International

မက်ဆီကို အားကျမခံ ဂိုးတွေ လိုက်သွင်းပြခဲ့တဲ့ ရော်နယ်လ်ဒို

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ဆွစ်ဇာလန်အသင်းကို ပေါ်တူဂီအသင်းက အထင်ကြီးဖွယ် စွမ်းဆောင်ရည်နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ၂ ဂိုး သွင်းယူနိုင်ခဲ့ပြီး ၎င်းရဲ့ သွင်းဂိုးကို ပွဲကြည့်စင်ပေါ်က မိခင်ဖြစ်သူအတွက် ရည်ရွယ်ပြီး အောင်ပွဲခံခဲ့ပါတယ်။

ရော်နယ်လ်ဒိုဟာ ပထမပိုင်းသွင်းဂိုး ၂ ဂိုးနဲ့အတူ ကြယ်ပွင့်ကစားသမားဖြစ်ခဲ့ပေမယ့် အမှန်ဆိုရင် ဆွစ်ဇာလန်အသင်းကို ဟက်ထရစ် သို့မဟုတ် ၄ ဂိုးလောက်အထိကို သွင်းယူနိုင်ခဲ့ရမှာ ဖြစ်ပါတယ်။ ဝီလီယံ ကာဗယ်လ်ဟိုနဲ့ ဂျာအို ကန်ဆယ်လိုတို့ကလည်း ပေါ်တူဂီအသင်းအတွက် ဂိုးတွေ သွင်းယူပေးခဲ့ကြပြီး အစောပိုင်းမှာ ဆွစ်ဇာလန်ရဲ့ ခံစစ်ပိုင်းကစားပုံ အလွန်ကောင်းမွန်ခဲ့ပေမယ့်လည်း ပေါ်တူဂီတိုက်စစ်မှူးတွေကို တားဆီးနိုင်ဖို့ ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။

ဧည့်သည် ဆွစ်ဇာလန်အသင်းဟာ ကြမ်းတမ်းတဲ့ ဖျက်ထုတ်ပုံအချို့နဲ့ စိတ်ပျက်မှုတွေ ကြီးထွားလာခဲ့ပုံပေါ်ပြီး မိနစ် ၈၀ မှာ ဘရီးလ် အမ်ဘိုလိုဟာ ဆိုးရွားတဲ့ ဖျက်ထုတ်မှု ပြုလုပ်ခဲ့တာကြောင့် အဝါကတ်ပြ သတိပေးခြင်းခံခဲ့ရတာဖြစ်ပါတယ်။ ပေါ်တူဂီအသင်းဟာ ဒီနိုင်ပွဲကြောင့် အုပ်စု A2 အဖွင့် ၂ ပွဲမှာ ၄ မှတ် ရရှိခဲ့ပြီဖြစ်ပြီး ဒုတိယနေရာက ချက်အသင်းကို ဂိုးကွာခြားချက်အသာနဲ့ အုပ်စုဗိုလ်အဖြစ် ဦးဆောင်နေတာဖြစ်ပါတယ်။

ဆွစ်ဇာလန်အသင်းကတော့ ၂ ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့ပြီးနောက် ၁ မှတ်မှ ရရှိခြင်းမရှိသေးဘဲ ကာတာမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဝင်ခွင့်ရရှိခဲ့ပြီးကတည်းက နောက်ဆုံး ၄ ပွဲစလုံး နိုင်ပွဲ မရှိတဲ့မှတ်တမ်းဆိုးကို ပိုင်ဆိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ကာဗယ်လ်ဟိုက အဖွင့်ဂိုးကို ရော်နယ်လ်ဒိုရဲ့ အလွတ်တည်ကန်ဘောကို ပုတ်ထုတ်ကာကွယ်ရာကနေ ထွက်လာတဲ့ဘောလုံးကို အလျင်မြန်ဆုံး တုံ့ပြန်ပြီး သွင်းယူနိုင်ခဲ့တာဖြစ်ပြီး ပေါ်တူဂီဂန္တဝင်တိုက်စစ်မှူးက နောက်ထပ် မိနစ် ၂၀ အကြာမှာ ၄ မိနစ်အတွင်း ၂ ဂိုးဆက်တိုက်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

