International Match Report

တစ်ရာသီလုံး အောင်းထားသမျှ ခုမှ ခြေစွမ်းလှိမ့်ပြနေတဲ့ မက်ဆီနဲ့ အာဂျင်တီးနားရဲ့ ဂိုးပြတ်နိုင်ပွဲ

အာဂျင်တီးနားအသင်းအနေနဲ့ ဒီပွဲကို ဂိုးသမား အာမာနီ၊ ခံစစ်မှာ မိုလီနာ၊ အကူးညာ၊ လီဆန်ဒရို မာတီနက်ဇ်နဲ့ ပက်ဇယ်လာတို့ကို အထိုင်ချခဲ့ပြီး ကွင်းလယ်မှာတော့ အာလေဟန်ဒရို ဂိုမက်ဇ်၊ ဒီပေါလ်၊ မက္ကယ်လစ္စတာတို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ မက်ဆီ၊ ဟိုအာကင် ကော်ရီးယားနဲ့ ဟူလီယို အာလ်ဗာရက်ဇ်တို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

ခြေစမ်းပွဲ ကစားပေးခဲ့တဲ့ အက်စတိုးနီးယားအသင်းကတော့ လူသိများတဲ့ ကစားသမားတစ်ယောက်တစ်လေတောင် မပါဝင်နိုင်ခဲ့တာကို တွေ့ရပြီး ဖီဖာရဲ့ သတ်မှတ်ချက်မှာ ကမ္ဘာ့အဆင့် ၁၀၉ မှာ ရပ်တည်နေတဲ့ အသင်းလည်းဖြစ်တာကြောင့် အာဂျင်တီးနားတို့ကို ယှဉ်ကစားဖို့က ဖြစ်နိုင်ခြေ နည်းလွန်းခဲ့တာပါ။

ပွဲချိန် ၈ မိနစ်မှာကတည်းက အာဂျင်တီးနားတို့ အဖွင့်ဂိုး သွင်းယူနိုင်ခဲ့ကြပြီး ဖရီးကစ်ကနေ ဘောလုံးရယူဖို့ ကြိုးစားတဲ့ ပက်ဇယ်လာရဲ့ ခြေထောက်ကို နောက်ကနေ ပြေးဖမ်းခဲ့တဲ့ အက်စ်တိုးနီးယားဂိုးသမားကြောင့် ရတဲ့ ပင်နယ်တီကို မက်ဆီက ညာဘက်အောက်ထောင့်ကို တိတိကျကျ ကန်သွင်းပြီး ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းမပြီးခင် ပွဲချိန် ၄၅ မိနစ်မှာတော့ အာဂျင်တီးနားတို့ ဒုတိယဂိုး ထပ်မံသွင်းယူခဲ့ပြီး ညာခြမ်းက ထိုးဖောက်လာတဲ့ ဘောလုံးကို ကွင်းလယ်မှာ ပြန်ရတဲ့ ဂိုမက်ဇ်က ဧရိယာထဲကို နောက်ကျမှ ပြေးဝင်လာခဲ့တဲ့ မက်ဆီအတွက် ဖန်တီးပေးရာမှာ GOAT က ထောင့်ကျဉ်းအနေအထားကနေ အဝေးတိုင်အပေါ်ထောင့်ကို အမြင့်ဘော လှမ်းကန်သွင်းနိုင်ခဲ့တာပါ။

အာဂျင်တီးနားတို့ နှစ်ဂိုး-ဂိုးမရှိနဲ့ ပထမပိုင်းကို ဦးဆောင်ထားနိုင်ခဲ့ပြီး ဒုတိယပိုင်းမှာလည်း ဂိုးထပ်ရဖို့ ဘယ်လောက်မှ မစောင့်လိုက်ရဘဲ ပွဲချိန် ၄၇ မိနစ်မှာ တတိယဂိုး ရခဲ့သလို ဒီဂိုးကိုလည်း ကွင်းလယ်က အပေးအယူလုပ်ပြီးမှ ညာခြမ်းကနေ ပေးပို့ခဲ့တဲ့ နောက်ခံလူ မိုလီနာရဲ့ ဖြတ်တင်ဘောကို မက်ဆီက ဝင်ဖျက်တဲ့ အက်စ်တိုးနီးယားနောက်ခံလူထက် ဦးအောင်ပြေးပိတ်ပြီး ဟက်ထရစ်ယူသွားခဲ့တာဖြစ်ပါတယ်။

