဟာ အနည်းဆုံး နောက်ထပ်တစ်ရာသီ ဝက်စ်ဟမ်းအသင်းမှာ ဆက်ရှိနေဖို့ အဆင်သင့်ဖြစ်နေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:အဂၤလန္ဂႏၲဝင္တိုက္စစ္မႉး မိုက္ကယ္ အိုဝင္က ဒီကလန္ ႐ိုက္စ္ဟာ အဂၤလန္အသင္းနဲ႔အတူ ကြင္းလယ္ခံစစ္ေနရာမွာ အရမ္းေကာင္းလာၿပီး လက္ရွိမွာ အရင္ကထက္ပိုၿပီး ျပည့္စုံတဲ့ကစားသမားျဖစ္ေနၿပီလို႔ ယုံၾကည္ေနပါတယ္။

အသက္ ၂၃ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ဒီကလန္ ႐ိုက္စ္ဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ အဂၤလန္အသင္းနဲ႔အတူ ယူ႐ို ဗိုလ္လုပြဲအထိ တက္ေရာက္ႏိုင္ခဲ့ၿပီးေနာက္ ဝက္စ္ဟမ္းအသင္းနဲ႔ ေနာက္ထပ္တစ္ႀကိမ္ ေတာက္ပတဲ့ရာသီတစ္ခုကို ပိုင္ဆိုင္ခဲ့တာျဖစ္ပါတယ္။

ဒီကလန္ ႐ိုက္စ္ရဲ႕ အေရွ႕လန္ဒန္က အနာဂတ္နဲ႔ပတ္သက္ၿပီး ေကာလာဟလေတြက ဆက္လက္ ထြက္ေပၚေနခဲ့ၿပီး မန္ခ်က္စတာယူႏိုက္တက္နဲ႔ ခ်ဲလ္ဆီးတို႔ဟာ ယခုေႏြရာသီမွာ အဂၤလန္ကြင္းလယ္ၾကယ္ပြင့္ကို ေခၚယူဖို႔ စိတ္ဝင္စားေနတယ္လို႔ ထင္ျမင္ျခင္းခံခဲ့ရပါတယ္။

ဒီကလန္ ႐ိုက္စ္ဟာ ယခုရာသီမွာ တိုက္စစ္ကို ပိုမို လိုက္ပါႏိုင္စြမ္း တိုးတက္လာၿပီး လီဗာပူးလ္တိုက္စစ္မႉးေဟာင္း မိုက္ကယ္ အိုဝင္ရဲ႕ ေျပာၾကားခ်က္အရ ဝက္စ္ဟမ္းၾကယ္ပြင့္ဟာ ၎ရဲ႕ အားေကာင္းတဲ့ ေျပးလႊားမႈနဲ႔အတူ စတီဗင္ ဂ်ရတ္ရဲ႕ လကၡဏာမ်ိဳးေတာင္ ျပသခဲ့တယ္လို႔ သိရပါတယ္။

စေနေန႔မွာ ဟန္ေဂရီကို ၁-၀ နဲ႔ ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္မတိုင္ခင္ အိုဝင္က “ကြင္းလယ္အထိုင္အခန္းက႑က အရမ္းကို စည္းကမ္းႀကီးတဲ့အခန္းက႑လို႔ ကြၽန္ေတာ္ ထင္ပါတယ္။ ကြၽန္ေတာ္ အဲဒီေနရာမွာ အေကာင္းဆုံးေတြထဲက တစ္ဦးျဖစ္တဲ့ စတီဗင္ ဂ်ရတ္နဲ႔အတူ တြဲကစားခဲ့ပါတယ္။ ဒါေပမယ့္ သူက ကြင္းလယ္မွာ အထိုင္ခ်ၿပီး စည္းမ်ဥ္းစည္းကမ္းကို လိုက္နာဖို႔အတြက္က တကယ္ကို နည္းနည္းေကာင္းလြန္းေနပါတယ္။ သူက ကြင္းလယ္အထိုင္ကစားသမားထက္ေတာင္ ပိုေကာင္းလုနီးပါးပါပဲ။ ဒါေပမယ့္ သူက စတီဗင္ ဂ်ရတ္ရဲ႕လကၡဏာမ်ိဳး ျပသေနပါတယ္”

“လူေကာင္ႀကီးတာ၊ အင္တိုက္အားတိုက္ရွိတာ၊ ေဘာလုံးေပးတာ အရမ္းေကာင္းတာေတြေၾကာင့္ သူက ကြင္းလယ္အထိုင္ကစားသမား မဟုတ္ေတာ့ပါဘူး။ သူက ပြဲကို ေကာင္းေကာင္း အေျဖေပးႏိုင္ၿပီး အခုဆိုရင္ ရွည္လ်ားတဲ့ ေျပးလႊားမႈေတြပါ သူ ထပ္လုပ္ေနပါတယ္။ သူက ပိုၿပီး ၿပီးျပည့္စုံတဲ့ ကစားသမားျဖစ္လာေနပါၿပီ”လို႔ ေျပာၾကားခဲ့ပါတယ္။

ယူ႐ိုပါလိဂ္ ဆီမီးဖိုင္နယ္မွာ ရႈံးနိမ့္ခဲ့ၿပီးေနာက္ လာမယ့္ရာသီ ခ်န္ပီယံလိဂ္ဝင္ခြင့္ မရရွိခဲ့ေပမယ့္လည္း ႐ိုက္စ္ဟာ အနည္းဆုံး ေနာက္ထပ္တစ္ရာသီ ဝက္စ္ဟမ္းအသင္းမွာ ဆက္ရွိေနဖို႔ အဆင္သင့္ျဖစ္ေနတယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.