၃၅ မိနစ်မှာ ပင်နယ်တီဧရိယာထဲမှာ ဘောလုံး လက်ခံရယူခဲ့တဲ့ ဂျိုတာက ကန်ခွင့်မသာခဲ့တာကြောင့် နောက်ပြန်လှည့်ပြီး အသင့်စောင့်ဆိုင်းနေတဲ့ ရော်နယ်လ်ဒိုဆီ ပေးပို့ခဲ့ရာမှာ မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးက အမှားအယွင်းမရှိ အပြင်းကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ရော်နယ်လ်ဒိုက ၎င်းရဲ့ သွင်းဂိုးကို ပွဲကြည့်စင်မှာ ကြည့်ရှုအားပေးနေတဲ့ မိခင်ဖြစ်သူအတွက် ရည်ရွယ်ကြောင်း လက်ညှိုးထိုး ညွှန်ပြခဲ့ပြီး ပေါ်တူဂီအသင်းခေါင်းဆောင်ရဲ့ မိခင်ဟာ ဝမ်းသာပီတိမျက်ရည်တွေ မဆယ်နိုင်အောင် ဖြစ်နေခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

နောက်ထပ် ၄ မိနစ်အကြာမှာ ဂျိုတာရဲ့ အနီးကပ် ပိတ်သွင်းယူမှုကို ဆွစ်ဇာလန် ဂိုးသမားက ပုတ်ထုတ်ကာကွယ်ရာကနေ ပြန်လျှံထွက်လာတဲ့ ဘောလုံးကို ရော်နယ်လ်ဒိုက အနီးကပ် လျင်လျင်မြန်မြန် ပိတ်သွင်းယူပြီး တတိယမြောက် ဦးဆောင်ဂိုးကို သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ပထမပိုင်း ပြီးဆုံးခါနီးမှာ ရော်နယ်လ်ဒိုဟာ ကန်ဆယ်လိုရဲ့ ညာတောင်ပံကနေ ဖြတ်တင်ပေးပို့မှုကို ဆွစ်နောက်ခံလူတွေကြားကနေ ပြေးထွက်ပြီး ပိတ်သွင်းခဲ့ပေမယ့်လည်း ကံဆိုးစွာနဲ့ ဂိုးတိုင်ဘေး ကပ်ထွက်သွားခဲ့တာကြောင့် ဟက်ထရစ် ရရှိမယ့် အခွင့်အရေးနဲ့ လွဲချော်ခဲ့ရပါတယ်။

ဒုတိယပိုင်း ပြန်လည်စတင်ပြီး ၆ မိနစ်အကြာမှာ ရော်နယ်လ်ဒိုက ပေါ်တူဂီအသင်းအတွက် စတုတ္ထမြောက်သွင်းဂိုးကို သွင်းယူနိုင်ခဲ့ပြီလို့ ထင်ခဲ့ပေမယ့်လည်း အိုတာဗီယိုက တိုက်စစ်စတင်ချိန်ကတည်းက လူကျွံနေခဲ့တာကြောင့် ဂိုးအဖြစ် ခွင့်ပြုခြင်းမခံခဲ့ရဘဲ နောက်ထပ်တစ်ကြိမ် ဟက်ထရစ်ရရှိမယ့် အခွင့်အရေးနဲ့ လွဲချော်ခဲ့တာဖြစ်ပါတယ်။

၆၈ မိနစ်မှာ ကန်ဆယ်လိုက ပင်နယ်တီဧရိယာထိပ်အထိ ပြေးထွက်လာတဲ့ ဆွစ်ဇာလန်ဂိုးသမား ကိုဘယ်လ်ကို ကျော်ဖြတ်ပြီး ဂိုးသမားမရှိတဲ့ ဂိုးပေါက်ထဲကို အပြင်းကန်သွင်းယူပြီး ပေါ်တူဂီအသင်းအတွက် စတုတ္ထမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

ပေါ်တူဂီအသင်းဟာ လာမယ့် ကြာသပတေးနေ့မှာ ချက်အသင်းကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပြီး ဆွစ်ဇာလန်အသင်းကတော့ စပိန်ကို ဂျနီဗာမြို့မှာ တစ်ချိန်တည်း တွေ့ဆုံ ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ ဆြစ္ဇာလန္အသင္းကို ေပၚတူဂီအသင္းက အထင္ႀကီးဖြယ္ စြမ္းေဆာင္ရည္နဲ႔ အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္မွာ ၂ ဂိုး သြင္းယူႏိုင္ခဲ့ၿပီး ၎ရဲ႕ သြင္းဂိုးကို ပြဲၾကည့္စင္ေပၚက မိခင္ျဖစ္သူအတြက္ ရည္႐ြယ္ၿပီး ေအာင္ပြဲခံခဲ့ပါတယ္။