ဒီနောက်ပိုင်းမှာတော့ အာဂျင်တီးနားဘက်က လီဆန်ဒရို မာတီနက်ဇ်အစား ဆီနက်ဆီ၊ ကော်ရီးယားအစား ဒီဘားလား၊ ဒီပေါလ်အစား ပလာစီယို့စ်၊ မက္ကယ်လစ္စတာအစား ဟွမ်ဖွိုက်သ်၊ အကူညာအစား နီကိုလတ်စ် ဂွန်ဇာလက်ဇ်၊ မိုလီနာအစား မွန်တီယယ်လ်တို့ကို လူစားလဲသွားခဲ့ပါတယ်။

ပွဲချိန် ၇၁ မိနစ်မှာ အာဂျင်တီးနားတို့ စတုတ္ထမြောက်သွင်းဂိုးကို ထပ်မံရှာဖွေနိုင်ခဲ့ကြပြီး အက်စတိုနီးယားခံစစ်က လူပေးမှားတာကို မက်ဆီက ဖြတ်တောက်ရယူသွားခဲ့ပြီးမှ နောက်ခံလူတစ်ယောက်နဲ့ ဂိုးသမားကိုပါ လိမ်ခေါက်ပြီး ညာခြေနဲ့ အသာအယာ ပိတ်သွင်းသွားခဲ့တာဖြစ်ပါတယ်။ ဒီဂိုးမှာ အာဂျင်တီးနားရဲ့ ပလာစီယို့စ် လဲကျနေတာကို အာရုံများတဲ့ အက်စ်တိုးနီးယားတွေ Advantage ကို နားမလည်ဘဲ အာရုံများပြီး ခံစားသွားခဲ့ကြရတာပါ။

ပွဲချိန် ၇၆ မိနစ်မှာတော့ မက်ဆီကပဲ သူ့နဲ့ အာဂျင်တီးနားတို့ရဲ့ ပဉ္စမမြောက်ဂိုးကို သွင်းယူသွားနိုင်ခဲ့ပြီး တိုက်စစ်က ဆက်တိုက်ကန်သွင်းမှုတွေကို အက်စ်တိုးနီးယားခံစစ်က ရှင်းထုတ်လို့ ပြန်ထွက်လာခဲ့တဲ့ ဘောလုံးကို မက်ဆီက နောက်ခံလူ ၅ ယောက်နဲ့ ဂိုးသမားကြားကနေ အနိမ့်ဘော ကန်သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ ပီအက်စ်ဂျီမှာ ဂိုးရဖို့ ခက်ပြီး အောင့်အည်းထားမျှကို ပေါက်ကွဲခဲ့တဲ့ မက်ဆီရဲ့ သွင်းဂိုး ၅ ဂိုးကြောင့် အာဂျင်တီးနားတို့အနေနဲ့ အက်စ်တိုးနီးယားတို့အပေါ် ငါးဂိုး-ဂိုးမရှိနဲ့ အောင်ပွဲခံသွားနိုင်ခဲ့ကြသလို ၂၀၂၁-၂၂ ပြင်သစ်လိဂန်ရာသီမှာ အားငယ်ခဲ့ရတဲ့ GOAT ရဲ့ ပရိသတ်တွေအတွက်တော့ ရာသီသစ်အတွက် အားတက်စရာဖြစ်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဂ်င္တီးနားအသင္းအေနနဲ႔ ဒီပြဲကို ဂိုးသမား အာမာနီ၊ ခံစစ္မွာ မိုလီနာ၊ အကူးညာ၊ လီဆန္ဒ႐ို မာတီနက္ဇ္နဲ႔ ပက္ဇယ္လာတို႔ကို အထိုင္ခ်ခဲ့ၿပီး ကြင္းလယ္မွာေတာ့ အာေလဟန္ဒ႐ို ဂိုမက္ဇ္၊ ဒီေပါလ္၊ မကၠယ္လစၥတာတို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ မက္ဆီ၊ ဟိုအာကင္ ေကာ္ရီးယားနဲ႔ ဟူလီယို အာလ္ဗာရက္ဇ္တို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