ေရာ္နယ္လ္ဒိုဟာ ပထမပိုင္းသြင္းဂိုး ၂ ဂိုးနဲ႔အတူ ၾကယ္ပြင့္ကစားသမားျဖစ္ခဲ့ေပမယ့္ အမွန္ဆိုရင္ ဆြစ္ဇာလန္အသင္းကို ဟက္ထရစ္ သို႔မဟုတ္ ၄ ဂိုးေလာက္အထိကို သြင္းယူႏိုင္ခဲ့ရမွာ ျဖစ္ပါတယ္။ ဝီလီယံ ကာဗယ္လ္ဟိုနဲ႔ ဂ်ာအို ကန္ဆယ္လိုတို႔ကလည္း ေပၚတူဂီအသင္းအတြက္ ဂိုးေတြ သြင္းယူေပးခဲ့ၾကၿပီး အေစာပိုင္းမွာ ဆြစ္ဇာလန္ရဲ႕ ခံစစ္ပိုင္းကစားပုံ အလြန္ေကာင္းမြန္ခဲ့ေပမယ့္လည္း ေပၚတူဂီတိုက္စစ္မႉးေတြကို တားဆီးႏိုင္ဖို႔ ႐ုန္းကန္ခဲ့ရတာျဖစ္ပါတယ္။

ဧည့္သည္ ဆြစ္ဇာလန္အသင္းဟာ ၾကမ္းတမ္းတဲ့ ဖ်က္ထုတ္ပုံအခ်ိဳ႕နဲ႔ စိတ္ပ်က္မႈေတြ ႀကီးထြားလာခဲ့ပုံေပၚၿပီး မိနစ္ ၈၀ မွာ ဘရီးလ္ အမ္ဘိုလိုဟာ ဆိုး႐ြားတဲ့ ဖ်က္ထုတ္မႈ ျပဳလုပ္ခဲ့တာေၾကာင့္ အဝါကတ္ျပ သတိေပးျခင္းခံခဲ့ရတာျဖစ္ပါတယ္။ ေပၚတူဂီအသင္းဟာ ဒီႏိုင္ပြဲေၾကာင့္ အုပ္စု A2 အဖြင့္ ၂ ပြဲမွာ ၄ မွတ္ ရရွိခဲ့ၿပီျဖစ္ၿပီး ဒုတိယေနရာက ခ်က္အသင္းကို ဂိုးကြာျခားခ်က္အသာနဲ႔ အုပ္စုဗိုလ္အျဖစ္ ဦးေဆာင္ေနတာျဖစ္ပါတယ္။

ဆြစ္ဇာလန္အသင္းကေတာ့ ၂ ပြဲဆက္တိုက္ ရႈံးနိမ့္ခဲ့ၿပီးေနာက္ ၁ မွတ္မွ ရရွိျခင္းမရွိေသးဘဲ ကာတာမွာ က်င္းပမယ့္ ကမာၻ႔ဖလားၿပိဳင္ပြဲအတြက္ ဝင္ခြင့္ရရွိခဲ့ၿပီးကတည္းက ေနာက္ဆုံး ၄ ပြဲစလုံး ႏိုင္ပြဲ မရွိတဲ့မွတ္တမ္းဆိုးကို ပိုင္ဆိုင္ခဲ့ၿပီ ျဖစ္ပါတယ္။

ကာဗယ္လ္ဟိုက အဖြင့္ဂိုးကို ေရာ္နယ္လ္ဒိုရဲ႕ အလြတ္တည္ကန္ေဘာကို ပုတ္ထုတ္ကာကြယ္ရာကေန ထြက္လာတဲ့ေဘာလုံးကို အလ်င္ျမန္ဆုံး တုံ႔ျပန္ၿပီး သြင္းယူႏိုင္ခဲ့တာျဖစ္ၿပီး ေပၚတူဂီဂႏၲဝင္တိုက္စစ္မႉးက ေနာက္ထပ္ မိနစ္ ၂၀ အၾကာမွာ ၄ မိနစ္အတြင္း ၂ ဂိုးဆက္တိုက္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

၃၅ မိနစ္မွာ ပင္နယ္တီဧရိယာထဲမွာ ေဘာလုံး လက္ခံရယူခဲ့တဲ့ ဂ်ိဳတာက ကန္ခြင့္မသာခဲ့တာေၾကာင့္ ေနာက္ျပန္လွည့္ၿပီး အသင့္ေစာင့္ဆိုင္းေနတဲ့ ေရာ္နယ္လ္ဒိုဆီ ေပးပို႔ခဲ့ရာမွာ မန္ခ်က္စတာယူႏိုက္တက္တိုက္စစ္မႉးက အမွားအယြင္းမရွိ အျပင္းကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုက ၎ရဲ႕ သြင္းဂိုးကို ပြဲၾကည့္စင္မွာ ၾကည့္ရႈအားေပးေနတဲ့ မိခင္ျဖစ္သူအတြက္ ရည္႐ြယ္ေၾကာင္း လက္ညႇိဳးထိုး ၫႊန္ျပခဲ့ၿပီး ေပၚတူဂီအသင္းေခါင္းေဆာင္ရဲ႕ မိခင္ဟာ ဝမ္းသာပီတိမ်က္ရည္ေတြ မဆယ္ႏိုင္ေအာင္ ျဖစ္ေနခဲ့တာကို ျမင္ေတြ႕ခဲ့ရပါတယ္။

ေနာက္ထပ္ ၄ မိနစ္အၾကာမွာ ဂ်ိဳတာရဲ႕ အနီးကပ္ ပိတ္သြင္းယူမႈကို ဆြစ္ဇာလန္ ဂိုးသမားက ပုတ္ထုတ္ကာကြယ္ရာကေန ျပန္လွ်ံထြက္လာတဲ့ ေဘာလုံးကို ေရာ္နယ္လ္ဒိုက အနီးကပ္ လ်င္လ်င္ျမန္ျမန္ ပိတ္သြင္းယူၿပီး တတိယေျမာက္ ဦးေဆာင္ဂိုးကို သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ပထမပိုင္း ၿပီးဆုံးခါနီးမွာ ေရာ္နယ္လ္ဒိုဟာ ကန္ဆယ္လိုရဲ႕ ညာေတာင္ပံကေန ျဖတ္တင္ေပးပို႔မႈကို ဆြစ္ေနာက္ခံလူေတြၾကားကေန ေျပးထြက္ၿပီး ပိတ္သြင္းခဲ့ေပမယ့္လည္း ကံဆိုးစြာနဲ႔ ဂိုးတိုင္ေဘး ကပ္ထြက္သြားခဲ့တာေၾကာင့္ ဟက္ထရစ္ ရရွိမယ့္ အခြင့္အေရးနဲ႔ လြဲေခ်ာ္ခဲ့ရပါတယ္။

ဒုတိယပိုင္း ျပန္လည္စတင္ၿပီး ၆ မိနစ္အၾကာမွာ ေရာ္နယ္လ္ဒိုက ေပၚတူဂီအသင္းအတြက္ စတုတၳေျမာက္သြင္းဂိုးကို သြင္းယူႏိုင္ခဲ့ၿပီလို႔ ထင္ခဲ့ေပမယ့္လည္း အိုတာဗီယိုက တိုက္စစ္စတင္ခ်ိန္ကတည္းက လူကြၽံေနခဲ့တာေၾကာင့္ ဂိုးအျဖစ္ ခြင့္ျပဳျခင္းမခံခဲ့ရဘဲ ေနာက္ထပ္တစ္ႀကိမ္ ဟက္ထရစ္ရရွိမယ့္ အခြင့္အေရးနဲ႔ လြဲေခ်ာ္ခဲ့တာျဖစ္ပါတယ္။

၆၈ မိနစ္မွာ ကန္ဆယ္လိုက ပင္နယ္တီဧရိယာထိပ္အထိ ေျပးထြက္လာတဲ့ ဆြစ္ဇာလန္ဂိုးသမား ကိုဘယ္လ္ကို ေက်ာ္ျဖတ္ၿပီး ဂိုးသမားမရွိတဲ့ ဂိုးေပါက္ထဲကို အျပင္းကန္သြင္းယူၿပီး ေပၚတူဂီအသင္းအတြက္ စတုတၳေျမာက္ဦးေဆာင္ဂိုးကို သြင္းယူေပးခဲ့ပါတယ္။

ေပၚတူဂီအသင္းဟာ လာမယ့္ ၾကာသပေတးေန႔မွာ ခ်က္အသင္းကို အိမ္ကြင္းမွာ လက္ခံယွဥ္ၿပိဳင္ကစားသြားရမွာျဖစ္ၿပီး ဆြစ္ဇာလန္အသင္းကေတာ့ စပိန္ကို ဂ်နီဗာၿမိဳ႕မွာ တစ္ခ်ိန္တည္း ေတြ႕ဆုံ ယွဥ္ၿပိဳင္သြားရမွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.