ေျခစမ္းပြဲ ကစားေပးခဲ့တဲ့ အက္စတိုးနီးယားအသင္းကေတာ့ လူသိမ်ားတဲ့ ကစားသမားတစ္ေယာက္တစ္ေလေတာင္ မပါဝင္ႏိုင္ခဲ့တာကို ေတြ႕ရၿပီး ဖီဖာရဲ႕ သတ္မွတ္ခ်က္မွာ ကမာၻ႔အဆင့္ ၁၀၉ မွာ ရပ္တည္ေနတဲ့ အသင္းလည္းျဖစ္တာေၾကာင့္ အာဂ်င္တီးနားတို႔ကို ယွဥ္ကစားဖို႔က ျဖစ္ႏိုင္ေျခ နည္းလြန္းခဲ့တာပါ။

ပြဲခ်ိန္ ၈ မိနစ္မွာကတည္းက အာဂ်င္တီးနားတို႔ အဖြင့္ဂိုး သြင္းယူႏိုင္ခဲ့ၾကၿပီး ဖရီးကစ္ကေန ေဘာလုံးရယူဖို႔ ႀကိဳးစားတဲ့ ပက္ဇယ္လာရဲ႕ ေျခေထာက္ကို ေနာက္ကေန ေျပးဖမ္းခဲ့တဲ့ အက္စ္တိုးနီးယားဂိုးသမားေၾကာင့္ ရတဲ့ ပင္နယ္တီကို မက္ဆီက ညာဘက္ေအာက္ေထာင့္ကို တိတိက်က် ကန္သြင္းၿပီး ဦးေဆာင္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ပထမပိုင္းမၿပီးခင္ ပြဲခ်ိန္ ၄၅ မိနစ္မွာေတာ့ အာဂ်င္တီးနားတို႔ ဒုတိယဂိုး ထပ္မံသြင္းယူခဲ့ၿပီး ညာျခမ္းက ထိုးေဖာက္လာတဲ့ ေဘာလုံးကို ကြင္းလယ္မွာ ျပန္ရတဲ့ ဂိုမက္ဇ္က ဧရိယာထဲကို ေနာက္က်မွ ေျပးဝင္လာခဲ့တဲ့ မက္ဆီအတြက္ ဖန္တီးေပးရာမွာ GOAT က ေထာင့္က်ဥ္းအေနအထားကေန အေဝးတိုင္အေပၚေထာင့္ကို အျမင့္ေဘာ လွမ္းကန္သြင္းႏိုင္ခဲ့တာပါ။

အာဂ်င္တီးနားတို႔ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ပထမပိုင္းကို ဦးေဆာင္ထားႏိုင္ခဲ့ၿပီး ဒုတိယပိုင္းမွာလည္း ဂိုးထပ္ရဖို႔ ဘယ္ေလာက္မွ မေစာင့္လိုက္ရဘဲ ပြဲခ်ိန္ ၄၇ မိနစ္မွာ တတိယဂိုး ရခဲ့သလို ဒီဂိုးကိုလည္း ကြင္းလယ္က အေပးအယူလုပ္ၿပီးမွ ညာျခမ္းကေန ေပးပို႔ခဲ့တဲ့ ေနာက္ခံလူ မိုလီနာရဲ႕ ျဖတ္တင္ေဘာကို မက္ဆီက ဝင္ဖ်က္တဲ့ အက္စ္တိုးနီးယားေနာက္ခံလူထက္ ဦးေအာင္ေျပးပိတ္ၿပီး ဟက္ထရစ္ယူသြားခဲ့တာျဖစ္ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ အာဂ်င္တီးနားဘက္က လီဆန္ဒ႐ို မာတီနက္ဇ္အစား ဆီနက္ဆီ၊ ေကာ္ရီးယားအစား ဒီဘားလား၊ ဒီေပါလ္အစား ပလာစီယို႔စ္၊ မကၠယ္လစၥတာအစား ဟြမ္ဖြိဳက္သ္၊ အကူညာအစား နီကိုလတ္စ္ ဂြန္ဇာလက္ဇ္၊ မိုလီနာအစား မြန္တီယယ္လ္တို႔ကို လူစားလဲသြားခဲ့ပါတယ္။

ပြဲခ်ိန္ ၇၁ မိနစ္မွာ အာဂ်င္တီးနားတို႔ စတုတၳေျမာက္သြင္းဂိုးကို ထပ္မံရွာေဖြႏိုင္ခဲ့ၾကၿပီး အက္စတိုနီးယားခံစစ္က လူေပးမွားတာကို မက္ဆီက ျဖတ္ေတာက္ရယူသြားခဲ့ၿပီးမွ ေနာက္ခံလူတစ္ေယာက္နဲ႔ ဂိုးသမားကိုပါ လိမ္ေခါက္ၿပီး ညာေျခနဲ႔ အသာအယာ ပိတ္သြင္းသြားခဲ့တာျဖစ္ပါတယ္။ ဒီဂိုးမွာ အာဂ်င္တီးနားရဲ႕ ပလာစီယို႔စ္ လဲက်ေနတာကို အာ႐ုံမ်ားတဲ့ အက္စ္တိုးနီးယားေတြ Advantage ကို နားမလည္ဘဲ အာ႐ုံမ်ားၿပီး ခံစားသြားခဲ့ၾကရတာပါ။

ပြဲခ်ိန္ ၇၆ မိနစ္မွာေတာ့ မက္ဆီကပဲ သူ႔နဲ႔ အာဂ်င္တီးနားတို႔ရဲ႕ ပၪၥမေျမာက္ဂိုးကို သြင္းယူသြားႏိုင္ခဲ့ၿပီး တိုက္စစ္က ဆက္တိုက္ကန္သြင္းမႈေတြကို အက္စ္တိုးနီးယားခံစစ္က ရွင္းထုတ္လို႔ ျပန္ထြက္လာခဲ့တဲ့ ေဘာလုံးကို မက္ဆီက ေနာက္ခံလူ ၅ ေယာက္နဲ႔ ဂိုးသမားၾကားကေန အနိမ့္ေဘာ ကန္သြင္းႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ ပီအက္စ္ဂ်ီမွာ ဂိုးရဖို႔ ခက္ၿပီး ေအာင့္အည္းထားမွ်ကို ေပါက္ကြဲခဲ့တဲ့ မက္ဆီရဲ႕ သြင္းဂိုး ၅ ဂိုးေၾကာင့္ အာဂ်င္တီးနားတို႔အေနနဲ႔ အက္စ္တိုးနီးယားတို႔အေပၚ ငါးဂိုး-ဂိုးမရွိနဲ႔ ေအာင္ပြဲခံသြားႏိုင္ခဲ့ၾကသလို ၂၀၂၁-၂၂ ျပင္သစ္လိဂန္ရာသီမွာ အားငယ္ခဲ့ရတဲ့ GOAT ရဲ႕ ပရိသတ္ေတြအတြက္ေတာ့ ရာသီသစ္အတြက္ အားတက္စရာျဖစ္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.